← Chapters

#လေဟာနယ်ချိတ်ပိတ်ခြင်း#

Vol. 28 Ch. 400

#လေဟာနယ်ချိတ်ပိတ်ခြင်း#

Vol. 28 Ch. 400

ရှောင်ဟိုင်ခန်းမထဲသို့မ၀င်ခင် အချိန်အစောကြီးကတည်းကပင် လုချန်ရှန်းက ဤနေရာသို့ရောက်လာခဲ့ပြီဖြစ်သည်။

ယဲ့ချိုးပိုင်ကို အာရုံစူးစိုက်မှုကာလအတွင်း နိုးထအောင် လုပ်ပေးခဲ့သောသူမှာလည်း လုချန်ရှန်းဖြစ်သည်။

ဆံပင်နက်လူက လုချန်ရှန်းရှေ့သို့ အတော်လေးလေးနက်သည့်အမူအရာဖြင့် ရောက်လာသည်။

သူရုပ်ပိုင်းဆိုင်ရာစွမ်းအားများကို ခြေလက်အစုံ၌ အပြည့်အ၀စုစည်းသိုမှီးထားကာ အခြေအနေရပ်တခုခုဖြစ်ပျက်လာပါက ချက်ချင်းအရေးယူဆောင်ရွက်မည် ဒါမှမဟုတ် ဝေးဝေးနေရန်အတွက် အဆင်သင့်ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ သူ့ရှေ့က ထူးခြားဆန်းကြယ်သည့်၀တ်စုံဖြူနှင့်လူက မိုယွန်၏အသိစိတ်ကနေ လွတ်မြောက်နိုင်သည်။

အကယ်၍ မိုယွန်ထဲ၌ သူသာစကားမပြောဘဲ လေထဲ၌ သိမ်မွေ့သည့်အသံအတက်အကျတခုကို မဖြစ်စေဘူးဆိုပါက မိုယွန်က လုချန်ရှန်း၏တည်ရှိမှုကို ရှာတွေ့နိုင်မည်မဟုတ်။

လုချန်ရှန်းက မိုယွန်၏ အာရုံအသိစိတ်ကို ရှောင်ရှားနိုင်သည်။

သူ့ရှေ့က၀တ်စုံဖြူနှင့်လူ၏ခွန်အားကို မသိရပေ။ သို့စေကာမူ သေချာတာကတော့ လုချန်ရှန်းက သူ့ထက်ပိုအားကောင်းသည်။

သူအားမနည်းဘူးဟုထင်နေသည့် ဆံပင်နက်လူပင်လျှင် မိုယွန်၏အာရုံကို ပြီးပြည့်စုံစွာ ရှောင်ရှားနိုင်မည်မဟုတ်။

"ခင်ဗျားကဘယ်သူလဲ၊ ဘာလို့ဒီမှာရှိနေရတာလဲ"

လုချန်ရှန်း ခေါင်းကိုက်လာသည့်အလား ခေါင်းကုတ်လိုက်မိသည်။

ငါစကားပြောမိလို့ သိသွားတာများလား!

အနာဂတ်မှာ ဒီအကျင့်ဆိုးကို ဖယ်ရှားပစ်ရတော့မယ်ထင်တယ်!

ထို့ကြောင့် လုချန်ရှန်းစာအုပ်လေးတအုပ်ကို ထုတ်ယူကာ ထိုအချက်ကို အလေးအနက် မှတ်တမ်းတင်ထားလိုက်သည်။

မှတ်ဉာဏ်ကောင်းခြင်းက ခဲတံတစ်လက်လောက်တော့ကောင်းမည်မဟုတ်။

ဒီအကျင့်ကောင်းကို အရင်ဘ၀က မူလတန်းကတည်းကပင် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန် တွန်းအားပေးခံခဲ့ရသည်။

ဆံပင်နက်လူက လုချန်ရှန်း၏လှုပ်ရှားမှုကိုကြည့်ရင်း ထိတ်လန့်သွားသည်။

သူဘာလုပ်နေတာလဲ!

