← Chapters

#ငါမင်းကိုတကယ်လေးစားတယ်၊ ခြောက်ယောက်‌မြောက်လေး#

Vol. 28 Ch. 402

#ငါမင်းကိုတကယ်လေးစားတယ်၊ ခြောက်ယောက်‌မြောက်လေး#

Vol. 28 Ch. 402

အနက်ရောင်လှေကားထစ်များက ဘာနှင့်လုပ်ထားသလဲဆိုတာ မည်သူမှမသိပေ။

သို့စေကာမူ လူသားကျင့်ကြံသူတစ်ယောက် တက်လှမ်းလိုက်သည်နှင့်တပြိုင်နက် အော်ရာက ကန့်သတ်ခံရတာကို ခံစားနေရသည်။

တချိန်တည်းမှာပင် ပတ်ပတ်လည်က မှော်နက်စွမ်းအင်က အမြင်အာရုံကိုဟန့်တားနေသည်သာမက လူတိုင်း၏ စိတ်အာရုံကိုပါ လျော့နည်းစေသည်။

ထို့ကြောင့် မြောက်မြားစွာသောအရိပ်နက်များကဖြတ်သန်းလာပြီး သူတို့နှင့် ပေနှစ်ဆယ်မျှသာ ဝေးကွာသောအခါ လူတိုင်းက ဤအကွာအဝေးအရ တိုက်ခိုက်ခံရတော့မယ်ဆိုတာ သတိထားမိလိုက်ကြသည်။

တချို့လူများက မတုံ့ပြန်လိုက်နိုင်ကြသဖြင့် အရိပ်နက်များ၏ဖြတ်ကျော်ခြင်းကိုခံရပြီး စိတ်မချမ်းမြေ့ဖွယ်အော်သံများကို ထုတ်လွှတ်ကာ အနက်ရောင်လှေကားကနေ ငရဲချောက်ထဲသို့ ကျသွားကြသည်။

အချိန်အတော်ကြာ ပဲ့တင်ထပ်နေသည့်အသံများကိုမကြားရပေ။ ဒါကလည်း အောက်က မည်မျှထိ နက်ရှိုင်းသည်ဆိုသည့်အချက်ကို ကိုယ်စားပြုနေသည်။

တချိန်တည်းမှာပင် ထိုအရိပ်နက်များချဉ်းကပ်လာသေညအခါ လူတိုင်းက နောက်ဆုံး၌ ထိုအရိပ်နက်များက ဘာလဲဆိုတာ ရှာတွေ့သွားခဲ့ကြသည်။

အရိပ်နက်များက ကျော၌အတောင်ပံများရှိပြီး လင်းယုန်နှုတ်သီးနှင့်ကျားကိုယ်ထည်ရှိသော အမျိုးအမည်မသိ သတ္တဝါများဖြစ်ကြသည်။

ဤခေါင်းခုနှစ်လုံးထပ်တူရှိ‌နေသည့် လင်းယုန်နှုတ်သီးသတ္တဝါများ၏ခွန်အားက အာရုံထွေပြားခြင်းအစောပိုင်းအဆင့်၌ရှိနေကြသည်။

ယခုလိုမှော်သတ္တဝါမျိုးက အစွမ်းထက်သည်။ အပေါ်သုံးလွှာနှင့် ယှဉ်မည်ဆိုပါက ဤအလွှာကမည်မျှထိ အားကောင်းသလဲဆိုတာ သူတို့မသိကြပါ။

ဤသည်ကိုမဆိုထားနဲ့၊ ယခုအခြေအနေတွင် လူတိုင်း၏လုပ်ဆောင်မှုများအတွက် နေရာက အကန့်အသတ်ရှိသည်။

ဝိဉာဉ်စွမ်းအင်လှုပ်ရှားမှုကလည်း ပိတ်ဆို့ခံထားရသည်။

မှော်နက်စွမ်းအင်ကိုဖြတ်သန်းကာ အလွန်အမင်းမြန်ဆန်စွာ ရောက်လာသည့် ဤလင်းယုန်နှုတ်သီးသတ္တဝါများကို ရင်ဆိုင်ရသောအခါ သူတို့ဘာလုပ်ရမှန်းမသိကြတော့ပါ။

