← Chapters

#မင်းသားအိမ်တော်၏ အတွင်းအောင်းရေစီးကြောင်း#

Vol. 28 Ch. 404

#မင်းသားအိမ်တော်၏ အတွင်းအောင်းရေစီးကြောင်း#

Vol. 28 Ch. 404

"အို၊ အစီအရင်ကအသက်၀င်သွားပြီလား"

လုချန်ရှန်းက သစ်သားထိုင်ခုံ၌လဲလျောင်းနေပြီး မျက်လုံးများကဖွင့်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်နေသည်။ သူ့မျက်လုံးများက အဆုံးမဲ့ဟင်းလင်းပြင်ကို လွှမ်းခြုံနေပုံရသည်။

"ကြည့်ရတာ ဒီဓားလေးစင်းအခင်းအကျင်းရဲ့သက်ရောက်မှုက မဆိုးဘူးဆိုပေမယ့် တိုးတက်အောင်လုပ်ဖို့လိုသေးတယ်"

မူလက လုချန်းရှန်း ဓားတာအိုကို အ‌ခြေတည်အုတ်မြစ်အဖြစ် ပြုလုပ်ရင်း စီစဉ်ခဲ့သည့် ဓားလေးစင်းအစီအရင်က ပိုအားကောင်းသည့် သက်ရောက်မှုကို အောင်မြင်လာစေရန်အတွက် တခုကိုတခုဖြည့်စွက်ပေးသည့် ဓားလေးစင်းအစီအရင်ဖြစ်သည်။

ယခုတွင်မူ ကြည့်ရသည်မှာ လစ်ဟာနေသည့်နေရာများကို ဖြည့်စွက်ရာ၌ ပြီးပြည့်စုံသည့်ပေါင်းစပ်မှုတခုမရှိပုံရသည်။ ပျက်စီးမှုကထပ်ဆင့်သွားခြင်းသာဖြစ်သည်။

ဤသည်က လုချန်ရှန်းလိုချင်သည့်သက်ရောက်မှုတခုမဟုတ်ပါ။ ဒါက လုချန်ရှန်း၏မျှော်လင့်ချက်များကို မပြည့်မီပေ။

ထိုအချက်ကိုတွေးမိသောအခါ မူလက ထရပ်ချင်လာသည့်လုချန်ရှန်းက လက်နှစ်ဖက်နှင့်ထိုင်ခုံလက်ကို ထောက်ကာ ကျောက သစ်သားထိုင်ခုံကနေ ခွာသွားပြီး ထရပ်ရန်ပြင်လိုက်စဉ် တခဏမျှတုံ့ဆိုင်းသွားသည်။

"အင်း.... ဒီနေ့ရာသီဥတုကအတော်လေးကောင်းတယ်၊ ထပ်အိပ်ကြရအောင်"

ထို့နောက်လုချန်ရှန်းပြန်လှဲလိုက်လေတော့သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လျိုကျိယုမဲ့ရွဲ့စွာပြုံးလိုက်၏။

သူတကယ်မည်သို့ကျင့်ကြံရမှန်းပင်မသိတော့။

ထိုကဲ့သို့ပျင်းရိသည့်စရိုက်ဖြင့် လုချန်ရှန်းက မွန်းစတားတကောင်ကဲ့သို့သန်မာအားကောင်းသည်။

သို့သော် သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းကိုမူ သူအပြင်းအထန်ကျင့်ကြံခဲ့သည့်တိုင် တစ်စုံတစ်ယောက်၏ လက်ချောင်းလေးထက်ပင် အားမကောင်းပါ။

လျိုကျိယုချက်ချင်းစိတ်လှုပ်ရှားသွားသည်။ မေ့လိုက်တော့! ငါမလိုချင်ဘူး!

ငါကြိုးစားပြီးလေ့ကျင့်ရမယ်!

ပါရမီကမလုံလောက်ဘူးဆိုရင်တောင် ပြန်လည်ဖန်တီးဖို့ကြိုးစားရမယ်!

