#စိတ်ကန့်သတ်ချက်များ#
Vol. 28 Ch. 398
ရှောင်ဟိုင်အား အဆုံးမဲ့မှော်နက်စွမ်းအင်များက ၀န်းရံထားသည်။
ကိုယ်ထဲရှိ ရိုးတွင်းခြင်ဆီက မှော်နက်စွမ်းအင်ကြောင့် အဆက်မပြတ်တိုက်စားခံနေရသည်။
ကလစ်ကလစ်ဟူသောအသံများပင်ထွက်နေသည်။
ယနေ့တွင် ကိုးရက်မြောက်နေ့ဖြစ်သည်။
နေ့ညအလှည့်အပြောင်းကာလအတွင်း ရှောင်ဟိုင်အား ၀န်းရံထားသည့် မှော်နက်စွမ်းအင်က နောက်ဆုံးတွင် ပျောက်ကွယ်သွား၏။
ရှောင်ဟိုင်ပုံရိပ်က ပြန်ပေါ်လာသည်။
ထိုအချိန်တွင် ရှောင်ဟိုင်ကိုယ်ပေါ်၌ အလင်းနက်များတဖျပ်ဖျပ်လင်း၀င်းနေသည့် နေရာ၂၀၆ခုရှိသည်။
တခြားသူများသာတွေ့မည်ဆိုပါက ထိုအလင်းနက်များဖြာထွက်နေသည့် နေရာ၂၀၆ခုက အရိုးများတည်ရှိသောနေရာများဆိုတာ သိနိုင်သည်။
မှော်နက်စွမ်းအင်၏ ပြုပြင်မွမ်းမံမှုအောက်တွင် သူ့အရိုးများကဖျပ်ဆီးခံနေရပြီး ပြုပြင်မွမ်းမံကာ ပြန်လည်စုစည်းဖြစ်တည်လာတာကို ရှောင်ဟိုင်ရှင်းလင်းစွာခံစားနေရသည်။
ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကလည်း အဆင့်တစ်ဆင့်ထက်ပို၍မြှင့်တက်လာခဲ့သည်။
ထိုအချိန်က ရှောင်ဟိုင်၏ရုပ်ပိုင်းဆိုင်ရာအခြေအနေက သိုင်းဧကရာဇ်တ၀က်နှင့်သာ ယှဉ်၍ရသည်ဟုဆို၍ရသည်။
ယခုတွင်မူ အရိုးများကပြုပြုင်မွမ်းမံကာ ပြန်လည်စုစည်းတည်ဆောက်ခံရသောအခါ သူက သိုင်းဧကရာဇ်အဆင့်နှင့်ပင် ယှဉ်၍ရနေလေပြီ။
ဤကိုးရက်တာအတောအတွင်းက အတော်လေးနာကျင်ခဲ့သည်မှာတော့ သေချာသည်။ အရိုးများက ကျိုးပဲ့သွားခဲ့ပြီး ငြိမ်သက်ကာ ပြန်လည်ဖွဲ့စည်းခြင်းခံရသည်။
ယခုလိုအရိုးတခိုက်နာကျင်မှုကို လူမည်မျှကများ သည်းခံနိုင်မည်နည်း။
ဆံပင်နက်လူက ဒါကရှောင်ဟိုင်အတွက် စမ်းသပ်မှုတင်မက နိုးထမှုလည်းဖြစ်သည်ဟု ပြောခဲ့သည်မှာ အံ့ဩသင့်စရာမရှိတော့။
ရှောင်ဟိုင်ရှေ့လှမ်းကြည့်လိုက်စဉ် အနက်ရောင်ပုံရိပ်က ပျောက်ကွယ်သွား၏။
တချိန်တည်းမှာပင် သူရှေ့ကတံခါးက ချက်ချင်းပွင့်လာသည်။
ရှောင်ဟိုင်ဝင်လိုက်သည်။
