← Chapters

#တက်တော့မှာလား#

Vol. 28 Ch. 406

#တက်တော့မှာလား#

Vol. 28 Ch. 406

ထိုတခဏတာအတွင်း ပြဿာနာများကို ဖြေရှင်းပစ်နိုင်ခဲ့သည်။

လူတိုင်းကနှလုံးသားထဲတွင် မကျေမနပ်ဖြစ်နေကြသော်လည်း ရွှေချပ်၀တ်တပ်မှူး၏ ခြိမ်းခြောက်မှုနှင့် မင်းသားမုဖူရှန်းကတိပေးထားသည့် ရက်ရောသည့် ဆုလာဘ်များအောက်တွင် မည်သူကမှ ပြန်သွားရန်အတွက် မပြောတော့ပါ။

အကျိုးသက်ရောက်မှုက အတော်လေးကောင်းသည်။

သို့စေကာမူ အတွင်းရေးပြဿာနာကို ဖြေရှင်းပြီးသည့်တိုင် လှေကားထစ်များက အဆုံးမဲ့နေသေးသည်။

အပေါ်မော့ကြည့်သောအခါ အလင်းစက်ဝိုင်းလေးတခုကိုမြင်နေရသေးပြီး အောက်သို့ငုံ့ကြည့်ပါက အဆုံးမဲ့အမှောင်ထုကိုသာ တွေ့ရသည်။

ထိုအချိန်တွင် မုဖူရှန်းတွေး‌တောနေသည်။

ဒါကအဆုံးရောရှိသေးလား!

အောက်ခြေကိုရောရောက်နိုင်မှာလား!

ဆယ်ရက်ကျော်ပင်ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် မျှော်လင့်ချက်မရှိသေးပေ။

ဤအခြေအ‌နေရပ်က အမှန်တကယ်ပင် နည်းနည်းထူးဆန်းနေသည်။

ယဲ့ချိုးပိုင်တွင်လည်း အကြံတခုရှိလာသည်။

ဒီလှေကားမှာ အခင်းအကျင်း၀န်းကျင်တခုခုရှိနေတာများလား!

ဒါကြောင့်ငါတို့ကိုဒီထဲမှာ ကြာကြာတဝဲဝဲလည်နေစေပြီး အဆုံးကိုဘယ်တော့မှ မရောက်နိုင်တာများလား!

သို့သော် ယဲ့ချိုးပိုင်တွင် သန့်စင်သောဓားနှလုံးသားရှိပြီး တချိန်တည်းမှာပင် ဓားသိုင်းနယ်ပယ်ကလည်း ဓားသခင်နယ်ပယ်သို့ရောက်နေပြီဖြစ်သည်။

သူကကျန်သောစွမ်းအားရှင်များနှင့် ယှဉ်နိုင်သည့်ဓားသမားတစ်ဦးဖြစ်ပြီး အမှားအယွင်းအခြေအနေကိုပင် ဖောက်မြင်နိုင်သည်။

သို့စေကာမူ ယဲ့ချိုးပိုင် ပတ်၀န်းကျင်က မှော်အစီအရင်များ သို့မဟုတ် ပုံရိပ်ယောက်များဖြင့် ၀န်းရံနေသလားဆိုတာ သူမဖော်ထုတ်နိုင်ခဲ့ပေ။

သို့မဟုတ် ယဲ့ချိုးပိုင်၏ခွန်အားက နတ်ဆိုးချောက်၏ ပတ်၀န်းကျင်ကို မဖြိုခွဲနိုင်သေစတာများလား!

