#အတားအဆီးကိုဖြတ်ကျော်ခြင်း၊ ဓားအခင်းအကျင်း၏စွမ်းအား!#
Vol. 28 Ch. 403
ကြယ်နယ်မြေအတားအဆီးကို ဘယ်သူလုပ်ခဲ့သလဲဆိုတာ မည်သူမှမသိကြပါ။
တချိန်တည်းမှာပင် ထိုအတားအဆီးက ဘယ်အချိန်တွင်ပေါ်လာခဲ့သလဲဆိုတာကိုလည်း မည်သူမှအတိအကျမသိပေ။
ထိုကြယ်နယ်မြေအတားအဆီးကြောင့်ပင် အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့်ကြယ်နယ်မြေများအကြား ခြားနားချက်တခုရှိလာသည်။
အဆင့်နိမ့်နှင့် အလယ်အလတ်ကြယ်နယ်မြေများကြားက အတားအဆီးကိုမူ ချိုးဖျက်နိုင်သရွေ့ အဆင့်နိမ့်ကြယ်နယ်မြေသို့သွားနိုင်သလို အလယ်အလတ်အဆင့်ကြယ်နယ်မြေကိုလည်း လာနိုင်သည်။
သို့စေကာမူ မူလသာမန်နည်းလမ်းများဖြင့်ဆိုပါက ခွန်အားက သတ်မှတ်အဆင့်တခုအထိ မရောက်သေးသရွေ့ ဖြတ်ကျော်လာရောက်ရန်ဟူသည်မဖြစ်နိုင်ပေ။
တစ်နည်းအားဖြင့် ဖြတ်ကျော်ရန်အတွက် အထူးမှော်ပစ္စည်းတခုခုကို အားကိုးရပေမည်။
ထိုအထူးမှော်ပစ္စည်းမျိုးက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင်ပင် ထိပ်သီးအင်အားစုများတွင်သာ ရရှိနိုင်သည်။
နယ်မြေပြင်ပကမိစ္ဆာမျိုးနွယ်စုကို အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ထိပ်သီးအင်အားစုတခုဟု မသတ်မှတ်နိုင်ပါ။ သူတို့က ဒုတိယတန်းစားသာဖြစ်သည်။
တစ္ဆေမျိုးနွယ်စု၏ သွေးပုံရိပ်ယောင်ကြောင့်သာမဟုတ်ပါက မိစ္ဆာမျိုးနွယ်စုကို ဒုတိယတမ်းစားဟုပင် ယူဆကြမည်မဟုတ်။
သို့စေကာမူ စည်းတံဆိပ်ကို သူတို့ဘယ်က ရခဲ့သလဲဆိုတာ သူတို့မသိကြပေ။ စည်းတံဆိပ်ပေါ်၌ မိုးမခပင်တစ်ပင်ကို ထွင်းထုထားသည်။
ထိုမိုးမခပင်ကို ဘာကြောင့်ထွင်းထုထားသလဲဆုတာ မည်သူမှမသိ။ ဤမိုးမခပင်၏ မူလဇစ်မြစ်က ဘာများပင်ဖြစ်လေသနည်း။
သို့စေကာမူ ဤစည်းတံဆိပ်က ကြယ်နယ်မြေအတားအဆီးကနေ ဖြတ်သန်းသွားလာရန်အတွက် မှော်နက်လက်တခုဖြစ်ကာ အတော်လေးအဖိုးထိုက်တန်သည်။
ယခုတွင် နယ်မြေပြင်ပက မိစ္ဆာစစ်တပ်က ကြယ်နယ်မြေအတားအဆီးတွင် စုရုံးနေကြ၏။
ထို့ထဲမှ ခေါင်းဆောင်က ဘေဘီဝဲယာကြည့်ရင်း ဂရုမစိုက်သည့်အသွင်ပြောသည်။