သူကအချက်အလက်တွေကို မှတ်တမ်းတင်နေတာလား!

ရလဒ်အဖြစ် ဆံပင်နက်လူက ပို၍ပို၍ စိတ်ရှုပ်‌ထွေးလာကာ လုချန်ရှန်းအား ပို၍ပင်ရန်လိုလာသည်။

မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးအရှင်၏ အထောက်အထားက မဖော်ထုတ်ရသေးပေ။ ထုတ်ဖော်ခံလိုက်ရပြီး ထိုသူပုန်များကသာ သိသွားမည်ဆိုပါက အကျိုးဆက်များက အတော်လေးဆိုးရွားသွားပေလိမ့်မည်။

လက်ရှိနတ်ဆိုးအရှင်က အတော်လေးအားနည်းသည်။

ကြည့်ရသည်မှာ လုချန်ရှန်းက ဆံပင်နက်လူလှုပ်ရှားလာမည်ကို အာရုံခံမိပုံရသည်။

သူကလက်ထဲကခဲတံကိုရပ်ကာ မှတ်စုစာအုပ်ကိုသိမ်းပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။

"စိတ်မပူပါနဲ့၊ စိတ်မပူပါနဲ့၊ ငါကဒီကို အပြစ်ရှာဖို့ရောက်လာတာမဟုတ်ပါဘူး"

ဆံပင်နက်လူကအနည်းငယ်အံ့ဩသွားသည်။

"ဒီလိုဆိုရင်ဘာလို့ခင်ဗျားအော်ရာကို ဖုံးကွယ်ပြီး ဒီကိုရောက်လာရတာလဲ"

လုချန်ရှန်းတခဏမျှတွေးတောလိုက်သည်။

"သေချာပေါက် မလိုလားအပ်တဲ့ဒုက္ခတွေကို လျော့ချဖို့အတွက်ပေါ့"

"ပြီးတော့ မင်းပြောတဲ့ နတ်ဆိုးအရှင်ဆိုတာ ရှောင်ဟိုင်ကိုပြောတာမလား"

ဆံပင်နက်လူကခေါင်းညိတ်သည်။

လုချန်ရှန်းပြောသည်။

"ဒီလိုဆိုရင်စိုးရိမ်မနေနဲ့၊ ငါသူ့ကို ထိခိုက်နာကျင်အောင်လုပ်မှာမဟုတ်ဘူး"

ထိုစကားလုံးများကိုကြား‌ရသောအခါ ဆံပင်နက်လူကမျက်မှောင်ကြုတ်လိုက်၏။

"ခင်ဗျားကဘယ်သူလဲ"

"ငါကသူ့ဆရာပါ"

လုချန်ရှန်းဘာတခုမှ ဖုံးကွယ်မထားပါ။

အကယ်၍သူသာဖုံးကွယ်ထားပါက ဆံပင်နက်လူက သူ့ကိုရန်သူအဖြစ်သတ်မှတ်ကာ ချက်ချင်းတိုက်ခိုက်လာပေလိမ့်မည်။ အနိုင်၊ အရှုံးကိုမဆိုထားနဲ့၊ ထိုအချိန်တွင် သူကလည်းတနည်းအားဖြင့် ပါ၀င်ပတ်သက်ရပေလိမ့်မည်။

သတ်ဖြတ်ခြင်းအတွက်မူ လုချန်ရှန်းပါ၀င်မည်မဟုတ်သလို လိုအပ်သည်ဟုပင် မထင်ထားပေ။ အခြေအနေရပ်တခုထိတော့ သူကကြည့်ရပေမည်။

ဆံပင်နက်လူက ရှောင်ဟိုင်ဘက်ကဖြစ်သည်။

လုချန်ရှန်းပြောသည်။

"ငါကငါ့တပည့်တွေရဲ့လုံခြုံမှုကို လာစစ်ဆေးရုံပါပဲ"

ဤသည်ကိုကြားသောအခါ ဆံပင်နက်လူက သတိကိုဖြေလျော့လိုက်သည်။ ထိုသို့ဆိုပါက အဓိပ္ပာယ်ရှိပါသည်။