အကယ်၍သူသာထပ်ပြီးမကြိုးစားပါက တခြားသူများကိုမည်သို့လိုက်ဖမ်းမည်နည်း။ ဒဏ္ဍာရီလာနယ်ပယ်ကိုရောက်ပြီး အင်မော်တယ်ကိုမည်သို့ရနိုင်မည်နည်း။

လုချန်ရှန်းကိုဆွဲဆောင်ရန်အတွက်မူ ကြာရှည်စွာကြိုးစားပြီးနောက် လျိုကျိယု အတော်လေးစိတ်ရှည်လာသည်။

ပုံမှန်အားဖြင့် လုချန်ရှန်းကိုဆွဲဆောင်ရန် ဟူသည်မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူကအရမ်းအားကောင်းလှသည်။

အခုတော့အဆင်ပြေအောင်နေရတာပေါ့!

....

နယ်နိမိတ်မဲ့နယ်မြေ မင်းသားလင်းလုံ၏အိမ်တော်ကို ယခင်ဧကရာဇ်က ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မင်းသားလင်းလုံက နယ်နိမိတ်မဲ့မင်းဆက်အတွက် ကြီးမားသည့် ထောက်ပံ့မှုများလုပ်ဆောင်ခဲ့သည်။

မင်းဆက်ထဲတွင် သူ့အသံက အတော်လေးမြင့်မားသည်။

ထိုအချိန်တွင် မင်းသားလင်းလုံအိမ်တော်သို့ အသားအရေသန့်ပြန့်သည့် ချောမောခန့်ညားသောလူတစ်ယောက်ရောက်လာသည်။

အိမ်တော်ရှေ့ကအစောင့်က ထိုလူကိုကြည့်ရင်း လက်ထဲကိုလှံကိုထုတ်ကာ တင်းမာစွာ အော်ဟစ်လိုက်သည်။

"မင်းသားအိမ်တော်မှာ ညွှန်ကြားချက်မရှိဘဲ ဘယ်သူမှ၀င်ခွင့်မရှိဘူး"

ချောမောခန့်ညားသည့်လူက ခေါင်းမော့ကာ အစောင့်ကိုစိုက်ကြည့်လိုက်သည်။

သူ့မျက်လုံးများ၌ ဝဲဂယက်တခုရှိသည်။

ထိုဝဲဂယက်ထဲတွင် အနက်ရောင်လေထုက ၀န်းရံနေသည်။ ထိုလေနက်၏အမျှင်တန်းထဲတွင် တစ္ဆေတကောင်မြည်ဟီးနေပုံရသည်။

အစောင့်က ထိုလူ၏မျက်လုံးများကိုကြည့်လိုက်စဉ် သူအဝေးသို့ထပ်မကြည့်နိုင်တော့။

သူ့ကိုယ်ခန္ဓာက အထိန်းအချုပ်မဲ့စတင်တုန်ယင်လာသည်။ သူကအလွန်အနင်း ထိတ်လန့်စရာကောင်းသည့်အရာတခုကို မြင်လိုက်ရပုံရသည်။

ဤသည်ကိုမြင်သောအခါ ထိုလူကစကားမပြောတော့ဘဲ ခြေဖဝါးကိုမြှောက်ကာ အိမ်တော်တံခါးကိုတွန်းရင်း အထဲသို့လျှောက်သွားသည်။

အစောင့်များကသူ့ကိုတားဆီးခြင်းမရှိပေ။ သူတို့၏မျက်လုံးများက ဗလာကျင်းနေပြီး အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် မင်းသားလင်းလုံက သာမန်ပိုးသားအ၀တ်အစားများကို၀တ်ဆင်ကာ အမှုအခင်းတခုရှေ့တွင်ထိုင်ရင်း ဖိုင်များကို စစ်ဆေးနေသည်။

