← Chapters

#မျက်နှာနက်ဖြင့် မျက်နှာဖြူများအား သီကျူးခြင်း#

Vol. 28 Ch. 405

#မျက်နှာနက်ဖြင့် မျက်နှာဖြူများအား သီကျူးခြင်း#

Vol. 28 Ch. 405

နတ်ဆိုးချောက်၌ အလွှာသုံးလွှာရှိသည်။ ယဲ့ချိုးပိုင်တို့က ဆက်လက်ဆင်းနေကြသည်။ အပေါ်မော့ကြည့်သောအခါ အနက်ရောင်ကောင်းကင်ကိုသာမြင်ရတော့သည်။

သူတို့အချိန်မည်မျှကြာလျှောက်လာခဲ့မှန်း ကိုယ်တိုင်ပင်မသိကြပါ။

ဒီနေရာထဲတွင်အချိန်ကသိပ်မကျန်တော့။ သတ္တဝါကြီးများ၏ တိုက်ခိုက်မှုကို တားဆီးရန်အတွက် ပတ်၀န်းကျင်ကို အာရုံစူးစိုက်ရန်သာ တတ်နိုင်ကြသည်။

သို့စေကာမူ ထို့တိုင်အောင် အောက်ခြေကမဲ့နေသေးသည်။ ဤလှေကားထစ်အလွှာများက အဆုံးမရှိပုံပေါ်ပြီး စိတ်ပျက်စရာကောင်းလွန်းသည်။

အသင်းထဲကတချို့လူများကမူ စတင်နောက်ဆုတ်လာကြသည်။

တချို့လူများကမူဤသို့ပင်ပြောလာကြသည်။ ငါတို့အပေါ်ကိုသွားကြမယ်ဆိုရင်ရော! ဒီလိုဆိုရင် ငါတို့ဘယ်လောက် ကြာဦးမလဲမသိသေးဘူး!

ဤလမ်းကြောင်း၌ လူမည်မျှပင်သေဆုံးခဲ့ရလေသနည်း။

လုံး၀မျှော်လင့်ချက်ကင်းမဲ့နေကြသည်ာ

မုချင်းချင်း၏မျက်မှာကလည်း သုတ်မှုန်နေပြီး စစ်တပ်၏စိတ်ဓာတ်ကို ဆက်လက်နည်ငြိမ်အောင် မည်သို့လုပ်ရမလဲဆိုသည်ကို တွေးနေသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ စိတ်၀င်စားမှုနည်းလာကြသည်။ သူတို့က လှေကားထစ်အဆုံးကိုပင်မတွေ့ကြရသေးပါ။

လူထုစိတ်ဓာတ်ကိုတည်ငြိမ်စေရန် သွေးပူသည့်စကားလုံးများက တဖြည်းဖြည်း သက်ရောက်မှုဆုံးရှုံးလာကြ၏။

မုဖူရှန်းဘေးဘီဝဲယာလှည့်ကြည့်ရင်း လေးနက်စွာပြောသည်။

"အခြေအနေမကောင်းတော့ဘူး၊ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် တချို့လူတွေက အသင်းကနေတကယ်ထွက်ခွာပြီး ထွက်ပြေးသွားကြလိမ့်မယ်"

ယဲ့ချိုးပိုင်ကလည်းခေါင်းညိတ်သည်။

"ဒီလိုအရာမျိုးကရှောင်လွှဲလို့မရဘူး၊ ဘာပဲဖြစ်ဖြစ် ဒီလှေကားက တကယ်တော့ နည်းနည်းထူးဆန်းတယ်၊ စိတ်ဓာတ်ကျနေတဲ့လူတွေအတွက် ပြန်ဇွဲရှိလာအောင်လုပ်ဖို့ဆိုတာက အရမ်းခက်ခဲတယ်"

ရှီရှန်းစိုးရိမ်ပူပန်လာသည်။

"အဖြေမရှိဘူးလား"

မုဖူရှန်းတခဏမျှတွေးတောပြီးနောက် စူးစိုက်သည့်အသံဖြင့်ပြောသည်။

"ဒီလိုအနေအထားမှာ နည်းလမ်းနှစ်ခုပဲရှိတယ်"

