← Chapters

#ငရဲသို့ခရီးလမ်း#

Vol. 28 Ch. 401

#ငရဲသို့ခရီးလမ်း#

Vol. 28 Ch. 401

နယ်မြေပြင်ပကမိစ္ဆာများတွင် အဆင့်မြင့်ကြယ်နယ်မြေမှ တစ္ဆေမျိုးနွယ်၏ သွေးခြေရာများရှိသည်။

သို့စေကာမူ ဤသည်ကအတော်လေးရှားပါးသည်။ မည်သို့ပင်ဆိုစေကာမူ မိစ္ဆာမျိုးနွယ်က သူတို့ခွန်အားကို တိုးတက်လာစေရန်အတွက် တခြားလူမျိုးစုများ၏ သွေးနှင့်အသားများကို စားသုံးနေကြဆဲပင်။

အချိန်ကြာလာသည်နှင့်အမျှ သွေးက ပို၍ပင်ပါးလွှာလာသည်။ ယခုအချိန်ထိ ထိုတစ္ဆေသွေးခြေရာကို လျစ်လျူရှုထား၍ ရနေသေးသည်။

သို့သော် နယ်မြေပြင်ပကမိစ္ဆာများအနက် တစ္ဆေလူမျိုး၏သွေးကို စေ့ဆော်ပေးသည့် အားကောင်းသောလူတစ်ချို့ရှိသည်။

ထို့ထဲကတစ်ယောက်က အဆင့်နိမ့်ကြယ်နယ်မြေနှင့် နယ်နိမိတ်မဲ့နယ်မြေကို တိုက်ခိုက်ရန်အတွက် မိစ္ဆာစစ်တပ်ကို ဦးဆောင်လာသည့် တပ်မှူးဖြစ်ပြီး မိစ္ဆာဘုရင်အဆင့် မိစ္ဆာတစ်ဦးဟုလည်းဆို၍ရသည်။

အစတွင် ဤမိစ္ဆာဘုရင်ကို ကြယ်ကြွေဓားဧကရာဇ်နှင့်တခြားထိပ်တန်းစွမ်းအားရှငါများက သူတို့၏အသက်များဖြင့် ပေးဆပါရင်း ချိတ်ပိန်ခဲ့သည်။

ဆိုလိုတာက မူလက လေဟာနယ်ထဲတွင် ချိတ်ပိတ်ခံထားရသည့် ဤမိစ္ဆာဘုရင်က စည်းတံဆိပါကိုချိုးဖျက်နိုင်တော့မည်ဖြစ်သည်။

သူကတခြားမိစ္ဆာမျိုးနွယ်များ နတ်ဆိုးချောက်ထဲ၀င်ပြီး လေဟာနယ်ကို ဆုတ်ဖြဲနိုင်သည့် နတ်ဘုရားပစ္စည်းကိုရယူကာ လုံး၀လွှတ်မြောက်အောင် လုပ်ပေးမည်ကို စောင့်ဆိုင်းနေခြင်းပင်။

သို့သော် လုချန်ရှန်းကဒါကိုသတိထားမိသဖြင့် ထပ်မံချိတ်ပိတ်ပစ်ခဲ့သည်။

ယနေ့ မိစ္ဆာလူမျိုးစုများက နတ်ဘုရားပစ္စည်းကိုရသွားမည်ဆိုလျှင်ပင် လေဟာနယ်ကိုဖြိုခွဲပြီး မိစ္ဆာဘုရင်ကို လွတ်မြောက်အောင် လုပ်ပေးရန်ဟူသည် မဖြစ်နိုင်တော့။

တချိန်တည်းမှာပင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၊ နယ်မြေပြင်ပက မိစ္ဆာများ၏ နယ်မြေထဲတွင်ဖြစ်သည်။

"အဆင့်နိမ့်ကြယ်နယ်မြေက အခြေအနေကဘယ်လိုနေလဲ"