"ကြည့်ရတာ သခင်ပြောတဲ့အတိုင်း အဆင့်နိမ့်ကြယ်နယ်မြေပိုင်နက်ကို မျက်စိကျပြီးသား အင်အားစုတွေအများကြီးရှိပုံပဲ"
ထိုခေါင်းဆောင်က မိစ္ဆာဘုရင်ပေတည်း။
သူ့နယ်ပယ်က လူသားမျိုးနွယ်၏ ထိပ်တန်းစွမ်းအားရှင်တစ်ဦးနှင့်ပင်ယှဉ်၍ရသည်။
တချိန်တည်းမှာပင် ခွန်အားကလည်း သာမန်တာအိုနယ်ပယ်အထွပ်အထိပ်စွမ်းအားရှင်များထက် အနည်းငယ်ပိုအားကောင်းသည်။
သူ့ဘေးက နောက်ထပ်မိစ္ဆာဘုရင်တပါးကခေါင်းညိတ်သည်။
"ကြည့်ရတာ ကျုပ်တို့မြန်မြန်သွားဖို့လိုနေပြီထင်တယ်"
အနီးတဝိုက်တွင် သူတို့ကအင်အားစုများစွာ၏ ခြေရာများကိုသတိထားမိပြီဖြစ်သည်။
တဖက်လူများကဖုံးကွယ်ထားရန် တွေးတောထားခြင်းမရှိသော်လည်း ယခုတကြိမ်တွင် နယ်မြေပြင်ပက မိစ္ဆာမျိုးနွယ်စုက အင်အားကြီးတပ်ဖွဲ့တခုကို စေလွှတ်လိုက်သည်ဟုဆို၍ရသည်။
သူတို့ထဲတွင် အသင်းကိုဦးဆောင်နေသည့် မိစ္တာဘုရင်ဆယ်ပါးတိတိရှိသည်။
ထို့နောက် မိစ္ဆာဗိုလ်ချုပ်များနှင့် မိစ္ဆာကလန်ခေါင်းဆောင်များလည်းပါ၀င်ကြသည်။
ဤကဲ့သို့ပုံစံမျိုးက အတော်လေးတန်ဖိုးကြီးမားပြီး နယ်နိမိတ်မဲ့နယ်မြေက မည်သည့်အင်အားစုမဆို ခံနိုင်ရည်ရှိမည်မဟုတ်ပါ။
ဒါကမှတ်သားစရာတခုဟုလည်းဆို၍ရသည်။
မိစ္ဆာဘုရင်ဆယ်ပါးအနက် လုံး၀ခြားနားနေသည့်လူတစ်ယောက်ရှိသည်။
ထိုလူက လူသားများ၏စရိုက်လက္ခဏာများကို ပိုင်ဆိုင်ထားပြီး မိစ္ဆာမျိုးနွယ်များကဲ့သို့ အထူးအသားအရေမပါရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် အတော်လေးဖြူပြီး သန့်ရှင်းနေသည်။
သို့စေကာမူ သူ့နောက်တွင် မိစ္ဆာလူမျိုးများနှင့် တထပ်တည်းကျနေသည့်အမြီးတခုရှိသည်။
ထိုလူကတချိန်လုံးစကားလုံးဝမပြောဘဲ မျက်လုံးကိုမှိတ်ကာ သူ့မျက်နှာကတည်ငြိမ်နေပြီး သူဘာတွေးနေသလဲဆိုတာ မည်သူမှမသိကြပါ။
ထိုမိစ္ဆာဗိုလ်ချုပ်များနှင့် တပ်မှူးများက ထိုလူကိုကြည့်ရင်း သူတို့၏အကြည့်များ၌ အံ့ဩသင့်နေသည့်အမူအရာများရှိနေသည်။
မိစ္ဆာဘုရင်များပင်လျှင် သူ့ကိုအတော်လေးကြောက်ကြသည်။
"အရှင်၊ ကျွန်တော်တို့အခုဘာလုပ်ရမလဲ"
ထိုစကားလုံးများကိုကြားသောအခါ ထိူလူကဖြေသည်။
"အခုစမယ်"