"ပထမတစ်ခုက အရှိန်မြင့်ပြီး အောက်ခြေကိုအမြန်ရောက်ဖို့ပဲ၊ ဒီနည်းလမ်းကိုတော့ တိုက်ရိုက်ပယ်ချပစ်လို့ရတယ်"

"ဒုတိယနည်းလမ်းက သံမဏိသွေးဖိနှိပ်ခြင်းပဲ"

"သူတို့က တွန့်ဆုတ်နေတာမို့ သူတို့ကို ဥပမာတခုလုပ်ပြီး တနည်းနည်းနဲ့ ကြောက်အောင်လုပ်ရမယ်၊ ဒီနတ်ဆိုးချောက်အပေါ် သူတို့ရဲ့ကြောက်စိတ်ကို ဖြန့်ကြက်ပစ်ရမယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

ဒါကအကြံကောင်းဖြစ်သည်။

သို့သော် မည်သူလုပ်မည်နည်း။

မုဖူရှန်းလား! မဖြစ်နိုင်ပေ။ သူက နောက်ဆက်ခံမည့်ဧကရာဇ်ဖြစ်သည်။

ဤကဲ့သို့လုပ်ရပ်မျိုးက အပြင်သို့ ပေါက်ကြားသွားမည်ဆိုပါက ဒါကလူတွေကို မတည်မငြိမ်ဖြစ်စေလိမ့်မည်။

ဧကရာဇ်တစ်ဦးအနေနှင့် လူသားများ၏ နှလုံးသားကို မရယူနိုင်ပါက ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။

မုချင်းချင်းလား! ဒါကလည်းမဖြစ်နိုင်။

အလားတူပင် မုချင်းချင်းက စစ်တပ်အင်အားကိုထိန်းချုပ်ထားသူဖြစ်သည်။

ယဲ့ချိုးပိုင်နှင့်ရှီရှန်းတို့တွင်မူ ယခုလိုခွန်အားမျိူးမရှိပါ။

ထို့ထဲတွင် အာရုံထွေပြားခြင်းနယ်ပယ်နှင့် သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များစွာရှိသည်။

ထိုသို့လူများကို ယဲ့ချိုးပိုင်နှင့်ရှီရှန်းတို့၏ လက်ရှိခွန်အားဖြင့် မလုပ်ဆောင်နိုင်ပေ။

ထိုအချိန်တွင် မုဖူရှန်း ရွှေချပ်၀တ်တပ်မှူးကိုလှည့်ကြည့်ကာ ချက်ချင်းလျှောက်သွားပြီး ထိုကိစ္စကိုပြောလိုက်သည်။

ရွှေချပ်၀တ်တပ်မှူးကလေးနက်စွာကြည့်ကာမေးသည်။

"အရှင်မင်းသား၊ ဒါကဖြစ်နိုင်လို့လား"

"ဒါကအရမ်းရက်စက်လွန်းရင် ကြောက်စိတ်နှစ်ဆအောက်မှာ သူတို့ရဲ့သေရေးရှင်ရေးအတွက် တန်ပြန်တိုက်ခိုက်မှုရှိလာရင်ရော"

"ဒီလိုဖြစ်လာရင် ဒီစစ်ဆင်ရေးက တကယ်ပြီးဆုံးသွားလိမ့်မယ်"

မုဖူရှန်းခေါင်းခါယမ်းသည်။

"ဒီတော့ဒါကခင်ဗျားအတွက် ခက်ခဲတဲ့တာ၀န်တခုဖြစ်လာရတော့မယ်"

ရွှေချပ်၀တ်တပ်မှူးကအနည်းငယ်လန့်သွားသည်။

မုဖူရှန်းဆက်လက်ရှင်းပြသည်။

"ဒီလိုမျက်နှာနက်ပုံစံက ခင်ဗျားသရုပ်ဆောင်ဖို့လိုအပ်တယ်"