"သတင်းတွေတော့မရသေးပေမယ့် မကြာခင်သိရမှာပါ၊ သူစည်းတံဆိပ်ကို ချိုးဖျက်နိုင်သရွေ့ အဆင့်နိမ့်ကြယ်နယ်မြေက စစ်ပွဲကို လုံး၀အကြွင်းမဲ့နိုင်လိမ့်မယ်၊ အဲအချိန်ကျရင် ကျွန်တော်တို့ ကြယ်နယ်မြေအတားအဆီးကို ချိုးဖျက်နိုင်ပြီး အဆင့်နိမ့်ကြယ်နယ်မြေကို သွားလို့ရလိမ့်မယ်"

"ကောင်းပြီ၊ ကြယ်နယ်မြေအတားအဆီးကို အရင် လူတွေပို့လိုက်ကြရအောင်"

"အခု အင်အားစုတွေက အဆင့်နိမ့်ကြယ်နယ်မြေကို ပိုပိုပြီးစိတ်၀င်စားလာကြပြီး အရင်းအမြစ်တွေပိုရှာဖို့ အဲကိုသွားချင်နေကြတယ်"

"ဒီတော့ ငါတို့ကသူတို့ထက်လက်ဦးမှု ရယူထားရမယ်"

"ဘာကိုဆိုလိုချင်တာလဲ"

"ကြိုတင်အစီအစဉ်ချပြီး ကြယ်နယ်မြေအတားအဆီးကိုလူတွေပို့လိုက်၊ ပြီးရင် ချက်ချင်းချိုးဖျက်ပစ်လိုက်"

"ဒီလက်‌အောက်ငယ်သားနားလည်ပါပြီ"

....

အလယ်သုံးလွှာက အောက်ခြေမရှိသည့်တွင်းတခုဖြစ်ကာ အသူရာချောက်တခုနှင့် တူသည်။

ထိုတွင်းတဖက်တွင် လှေကားတခုရှိပြီး လှေကားထစ်များကို အထူးအနက်ရောင်ကျောက်ပြားများဖြင့် ပြုလုပ်ထားသည်။

သို့စေကာမူ ထူးဆန်းသည့်အရာက ထိုလှေကားက အောက်သို့ဆက်လက်ဆင်းသက်နေခြင်းပင်။

ဘေးတွင်ဘာလှေကားလက်ရန်းမှမရှိဘဲ တွင်းကြီးအပေါ်၌ တွဲလောင်းကျနေသည်။

ဆိုလိုတာက အကယ်၍ အောက်ထပ်သုံးလွှာကို၀င်ရောက်လိုပါက ထိုတံတားပေါ် တက်လှမ်းပြီးအောက်ဆင်းရပေမည်။

ဘေးပတ်၀န်းကျင်ကိုမူ တွေးနေစရာပင်မလိုတော့။ ၎င်းကအတော်လေးအန္တရာယ်ရှိပေမည်။ အောက်ကျသွားသည်နှင့် ဤတားမြစ်ကွင်းပြင်၌ အပိုင်းအစများအဖြစ် အဆုံးသတ်သွားရပေလိမ့်မည်။

တွင်းကြီးတဝိုက်၌ ဆံပင်နက်လူ၏စမ်းသပ်မှုကိုဖြတ်ကျော်ခဲ့ကြသည့် သူများက ထိုနေရာ၌စုဝေးနေကြသည်။

မုချင်းချင်းနှင့်ကျန်သောသူများကလည်း ဤနေရာတွင်စောင့်နေကြသည်။

"အိမ်ရှေ့မင်းသားဘယ်မှာလဲ၊ ပြီးတော့ သူ့ရဲ့စီနီယာအစ်ကိုလို့ပြောတဲ့သူတွေကရော"

"ပုံမှန်ဆိုရင် သူတို့က ငါတို့နဲ့အတူ ဒီကိုရောက်လာသင့်တယ်လေ"

မုချင်းချင်းကလည်း အနည်းငယ်ရှုပ်ထွေးနေသည်။

သူတို့ကလည်း ဆံပင်နက်လူရဲ့စမ်းသပ်မှုကိုဖြတ်ကျော်ပြီးပြီမလား၊ ဒါပေမယ့်ဒီကို အရင်ဆုံးမရောက်လာကြဘူးလား!