ဒါကအဓိပ္ပာယ်မရှိပေ။

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။

အကယ်၍ဒါကစမ်းသပ်မှုတခုဆိုပါက လက်ရှိပတ်၀န်းကျင်အရ နယ်ပယ်ခွန်အားပေါ်၌ ခက်ခဲမှုအမှတ်အသားတခုကို သတ်မှတ်ရန်ဟူသည် မဖြစ်နိုင်။

ဤလှည့်စားမှုအစီအရင်ကိုမရှာတွေ့ခြင်းသာဖြစ်ပြီး စုံစမ်းစစ်ဆေးခြင်းက ထိုအချက်ကို မထိမိသေးခြင်းဖြစ်သည်။

ပို၍ပို၍နက်နက်တွေးတောနေစဉ် ယဲ့ချိုးပိုင်က ပို၍ပို၍ထူးဆန်းသည့်နေရာများကို တွေ့ရှိလာသည်။

"အပေါ်က အပေါက်က ယုတ္တိတန်စွာပြောရရင် ငါတို့ပိုဆင်းလေလေ အဲဒါက ပိုသေးလာလေလေဖြစ်ရမယ်၊ ပြီးတော့ ပျောက်ကွယ်သွားတဲ့အထိ ဖြစ်သွားရမယ်လေ"

"အနီးနဲ့အဝေးဆိုတာ သေးငယ်ပြီး အလင်းရောင်ခြည်အကွာအဝေးကိုလည်း ကန့်သတ်ထားတယ်"

"ဒါပေမယ့် ငါတို့အကြာကြီးလျှောက်ပြီးနောက်မှာ ငါတို့ခေါင်းပေါ်က အပေါက်နဲ့ အပြင်ဘက်က တွင်းကြီးရဲ့အပေါက်က အရွယ်အစားတူနေတုန်းပဲ၊ ဒါကယုတ္တိမရှိဘူးလေ"

မုဖူရှန်းခေါင်းညိတ်သည်။

"ကျွန်တော်လည်းဒါကိုရှာတွေ့ထားတယ်၊ ဒါပေမယ့် အနီးအနားမှာ ဘယ်လိုမှော်အစီအရင်ရဲ့ခြေရာမျိုးမှမရှိဘူး"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"မင်းထူးဆန်းတဲ့နေရာကို ရှာတွေ့နိုင်သရွေ့ အနည်းဆုံးတော့ ကွေ့ကွင်းသွားတာကို ရှောင်ရှားနိုင်ပြီး ရှေ့ဆက်စရာမလိုတော့တာလည်းဖြစ်နိုင်တယ်"

"ငါတို့အခုစိတ်လှည့်စားမှုအစီအရင်တခုခုထဲရှိနေတာဖြစ်ရမယ်"

"ဒါပေမယ့်ငါတို့ဒါကိုမရှာတွေ့နိုင်သေးဘူး"

ရှီရှန်းမေးလိုက်သည်။

"ဒီလိုဆိုရင် ကျွန်တော်တို့အခုရပ်သင့်လား"

ယဲ့ချိုးပိုင် မုဖူရှန်းကိုကြည့်လိုက်သည်။

"ငါတို့အခုရပ်သင့်တယ်လို့ထင်တယ်၊ ငါတို့အခုလုပ်ဖို့လိုတာက စွမ်းအင်ကိုချွေတာပြီး ပတ်၀န်းကျင်က မူမမှန်မှုတွေကို ရှာတွေ့ဖို့ပဲ"

ဤသည်ကိုကြားသောအခါ မုဖူရှန်း မုချင်းချင်းဘေးသို့လျှောက်သွားပြီး သူတို့၏ထင်မြင်ချက်နှင့်သံသယများကို ပြောလိုက်၏။

မုချင်းချင်းကြာပြီးသောအခါ ခေါင်းမော့ပြီး ယခုအချိန်တိ အရွယ်တူညီစွာ ကျန်ရှိနေသေးသည့် အလင်းစက်ဝိုင်းကိုကြည့်လိုက်သည်။

သူမ၏အမူအရာကလေးနက်လာသည်။

ချက်ချင်းဆိုသလို သူမဆုံးဖြတ်ချက်ချကာ လက်သေးသေးတွေကို ဝှေ့ယမ်းသည်။

"ရပ်ကြ"

