← Chapters

#ကောင်းကင်ဘုံမိုးကြိုးစည်းချက်#

Vol. 28 Ch. 397

#ကောင်းကင်ဘုံမိုးကြိုးစည်းချက်#

Vol. 28 Ch. 397

ယခုတကြိမ်တွင် မှော်မိုးကြိုးက တိမ်တိုက်များအကြား မြည်ဟီးနေပြီး မိုးကြိုးချက်များက ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနေသည့်အလား အရူးအမူးဆင်းသက်နေသည်။

ချောက်ကမ်းပါးအလွန်၌ အဆုံးသတ်က ကျရောက်လာပုံရသည်။

ထို့နောက် ကိုးလွှာမိုးကြိုးဒိုင်းသင်္ကေတက စည်းတံ‌ဆိပ်စာအုပ်ထဲက အခြေခံစည်းတံ‌ဆိပ်များအနက် အဆင့်မြင့်ကာကွယ်ရေးတံ‌ဆိပ်တခုဖြစ်သည်။

သို့စေကာမူ ပေါင်းစပ်မှုအခြေအနေရပ်များက အတော်လေးမြင့်မားသည်။

ကိုးလွှာမိုးကြိုးဒိုင်းကို ဖန်တီးရန်အတွက် မတူညီကွဲပြားသည့်မိုးကြိုးအမျိုးအစားကိုးခုကို လိုအပ်ပြီး ဤသည်ကို ကာကွယ်ရေးသက်ရောက်မှုအတွက် သုံးရပေမည်။

သို့သော် ရလဒ်က‌ အတော်လေးအံ့ဩစရာကောင်းသည်။

အဘယ်ကြောင့်ဆိုသော် ကိုးလွှာမိုးကြိုးဒိုင်း၏ ကာကွယ်ရေးစွမ်းရည်က မိုးကြိုးအဆင့်အလိုက် တိုးတက်နိုင်သောကြောင့်ပင်။

ထို့ကြောင့် ကိုးလွှာမိုးကြိုးစည်းတံဆိပ်က ကြီးထွားနိုင်သည့်စည်းတံဆိပ်တခုနှင့်တူသည်။

၎င်းတွင် ကြီးထွားရေးလက်နက်များနှင့် အလားတူသက်ရောက်မှုမျိုးရှိသည်။

ယခုအချိန်တွင် ကိုးလွှာမိုးကြိုးဒိုင်း၏ အခြေခံစည်းတံဆိပ်ကို ထွင်းထုပြီးသွားပြီဖြစ်သည်။

မုဖူရှန်းပစ်လိုက်စဉ် ချောက်ကမ်းပါးတဖက်ကမ်းသို့ ကျော်ကျသွားသည်။ မရေမတွက်နိုင်လောက်သည့် မှော်မိုးကြိုးများက ကျဆင်းလာသည်။

ထိုအခိုက်အတန့်၌ ကိုးလွှာမိုးကြိုးဒိုင်းသင်္ကေတက မိုးကြိုးလက်ပတ်တခုပမာဖြစ်လာပြီး မရေမတွက်နိုင်သည့် မှော်မိုးကြိုးများကိုဆွဲဆောင်ရင်း ကိုးလွှာမိုးကြိုးဒိုင်းသင်္ကေတဆီသို့ ပြေး၀င်သွား၏။

မုဖူရှန်း ဤမြင်ကွင်းကိုအနီးကပ်စိုက်ကြည့်နေသည်။ ကိုးလွှာမိုးကြိုးဒိုင်း ပထမအလွှာအားပြီးမြောက်ရန်အတွက် ဖြစ်နိုင်လားဆိုတာက ဒီလှုပ်ရှားမှုက အောင်မြင်မလား ဆိုသည့်အချက်အပေါ်မူတည်သည်။

ဘန်း....!

မိုးကြိုးနှင့်လျှပ်စီး!