သူ့မျက်ခုံးများကလေးနက်နေပြီး သူဘာတွေးနေသလဲဆိုတာ မသိပေ။

ထိုအချိန်တွင် တံခါးဖြည်းဖြည်းချင်းပွင့်လာသည်။

မင်းသားလင်းလုံခေါင်းမော့ကာ အထဲ၀င်လာသည့်ခန့်ညားသည့်လူကိုကြည့်ပြီးနောက် ဖိုင်များအားပြန်ငုံ့ကြည့်ကာ ပြောသည်။

"မင်းမှာလုပ်စရာတခုခုရှိလို့လား"

သူ့ရှေ့ကလူကိုသူမသိပေ။

ပြိုင်ဘက်က အိမ်တော်၏ အားကောင်းသည့်အာရုံကိုရှောင်ရှားနိုင်လေရာ သူ့ခွန်အားက မိမိကိုအလွယ်တကူသတ်နိုင်နေလေပြီ။

တချိန်တည်းမှာပင် ထိုလူကမည်သည့်စကားမှမဆိုသလို သူ့အသက်ကိုလည်း တိုက်ရိုက် ယူဆောင်ခြင်းလည်းမရှိချေ။

ဆိုလိုသည်က ဤခန့်ညားသည့်လူက သူနှင့်စကားပြောရန်ရောက်လာခြင်းပင်ဖြစ်သည်။

မင်းသားလင်းလုံအပေါ် သူ့သဘောထားကလည်း အံ့ဩသင့်စရာမရှိချေ။

ယခုလိုအစွမ်းထက်အနေအထားတမျိုးတွင်ရှိသည့်လူတစ်ယောက်က မည်သည့်အတွက်ကြောင့် စိတ်ကျဉ်းမြောင်းနိုင်မည်နည်း။

ခန့်ညားသည့်လူကဆိုသည်။

"မင်းထီးနန်းလိုချင်လား"

ဤသည်ကိုကြားသောအခါ မင်းသားလင်းလုံဖိုင်များကိုချလိုက်ပြီး မျက်ခုံးပင့်ကာ ခန့်ညားသည့်လူကိုကြည့်လိုက်သည်။ သူ့အမူအရာကပြောင်းလဲသွားခြင်းမရှိဘဲ ပြုံးပင်ပြုံးလိုက်သေးသည်။

"မင်းအစားကို လက်လွတ်စပယ်စားလို့ရပေမယ့် စကားကိုလက်လွတ်စပယ်ပြောလို့မရဘူး"

"ငါမင်းသားတစ်ပါးဖြစ်လာကတည်းက မင်းဆက်အတွက် ဘယ်လောက်တောင် ဂုဏ်ထူးဆောင်ရာတွေလုပ်ခဲ့လဲ"

"ဘုရင်အပေါ်ငါ့ရဲ့သစ္စာတရားကို ဒီကမ္ဘာကြီးကနေတဆင့် လေ့လာသင်ယူလို့ရတယ်"

"ပြီးတော့ အဲဒီဧကရာဇ်ရဲ့လက်ရှိပုံရိပ်အရ ကမ္ဘာကြီးရဲ့မကျေနပ်မှုအတွက် စွန့်စားပြီး ထီးနန်းကို လုယူဖို့ လိုအပ်သေးလို့လား"

ခန့်ညားသည့်လူက မင်းသားလင်းလုံကို စိုက်ကြည့်ရင်း အလျင်မလိုသည့်အသွင်ပြောလာသည်။

"မင်းအများကြီးရှင်းပြနေတယ်ဆိုမှတော့ မင်းနှလုံးသားထဲမှာ မကောင်းဆိုးဝါးရှိ‌နေမှာပါ"

ထိုစကားများကိုကြားရသောအခါ မင်းသားလင်းလုံ၏မျက်သူငယ်အိမ်များက တွန့်ကွေးသွားသည်။

သို့သော်အမူအရာကမူမပြောင်းလဲခဲ့ပေ။

သို့စေကာမူ သူ့၀န်းကျင်က မှိန်ဖျော့သည့် သတ်ဖြတ်ခြင်းဆန္ဒကို ထိုခန့်ညားသည့်လူ၏ အာရုံကနေ မဖုံးကွယ်ထားနိုင်ပေ။