နောက်တခန်းတွက် မူလအနက်ရောင်အသံက အနီရောင်ဖြင့်အစားထိုးခံလိုက်ရသည်။
သွေးကဲ့သို့အနီရောင်အစက်လေးများက အခန်းတဝိုက်၌ရှိနေပြီး ဤခန်းမ၏ အဓိကအသံဖြစ်လာသည်။
ရှောင်ဟိုင်အခန်းထဲသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့်တပြိုင်နက် သူ့ထံ အဆက်မပြတ် ရောက်လာသည့် စူးရှပြင်းထန်သော သွေးညှီနံ့ကို တိုက်ရိုက်ခံစားနေရသည်။
အခန်းထဲက သွေးနီရောင်အစက်များက သွေးများဖြင့် ပြည့်နှက်နေပုံရသည်။
ရှောင်ဟိုင်ရှေ့တွင် ရေကန်တခုရှိသည်။ ရေကန်က အတော်လေးစေးကပ်သည့်သွေးဖြင့် ပြည့်နှက်နေသည်။ ဒါကဒုတိယစမ်းသပ်မှုတဖြစ်လဲ ဒုတိယအခွင့်အရေးတခုဆိုတာ သိသာထင်ရှားနေသည်။
ဤသည်ကိုတွေးမိသောအခါ ရှောင်ဟိုင်အသက်ပြင်းပြင်းရှုရင်း အထဲသို့တက်လှမ်းလိုက်သည်။
..
ယဲ့ချိုးပိုင်၏ စမ်းသပ်နေရာက မြေရိုင်းလွင်ပြင်တခုဖြစ်သည်။
ယဲ့ချိုးပိုင်ရှေ့တွင် စစ်မွန်းစတားများစွာရှိသည်။
ဤမွန်းစတားများက ယဲ့ချိုးပိုင်နှင့်အဆင့်တူသော်လည်း ၎င်းတို့၏ ရုပ်ပိုင်းကြံ့ခိုင်မှုက သာမန်လူသားများထက် အများကြီးပို၍အားကောင်းသည်။
ယခုကိုးရက်တာကာလအတွင်း ယဲ့ချိုးပိုင်က လက်ထဲတွင် သစ်သားဓားကိုကိုင်ထားပြီး အဆက်မပြတ်တိုက်ခိုက်နေခဲ့ရသည်။
သူက ကြယ်ကြွေဓား၊ ရှင်းယွန်ဓား သို့မဟုတ် နတ်ဆိုးနက်ဓားကိုမသုံးခဲ့ပေ။ ယခုကိစ္စက စမ်းသပ်မှုရော အတွေ့အကြုံပါဖြစ်သည်။ ဒါက လူတစ်ယောက်၏ ကိုယ်ပိုင်ဓားပညာကို ထပ်မံထက်မြက်စေသည်သာမက ဓားသိုင်းအခြေအနေကိုပါ တိုးတက်စေသည်။
အလားတူပင် ဒါက ယဲ့ချိုးပိုင်၏ ဓားသိုင်းပညာရပ်အပေါ် ကိုယ်ပိုင်နားလည်မှုအား စစ်ဆေးရန်အတွက် ကြီးမားသည့်အခွင့်အရေးတခုလည်းဖြစ်သည်။
ထို့ကြောင့် ယဲ့ချိုးပိုင် ပိုကောင်းသည့်လက်နက်တခုကိုသုံးရန်အတွက် ရွေးချယ်ထားခြင်းမရှိပေ။
သူကလက်နက်နှင့်အသာစီးရမှုကို လက်လျှော့ထားကာ လွင်ပြင်ပေါ်က မွန်းစတားသတ္တဝါစစ်တပ်ကြီး၏ လွှမ်းမိုးမှုကို ထိန်းချုပ်သတ်ဖြတ်ရန်အတွက် သစ်သားဓားကိုသာ ထုတ်ယူခဲ့သည်။