နတ်ဆိုးအရှင်တွငိ ဆရာရှိသည်ဟု သူကြားခဲ့သည်။ ဒါ့အပြင် သူ့ဆရာက တပည့်များကို ထိပ်တန်းအဆင့်နတ်ဘုရားလက်နက်ကိုပင် အလိုရှိသလိုပေးနိုင်သည့် အာဏာရှင်တယောက်ပမာဖြစ်သည်။

ထိုကဲ့သို့လူတစ်ယောက်အဖို့ မိုယွန်၏ အာရုံကနေ လွတ်မြောက်ရန်ဟူသည် သာမန်မျှသာ။

ဆံပင်နက်လူကပြောသည်။

"ဒီလိုဆိုရင်တော့ ကျုပ်အခွင့်အရေးယူပါရစေ၊ စီနီယာက ဘယ်ကလဲဆိုတာ ကျုပ်မသိဘူး"

ယခုလိုအားကောင်းသည့်ခွန်အားမျိုးကို ပိုင်ဆိုင်ထားသဖြင့် လုချန်ရှန်းက အဆင့်မြင့်ကြယ်နယ်မြေတခုကနေ လာရောက်ခြင်းဖြစ်သည်ဟု ဆံပင်နက်လူတွေးထင်နေမိသည်။

တချိန်တည်းမှာပင် အဆင့်မြင့်ကြယ်နယ်မြေ၌ ထိပ်တွင်ရှိသည့်လူများအဖို့ သူတို့၏ခွန်အားကလည်း ထိပ်ဆုံးတွင်ရှိလေသည်။

မိုယွန်၏သတင်းအချက်အလက်ကွန်ယက်အရ မသိဘူးဆိုတာမဖြစ်နိုင်ပေ။

သို့စေကာမူ ဆံပင်နက်လူက လုချန်ရှန်း ဘယ်သူဖြစ်သလဲဆိုတာကို မမှတ်မိနိုင်ဖြစ်နေသည်။

လုချန်ရှန်းခေါင်းခါယမ်းသည်။

"ငါ့မှာဂုဏ်သတင်း၊ ကျော်ကြားမှုတွေသိပ်မရှိဘူး၊ ငါဘယ်သူလဲဆိုတာကအရေးမကြီးပါဘူး"

"ကောင်းပြီ၊ ဒီကိစ္စကပြီးသွားပြီ‌ဆိုတော့ ငါအရင်သွားတော့မယ်"

ထိုစကားကိုကြားရသောအခါ ဆံပင်နက်လူက အံ့ဩသင့်ခြင်းမရှိပါ။

အားကောင်းသည့်လူများအဖို့ သူတို့၏ အထောက်အထားကို ဖော်ပြရန်ငြင်းဆိုခြင်းကပင် အထူးအခွင့်အရေးတခုဖြစ်နေပြီဖြစ်ကာ ပုံမှန်အမူအကျင့်တခုသာ။

ဆံပင်နက်လူက လုချန်ရှန်း၏ ကျောကိုကြည့်ရင်း ဦးညွတ်လိုက်သည်။

"နတ်ဆိုးချောက်ကထွက်သွားပြီးရင် နတ်ဆိုးအရှင်က ပိုပြီးအန္တရယ်ကြုံလာန်ုင်သလို လူတချို့ရဲ့သတိထားမိခြင်းကိုလည်း ခံရနိုင်တယ်၊ ဒီတော့ ကျေးဇူးပြုပြီး နတ်ဆိုးအရှင်ကို ပိုပြီးကာကွယ်ပေးပါဦး"

လုချန်ရှန်းတုံ့ဆိုင်းသွားသည်။ သူ့မျက်ခုံးများကတွန့်ကွေ့လာပြီး ပြန်လှည့်လာသည်။

"ဒီလိုဆိုရင် ရှောင်ဟိုင်ကို ငါအခုတိုက်ရိုက်‌ပြန်ခေါ်သွားမယ်ဆိုရင်ရော၊ မင်းဘယ်လိုသဘောရလဲ"

ဆံပင်နက်လူ "....."