မှော်မိုးကြိုးဟိန်းသံက သာမန်မိုးကြိုးများထက် ပို၍ မှိန်သွားသည်။

သို့သော် ချောက်ကမ်းပါးထဲတွင် ပွင့်လန်းနေသည့်အလား ပဲ့တင်သံများက ဆက်လက်မြည်ဟီးနေသည်။

မရေမတွက်နိုင်လောက်သော မှော်မိုးကြိုးများက ကိုးလွှာမိုးကြိုးဒိုင်းသင်္ကေတကို အဆက်မပြတ် ရိုက်ခတ်နေစဉ် စည်းတံဆိပ်က မှော်မိုးကြိုးကြောင့် ပျက်စီးသွားခြင်းမရှိချေ။

ဤမြင်ကွင်းကိုမြင်ရသောအခါ မုဖူရှန်း ယာယီစိတ်သက်သာရာရသွားသည်။

စည်းတံဆိပ်ကအဖျက်ဆီးမခံရသဖြင့် ပထမခြေလှမ်းက ပြီးသွားလေပြီ။

၎င်းနောက်တွင်မူ အခြေအနေရပ်က ကိုးလွှာမိုးကြိုးဒိုင်းသင်္ကေတက မှော်မိုးကြိုးထဲက မိုးကြိုးစွမ်းအားကို စုပ်ယူနိုင်မလားဆိုသည့် အချက်အ‌ပေါ်မူတည်သွားသည်။

တစ်နည်းအားဖြင့် မိုးကြိုးစွမ်းအားကို စုပ်ယူပြီးသောအခါ ၎င်းက ကမ္ဘာကြီးကိုပင် ဖျက်ဆီးန်ုင်သည့် ဧရာမမိုးကြိုးစွမ်းအားကို ခံနိုင်ရည်ရှိပေလိမ့်မည်။

အမွေးတိုင်တစ်တိုင်စာမျှအချိန်က တခဏအတွင်း အကုန်ဆုံးသွား၏။

မုဖူရှန်းကို အံ့ဩသင့်စေသည်က ကိုးလွှာမိုးကြိုးဒိုင်းသင်္ကေတက ယခုထိတိုင် မပျက်စီးသေးပေ။

တချိန်တည်းမှာပင် စည်းတံဆိပ်ထဲတွင် မှော်မိုးကြိုးစွမ်းအားက မြည်ဟီးနေပြီဖြစ်သည်။

ဒီနည်းလမ်းကဖြစ်နိုင်ချေရှိသည်ဟုဆိုလိုနေခြင်းပင်။

မိနစ်တိုင်းစက္ကန့်တိုင်းက ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။

ကိုးလွှာမိုးကြိုးဒိုင်းသင်္ကေတထဲမှ မှော်မိုးကြိုးစွမ်းအားက အားကောင်းသထက်ပို၍အားကောင်းလာသည်။

ပထမဆုံးမိုးကြိုးဒိုင်းက စတင်ပုံပေါ်လာသည်။

မုဖူရှန်းရယ်မောလိုက်သည်။

ဤကိုးလွှာမိုးကြိုးဒိုင်းနှင့်ဆိုပါက မပြီးသေးသည့်တိုင် ပထမဆုံးမိုးကြိုးဒိုင်းတခုတည်းကပင် သူအရင်ကထွင်းထုခဲ့သည့် ကာကွယ်ရေးသင်္ကေတများစွာထက် ပိုမိုအားကောင်းသည့် အဆင့်တခုတွင်ရှိနေလေပြီ။

ဤနည်းလမ်းဖြင့် မုဖူရှန်းကလည်းအတော်လေးကျေနပ်နေပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အန္တရာယ်မရှိလေရာ ဘာမှမရသည့်တိုင် ဒါကိုဖန်တီးနိုင်သည်က ပိုကောင်းသည်။

ထိုအချိန်က ကိုးလွှာမိုးကြိုးဒိုင်းသင်္ကေတက ယခုအတွက် သုံးဖို့မဟုတ်ခဲ့ပါ။

မှော်မိုးကြိုးစွမ်းအားကိုအသုံးပြုပြီး တခြားသင်္ကေတများကိုသာ ထွင်းထုနိုင်ပါက ဒါက ပိုပျော်ဖို့မကောင်းသွားဘူးလား!

