← Chapters

စော်ကားမော်ကား

Vol. 86 Ch. 1277

စော်ကားမော်ကား

Vol. 86 Ch. 1277

လင်းရီ သူ၏ ပခုံးကို မခန့်လေးစား လာပုတ်နေသည် မြင်တော့ ယာမာဇူကီ၏ အမူအရာ မည်းမှောင်သွားခဲ့တော့သည်။

ဘာပဲပြောပြော သူသည်က မစ်ဆူမိသားစုထဲတွင် ဒုတိယ အကြီးဆုံး တစ်ယောက်။

ဂျပန်ရှိ အရာရှိကြီးများပင် သူနှင့် တွေ့ဆုံပါက ယခုလို အမူအရာမျိုးဖြင့် စကားမပြောဝံ့ကြချေ။

အနှီချာတိတ်က သူ့ကိုယ်သူ ဘာကောင်ထင်နေသနည်း။

သို့သော် များမကြာမီတွင်ပဲ ယာမာဇူကီ သူ့ဒေါသသူ ပြန်လည် ချုပ်တီးလိုက်နိုင်သည်။

သူ၏ လက်ရှိ အဆင့်အတန်းဖြင့် ဆိုပါက အကယ်၍ သူသာ လင်းရီအပေါ် ဒေါသထွက်မည်ဆိုပါက လင်းရီ ထောင်ထားသည့် ထောင်ချောက်အတွင်း ကျရောက်သွားပေလိမ့်မည်။

“ ဥက္ကဌလင်း… ဒေါသ မထွက်ပါနဲ့… ဒါတွေက စီးပွားရေး လောကရဲ့ သာမန်ပြကွက်တွေပါပဲ…” ယာမာဇူကီမစ်ဆူမှ ပြုံးလျက် ဆိုလိုက်ပြီး “ ဒီလို အသေးအမွှား ကိစ္စလေးကိုတောင် ဒေါသထွက်နေပြီးမှ လူကို ထိခိုက်အောင် ပြုလုပ်ချင်နေတယ်ဆိုတော့ ဥက္ကဌလင်းက အရမ်း လူကြီးလူကောင်း မဆန်တာပဲ…”

ယာမာဇူကီ သူ၏ ကိုယ်နေဟန်ကို တစ်မျိုးပြောင်းလဲလိုက်ပြီး အပြုံးလေးဖြင့် “ ဒါပေမယ့်လည်း နားလည်ပေးလိုက်လို့ ရပါတယ်လေ… မစ္စတာလင်းက ငယ်ရွယ်သေးတယ်ဆိုတော့ စိတ်လိုက်မာန်ပါ ပြုမိမှာ သဘာဝပါပဲ… ဒါပေမယ့် စီးပွားရေးလောကမှာ ဘယ်သူကမှ မင်းရဲ့ အားနည်းချက်ကို ကရုဏာထားပေးနေမှာ မဟုတ်ဘူးနော်…”

“ ခင်များ ပြောတာ မမှားပါဘူး… ခြေလှမ်းကို တစ်လှမ်းချင်း လှမ်းရသလို စစ်တုရင်ကစားတယ်ဆိုတာလည်း တစ်ကြိမ်ကို တစ်ကွက်ပဲ ရွေ့လို့ရမယ်… ရှေ့လျှောက်ရမယ့် လမ်းက အရှည်ကြီးပါ… ဆိုတော့ အချိန်ယူပြီး ဖြည်းဖြည်း ကစားကြတာပေါ့…”

“ ဒါဆိုလည်းစောင့်နေပါ့မယ်…” ယာမာဇူကီ မစ်ဆူမှ ပြုံးလိုက်ပြီး “ မစ္စတာလင်းနဲ့ လက်တွဲပူးပေါင်းနိုင်ဖို့ကိုလည်း မျှော်လင့်နေလျက်ပါ…”

ပြောပြီးနောက် ယာမာဇူကီ မစ်ဆူနှင့် သူ့ လက်ထောက်တို့ နောက်လှည့်ပြီး ပွဲကျင်းပသည့်နေရာထံ လျှောက်လှမ်းသွားခဲ့ကြသည်။

“ သွားစို့… ငါနင့်ကို စက်မှုနဲ့ နည်းပညာဝန်ကြီးဌာနက ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်… သူတို့ကို နည်းနည်းလောက် ပြောပြပြီး ချွေးသိပ်ပေးလိုက်ဦး…”

“ အင်း…”

ရှန်းရှုရီ၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်မှာ လေးလွှာမြောက်သို့ ရောက်ရှိလာခဲ့ကြ၏။

ယာမာဇူကီ မစ်ဆူ၏ လှောင်ပြောင်ထေ့ငေါ့မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ရှန်းရှုရီသည် တည်ငြိမ်မြဲ၊ တည်ငြိမ်နေလျက်ပင်။