နေ့ရက်များကုန်သွားသည်နှင့်အမျှ ဤမြေရိုင်းလွင်ပြင်ပေါ်တွင် မရေမတွက်နိုင်လောက်သည့် မွန်းစတားအလောင်းများစွာ ရှိနေလေပြီ။
အားလုံးကိုယဲ့ချိုးပိုင်သတ်ခဲ့ခြင်းပင်။
ကိုးရက်ကြာအဆက်မပြတ်သတ်ဖြတ်ပြီးနောက် အော်ရာပါးလွှာလာမှုကို သတိပင် မထားမိတော့ဘဲ ယဲ့ချိုးပိုင်စတင်ပျင်းရိလာပြီဖြစ်သည်။
အစက သူကမွန်းစတားတစ်ကောင်၊ နှစ်ကောင်ကို ဓားတစ်လက်တည်းဖြင့် သတ်နိုင်စွမ်းရှိခဲ့သည်။
ယခုတွင်မူ မွန်းစတားများ၏ ဝိုင်းရံမှုအောက်တွင် ဝိုင်းရံမှုကို ကျော်လွှားရန်ဟူသည် အနည်းငယ်ခက်နေသည်။
ဓားဆန္ဒကမြည်ဟီးနေသော်လည်း ဓားဆန္ဒ၏ထက်ရှမှုက အရက်ကလောက် မပြတ်သားတော့ပါ။
ယဲ့ချိုးပိုင်၏မျက်နှာက ပုံမှန်မဟုတ်စွာပင် အနီရင့်ရောင်သမ်းနေသည်။ သူ့အသက်ရှုသံကလည်း တက်လိုက်ကျလိုက်ဖြစ်နေသည်။
သူ့လက်ထဲကဓားကဆက်တိုက်ပိုင်းဖြတ်နေပြီး အမြန်နှုန်းကလည်း ပိုမိုနှေးကွေးလာသည်။
သူအရမ်းပင်ပန်းလာပြီဖြစ်ကာ အော်ရာကိုလည်း ထပ်မဖြည့်နိုင်တော့သဖြင့် ရုပ်ပိုင်းဆိုင်ရာခွန်အားကို မသက်သာစေတော့။
ဤမွန်းစတားအုပ်စုများက တစ်စုပြီးတစ်စုတိုက်ခိုက်နေပြီး အဆုံးမဲ့သတ်ဖြတ်နေသည့်အလားထင်ရသည်။
ယခုလိုအခြေအနေမျိုးတွင် သူဘာလုပ်နိုင်မည်နည်း။
နောက်ထပ်နှစ်ရက်အကြာတွင် ယဲ့ချိုးပိုင်ကိုယ်ထဲက အော်ရာကကုန်လမ်းပေတော့မည်။
ထိုအချိန်တွင် သူကထိုသတ္တဝါကြီးများ၏ ပါးစပ်ထဲကအစာ၊အာဟာရများ ဖြစ်ရပေတော့မည်။
ယဲ့ချိုးပိုင်အံကြိတ်ထားသည်။
ရှေ့ဆက်ရန်အတွက် ဓားလမ်းကြောင်းကို ပြန်တွေးတောရင်း ဒီကိုးရက်အတွင်း ယဲ့ချိုးပိုင် မွန်းစတားများကို အဆက်မပြတ် ခေါင်းဖြတ်နေသည်။
ဓားသိုင်းပညာရပ်၏မလုံလောက်မှုများမှာ နေရာလွတ်များ၌ တခုပြီးတခုပြန်ပြည့်လာကြသည်။
မည်သို့ပင်ဆိုစေကာမူ ဓားသိုင်းကဓားသိုင်းသာဖြစ်သည်။ ဟာကွက်ကိုစစ်ဆေးပြီး နေရာလွတ်ကို ဖြည့်ရခြင်းက ယခုလုပ်သင့်သည့်အရာများမဟုတ်ပေ။