သူမတို့ကပထမဆုံးဖြတ်ကျော်ခဲ့ကြသည့် အုပ်စုဖြစ်သည်။

သို့သော် သူမတို့မသိသည့်အချက်က ဆံပင်နက်လူက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ရှောင်ဟိုင်၏စီနီယာဂျူနီယာများဖြစ်ကာ သင်တန်းကျောင်းတခုတည်းက လာတာကိုသိခြင်းပင်။

ထို့ကြောင့် သူတို့အတွက် အမှတ်မထင် စမ်းသပ်မှုတခုကို စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

မုချင်းချင်းနှင့်ကျန်သောသူများကမူ ထိုကဲ့သို့ဆက်ဆံမှုမျိုးကိုမရရှိခဲ့ကြပေ။

ထိုအချိန်မှာပင် ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် မုဖူရှန်းတို့က နောက်ကျပြီးမှရောက်လာကြသည်။

မုဖူရှန်းဘေဘီဝဲယာကြည့်ရင်းမေးလိုက်သည်။

"အစ်ကို၄ဘယ်မှာလဲ၊ ဘာလို့သူ့ကို မတွေ့ရသေးတာလဲ"

ယဲ့ချိုးပိုင်တခဏမျှတွေးတောလိုက်သည်။

"တခြားနေရာက စမ်းသပ်မှုတွေကို လက်ခံနေတာဖြစ်ရမယ်၊ ဘာပဲဆိုဆို ညီ၄က ဒီကို ရောက်လာတယ်ဆိုကတည်းက မှော်အသူရာချောက်က မွန်းစတားတွေက ငါတို့ကို ဘာတခုမှလုပ်ရဲမှာမဟုတ်ဘူး"

"ဒီအခြေအနေရပ်က မိုယွန်မြင်တွေ့ချင်နေတဲ့ အခြေအနေတော့မဟုတ်ဘူး"

မုဖူရှန်းခေါင်းညိတ်လိုက်သည်။ သူ‌ကနောက်ထပ်စိုးရိမ်နေခြင်းမရှိတော့ပါ။

ဤသည်အပြင် သူကမကြာသေးခင်က ဆရာကိုလည်း အသိပေးခဲ့သည်။ ယခုအချိန်တွင် ဆရာကရောက်လာသင့်ပါပြီ။

အနည်းဆုံးတော့ အစ်ကို၄၏ဘေးကင်းလုံခြုံမှုအပေါ် သူတို့စိုးရိမ်နေစရာမလိုပေ။

မုချင်းချင်းမေးလိုက်သည်။

"အစ်ကို၊ ဘယ်ကိုရောက်နေခဲ့တာလဲ"

မုဖူရှန်း အမူအရာလုံး၀ပြောင်းလဲခြင်းမရှိဘဲ ပြုံးလိုက်သည်။

"အဲဒါကငါ့ကိုတခြားနေရာတခုကို ပို့လိုက်တာလေ၊ ဒီနေရာကိုရောက်ဖို့ ငါအတော်လေးကြိုးစားခဲ့ရတယ်"

မုချင်းချင်းက သံသယမရှိချေ။ တခြားနေရာများသို့ ပို့ဆောင်ခံရခြင်းကသာမန်မျှသာ။

ဒါ့အပြင် ဒီနေရာ၌မြေပုံမရှိပါ။ ထို့ကြောင့် အချိန်မီရှာမတွေ့နိုင်တာက ပုံမှန်ဟုဆို၍ရသည်။

ယဲ့ချိုးပိုင်နှင့်ရှီရှန်းတို့က အကူအညီမဲ့စွာ မျက်လုံးလိမ့်လိုက်မိကြသည်။

ဒီကောင်က အရမ်းသတိထားလွန်းမနေဘူးလား!