မုဖူရှန်း အလျင်အမြန်ပင် ကိုးလွှာမိုးကြိုးဒိုင်းသင်္ကေတဆယ်ချီထွင်းထုကာ ပစ်ချလိုက်ပြန်သည်။

သူကပစ္စုပ္ပန်ကိုအသုံးချရင်း တတ်နိုင်သမျှ ချွေတာထားလိုက်သည်။

သို့သော် လက်ရှိအခြေအနေအရ လွန်ခဲ့သောရက်အနည်းငယ်က မူဖူရှန်းထွင်းထုခဲ့သည့် ကိုးလွှာမိုးကြိုးသင်္ကေတ၏ ပထမမိုးကြိုးဒိုင်းစည်းတံဆိပ်က မှော်မိုးကြိုးစွမ်းအားကို ဆက်လက်စုပ်ယူနေဆဲပင်။

၎င်းကအကန့်အသတ်မရှိတော့ပုံရသည်။

၎င်းထဲရှိ မှော်မိုးကြိုးစွမ်းအားက မုဖူရှန်းအဖို့ ကိုးလွှာမိုးကြိုးဒိုင်းစည်းတံဆိပ်ရာကျော်ထွင်းထုရန် လုံလောက်နေလေပြီ။

သို့သော် နောက်တခဏအကြာတွင် ဤနေရာ၌စမ်းသပ်ထားသည့် စောင့်ကြည့်ကိရိယာများက နောက်ထပ်ခံနိုင်ရည်မရှိတော့ပုံရသည်။

မူလက ချောက်ကမ်းပါးအပြင်ကနေ ကျဆင်းလာနေသည့် ကမ္ဘာ့သုတ်သင်နတ်ဆိုးမိုးကြိုးက ထိုအခိုက်အတန့်၌ ရုတ်တရက် ပြောင်းသွားကာ ကမ္ဘာ့ဖျက်ဆီးမိုးကြိုးနဂါးတစ်ကောင်အဖြစ် စုစည်းသွားပြီး မုဖူရှန်းတည်နေရာဘက်သို့ ရိုက်ချလိုက်သည်။

မုဖူရှန်းထိတ်လန့်သွားပြီး ချက်ချင်းဆိုသလို မိုးကြိုးလွတ်မြောက်အဆောင်ကို ဖျစ်ညှစ်ကာ ထွက်ပြေးချင်နေသည်။

သို့သော် ဤတားမြစ်နေရာ၌ ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို အသုံးပြု၍မရပေ။

ကြည့်ရသည်မှာ လွတ်မြောက်သင်္ကေတများအား သုံးစွဲခြင်းကို တားမြစ်ထားပုံရသည်။

ဒါကလည်း မုဖူရှန်းကို အံ့ဩသင့်သွားစေသည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်က လွတ်မြောက်အဆောင်တခုမဟုတ်ဘဲ အာကာသစွမ်းအားကို ငှားယူထားသည့် သာမန်အဆောင်များသာဖြစ်သည်။

သို့သော် စည်းတံဆိပ်စာအုပ်ထဲက ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်ကမူ အာကာသစွမ်းအားကို လုံး၀ငှားယမ်းထားခြင်းမရှိ။

ထို့ကြောင့် မုဖူရှန်း မိုးကြိုးတစင်းအဖြစ်ပြောင်းလဲကာ လွတ်မြောက်သွား၏။ ယခုတကြိမ်တွင်မူ ဒါကအလုပ်မဖြစ်ခဲ့ပါ။

မုဖူရှန်းချက်ချင်းဆိုသလို ဒုတိယအစီအစဉ်ကို အသုံးပြုလိုက်လေတော့သည်။

သူ့ကိုယ်တဝိုက်၌ ‌မရေမတွက်နိုင်လောက်သည့်စည်းတံဆိပ်များ၏အလင်းက စတင်တောက်ပလာသည်။

ခုနှစ်မီတာ ရှစ်မီတာခန့်ထူထဲသည့် ကာကွယ်ရေးအတားအဆီးက မုဖူရှန်းအား နောက်တကြိမ်၀န်းရံလိုက်ပြန်သည်။

မိစ္ဆာဗိုလ်ချုပ်နှင့်တိုက်ပွဲပြီးနောက် မုဖူရှန်း စည်းတံဆိပ်လှိုင်းများကို အဆင့်မြှင့်ထားပြီးဖြစ်သည်။