လူတိုင်းကဝေခွဲမရဖြစ်သွားကြသော်လည်း ရပ်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ မုချင်းချင်းက ဤနေရာ၌ ဦးစီးချုပ်ခေါင်းဆောင်ဖြစ်သည်။

ချက်ချင်းဆိုသလို မုချင်းချင်း အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်အားလုံးကိုသာမက ရွှေချပ်၀တ်တပ်မှူးကိုပါ ခေါ်ပြီးနောက် ဤကိစ္စအား ထုတ်ပြလိုက်သည်။

ဤခန့်မှန်းချက်ကိုကြားပြီးသောအခါ သူတို့အသက်ရှုထုတ်ကြပြီး ပတ်၀န်းကျင်ကို ဂရုတစိုက် စစ်ဆေးနေကြသည်။

နတ်ဆိုးနက်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ဤချောက်နက်ကြီးက သူတို့၏အာရုံနှင့် ဝိဉာဉ်စွမ်းအားကို ကန့်သတ်ထားသည်က စိတ်ညစ်စရာပင်။

တခြားတဘက်တွင် ယဲ့ချိုးပိုင်က ဓားစက်ကွင်းကိုဖွင့်လိုက်သည်။ ဓားများက အသံမြည်ကာ ဝဲလည်နေကြ၏။

ရှီရှန်းကလည်း ဝန်းကျင်က မူမမှန်မှုများကို အာရုံခံရန်အတွက် ကြယ်စွမ်းအားကို အသုံးပြုလိုက်သည်။

မုဖူရှန်းက သတ္တဝါကြီးများ၏ ချုံခိုတိုက်ခိုက်ခြင်းကနေ တားဆီးကာကွယ်ရန် ကိုးလွှာမိုးကြိုးဒိုင်းကို ကိုင်ထားသည်။

သူ့တွင်မေးခွန်းများရှိနေသည်။

အဲကောင်တွေကဘယ်ကလာကြတာလဲ!

ဘာလို့အော်ရာက ကန့်သတ်ထားရတာလဲ!

ယဲ့ချိုးပိုင်၏ဓားဆန္ဒနှင့် ရှီရှန်း၏ကြယ်စွမ်းအားက ပို၍သာလွန်သည်မှာ သိသာထင်ရှားနေသည်။

သို့စေကာမူ အနီး၀န်းကျင်ကို ဂရုတစိုက်လေ့လာရှာဖွေပြီးနောက်တွင်လည်း ဘာတခုမှမရရှိခဲ့ပေ။

အကယ်၍ဒါကလှည့်စားမှုတခု သို့မဟုတ် အစီအရင်တခုဆိုပါက မည်သည့်အတွက်ကြောင့် ခြေရာတခုမှ မရှိရလေသနည်း။

ဘာလို့လဲ!

ယဲ့ချိုးပိုင်ပြဿာနာကိုဆက်လက်တွေးတောရင်း အစကနဦးကို ပြန်စဉ်းစားနေသလို လှေကားထစ်များ၏ ပထမခြေလှမ်းကမြင်ကွင်းကို ပြန်သတိရလာသည်။

ထို့ထဲတွင် ပုံမှန်မဟုတ်တာတခုရှိရပေမည်။ သူတွေးနေသော်လည်း သဲလွန်စမရှိ။

ရှီရှန်းကလည်းတွေးတောနေသည်။

ကြယ်စွမ်းအားက ဖိနှိပ်ခြင်းစွမ်းအားရှိသည်သာမက သိမြင်နိုင်သည့်စွမ်းရည်လည်းရှိသည်။

သူကကြယ်စွမ်းအားကိုအသုံးပြုရင်း ပတ်၀န်းကျင်ကို အဆက်မပြတ်လေ့လာနေသည်။

ယဲ့ချိုးပိုင်၏ဓားစက်ကွင်းနှင့်ယှဉ်မည်ဆိုပါက ဒါကပို၍ကျယ်ပြန့်ပြီး အသေးစိတ်ကျသည်ဟုဆို၍ရသည်။