သူ့တွင်အော်ရာမလုံလောက်သလို ရုပ်ပိုင်းဆိုင်ရာခွန်အားလည်းလျော့နည်းနေသည်။
သူ့ဓားသိုင်းပညာ၌ မည်မျှပင်တိုးတက်လာပါစေ၊ ယင်းကအသုံးမ၀င်ပေ။
ယနေ့သဘာ၀ကပြောင်းလဲသွား၏။
ယဲ့ချိုးပိုင်လုပ်ဖို့လိုအပ်နေတာက သတ္တဝါကြီးများ၏ ၀န်းရံမှုထဲကနေ လွတ်မြောက်ရန်သာဖြစ်သည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်စိတ်ထဲ၌ ရင်းနှီးနေသည့်အသံတစ်သံထွက်ပေါ်လာသည်။
"လက်နက်ရဲ့စွမ်းအားကိုမစိုးရိမ်နဲ့"
"မင်းကမတုံးအဘူး၊ အစွမ်းထက်လက်နက်ကိုလည်းမသုံးခဲ့ဘူး၊ မင်းရဲ့ ခွန်အားကို မြှင့်တင်ဖို့ သစ်သားကိုပဲသုံးခဲ့တယ်"
"ကောင်းပြီ၊ ဒီနေ့လက်နက်ကို အဆက်မပြတ်သုံး၊ ရင်းနှီးလာအောင်လုပ်၊ အကျွမ်းတ၀င်ဖြစ်လာအောင်လုပ်၊ ပြီးရင် ဓားကို မိမိကိုယ်ပိုင်အဖြစ်ပေါင်းစပ်လိုက်၊ ပြီးတော့ ကိုယ်ခန္ဓာရဲ့အစိတ်အပိုင်းတခု ဖြစ်လာအောင် လုပ်တာကလည်း အတွေ့အကြုံတမျိုးပဲ"
"ဓားသိုင်းပညာရှင်တွေက ဓားအရည်အသွေးကို စိုးရိမ်မနေသင့်ဘူး၊ ဘာလို့လဲဆိုတော့ ဓားသိုင်းနယ်ပယ်ဆိုတာက အရမ်းအားကောင်းပြီး သစ်သားဓားပဲဖြစ်စေ၊ သံချေးတက်နေတဲ့သံဓားဖြစ်စေ ပြိုင်ဘက်ကင်းဓားရဲ့သက်ရောက်မှုကို ပြသနိုင်တယ်"
"ဒါပေမယ့် ဒီနေ့မင်းကတော့ ဓားသိုင်းပညာမှာ ဒီအဆင့်ထိမရောက်နိုင်သေးဘူး"
"မင်းရဲ့ဓားသိုင်းပညာကို ကိုယ်တိုင်တိုးတက်ချင်တာက မင်းရဲ့အသာစီးရမှုဖြစ်တယ်"
"ဒါပေမယ့် ဒါအတွက်ကြောင့် မင်းကိုယ်တိုင်က ထောင်ချောက်ထဲပိတ်မိနေတယ်၊ ဒါကမင်းရဲ့အားနည်းချက်တခုလည်းဖြစ်တယ်"
ဆရာ!
ရင်းနှီးနေသည့်အသံကိုကြားရသောအခါ ယဲ့ချိုးပိုင်ချက်ချင်းတုံ့ပြန်ပြီး ဘေးဘီဝဲယာသို့ကြည့်လိုက်သော်လည်း မည်သည့်ခြေရာမှ မတွေ့ရပေ။
သို့သော် ဆရာကအမှောင်ထဲတွင်နေပြီး သူ့ကိုစောင့်ကြည့်နေခြင်းဖြစ်ရပေမည်။
ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်ဉာဏ်အလင်းပွင့်သွားလေတော့သည်။
ဟုတ်သားပဲ!
ကိုယ့်ကိုယ်ကိုယ်အရမ်းကြီးမကန့်သတ်ထားနဲ့!
ဓားတစ်လက်က ဓားတလက်ပဲ!