ထိုအခြေအနေကိုမြင်သောအခါ မုချင်းချင်းတည်ငြိမ်နေသည်။

ဒါက စစ်ဗိုလ်ချုပ်တစ်ယောက်၏ အခြေခံအရည်အချင်းတမျိုးပေတည်း။

ထို့နောက်စနစ်တကျအမိန့်ပေးသည်။

"အားကောင်းတဲ့ကာကွယ်ရေးစွမ်းရည်ရှိတဲ့သူတွေက အဝေးမှာရပ်နေကြ"

"ခေါင်းခုနှစ်လုံးသတ္တဝါတွေ တိုက်ခိုက်လာတဲ့အခါကျရင် အလယ်မှာရပ်နေပြီး အဝေးကနေ တိုက်ခိုက်နိုင်စွမ်းအားကောင်းတဲ့လူတွေက ရန်သူရဲ့တိုက်ခိုက်မှုစွမ်းအားကို ဟန့်တားဖို့ ချက်ချင်းတိုက်ခိုက်ကြ"

"တချိန်တည်းမှာပဲ ရန်သူက အားကောင်းတဲ့ကာကွယ်ရေးစွမ်းရည်ရှိသူတစ်ယောက်ရဲ့ ပိတ်ဆို့ခြင်းကို ခံရတဲ့အခါကျရင် အားကောင်းပြီးပေါက်ကွဲမှုစွမ်းရည်ရှိတဲ့ လူတွေက ကွာဟချက်ကိုဖမ်းယူပြီး ချက်ချင်းတိုက်ခိုက်ရမယ်"

ထိုစကားလုံးများကိုကြားရသောအခါ လူတိုင်းကတည်ငြိမ်သွားကြပြီး မုချင်းချင်းပြောသည့်အတိုင်း ချက်ချင်းပြုမူလုပ်ဆောင်ကြလေတော့သည်။

ရှီရှန်းကအပြင်ဘက်တွင်ရပ်နေသည်။

မည်သို့ပင်ဆိုစေကာမူ ကြယ်စွမ်းအားတွင် ဖိနှိပ်သည့်သက်ရောက်မှုတခုရှိသည်။ ၎င်းကအကြွင်းမဲ့ကာကွယ်ရေးတခုမဟုတ်သော်လည်း ယေဘုယျကာကွယ်ရေးအရာများထက် ပိုအားကောင်းသည်။

တချိန်တည်းမှာပင် ဒါက ပြိုင်ဘက်၏ တိုက်ချက်တိုးတက်နှုန်းကို အချိန်အတိုင်းအတာတခုအထိ တားဆီးထားနိုင်သည်။

ယဲ့ချိုးပိုင် သူ့၏ဓားစွမ်းရည်ကပိုမြင့်မားသည့်တိုင် အလယ်တွင်ထရပ်လိုက်သည်။

သို့သော် ဓားနယ်ပယ်နှင့်အကြွင်းမဲ့ဓားအစီအရင်ကို ပိုင်ဆိုင်ထားသည့်ယဲ့ချိုးပိုင်က တာဝေးပေါက်ကွဲမှုတခု၏ သက်ရောက်မှုကို ရရှိရန်လုံလောက်ပါသည်။

မုဖူရှန်းကမူ မူလက အပြင်ဘက်တွင် ရပ်ရန်သာရည်ရွယ်ထားခဲ့သည်။

သို့စေကာမူ သူ့စကားလုံးများအရ သူ့ကို ထောက်ပံ့ကူညီသူတစ်ဦးအဖြစ် ယူဆ၍ရသည်။

‌နောက်ကျောကနေ ကာကွယ်ရေးသင်္ကေတများဖြင့် အဆက်မပြတ်ထောက်ပံ့ပေးတာက ပိုထိရောက်ပေသည်။

ဤအကြောင်းနှင့်ပတ်သက်ပြီး ယဲ့ချိုးပိုင်နှင့်ရှီရှန်းတို့ကလည်း ဆွံအနေခဲ့ရသည်။ သူတို့ကမအောင်မြင်ခဲ့ကြပေ။