အဓိကရည်ရွယ်ချက်က မတော်တဆဖြစ်ရပ်များကနေ ကာကွယ်ရန်ဖြစ်သည်။

သူကအိမ်နှင့်ဝေးကွာနေသဖြင့် လူဆိုးများစွာရှိသလို အကျပ်အတည်းများစွာလည်းရှိသည်။ ထို့ကြောင့်တချိန်လုံး ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စေရန် သေချာလုပ်ထားရသည်။

မုဖူရှန်း ဤစံနမူနာကိုအမြဲလိုက်နာသည်။ သို့သော် ဒီကမ္ဘာ့ဖျက်ဆီးမှော်မိုးကြိုးများက မုဖူရှန်း၏ကာကွယ်ရေးအတားအဆီးကို တိုက်ရိုက်ချေမွပစ်ကာ မုဖူရှန်းကိုယ်သို့ တိုက်ရိုက်ဦးတည်လာသည်။

မုဖူရှန်းအံကြိတ်လိုက်သည်။

နယ်ပယ်ကပေါက်ကွဲသွား၏။

ထိုအခိုက်အတန့်၌ မုဖူရှန်း၏နယ်ပယ်က အာရုံထွေပြားခြင်းအလယ်အလတ်အဆင့်သို့ရောက်ရှိသွားသည်။

ဒါက မိစ္ဆာဗိုလ်ချုပ်ကြီးကို ဆန့်ကျင်တိုက်ခိုက်ခဲ့စဉ်တုန်းကထက် အနည်းငယ်ပို၍မြင့်မားသည်။

ယခုလိုအချိန်တိုအတွင်းမှာပင် သူကပတ်ဝန်းကျင်က အကျပ်အတည်း၊ အခက်အခဲကို အမြဲအာရုံစိုက်ထားကာ ချောင်းမြောင်းတိုက်ခိုက်မှုများရှိသလားဟု သတိထားထားသည်။

ရပ်တန့်ပြီးလေ့ကျင့်ရန်ဟူသည် ဒီနေရာ၌မဖြစ်နိုင်။ သို့သော် မုဖူရှန်းကသူ့ခွန်အားကို ဖုံးကွယ်ကာ နယ်ပယ်ကို ဖိနှိပ်ထားသည်ဟု ဆို၍ရသည်။

ထိုအချိန်တွင် ကမ္ဘာ့သုတ်သင်နတ်ဆိုးမိုးကြိုးက မုဖူရှန်း၏ကိုယ်ခန္ဓာအား ရိုက်ခတ်ပစ်လေတော့သည်။

မှော်လျှပ်စီးများက မုဖူရှန်းကိုထိမိသောအခါ မုဖူရှန်း၏မျက်နှာကအေးခဲသွား၏။

ပြီးသွားပြီလား!

ငါဒီမှော်မိုးကြိုးစွမ်းအားကို လျှော့တွက်ခဲ့မိတာပဲ!

ဘန်းးး!

ချက်ချင်းဆိုသလို မုဖူရှန်း၏ကိုယ်က မိုးကြိုးများဖြင့်ပြည့်နှက်သွားသည်။

မှော်မိုးကြိုးများက မုဖူရှန်းကိုယ်က အသက်ဓာတ်ကို ဆက်လက်ဖျက်ဆီးနေသည်။

နာကျင်မှုကိုခံစားရသောအခါ မုဖူရှန်းအံကြိတ်ရင်း ညည်းနေသည်။

ထိုစဉ် မုဖူရှန်းသတိမထားမိပုံရသည့်အရာတခုဖြစ်လာခဲ့သည်။

သူ့ကိုယ်တဝိုက်၌ ရွှေမိုးကြိုးအလွှာများက ကူးခတ်နေပုံရပြီး ထို‌ရွှေမိုးကြိုးအလင်းလုံးများက ရေချိုငါးများနှင့်တူကာ ကမ္ဘာ့သုတ်သင်နတ်ဆိုးမိုးကြိုး၏စွမ်းအားကို အမှန်တကယ်စုပ်ယူနေလေသည်။

တချိန်တည်းမှာပင် ၎င်းက သန့်စင်သည့် မှော်မိုးကြိုးများအဖြစ် ပြောင်းလဲကာ မုဖူရှန်းကို ငြင်းဆန်နေကြ၏။

ကောင်းကင်ဘုံမိုးကြိုးတာအိုစည်းချက်!