သို့သော် လုချန်ရှန်းထွက်သွားသည်။

ဤထဲတွင် ရှောင်ဟိုင်အတွက် အတော်လေးအရေးကြီးသည့်အရာတခုခုရှိရပေမည်။

ဆရာတစ်ယောက်အနေနှင့် သူ့ကို အနာဂတ် ကံကြမ္မာ၏အန္တရာယ်ကနေ လျော့ပါးစေရန်အတွက် အတင်းဆွဲထုတ်သွားခြင်းက အတော်လေးအတ္တဆန်လွန်းသည်။

ထိုသို့တွေးမိသဖြင့် လုချန်ရှန်းသက်ပြင်းချလိုက်သည်။

လာမည့်နေ့ရက်များတွင် ဒါကပို၍ပင် မငြိမ်မသက်ဖြစ်လာတော့မှာကို သူခန့်မှန်း၍ရနေသည်။

သူပြောခဲ့တဲ့ နတ်ဆိုးနယ်မြေကို ငါခရီးထွက်ရဦးမှာလား!

ဒါကရိုးရှင်းတဲ့ဖြေရှင်းနည်းလား!

သို့သော် ထိုအချက်ကိုတွေးမိစဉ် လုချန်ရှန်းမေ့ပစ်လိုက်သည်။ သူကသူ့တပည့်၏ကိစ္စရပ်များ၌ အရမ်းကြီး၀င်ရောက်မစွက်ဖက်ချင်ပါ။

ဤသို့ဆိုပါက ရှောင်ဟိုင်၏ကြီးထွားမှုလမ်းကြောင်းက အတင်းအကျပ်လုပ်ခံရပြီးပြောင်းလဲသွားနိုင်ကု ရှေ့ဆက်ရမည့်လမ်းကြောင်းကလည်း ပြောင်းလဲသွားပေလိမ့်မည်။

ယခုတွင် အနည်းဆုံးတော့ အကျပ်အတည်းကိုသိနေသေးသည်။ ထိုအချိန်က အကျပ်အတည်းကိုပင်မသိရသေးပါ။

သိထားသည့်အကျပ်အတည်းနှင့် မသိထားသည့်အကျပ်အတည်းကို ယှဉ်ကြည့်ပါက ဘယ်တခုက ပိုခက်ခဲတယ်ဆိုတာ ပြောစရာပင်မလိုတော့။

လုချန်ရှန်း မိုယွန်ကနေထွက်လာခဲ့သည်။

သို့စေကာမူ သူမိုယွန်ထဲကထွက်လာသည်နှင့်တပြိုင်နက် စွမ်းအင်ရောင်ခြည်တခု၏ဆွဲဆောင်ခြင်းကိုခံလိုက်ရသည်။

နတ်ဆိုးချောက်အလွန်ရှိ အနက်ရောင်လွင်ပြင်၏အနက်ရှိုင်းဆုံးတနေရာ၌ လေဟာနယ်ကတုန်ခါကာ အပြင်းအထန် ယိုယွင်းလာသည်။

အဲမှာဘာတွေဖြစ်နေတာလဲ!

လုချန်ရှန်း ချီစက်ကွင်းကိုထုတ်လွှတ်ပြီး တိတ်တဆိတ်ဆန့်ထုတ်ကာ လေဟာနယ် အတက်အကျရှိရာဘက်သို့ ရှာဖွေလိုပ်သည်။

ထိုနေရာ၌ လေဟာနယ်တုန်ခါမှုက အတော်လေးပြင်းထန်ပြီး အချိန်မရွေးပြိုလဲသွားန်ုင်သည့်အလားပင်။

ထိုလေဟာနယ်ထဲတွင် အဆုံးမဲ့မြူခိုးနက်များဖြင့်ပြည့်နှက်နေသည်။

ကြည့်ရသည်မှာ လေဟာနယ်တခြားတဘက်၌ ကျွမ်းကျင်မှုအမျိုးအစားတခုခု သို့မဟုတ် မယုံနိုင်ဖွယ်ရာရတနာတခုခုကို သုံးနေသည့်အရာတခုရှိပုံရသည်။ ၎င်းက ဒီလေဟာနယ်ကို ဆုတ်ဖြဲပစ်ချင်နေသည့်အလားပင်။

မိစ္ဆာစွမ်းအားလား!