သူ့စကားလုံးများကိုရွှေကဲ့သို့ပင် မှတ်ယူကာ စကားလုံးတလုံးပိုပြောခြင်းက ဖြုန်းတီးခြင်းဟုပင် ခံစားရသည့်အလား ထင်နေပုံရသည်။
မိစ္ဆာဘုရင်များက ဤအပြုအမူအပေါ် အံ့ဩသင့်ခြင်းမရှိပါ။ ယင်းအစား သူတို့က လူများကို စတင်စုစည်းကာ ကြယ်နယ်မြေအတားအဆီးသို့ ဖြတ်သွားရန် ပြင်ဆင်လိုက်ကြသည်။
ထိုအချိန်တွင် မိစ္ဆာဘုရင်တစ်ပါးက လက်ထဲတွင် ကြယ်နယ်မြေ၏စည်းတံဆိပ်ကို ကိုင်မြှောက်လိုက်သည်။
စည်းတံဆိပ်ပေါ်ရှိ မိုးမခသစ်ပင်က အသက်၀င်လာပုံရပြီး သစ်ပင်အကိုင်းအခက်များက လေပေါ်တွင် စတင် လွင့်မြောလာကြသည်။
အသက်ဓာတ်ပြည့်၀နေသည့် အစိမါးရောင်အငွေ့အသက်များက ကြယ်နယ်မြေအတားအဆီးထဲက အာကာသစွမ်းအားကို ကန့်သတ်ပစ်ကာ ချက်ချင်းဆိုသလို ကြယ်နယ်မြေအတားအဆီးအလယ်၌ စက်ဝိုင်းပုံ၀င်ပေါင်တခု၀င်လာသည်။
ဤသည်ကိုမြင်သောအခါ မိစ္တာဘုရင်က ချက်ချင်းပြောလိုက်သည်။
"သွားကြရအောင်"
ချက်ချင်းဆိုသလို သူဦးဆောင်မှုရယူကာ ရှေ့တိုးလာပြီးနောက် ကြယ်နယ်မြေအတားအဆီး၏ တခြားတဘက်သို့ ရောက်သွားသည်။
ကျန်သောမိစ္ဆာများကလည်း အလားတူပင် လိုက်ပါသွားကြပြီး မိစ္ဆာဘုရင်၏ ခြေရာကိုနင်းကာ စစ်တပ်က အတားအဆီးကို ဖြတ်သန်းသွားကြသည်။
ထို့နောက် အဆင့်နိမ့်ကြယ်နယ်မြေသို့ လာကြသည်။ သို့စေကာမူ မိစ္ဆာအားလုံးက အတားအဆီးကိုဖြတ်ကျော်ပြီး အဆင့်နိမ့်ကြယ်နယ်မြေနယ်နိမိတ်အတွင်း ၀င်ပြီးနောက် သူတို့၀န်းကျင်၌ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်းစွမ်းအားကို ထုတ်လွှတ်ပေးနေသည့် အစီအရင်၊ အခင်းအကျင်းများရှိနေလေရာ သူတို့နှေးကွေးသွားကြသည်။
မိစ္ဆာဘုရင်ဆယ်ပါးက ဤအငွေ့အသက်ကို ခံစားမိသောအခါ တုန်လှုပ်သွားကြပြီး ခနကြာမှ အသိပြန်၀င်လာသည်။
တစ်ယောက်ယောက်က ဤနေရာကနေ ချုံခိုတိုက်ခိုက်ခဲ့သည်။ ထိုလူက သူတို့ကို ဖြတ်ကျော်ရန် မလိုလားခဲ့ပေ။
နယ်နိမိတ်မဲ့နယ်မြေက အဲဒီသတင်းထဲမှာ ပါရှိတဲ့ လူအုပ်စုကလုပ်ခဲ့တာများလား!
ဒါပေမယ့်မဟုတ်သေးဘူးလေ!
အဲလိုအဆင့်မျိုးဆိုရင်တောင် ငါတို့ကို ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့အစီအရင်က လေးငါးခုလောက်ပဲရှိတာလေ!