"ပြီးတော့ အတိုင်းအတာတခုအထိ ရောက်လာရင် ကျုပ်ကိုယ်တိုင်ထရပ်ပြီး ခင်ဗျားကို တားမှာပါ"

ဤသည်ကိုကြားသောအခါ ရွှေချပ်၀တ်တပ်မှူးနားလည်သွား၏။

သို့စေကာမူ တပ်မှူးကမငြင်းဆန်ဘဲ အပြုံးဖြင့်ဆိုသည်။

"အရှင်မင်းသား၊ ဧကရာဇ် မင်းသားကို အိမ်ရှေ့စံအဖြစ်ခန့်အပ်တဲ့အခါ ကျွန်တော်ဆန့်ကျင်ခဲ့ပြီး အရှင်မင်းသားရဲ့စရိုက်က ဧကရာဇ်ဖြစ်လာဖို့အတွက် မသင့်တော်ဘူးလို့ခံစားရတယ်၊ ထီးနန်းအတွက် မသင့်တော်ဘူးပေါ့"

"ဒါပေမယ့်အခုကြည့်ရတာ ဒီလက်အောက်ငယ်သားက မှားယွင်းမိခဲ့ပုံပဲ"

မုဖူရှန်း ရွှေချပ်၀တ်တပ်မှူး၏ပခုံးကို ပုတ်လိုက်သည်။

"ဒါတွေအားလုံးကမဖြစ်စလောက်ကိစ္စတွေပါ၊ ခင်ဗျားကလည်း ဧကရာဇ်ကို တွေးတောပေးနေတာပဲလေ၊ ကျုပ်နားလည်ပါတယ်"

ရွှေချပ်၀တ်တပ်မှူးက အပြုံးဖြင့်ခေါင်းညိတ်ပြီးနောက် လေးနက်သောအမူအရာဖြင့်ပြောသည်။

"အရှင်မင်းသား၊ ကျေးဇူးပြုပြီး အာရုံစိုက်ထားပါ၊ ဒီလက်အောက်ငယ်သားက ချက်ချင်းဆောင်ရွက်လိုက်ပါမယ်"

ရွှေချပ်၀တ်တပ်မှုးက ဧကရာဇ်မုကျန်းထင်လက်အောက်တွင် တိုက်ရိုက်တည်ရှိသည့် အစောင့်တပ်မှူးဖြစ်သည်။

မုကျန်းထင်ကလွဲပြီးသူကတခြားမည်သူတစ်ဦးတစ်ယောက်မှ၏ တရားစီရင်မှုအောက်တွင် မရှိဟုဆို၍ရသည်။

ထို့ကြောင့်တခြားလူများ၏ မျက်နှာနှင့် လှည့်ကွက်များက သူ့အပေါ် သက်ရောက်မှုမရှိပါ။

ဤမျက်နှာနက်ဇာတ်ကောင်က ရွှေချပ်၀တ်တပ်မှူးအတွက် ပြီးပြည့်စုံစွာ ကိုက်ညီသည်။

ထိုအချိန်တွင် အာရုံထွေပြားခြင်း အစောပိုင်းအဆင့်က နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ကြည့်ရဆိုးသည့်အမူအရာဖြင့်ပြောလာသည်။

"အရှင်မင်းသား၊ နောက်ဆုတ်ကြရအောင်၊ တကယ်လို့ဒီလိုဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့အောက်ခြေကို ရောက်နိုင်ဖို့ဆိုတာ ပြောစရာတောင်မလိုတော့ဘူး"

"အဲကိုရောက်သွားမယ်ဆိုရင်တောင် အတော်လေးမောပန်းသွားကြလိမ့်မယ်"

လှေကားထစ်များအပေါ်၌ အော်ရာက ပိတ်ဆို့ခံထားရသဖြင့် လေထုထဲတွင် အော်ရာထောက်ပံ့မှုမရှိလေရာ အရာအားလုံးကို ဆေးလုံးဖြင့် သိုမှီးနေရသည်။