မည်သို့ပင်ဆိုစေကာမူ မုဖူရှန်းပြောသည်က အတော်လေးယုတ္တိတန်သည်။

လူတိုင်း ရန်သူ၏နောက်ထပ်တိုက်ခိုက်မှုအတွင်းပြင်ဆင်ရင်း စိတ်ဖိစီးနေကြ၏။

ခေါင်းခုနှစ်လုံး လင်းယုန်နှုတ်သီးနှင့်သတ္တဝါကြီးများက လှေကားထစ်နှစ်ဖက်စလုံးတွင် အဆက်မပြတ်လှည့်ပတ်နေကြသည်။

၎င်းတို့ကအလွန်အမင်းမြန်ဆန်ကာ ပကတိမျက်လုံးနှင့်ကြည့်မည်ဆိုပါက အရိပ်နက်များကိုသာမြင်နိုင်သည်။

ထိုအချိန်တွင် သတ္တဝါလေးကောင်က နောက်ထပ်မခံနိုင်တော့ပုံပေါ်လာသဖြင့် လူအုပ်ကြီးရှိရာသို့ဟစ်ကြွေးကာ အလွန်အမင်းမြန်ဆန်သည့်နှုန်းဖြင့် ‌ပြေး၀င်လာသည်။

ရန်သူသတ္တဝါလေးကောင်က ရှေ့သို့ပြေး၀င်လာပြီး ဧရာမခြေသည်းနှစ်ချောင်းက ရှေ့တန်းက ကျင့်ကြံသူများ၏ အကာအကွယ်အား ရိုက်ချသည်ကို သတိထားမိသောအခါ ရှီရှန်း အလျင်အမြန် တုံ့ပြန်လာသည်။

သူကချက်ချင်းဆိုသလိုကြယ်စွမ်းအားကို ပေါက်ကွဲစေလိုက်သည်။ သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ခွန်အားက ထိုအခိုက်အတန့်၌ ထွက်လာသည်။

စမ်းသပ်မှုအတွင်း ရှီရှန်းကလည်း သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်သွားခဲ့သည်။

ဖိနှိပ်ခြင်းအားလှိုင်းများစွာက လင်းယုန်နှုတ်သီးသတ္တဝါငါး‌ကောင်၏ဧရာမကိုယ်များကို ဖိနှိပ်ထားလေသည်။

သက်ရောက်မှုကအရမ်းကြီးအားမကောင်းသော်လည်း ဒါက သတ္တဝါငါးကောင်၏ အမြန်နှုန်းနှင့် တိုက်ခိုက်ရေးစွမ်းအားကို အတော်လေးအားနည်းစေရန် လုံလောက်‌နေပါပြီ။

ယခုတွင်မူ ရှေ့တန်းက ခံစစ်သမားများက ချက်ချင်းဆိုသလို အစီအရင်နှင့်ကာကွယ်ရေးအတားအဆီးကို ထုတ်လွှတ်လိုက်ကြသည်။

တချိန်တည်းမှာပင် မုဖူရှန်းကနောက်တွင်ရှိနေပြီး ကာကွယ်ရေးသင်္ကေတငါးခုကို ပစ်လိုက်စဉ် သတ္တဝါကြီးငါးကောင်‌ရှေ့ ပစ်မှတ်နေရာ၌ ပေါ်လာခဲ့သည်။

ရုတ်တရက် ကာကွယ်ရေးစွမ်းအားက ထိုးတက်သွား၏။

အလယ်၌ရှိနေသည့် တာဝေးတိုက်ခိုက်ရာ၌ ထူးချွန်သည့်ကျင့်ကြံသူများက တိုက်ခိုက်မှုများကို တခုပြီးတခုထုတ်လွှတ်ကာ ထပ်မံပိတ်ဆို့လိုက်ကြသည်။

ယဲ့ချိုးပိုင်ကလည်း ဓားနယ်ပယ်ကိုဖန်တီးကာ အကြွင်းမဲ့ဓားလေးစင်းအစီအရင်ကို ပေါင်းစပ်လိုက်သည်။ ဤသက်ရောက်နေသည့်ဓားဆန္ဒက နေရာအနှံ့ကျရောက်ကာ လင်းယုန်နှုတ်သီးသတ္တဝါများ၏ကိုယ်ကြိ အဆက်မပြတ်ထိုးဖောက်သွားကြ၏။