ဓားအရည်အသွေးကိုစွဲလန်းနေပြီး ဓားကို ကိုယ်တိုင်ထိန်းချုပ်နေတာက အမှားတခုပဲ၊
ဆိုလိုတာက ရှင်းယွန်ဓားနှင့် ကြယ်ကြွေဓားကို အတူတကွမပြုပြင်နိုင်ဘူးလို့ ပြောချင်တာများလား!
ထိုအရာများက သူ့ကိုယ်ပိုင်ခွန်အားများဖြစ်သည်။
ယဲ့ချိုးပိုင်သူ့ကိုယ်သူမေးလိုက်မိသည်။
ငါတကယ်ကြယ်ကြွေဓားကိုကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ပြီလား!
မဟုတ်ဘူး!
သူကအတော်လေးအထိန်းအကွပ်မဲ့နေခဲ့သဖြင့် ဓားသိုင်းနယ်ပယ်ကို ပြုပြင်မွမ်းမံခြင်း၏ အကောင်းဆုံးသက်ရောက်မှုကို အောင်မြင်ရန် သစ်သားဓားကိုအသုံးပြုခဲ့သဖြင့် နားလည်မှုလွဲချော်မှုထဲ ကျရောက်သွားခဲ့ရသည်။
ဤသည်ကိုတွေးမိသောအခါ ယဲ့ချိုးပိုင်ညင်သာစွာရယ်မောရင်း ဓားအရည်အသွေးကို ဆက်လက်ပူပန်မနေတော့ဘဲ ကြယ်ကြွေဓားကို ထုတ်ယူလိုက်သည်။
ဒါကသူ့ဓားဖြစ်သည်။ ထို့ကြောင့်သူ့ခွန်အားကို ပိုင်ဆိုင်ထားသည်။
ကြယ်ကြွေဓားနှင့်ရင်းနှီးအောင်လုပ်ပြီး ဆန်းကြယ်မှုများကို အပြည့်အ၀ တတ်မြောက်သွားခြင်းကလည်း ဓားသိုင်းနယ်ပယ်ကို တိုးတက်စေသည်။
ဘာလို့မဖြစ်နိုင်ရမှာလဲ!
တချိန်တည်းမှာပင် ယဲ့ချိုးပိုင် ဆရာပေးခားသည့် အားဖြည့်ဆေးလုံးကိုထုတ်ယူကာ ပါးစပ်ထဲထည့်သွင်းလိုက်၏။
အော်ရာကချက်ချင်းဆိုသလိုပြန်လည်ပြည့်၀လာသည်။
သူ့လက်ထဲက ကိုးပေရှည်ကြယ်ကြွေဓားက ပြန်လည်ထက်ရှလာသည့် ဓားဆန္ဒအလွှာများစွာဖြင့်၀န်းရံလာပြီး ထပ်မံတဟုန်းတိုးမြှင့်တက်လာသည်။
ဤခရီးစဉ်အတွင်း သူကမွန်းစတားသတ္တဝါကြီးများကို သတ်ရန်အတွက် ကြယ်ကြွေဓားကို ဆက်လက်သတ်ဖြတ်ခဲ့သည်။
အော်ရာကုန်ဆုံးသွားသောအခါ သူကဆေးလုံးများကို ထပ်သောက်သည်။
သုံးရက်အတွင်း သူကသတ္တဝါကြီးများ၏ ၀န်းရံမှုကနေချိုးဖျက်ကာ တခြားတဘက်သို့ရောက်လာသည်။
တချိန်တည်းမှာပင် ဤကာလအတွင်း ယဲ့ချိုးပိုင်၏နယ်ပယ်ကလည်း သိုင်းဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်သွားခဲ့သည်။
သူ့နှလုံးသားကအကန့်အသတ်များက လျော့ကျသွားခဲ့သည်။ နယ်ပယ်က တက်သွားခဲ့လေပြီ။
အပိုင်း(399) coming။