ဤသို့သာဆက်ဖြစ်နေမည်ဆိုပါက အမှန်တကယ်ပင် ကြာရှည်ခံတော့မည်မဟုတ်တော့။

မည်သို့ပင်ဆိုစေကာမူ ဆေးလုံးများက အကန့်အသတ်ရှိသည်။

ထိုစကားလုံးများထွက်လာသည်နှင့် တပြိုင်နက် ချက်ချင်းဆိုသလို လူတချို့ရဲ့ ထောက်ခံမှုကို ချက်ချင်းနှိုးဆွသွားခဲ့သည်။

မုချင်းချင်း၏အမူအရာကလည်း လုံး၀ကြည့်ရဆိုးသွားခဲ့သည်။

သူတို့ကိုသာဆက်ပြောခွင့်ပေးမည်ဆိုပါက အကျိုးဆက်များက စိတ်ကူးကြည့်၍ပင် ရနိုင်မည်မဟုတ်တော့။

မုချင်းချင်းတခုခုပြောရန်ပြင်နေစဉ်မှာပင် ရွှေချပ်၀တ်တပ်မှူးကဒေါတသကြီးအော်ဟစ်သည်။

"ပါးစပ်ပိတ်ထားစမ်း"

"အပေါ်တက်ချင်တာလား၊ ရတယ်လေ၊ ဒီကနေထွက်ပြေးတဲ့လူတိုင်းကို စစ်ပြေးတွေအဖြစ် သတ်မှတ်ခံရမယ်"

"ထွက်ပြေးခြင်းအတွက် အကျိုးဆက်ကိုတော့ ငါပြောစရာမလိုလောက်ဘူးထင်တယ်"

ထိုစကားလုံးများထွက်လာသည်နှင့်တပြိုင်နက် လူတချို့ကလန့်သွားကြသည်။

အာရုံထွေပြားခြင်းအဆင့်ကစွမ်းအားရှင်၏ အမူအရာကလည်းကြည့်ရဆိုးနေသည်။

"ဒါပေမယ့် ဒီလိုအခြေအနေမှာ ဆက်ဆင်းနေမယ်ဆိုရင် သေကြရလိမ့်မယ်"

"ဒီလိုသာဆိုရင် နည်းလမ်းနှစ်ခုစလုံးက သေကြေရမှာပဲလေ၊ ဘာလို့မျှော်လင့်ချက်ပိုရှိတဲ့လမ်းကို မရွေးချယ်ရမှာလဲ"

"အို....."

ရွှေချပ်၀တ်တပ်မှုးကမျက်ခုံးပင့်ကာ အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်ကို လှမ်းကြည့်ပြီးနောက် ရှေ့တိုးရင်း လက်ထဲက လှံကို ခါယမ်းလိုက်သည်။

လှံထိပ်ကနေ လှံဆန္ဒတခုကထွက်သွားပြီး အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်အား ထိုးဖောက်သွား၏။

အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်၏ မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

ရွှေချပ်၀တ်တပ်မှူးက ယခုလိုပြတ်ပြတ်သားသားလှုပ်ရှားမှုကို လုပ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ဤသည်က လူသတ်လိုသည့်လှုပ်ရှားမှုပေတည်း။

ထို့ကြောင့်ချက်ချင်းဆိုသလို ကာကွယ်ရေးအတားအဆီးကိုဖွင့်လိုက်သည်။

သို့စေကာမူ အာရုံထွေပြားခြင်းနယ်ပယ်အစောပိုင်းအဆင့်ကသူက တာအိုတ၀က်နယ်ပယ်က ရွှေချပ်၀တ်တပ်မှုးကို မည်သို့နိုင်နိုင်မည်နည်း။

အတားအဆီးက ချွန်ထက်သည့်လှံဖြင့် ချက်ချင်းထိုးဖောက်ခြင်းကိုခံရသည်။

ချက်ချင်းဆိုသလို လှံက အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်၏မျက်ခုံးများကြားသို့ တိုက်ရိုက်ဖြတ်သန်းသွား၏။

မျက်ခုံးများအကြား သွေးပေါက်တစ်ပေါက်ပေါ်လာခဲ့သည်။

အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်၏ မျက်လုံးများက ပြူးကျယ်သွားကြ၏။