သို့သော်ဘာတခုမှမတွေ့ခဲ့ပါ။

ထိုအချိန်တွင် ရှီရှန်းစိတ်ထဲ၌ စာသားတကြောင်းထွက်ပေါ်လာခဲ့သည်။

ထိုစာသားက ပရမ်းပတာကြယ်မှတ်တမ်း၌ ပေါ်ပေါက်လာခြင်းပင်။

ကြယ်များ၏အလင်းရောင်က မှိန်ဖျော့သေးငယ်ပုံရသည်။

သို့စေကာမူ ဂရုတစိုက်လေ့လာကြည့်မည်ဆိုပါက သို့မဟုတ် အနီးကပ်ကြည့်မည်ဆိုပါက ကြယ်အလင်းရောင်များက အတော်‌လေးတောက်ပနေသည်။

မှိန်ဖျော့သေးငယ်တာလား!

ရှီရှန်းမော့ကြည့်လိုက်သည်။

သေးငယ်သည့်မပြောင်းလဲသည့်အပေါက်ကိုမြင်ရသောအခါ ထိုစာသားကို ပြန်တွေးမိသွား၏။

တချိန်တည်းမှာပင် မှော်နက်စွမ်းအင်များဖြင့်ပြည့်နှက်နေသည့် ဘေးပတ်၀န်းကျင်ကိုပါ ကြည့်လိုက်သည်။

သူ့နှလုံးသား၌ မှန်းဆချက်တခုရှိလာသည်။

"အပေါ်သွားလို့ရနိုင်မလား"

ဟမ်!

ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် မုချင်းချင်းတို့က ရှီရှန်းကို ကြည့်လိုက်ကြသည်။

ရှီရှန်းတခုခုရှာတွေ့သွားတာကို သိသွားသည့်အပေါ် ယဲ့ချိုးပိုင်နှင့်မုဖူရှန်းတို့က လေးနက်သွားကြ၏။

ကျန်သောသူများကမူ မျက်မှောင်ကြုတ်လိုက်ကြသည်။

အပေါ်တက်မယ်ဆိုတာကဘာလဲ!

ငါတို့က၀ရမ်းပြေးဖြစ်မှာလေ!

ရွှေချပ်၀တ်တပ်မှူးကလည်း မုဖူရှန်းကို စိတ်ရှုပ်နေသည့်အသွင်ကြည့်လိုက်သည်။

ရှီရှန်းက မုဖူရှန်း၏စီနီယာအစ်ကိုဖြစ်နေတာကို သူသိသည်။

သို့သော်မည်သည့်အတွက်ကြောင့် သူကယခုလိုပြောလေသနည်း။

မုချင်းချင်းရောက်လာသည်။ သူမ၏အစ်ကိုကြီးနှင့် စီနီယာအစ်ကိုများက မည်သို့မည်ပုံထူးခြားတာကိုသူမသိသည်။

သူတို့ကဘ၀အတွက်လောဘကြီးပြီး သေခြင်းတရားကို ကြောက်တတ်ကြသည့်လူမျိုးမဟုတ်ကြပါ။

မဟုတ်ပါက နယ်မြေပြင်ပကမိစ္ဆာများရန်ကနေ ကာကွယ်သောအခါ သူတို့ထက် အများကြီးပိုအားကောင်းသည့် မိစ္ဆာဗိုလ်ချုပ်ကို ရင်ဆိုင်သောအခါ မည်သည့်အတွက်ကြောင့် သူတို့်မထွက်ပြေးရလေသနည်း။

"ဘာရှာတွေ့လို့လဲ"