ယခုလိုကြောက်မက်ဖွယ်အစီအရင်မျိုးက နယ်မြေပြင်ပက မိစ္ဆာများကြားတွင်ပင် ဒါကို ယှဉ်နိုင်သည့်အစီအရင်မျိုးမရှိပေ။
ဤသို့ဆိုပါက အဆင့်နိမ့်ကြယ်နယ်မြေက လူသားပုရွက်ဆိတ်အုပ်စုများက မည်သို့မည်ပုံစီစဉ်နိုင်လေသနည်း။
သူတို့ထဲက ကွဲပြားနေသည့်လူက မျက်လုံးအစုံဖွင့်လိုက်သည်။
သူ့မျက်လုံးထဲတွင် လေးနက်မှုအရိပ်အယောင်တခုပါ၀င်လာပြီး ပါးစပ်ဖွင့်လိုက်သည်။
"တိုက်ခိုက်မှု၊ ကျရောက်လာနေပြီ..."
မိစ္ဆာဘုရင်ကချက်ချင်းအော်ဟစ်သည်။
"လူဖြန့်ကြ၊ ကာကွယ်ဖို့အတွက် အာရုံစိုက်ထားကြ"
အသံကျဆင်းလာသည်နှင့်တပြိုင်နက် သတ်ဖြတ်ခြင်းအစီအရင်လေးခုက ကြောက်မက်ဖွယ်စွမ်းအားနှင့်အတူ တခုပြီးတခုထွက်လာသည်။
ဓားလမ်းစဉ်က ထိုအခိုက်အတန့်၌ ဤလေဟာနယ်ထဲသို့စိမ့်၀င်လာသည်။
ဤသတ်ဖြတ်ခြင်းအစီအရင်လေးခုက ဓားနိယာမကို အခြေခံထားခြင်းဖြစ်သည်။
တချိန်တည်းမှာပင် သတ်ခြင်းနှင့်ဖြတ်တောက်ခြင်းဓားအခင်းအကျင်းလေးခုကလည်း တခုကိုတခုဖြည့်စွက်ပေး၍ရသည်။
ဒါကလုချန်ရှန်းတီထွင်ထားသည့် အသစ်အစီအရင်တခုဖြစ်သည်။
ယခုအကြိမ်က ပထမဆုံးအကြိမ်ဟုလည်းဆို၍ရသည်။
သတ်ဖြတ်ခြင်းဓားအခင်းအကျင်းလေးခုက တချိန်တည်းတွင် တိုက်ခိုက်လာသောအခါ မိစ္ဆာဘုရင်များ၏ မျက်နှာအမူအရာများက တချိန်တည်းမှာပင် သိသိသာသာပြောင်းလဲသွားကြပြီး ချက်ချင်းအော်ဟစ်လိုက်ကြ၏။
"ကာကွယ်ရေးအတားအဆီးကိုချလိုက်"
ထိုအခိုက်အတန့်၌ ကာကွယ်ရေးအတားအဆီးများစွာက မိစ္ဆာစစ်တပ်တခုလုံးကို ၀န်းရံသွားခဲ့သည်။
ဓားလေးစင်းတာအိုက ဧရာမဓားတစင်းအဖြစ်ပြောင်းလဲကာ ရှေ့သို့ပိုင်းဖြတ်သွား၏။
၎င်းက ကာကွယ်ရေးအတားအဆီးကိုပင် ပေါ့ပေါ့လေးဖြတ်တောက်နေပုံရသည်။
သို့သော် ကာကွယ်ရေးအတားအဆီးနှင့် ဧရာမဓားလေးလက်က တွေ့ဆုံသွားသောအခါ မိစ္ဆာဘုရင်ဆယ်ဦး၏ မျက်နှာများက တချိန်တည်းမှာပင် ပြောင်းလဲသွားခဲ့ကြသည်။
ထို့ထဲကစွမ်းအားက သူတို့ခုခံနိုင်သည့်အရာတခုမဟုတ်ပါ။
ထိုအတွေးပေါ်လာသည်နှင့်တပြိုင်နက် ဧရာမဓားလေးစင်းက ကာကွယ်ရေးအတားအဆီးကို တချိန်တည်းတွင် ချိုးဖျက်ပစ်လိုက်ပြီး မိစ္ဆာစစ်တပ်ထဲသို့ ၀င်ရောက်သွားခဲ့သည်။