ထိုအချိန်တွင် လင်းယုန်နှုတ်သီးသတ္တဝါ၏ ဧရာမခြေသည်းများကလည်း ကာကွယ်ရေးအတားအဆီးပေါ်သို့ ကျရောက်သွားခဲ့ပြီး အားနည်းလာကာ အထပ်ထပ်ပိတ်ဆို့ခံရသည်။

ထို့နောက် ရှေ့တန်းက ခံစစ်သမားများကိုလည်း ၎င်းတို့၏ရိုက်ချက်က်ု ခံနိုင်ရည်ရှိသွားစေသည်။

ထိုစဉ် တိုက်ချက်များစွာကထွက်လာသည်။ ရွှေချပ်၀တ်တပ်မှုးက စတင်ဦးဆောင်မှုရယူသည်။

တာအိုတ၀က်နယ်ပယ်ဖြစ်သည့်တိုင် သူက အရင်ကအဆင်အခြင်မဲ့စွာမပြုမူခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤနေရာက တားမြစ်နေရာတခုဖြစ်သည့်အပြင် အော်ရာ၏လှုပ်ရှားမှုကိုလည်း အားတခုခုက တားဆီးထားသောကြောင့်ဖြစ်သည်။

တချိန်တည်းမှာပင် သူအားသုံးတိုက်ခိုက်လျှင်ပင် တကောင်နှစ်ကောင်သတ်နိုင်မည် ဖြစ်သော်လည်း ထိုသို့ဆိုပါက တခြားသူများကို ဂရုစိုက်နိုင်မည်မဟုတ်တော့။

ယနေ့သူတို့က အသင်းတသင်း သို့မဟုတ် စစ်တပ်တခုပမာဖြစ်လေရာ ရှေ့က အမြတ်အစွန်းအနည်းငယ်ကြောင့် အနာဂတ်တွင် ဆိုးရွားလှသည့်အကျိုးဆက်များကို သေချာပေါက်ဖြစ်ခွင့်ပေးမည်မဟုတ်။

ထို့ကြောင့် လက်ရှိအချိန်က လှုပ်ရှားရန်အတွက် အကောင်းဆုံးအချိန်ပေတည်း။

ရွှေချပ်၀တ်တပ်မှူးက သူ့ခွန်အားအလုံးစုံဖြင့်ထိုးဖောက်ကာ သူလက်ထဲက လှံကလည်း လင်းယုန်နှုတ်သီးနှင့် သတ္တဝါနှစ်ကောင်၏ ဦးခေါင်းများကို တိုက်ရိုက်ပင် ဖောက်ထွင်းသွား၏။

အလောင်းများက အသူရာချောက်ထဲသို့ ကျသွားသည်။

တချိန်တည်းမှုပင် ရှီရှန်းက အကာအကွယ်ကိုရုပ်သိမ်းကာ အင်ပါယာမင်ရွှမ်ပုဆိန်ကို ထုတ်ယူလိုက်စဉ် ကြယ်စွမ်းအားက အရူးအမူး၀င်ရောက်လာသည်။

မှော်စွမ်းအင်က မှော်စွမ်းအင်၏ လုပ်ဆောင်ချက်ကို ဟန့်တား‌နေသော်လည်း ၎င်းက ကြယ်စွမ်းအားနှင့် ဓားဆန္ဒကို မဟန့်တားနိုင်ခဲ့ပေ။

ကြယ်စွမ်းအား၏ကောင်းချီးပေးမှုအောက်တွင် အင်ပါယာမင်ရွှမ်ပုဆိန်၏ မူလလေးလံသည့်ကိုယ်ထည်က ဖိနှိပ်သည့်အားလှိုင်းများဖြင့်ပြည့်လာကာ ရုတ်တရက် ကျဆင်းသွားခဲ့သည်။

သူက သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည့်တိုင် အာရုံထွေပြားခြင်းတ၀က်အဆင့်သတ္တဝါ၏ ကိုယ်၌ နက်ရှိုင်းမြင်သာသည့် အရိုးအက်ရာကျန်ရှိနေခဲ့သည်။