"ငါ့ကိုသတ်ဖို့မတွေးဖို့အတွက် မင်းကိုအကြံပေးချင်တယ်"

"တကယ်လို့မင်းလှုပ်ရှားလိုက်မယ်ဆိုရင် မင်းအိမ်တော်မှာ အသက်ရှင်ကျန်ရစ်သူရှိမှာမဟုတ်တော့ဘူး၊ ပြီးတော့ မင်းကိုယ်တိုင်ကလည်း ထီးနန်းတက်ဖို့အတွက် အကူအညီရမယ့် အခွင့်အလမ်းကောင်းတခုကို လက်လွတ်ရလိမ့်မယ်"

ထိုလူကဆက်ပြောသည်။

"နောက်ထပ်ဖုံးကွယ်မနေနဲ့တော့၊ ဒီနေရာက အရာတွေကို မင်းငါ့ဆီကနေ မဖုံးကွယ်နိုင်ပါဘူး"

"ငါမင်းကိုဒီနေရာမှာ လှည့်စားဖို့အတွက် ရောက်နေတာမဟုတ်ဘူး၊ ဒါပေမယ့် ငါတို့ရည်ရွယ်ချက်ကတော့ အတူတူပဲ"

"ငါကတော့ ဒီနိမ့်ကျတဲ့ကမ္ဘာက ထီးနန်းကို တကယ်စိတ်မ၀င်စားဘူး"

နိမ့်ကျတဲ့ကမ္ဘာလား!

ဤအရေးပါသည့်စကားလုံးများကို ကြားရသောအခါ မင်းသားလင်းလုံ တဖက်လူ၏ ကိုယ်ပိုင်လက္ခဏာကို နှလုံးသားထဲကနေ ခန့်မှန်းမိသွားပြီဖြစ်သည်။

သူပြောတာသာမှန်မည်ဆိုပါက ချဲ့ကားထားတာဘာတခုမှရှိမည်မဟုတ်။

ဤနယ်နိမိတ်မဲ့နယ်မြေက အဆင့်နိမ့်ကြယ်နယ်မြေ၌ အားအကောင်းဆုံးနယ်မြေတခုဖြစ်သည်။

ဤသို့ဆိုပါက ဒီလူက အလယ်အလတ်ကြယ်နယ်မြေကလာတာများဖြစ်နိုင်လား!

ထိုအချိန်တွင် မင်းသားလင်းလုံက နောက်ထပ်ဟန်ဆောင်မနေတော့ပေ။

"ဒါကမင်းအတွက် ဘာအကျိုးရှိလဲ"

ခန့်ညားသည့်လူကခေါင်းခါယမ်းသည်။

"ငါတို့ရဲ့ပန်းတိုင်တွေက အရမ်းဆင်တူတယ်လို့ငါမင်းကိုပြောခဲ့တယ်၊ ငါမင်းကို ထီးနန်းရဖို့ကူညီပေးနိုင်တယ်၊ ငါ့ရဲ့ရည်မှန်းချက်ကတော့ မင်းနဲ့မတူဘူး၊ ငါဘာလုပ်ချင်တာလဲဆိုတာ မေးမနေနဲ့"

"ငါ့အကူအညီနဲ့ဆိုရင် မင်းအတွက် နန်းတက်ဖို့ဆိုတာက အခက်အခဲမရှိဘူး"

မင်းသားလင်းလုံအတွေးထဲပျောက်ဆုံးသွားရသည်။

ထို့နောက်ချက်ချင်းပြောသည်။

"ငါဘာလို့မင်းကိုယုံရမှာလဲ"