ဤအရာပါရှိသည့်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည့်လူများက ကမ္ဘာပေါ်ရှိ မိုးကြိုးစွမ်းအားအားလုံးနှင့် ပြီးပြည့်စုံဆုံး ဆက်နွှယ်မှုရှိသူများဖြစ်ပြီး မရေမတွက်နိုင်လောက်သည့် မိုးကြိုးစွမ်းအားအမျိုးမျိုးကို အကြွင်းမဲ့လက်ခံနိုင်သည်။

ထို့ထဲတွင် ကမ္ဘာ့သုတ်သင်နတ်ဆိုးမိုးကြိုးလည်းပါ၀င်သည်။

ကောင်းကင်ဘုံမိုးကြိုးတာအိုစည်းချက်ပိုင်ရှင်က မုဖူရှန်းဖြစ်သည်ဟုဆို၍ရသည်။ သူက မိုးကြိုးလမ်းသွယ်၏ဆရာသခင်ဖြစ်သည်။

တစ်နာရီကုန်ဆုံးသွား၏။

မုဖူရှန်း မှော်မိုးကြိုးစွမ်းအားကို ခုခံနေဆဲပင်။ သို့သော် သူကထိခိုက်မှုအရမ်းမရှိတော့ဘဲ အများဆုံးအနည်းငယ်မျှသာ နာကျင်တော့သည်။

သူ့ကိုယ်တွင်းကိုစစ်ကြည့်လိုက်စဉ် အတွင်းပိုင်းကလည်း ပျက်စီးမနေပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကိုယ်ထဲ၌ အရိုးများ၊ သွေးကြောများနှင့် မရီဒျန်များ၌ မှော်စွမ်းအင်မိုးကြိုးအမျှင်တန်းများစီးဆင်းနေသည်။

ဒါကမှော်မိုးကြိုးစွမ်းအားဖြစ်သည်။

မုဖူရှန်းအတိဆွံအနေသည်။

ငါကမှော်မိုးကြိုးစွမ်းအားကို စုပ်ယူလိုက်တာလား!

ငါဒါကိုဘယ်လိုလုပ်ခဲ့တာလဲဟ!

ငါဘာမှမလုပ်ခဲ့ရတာသိသာနေတာပဲလေ!

သူ့ကိုယ်ခန္ဓာပြောင်းလဲသွားတာကို မုဖူရှန်းမသိပေ။ ယခုလိုအခြေအနေမျိုးတွင် မသိသည်ကပုံမှန်သာ။

အချိန်အတိုင်းအတာတခုအထိ ထပ်မံစောင့်ကြည့်စဉ် ကိုယ်ခန္ဓာက ပကတိအတိုင်းရှိနေဆဲဖြစ်ပြီး ကိုယ်ထဲကမှော်မိုးကြိုးစွမ်းအားက ပို၍ပင်အားကောင်းလာသည်။

ထိုအခိုက်အတန့်၌ မုဖူရှန်းကအတော်လေးပျော်သွားသည်။

သူကနောက်ထပ်တွေးမနေတော့ဘဲ သူ့၏အကာအကွယ်များကို ဖြည်းဖြည်း‌လျင်းဖြေလျော့ကာ မှော်မိုးကြိုးစွမ်းအင်များကို ပို၍လက်ခံရန် ကြိုးစားလိုက်၏။

ငါးရက်ကြာပြီးနောက် မုဖူရှန်းမှော်မိုးကြိုးထဲကနေ ထွက်လာပြီးမျက်လုံးများကို ဖွင့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် လျှပ်စီးနက်များက ပေါက်ကွဲနေသည်။

သူလက်ဖဝါးတချက်ရိုက်ထုတ်စဉ် ၎င်းက ကမ္ဘာ့ဖျက်ဆီးမှော်မိုးကြိုးအစွမ်းကို သယ်ဆောင်လာသည်။

ယနေ့မုဖူရှန်းက ကိုယ်ထဲ၌ ကမ္ဘာ့သုတ်သင်နတ်ဆိုးမိုးကြိုးနှင့်ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီဖြစ်သည်။

အပိုင်း(398) coming။

All Chapters