သူ့မျက်လုံးများကတဖြည်းဖြည်းမှေးမှိန်လာသည်။ ‌နောက်ချက်ချင်းဆိုသလို ကိုယ်ခန္ဓာက အထိန်းအချုပ်မဲ့စွာ လှေကားထစ်ကနေ ကျသွားပြီး အဆုံးမဲ့အသူရာချောက်ထဲ ကျဆင်းသွားသည်။

လူတိုင်းဤမြင်ကွင်းကို လေးနက်ကာ ကြည့်ရဆိုးသည့်အမူအရာများဖြင့် ကြည့်နေကြသည်။

ရွှေချပ်၀တ်တပ်မှူးကလှံကိုကိုင်ထားပြီး သူ့အသံ၌မည်သည့်ခံစားချက်မှမပါပေ။ သူကအေးစက်စွာပြောသည်။

"တခြားဘယ်သူတွေစစ်ပြေးဖြစ်ချင်သေးလဲ၊ အခုချက်ချင်းစမ်းကြည့်လို့ရတယ်"

ထိုအခိုက်အတန့်၌ မည်သူမှ နောက်ထပ်စကားမပြောရဲတော့ပါ။

ရွှေချပ်၀တ်တပ်မှူးက လက်ရှိတွင် အသင်းထဲ၌ အားအကောင်းဆုံးတည်ရှိမှုပေတည်း။

မည်သူမှသူ့ကိုမယှဉ်နိုင်ပေ။

ဤသည်ကိုရင်ဆိုင်ရသောအခါ အကြံရှိနေသောလူများက အကူအညီမဲ့စွာ ခေါင်းငုံ့ထားရန်သာ တတ်နိုင်တော့သည်။

ထိုစဉ် မုဖူရှန်းကလည်းထရပ်လာပြီး လက်အစုံကိုဖိထားလိုက်သည်။

"ကောင်းပါပြီ ၊ ကောင်းပါပြီ၊ ငါတို့ရဲ့ ရည်ရွယ်ချက်ရ နယ်မြေပြင်ပက မိစ္ဆာတွေကိုဟန့်တားဖို့အတွက်ပဲ၊ ဒီနေရာမှာ လူသတ်ဖို့မဟုတ်ဘူး"

"အခုအချိန်မှာ အရမ်းခက်ခဲနေတယ်ဆိုပေမယ့် မိစ္ဆာမျိုးနွယ်ရဲ့အစီအစဉ်သာ အောင်မြင်သွားမယ်ဆိုရင် နယ်နိမိတ်မဲ့နယ်မြေမှာ ငါတို့ဘာလုပ်လို့ရတော့မလဲ"

"အဲဒီအချိန်ကျရင် သေခြင်းတရားဆိုတဲ့ စကားလုံးတလုံးတည်းပဲကျန်ရှိလိမ့်မယ်"

လူတိုင်းတိတ်ဆိတ်နေကြသည်။

"ဒါပေမယ့် ငါတို့မိစ္ဆာတွေရဲ့အစီအစဉ်ကို အောင်အောင်မြင်မြင်နဲ့ တားနိုင်ခဲ့မယ်ဆိုရင် နယ်နိမိတ်မဲ့နယ်မြေကို‌ ကာကွယ်ပေးနိုင်ရုံတင်မက အဲဒီအချိန်ကျရင် ဒီမင်းသားက ဧကရာဇ်ဆီကို ညွှန်ကြားချက်တွေတောင်းခံပြီး သင်တို့အတွက် ရက်ရောတဲ့ ဆုလာဘ်တွေပေးဖို့ ကိုယ်တိုင်ကိုယ်ကျ လျှောက်ထားမှာပါ"

မျက်နှာနက်ဖြင့် မျက်နှာဖြူများအား သီကျူးခြင်း!

ဤနည်းလမ်းက အနည်းငယ်ဟောင်းနေသော်လည်း နည်းနည်းတော့ အလုပ်ဖြစ်နေတုန်းပင်။

အပိုင်း(406) coming။

All Chapters