ခန့်ညားသည့်လူကပခုံ့တွန့်ကာ သူ့ခွန်အားကိုထုတ်လွှတ်လိုက်သည်။

တကြိမ်တည်းမှာပင် တစ္ဆေများစွာက မင်းသားလင်းလုံး၏ကိုယ်တဝိုက်၌ ၀န်းရံသွားသည်။

သူ့ကိုယ်တဝိုက်က တစ္ဆေများကိုခံစားမိသဖြင့် မင်းသားလင်းလုံ၏ သာမန်ပိုးသား၀တ်စုံက ချက်ချင်းဆိုသလို ချွေးအေးများဖြင့် စိုရွှဲ့သွား၏။

သူ့တွင် ခုခံရန်အခွင့်အလမ်းမရှိဟု သူခံစားနေရသည်။

ကြည့်ရသည်မှာ သူက ဤတ‌စ္ဆေများ၏ ၀န်းရံမှုအောက်၌ တိတ်ဆိတ်စွာသေရတော့မည့်ပုံရသည်။

သူတို့တစ်ဦးကိုတစ်ဦးကြည့်ရင်း ငြိမ်သက်သည့်အမူအရာဖြင့်ဆန့်ကျင်စွာရပ်နေကြသည်။

တိမ်တိုက်များကငြိမ်သက်နေပြီး လေထုက တိုက်ခတ်နေသည်။

ထိုလူကခွန်အားအများကြီးမသုံးခဲ့ပေ။

ထို့နောက် ခန့်ညားသည့်လူက လက်ကို ဝှေ့ယမ်းလိုက်စဉ် တ‌စ္ဆေများက မည်သည့်ခြေရာမှမကျန်ဘဲ လုံး၀ပျောက်ကွယ်သွားလေတော့သည်။

မင်းသားလင်းလုံစားပွဲပေါ်လက်ထောက်ကာ လေကိုရှူသွင်းနေရသည်။

အကယ်၍လက်နှစ်ဖက်ကိုသာ မထောက်ထားမည်ဆိုပါက မင်းသားလင်းလုံ ကြမ်းပြင်ပေါ်သို့ ကျသွားရပေလိမ့်မည်။

ဖိနှိပ်မှု၏ခံစားချက်က အတော်လေးအားကောင်းသည်။

မင်းသားလင်းလုံ၏ခွန်အားကမနိမ့်ကျပေ။

သူက သဟဇာတတာအိုနယ်ပယ်အစောပိုင်းအဆင့်ကတည်ရှိမှုမျိုးဖြစ်သည်။

သို့စေကာမူ အရမ်းပင်အသက်ကြီးပုံမရသည့် ဤခန့်ညားသည့်လူရှေ့၌ သူက ဆင်တကောင်ကို ထိပ်တိုက်ရင်ဆိုင်နေသည့် ပူရွက်‌ဆိတ်အလားပင်။

သူ့ကိုခြေတချက်တည်းဖြင့်နင်းသတ်နိုင်သည်။ ခုခံရန်အတွက်အခွင့်အလမ်းမရှိပါ။

မင်းသားလင်းလုံမျက်မှောင်ကြုတ်သည်။

"မင်းကအရမ်းအားကောင်းတယ်၊ ဘာလို့ ငါနဲ့ပူးပေါင်းချင်ရတာလဲ"

ခန့်ညားသည့်လူကမရှင်းပြပေ။

"မင်းသိစရာမလိုဘူး၊ အခုငါ့ကိုပြော၊ ပူးပေါင်းမှာလား မပူးပေါင်းဘူးလား"

မင်းသားလင်းလုံတွေးတောနေသည်။

အကယ်၍သူသာမပူးပေါင်းပါက တဖက်လူကသူ့ကိုလည်းသတ်ပစ်နိုင်သည်။

သူနှင့်ပူးပေါင်းခြင်းက သူ့စွမ်းအားကို ငှားယူခြင်း သို့မဟုတ် ကိုယ်ပိုင်လျှို့ဝှက်အလွှာတခုရှိနေခြင်းပင်။

ဤသည်ကိုတွေးမိသောအခါ မင်းသားလင်းလုံခေါင်းညိတ်လိုက်သည်။

"ငါတို့ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် ပျော်ရမှာပေါ့"

အပိုင်း(405) coming။

All Chapters