ဓားလမ်းစဉ်က စစ်တပ်အတွင်းမြည်ဟီးနေကာ မိစ္ဆာများက ဓရာမဓားဖြင့် ခေါင်းဖြတ်ခံနေကြရသည်။
သို့စေကာမူ မည်သည့်အော်သံမှမကြားရပါ။
ဤမြင်ကွင်းကအတော်လေးထူးဆန်းသည်။ သတ်ဖြတ်နေသည်က ရှင်းလင်းမြင်သာနေသည့်တိုင် အသံမရှိပေ။
အဘယ်ကြောင့်ဆိုသော် ဓားလေးစင်းလမ်းသွယ်အဖြစ်ပြောင်းသွားသည့် ဧရာမဓား၏သတ်ဖြတ်ခြင်းအောက်တွင် သူတို့တွင် အော်ဟစ်ရန်အချိန်ပင်မရှိခဲ့ကြခြင်းပင်။
၎င်းကအသက်ရှူကြိမ်သုံးကြိမ်မျှသာ အချိန်ကြာမြင့်ခဲ့သည်။
မိစ္ဆာဘုရင်ခုနှစ်ပါးနှင့် ထိုခြားနားသည့်လူမှလွဲ၍ မိစ္ဆာစစ်တပ်က သုတ်သင်ခံရသည်။
သို့တိုင် ဤအစီအရင်၏စွမ်းအားက မပျောက်သွားသေးတာသိသာထင်ရှားနေပြီး ဆက်လက်တိုးလာနေသေးသည်။
ဧရာမဓားလေးစင်းက ပြင်းထန်သည့်အပြောင်းအလဲတခုကိုလုပ်ဆောင်နေပုံရပြီး နေရာပြောင်းကာ မိစ္ဆာဘုရင်ခုနှစ်ပါးကို ပိုင်းချလိုက်သည်။
ထိုလူကဤမြင်ကွင်းကိုကြည့်ရှုနေသည်။
ထို့နောက်သူကတုံ့ဆိုင်းမနေဘဲ တံဆိပ်တခုကို ချေမွကာ ဤနေရာကနေ တိုက်ရိုက် နေရာကူးကာ ထွက်ပြေးရန် ကြိုးစားလေတော့သည်။
သို့စေကာမူ မိစ္ဆာဘုရင်ခုနှစ်ပါးက မတုံ့ပြန်တော့ပေ။ သူတို့က ချက်ချင်း၀င်ရောက်လာသည့်ဓရာမဓားအောက်၌ အပိုင်းပိုင်းအစစ ဖြတ်တောက်ခံရသည်။
ထိုအခိုက်အတန့်၌ မိစ္ဆာဘုရင်ခုနှစ်ပါးက ခုခံရန်အတွက်လက်လျှော့လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ခုခံခြင်းက အသုံးမ၀င်တာကို သူတို့သိသောကြောင့်ပင်။
သူတို့အတော်လေးကြောက်နေကြသည်။ ဤအဆင့်နိမ့်ကြယ်နယ်မြေ၌ မည်သူကများ ဤကဲ့သို့အစီအရင်မျိုးကို စီစဉ်နိုင်လေသနည်း။
သို့သော် ထိုလူထွက်ပြေးတာကိုကြည့်ရှုရင်း သူတို့မညည်းညူကြတော့ဘဲ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ကံကောင်းစွာပင် ဤကောင်လေးက မသေးခဲ့ပေ။ မဟုတ်ပါက မိစ္ဆာမျိုးနွယ်စုက ပျက်သုဉ်းသွားနိုင်သည်။
ဧရာမဓားဖြတ်သန်းသွားသောအခါ ကျန်ရှိနေသည့်မိစ္ဆာဘုရင်ခုနှစ်ပါးက ဓားအောက်တွင်ကျသွားပြီး ပြာအဖြစ်ပြောင်းလဲကာ ဤနယ်နိမိတ်မဲ့နယ်မြေ၏ လေဟာနယ်အတွင်း ပြန့်ကြဲသွားလေတော့သည်။
အပိုင်း(404) coming။