ထို့နောက် ယဲ့ချိုးပိုင်၏တိုက်ချက်ကလည်း လိုက်ပါလာသည်။

အကြွင်းမဲ့အာဓိကပ္ပမဟာဓားသိုင်းက ရုတ်တရက်ပိုင်းဖြတ်ပစ်သည်။

ထို့နောက် ရှီရှန်ဒဏ်ရာရစေခဲ့သည့်နေရာသို့ နောက်တကြိမ်ထိုးဖောက်ပစ်ကာ ကြောက်မက်ဖွယ်ဓားသခင်ဆန္ဒများက တခုပြီးတခု မူလအမာရွတ်နေရာသို့ အရူးအမူး၀င်ရောက်သွား၏။

ထိုသတ္တဝါများ၏ကိုယ်က အတော်လေးမာကြောသော်လည်း အတွင်းပိုင်းကနေ တိုက်ချက်က စတင်လာသည်နှင့်တပြိုင်နက် ရုပ်ပိုင်းဆိုင်ရာကာကွယ်မှုကအသုံးမ၀င်တော့။

ဓားဆန္ဒများကတခုပြီးတခု အာဒိကပ္ပဓားသိုင်းနှင့်ပေါင်းစပ်စဉ် သတ်ဖြတ်ခြင်းစွမ်းအားက အတော်လေးကြောက်မက်ဖွယ်ကောင်းလာသည်။

ထိုလင်းယုန်နှုတ်သီးသတ္တဝါ၏ကိုယ်က တုန်ယင်နေပြီး လေပေါ်၌ လူးလိမ့်ယိမ်းထိုးနေသည်။

ချက်ချင်းဆိုသလို ဓားဆန္ဒများက တခုပြီးတခု အတွင်းပိုင်းကနေ အပြင်ပိုင်းအထိ ဖြတ်တောက်ပစ်လေရာ အသူရာချောက်ထဲသို့ကျသွားကြရသည်။

သူတို့၏အဆင့်ကနိမ့်ကျနေသည့်တိုင် နှစ်ဦးစလုံး၏ပူးပေါင်းဆောင်ရွက်မှုက လင်းယုန်နှုတ်သီးသတ္တဝါနှစ်ကောင်ကို တချက်တည်းဖြင့် သတ်ပစ်ခဲ့သည့် ရွှေချပ်၀တ်တပ်မှူးထက်ပင် တုန်လှုပ်ဖွယ်ရာကောင်းနေသည်။

ရွှေချပ်၀တ်တပ်မှူးက တာအိုတ၀က်နယ်ပယ်ဖြစ်လေရာ ထိုသို့လုပ်ဆောင်နိုင်သည်က ပုံမှန်သာဖြစ်သည်။

သို့သော် သိုင်းဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်ပေါင်းစပ်မှုက အာရုံထွေပြားခြင်းတ၀က်အဆင့် လင်းယုန်နှုတ်သီးသတ္တဝါကို ယခုလိုကန့်သတ်ချက်များရှိနေသည့် ဆိုးဝါးသည့်အ‌ခြေအနေအောက်တွင် သတ်ရန် ဖြစ်နိုင်မည်လား။

ဤသည်ကအားလုံးကို ထိတ်လန့်သွားစေရန် လုံလောက်နေလေပြီ။

ချက်ချင်းဆိုသလို ကျန်သောအကောင်များကလည်း ထိုနည်းတူပင် ခေါင်းဖြတ်ခံရသည်။ သေဆုံးမှုအရေအတွက်က သုသည်ဖြစ်သည်။

မုဖူရှန်းပြုံးလိုက်သည်။

"အားလုံးကောင်းကောင်းလုပ်ခဲ့ကြတယ်၊ ဆက်လုပ်ကြ"

ဘေးက မုချင်းချင်းမျက်လုံးလှိမ့်လိုက်မိသည်။

ယဲ့ချိုးပိုင်ကလည်း ဘေးသို့လျှောက်လာပြီး မုဖူရှန်းပခုံးကိုပုတ်လိုက်သည်။

"ဆရာဆီကစကားကို ငှားသုံးတာလား"

"ဘာလဲ"

"ငါမင်းကိုတကယ်လေးစားတယ်၊ ခြောက်ယောက်မြောက်ကလေးလေး"

မုဖူရှန်း "....."

ယဲ့ချိုးပိုင်ဘာကိုဆိုလိုသလဲဆိုတာ သူနားမလည်သော်လည်း ဒါကချီးကျူးမှုတခုမဟုတ်ဟု သူအမြဲခံစားနေရသည်။

အပိုင်း(403) coming။

All Chapters