ဤမိစ္ဆာစွအ်းအားက အရင်က နယ်မြေအပြင်ပက မိစ္ဆာများဟုခေါ်ဆိုသည့် မိစ္ဆာလူမျိုးစုနှင့်တူညီပုံရသည်။

နယ်မြေပြင်ပကမိစ္ဆာတွေက ဒီနေရာကနေ ထိုးဖောက်ချိုးဖျက်မှုတခုလုပ်ချင်ကြတာလား!

အရင်ကမုဖူရှန်း သူ့ကိုအစီရင်ခံတင်ပြဖူးသည်။ သူတို့ဒီနေရာသို့လာရသည့်ရည်ရွယ်ချက်က နယ်မြေပြင်ပက မိစ္ဆာများ၏ အစီအစဥ်ကိုရပ်တန့်ရန်ပင်။

အစီအစဉ်ကဘာလဲဆိုတာ လုချန်ရှန်းမသိသော်လည်း အဲဒါကသေချာပေါက်ကောင်းသောအရာတခုဟုတ်မည်မဟုတ်။

လုချန်ရှန်းမှန်းဆကြည့်နေသည်။

နယ်မြေပြင်ပကမိစ္ဆာတွေ ဒီနတ်ဆိုးချောက်ထဲကို ၀င်ရတဲ့အကြောင်းရင်းက ‌အာကာသတခြားတဘက်က မိစ္ဆာလူမျိုးစုတွေကို ၀င်လာခွင့်ပြုဖို့အတွက်လား!

တကယ်တမ်းတွင် ဤသည်ကထင်မြင်ချက်တခုသာ။

တခဏမျှတွေးတောပြီးနောက် လုချန်ရှန်း ထိုနေရာသို့သွားပြီး တချက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အငွေ့အသက်ကိုဖုံးကွယ်ရင်း မြူခိုးနက်များကိုရှောင်တိမ်းကာ လုချန်ရှန်း ထိုနေရာသို့ရောက်လာပြီး ရှေ့ကတုန်ခါနေသည့် ‌လေဟာနယ်ကိုကြည့်လိုက်သည်။

လုချန်ရှန်းအချိန်အနည်းငယ်ကြာ တွေးတောနေပြီး လက်ဆန့်ထုတ်လိုက်သည်။

ချက်ချင်းဆိုသလို သူ့လက်ဖဝါးပေါ်၌ ဆန်းကြယ်ရိုးရှင်းသည့် ရှေးဟောင်းအက္ခရာများပေါ်ပေါက်လာသည်။

ရှေးဟောင်းအက္ခရာများက လုချန်ရှန်းလက်ဖဝါးပေါ်ကနေ လွတ်မြောက်ကာ တုန်ခါနေသည့်လေဟာနယ်ကို ၀န်းရံပစ်သည်။

ချက်ချင်းဆိုသလို ရှေးဟောင်းအက္ခရာများ၏စွမ်းအားက အတူတကွချည်နှောင်သွားကာ ဖိနှိပ်စွမ်းအားအများအပြားက ထိုတုန်ခါနေသည့်လေဟာနယ်ကို ချိတ်ပိတ်လိုက်သည်။

လုချန်ရှန်းလက်နှစ်ဖက်ကိုပွတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီနေရာက လေဟာနယ်ကို အရင်ပိတ်ဆို့ထားလိုက်ကြတာပေါ့"

အားလုံးအပြီးသတ်ပြီးနောက် လုချန်ရှန်းအပြုံးဖြင့်လေချွန်ကာ ထိုနေရာမှ ထွက်သွားလေတော့သည်။

အပိုင်း(401) coming။

All Chapters