သူအရမ်းချစ်ခင်ရတဲ့ သူ့ညီမအရင်းကိုတောင်မှ ဖုံးကွယ်ထားတယ်!

ထိုအချက်ကိုတွေးမိသောအခါ ယဲ့ချိုးပိုင်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွား၏။

ဒီကောင်က ငါတို့ဆီကရော တခုခုဖုံးကွယ်ထားမနိုင်ဘူးလား! ဟမ့်

ဒီအကြောင်းကိုတွေးနေစရာတောင်မလိုဘူး!

သေချာပေါက်ရှိရမယ်!

သို့သော် ယဲ့ချိုးပိုင်ကရယ်သာရယ်မောလိုက်သည်။ လူတိုင်းတွင် သူတို့၏လျှို့ဝှက်ချက်ကိုယ်စီရှိကြသည်။ ထိုအကြောင်းကို နက်နက်နဲနဲတူးဖော်နေစရာမလိုပါ။

မုဖူရှန်းတွင် သူတို့အပေါ် မကောင်းတာတခုခုမရှိသေးသရွေ့ သူတို့၏ရန်သူမဟုတ်။

"အခုဘာဖြစ်နေတာလဲ"

ဤသည်ကိုကြားသောအခါ မုချင်းချင်း အောက်သို့ဆင်းသွားသည့် အနက်ရောင်လှေကားကို လက်ညိုးထိုးပြကာ ရှင်းပြသည်။

"ကြည့်ရတာဆက်သွားဖို့အတွက် ဒါက တခုတည်းသောနည်းလမ်းဖြစ်ပုံရတယ်"

မုဖူရှန်းခေါင်းညိတ်သည်။ ဘေးပတ်ဝန်းကျင်ကိုခံစားမိသဖြင့် ဤနေရာက တားမြစ်နေရာတခုဆိုတာသူသိပြီး ဆက်သွားရန်အတွက် ခြေနှစ်ချောင်းကိုသာ မှီခိုအားကိုးနိုင်ပေသည်။

ယခုလိုအောက်ခြေမဲ့တွင်းထဲတွင် တခြားအမည်မသိအန္တရာယ်များရှိပေလိမ့်မည်။

ဥပမာအားဖြင့် အောက်ဆင်းနေစဉ် တိုက်ခိုက်မှုကို ပိတ်ဆို့ထားသည့် သတ္တဝါများရှိနိုင်သည်။ သို့မဟုတ် လှေကားထစ်များပေါ်၌ ထောင်ချောက်များရှိနိုင်သည်။

ထို့ကြောင့် ခေါင်းဆောင်ဆီသွားပြီး အစီအရင်ချတာဖြစ်ဖြစ် တခုခုဖြစ်ဖြစ်လုပ်ရပေမည်။

မုဖူရှန်းဖြစ်နိုင်ချေအားလုံးကို တွေးတောနေသည်။

ထို့နောက် ဒါကိုဘယ်လိုကိုင်တွယ်ရမလဲ‌ဆိုတာ ပုံဖော်ကြည့်နေသည်။

ရှောင်ဟိုင်တခြားနေရာများသို့ ရောက်သွားသည်ကိုသိလိုက်ရသောအခါ မုချင်းချင်းအမိန့်တခုထုတ်ပြန်လိုက်သည်။

"လူတိုင်းဒီမှာရှိကြတယ်၊ ငါတို့အချိန်အကြာကြီးလည်းစောင့်နေခဲ့ပြီးပြီ၊ ဒီတော့ အောက်သုံးလွှာကိုရောက်နေတာဖြစ်ရမယ်၊ နောက်ထပ်မနှောင့်နှေးတော့ဘဲ ဆက်သွားကြရအောင်"