ရှီရှန်းခေါင်းခါယမ်းသည်။

"ငါလည်းမသိဘူး၊ ဒါကငါ့ရဲ့ထင်မြင်ချက်ပါပဲ၊ ပြီးတော့အတည်ပြုဖို့လိုအပ်တယ်"

ချက်ချင်းဆိုသလို ရှီရှန်း၏စကားလုံးများက အတော်လေးမကျေမနပ်ဖြစ်နေသည့် လူအုပ်ကိုပေါက်ကွဲသွားစေသည်။

"မင်းလာနောက်နေတာလား၊ အပေါ်ကိုအခုသွားရမာလား၊ ဟမ့်၊ ဒါက ငါတို့ရဲ့အရင်က အားထုတ်မှုအားလုံး အလဟာဿဖြစ်သွားတယ်လို့ ဆိုလိုနေတာမလား"

"ပြီးတော့ သူတို့အပေါ်ကိုပြန်သွားမယ်လို့ ပြောတုန်းကရောမင်းဘာလုပ်ခဲ့လဲ"

"တကယ်လို့မင်းတခုခုကို ရှာမတွေ့ခဲ့ဘူးဆိုရင် မူလနေရာကိုပြန်လာပြီး ပြန်ဆင်းသွားရမယ်"

ထိုအချိန်တွင် မုဖူရှန်းက စူးစိုက်ထားသည့်အသံဖြင့်ပြောသည်။

"ကြိုးစားကြည့်လိုက်၊ ဒီထက်ပိုကောင်းတဲ့နည်းလမ်းမရှိတော့ဘူး"

လူတိုင်းအံ့ဩသင့်သွားကြသည်။

မုချင်းချင်းပင်လျှင် လှည့်ကြည့်လိုက်မိသည်။

မုဖူရှန်းဆက်ပြောသည်။

"တကယ်လို့ငါတို့ဆက်ဆင်းနေမယ်ဆိုရင် ဒီလှေကားထဲမှာပဲဆက်ရှိနေသေးပြီး ငါတို့ရဲ့ဝိဉာဉ်စွမ်းအင်က နောက်ဆုံးမှာ ကုန်ခမ်းသွားရလိမ့်မယ်"

"ဒီထက်ပိုကောင်းတဲ့နည်းလမ်းမရှိတော့ဘူး"

ထိုစကားကိုကြားသောအခါ မုချင်းချင်းကလည်း မဲ့ရွဲ့စွာပြုံးရင်းခေါင်းညိတ်သည်။

"ဒီထက်ပိုကောင်းတဲ့နည်းတကယ်မရှိတော့ဘူး"

"ဒီလိုဆိုမှတော့ အပေါ်တက်ကြရအောင်"

လူတိုင်းတစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက်ကြည့်လိုက်မိကြသည်။

ဤနေရာ၌ အစွမ်းထက်ဆုံးလူနှစ်ယောက်ဖြစ်သည့် မင်းသားနှင့်မင်းသမီးကပင် ထိုသို့ပြောနေလေရာ သူတို့မည်သို့မည်ပုံ ငြင်းဆန်နိုင်တော့မည်နည်း။

သူတို့နှလုံးသား၌ သံသယနှင့်မကျေမနပ်မှုများရှိသော်လည်း လူတိုင်းအပေါ်တက်သွားရုံသာ တတ်နိုင်ကြတော့သည်။

ရှီရှန်းကလျှောက်နေရင်း သူ့ခေါင်းပေါ်က အလင်းစက်ဝိုင်းကို အနီးကပ်ကြည့်နေသည်။

ဒါကမှန်သလား၊ မှားသလားဆိုတာသူမသိပေ။

သို့သော် ဤသို့ဖြစ်လာမှတော့ ဤလှည့်စားမှုကို ထိုး‌ဖောက်ခြင်းကသာလျှင် တခုတည်းသောနည်းလမ်းဖြစ်တော့သည်။

အပိုင်း(407) coming။

All Chapters