လူတိုင်းခေါင်းညိတ်သည်။

ချက်ချင်းဆိုသလို အစွမ်းထက်လူများက ရှေ့နောက်နေရာယူလိုက်ကြသည်။

အလယ်တွင် အစီအရင်များ၌ထူးချွန်ပြီး အရန်အစီအရင်များဖန်တီးနေသည့် လူများရှိကြသည်။

အားလုံးကတချိန်တည်းမှာပင် ပတ်၀န်းကျင်ကို အဆက်မပြတ်စောင့်ကြည့်နေကြသည်။

မုဖူရှန်း ယဲ့ချိုးပိုင်နှင့်ရှီရှန်းတို့ဆီသို့ ရောက်လာပြီး အဆောင်အနည်းငယ် ထုတ်ယူလိုက်သည်။

"သတိရပါ၊ အစ်ကိုတို့၊ အန္တရာယ်တခုခုကျရောက်တာနဲ့ ဒါကိုသုံးလိုက်ပါ၊ ဒါက ကာကွယ်ရေးကဏ္ဍမှာ အတော်လေးအသုံး၀င်တယ်"

ဤစည်းတံဆိပ်အဆောင်များက ကမ္ဘာ့သုတ်သင်နတ်ဆိုးမိုးကြိုးကို စုပ်ယူခဲ့သည့် ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်များဖြစ်က့သည်။

ထို့နောက်မုချင်းချင်းကိုလည်းပေးလိုက်သည်။

သို့သော်ကျန်သောသူများကိုမူ မုဖူရှန်းမပေးပေ။ ဘာလို့အဆောင်တွေကို ဖြုန်းတီးနေရမှာလဲ!

ယဲ့ချိုးပိုင်ပြုံးကာခေါင်းညိတ်သည်။

လူတိုင်းဆင်းသွားကြသည်။

သို့စေကာမူ လူတိုင်းလှေကားထစ်ပေါ် တက်လိုက်သည်နှင့်တပြိုင်နက် မည်းနက်သည့်နတ်ဆိုးစွမ်းအင်အမျှင်တန်းများက လူတိုင်း၏ ကိုယ်များကို ၀န်းရံလိုက်ကြ၏။

ဝိဉာဉ်စွမ်းအင်၏လုပ်ဆောင်ချက်က ရုတ်တရက် မှေးမှိန်လာသည်။

တချိန်တည်းမှာပင် အသိအာရုံကလည်း အကြီးအမားအားနည်းသွားခဲ့သည်။

မုချင်းချင်း ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။

"မကြောက်ကြနဲ့၊ အုပ်စုအချင်းချင်းအနီးကပ်နေပြီးဆက်ဆင်းကြ"

"အချိန်မရွေးတိုက်ဖို့အဆင်သင့်ပြင်ထားကြ"

စစ်တပ်တခု၏စိတ်ဓာတ်ကို တည်ငြိမ်အောင်လုပ်ခြင်းက စစ်ဗိုလ်ချုပ်တစ်ဦးအဖို့ လိုအပ်သည့်အရာတခုဖြစ်သည်။

လှေကားကအဆုံးမဲ့နေသည့်အလားထင်ရပြီးတထစ်ပြီးတထစ်ဆင်းသွားစဉ် လမ်းကြောင်းက ငရဲချောက်နက်သို့ ဦးတည်နေပုံရနေသည်။

သူတို့ပတ်လည်က နတ်ဆိုးနက်စွမ်းအင်က အားကောင်းသထက်ပို၍အားကောင်းလာသည်။

အမြင်အာရုံရော အသိအာရုံပါ ပို၍ ကန့်သတ်ခံလာရသည်။

သူတို့ငါးဆယ်မီတာအထိ ဆင်းလာသောအခါတွင်မူ မြောက်မြားစွာသော အနက်ရောင်အရိပ်များက ပျံသန်းလာကြပြီး လူတိုင်းကို တိုက်ခိုက်လာကြသည်။

အပိုင်း(402) coming။

All Chapters