လင်းရီဆိုသည့် အနှီကလေးက ယိုယွင်းပြီးဖြစ်သည့် တစ်စုံတစ်ရာကိုပင် ဂမ္ဘီရဆန်သည့် တစ်စုံတစ်ရာအဖြစ် ပြောင်းလဲနိုင်သည့် စွမ်းပကား ရှိ၏။ မစ်ဆူမိသားစုကဲ့သို့သော ရှိန်လောက်သည့် မိသားစုကြီးတစ်ခုနှင့် ရင်ဆိုင်ရစေကာမူ အခြေအနေများကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု သူမ စွဲမြဲစွာ ယုံကြည်နေလေသည်။

ညီလာခံကျင်းပရာ စင်တာထဲတွင် အနည်းဆုံး တက်ရောက်သူ ငါးရာခန့်ရှိပြီး လူပင်လယ်ကြီးသဖွယ် ဖြစ်ပေါ်နေပါသည်။

အဝါရောင် ၊ အဖြူရောင်၊ အနက်ရောင် ၊ အညိုရောင်…

စသဖြင့် မတူကွဲပြားသည့် လူ့အသားအရောင် အမျိုးမျိုးက နေရာအနှံ့တွင် လှုပ်ရှားသွားလာနေကြ၏။

ယာမာဇူကီ မစ်ဆူ အထဲသို့ ရောက်သည်နှင့် ပုရွက်ဆိတ်အုပ်ထဲ ရောက်သွားသည့် သကြားခဲလေးပမာ လူတိုင်း၏ အာရုံကို တစ်ဖန် ဆွဲဆောင်သွားခဲ့တော့သည်။

ယမန်နေ့ညက မစ်ဆူမိသားစုမှာ လီတိုဂရပ်ဖီစက်ကို ထုတ်လုပ်နိုင်ခဲ့သည်။ ထို့ပြင် ၎င်းက 5 nm စက်လည်း ဖြစ်နေသေး၏။

Canon နှင့် Nikon ပြီးနောက် ၎င်းတို့သည်လည်း ကမ္ဘာ့ လီတိုဂရပ်ဖီစက် ဈေးကွက်ကြီးထဲသို့ ချင်းနင်းဝင်ရောက်လာချေပြီ။

ထို့ပြင် မစ်ဆူမိသားစုသည် မူလကတည်းက ကမ္ဘာတစ်ဝှမ်းတွင် လွှမ်းမိုးမှု အတန်အသင့် ရှိထားပြီး ဖြစ်သည့် မိသားစုကြီး တစ်ခုဖြစ်ပြီး ယခု သူတို့ လျှို့ဝှက်စွာ ဖန်တီးနေသည့် လီတိုဂရပ်ဖီစက်ကြီးမှာ လူတိုင်း၏ ရှေ့မှောက်သို့ ထွက်ပေါ်လာချေပြီ။ semiconductor နယ်ပယ်အပေါ် အကျိုးသက်ရောက်မှုကတော့ ငလျင်နှင့် ဆူနာမီ ၊ တစ်ပြိုင်တည်း လှုပ်ခတ်သည်ထက် လျော့နည်းလိမ့်မည်လို့တော့ မထင်ချေ။

“ မစ္စတာမစ်ဆူ… ခင်များတို့ကောင်တွေက တကယ့်ကို ဆန်းကြယ်တဲ့ကောင်တွေ… ကြားထဲက အဆင့်တွေကို ချက်ချင်း လွှားကနဲ ခုန်ကျော်ပြီးမှ 5 nm စက်ကို ချက်ချင်းကြီး ဖန်တီးပစ်လိုက်တယ်… လေးစားစရာပါပဲ…” အမေရိကန်လူမျိုး ကိုယ်စားလှယ် တစ်ယောက်မှ ထိုကဲ့သို့ ပြောလိုက်၏။

“ ငါ့အထင်တော့ မစ်ဆူမိသားစုရဲ့ ခွန်အားနဲ့ဆိုရင် ASML ရဲ့ နေရာကိုပါ စိန်ခေါ်နိုင်လောက်တယ်…” ရုရှားလူမျိုး ကိုယ်စားလှယ်တစ်ယောက်မှ ပြောလိုက်လေသည်။

“ ဖြစ်နိုင်မယ်ဆိုရင် အစည်းအဝေးပြီးတဲ့အချိန်ကျ မစ္စတာမစ်ဆူနဲ့ တစ်နပ်လောက် အတူစားချင်ပါသေးတယ်… မစ္စတာမစ်ဆူက ကျွန်တော့်ကို အခွင့်အရေးပေးနိုင်မလားမသိဘူး…” အန္ဒိယ ကိုယ်စားလှယ်မှ ပြောလိုက်ခြင်းပင်။

ယာမာဇူကီ မစ်ဆူမှ အပြုံးလေးဖြင့် တုံပြန်ရင်း “ အားလုံးရဲ့ ပံ့ပိုးကူညီပေးမှုနဲ့ ယုံကြည်ပေးမှုတို့အတွက် ဒီမစ်ဆူက လိုက်လိုက်လှဲလှဲကို ဝမ်းသာဂုဏ်ယူမိပါတယ်… တကယ်တမ်းကျ ကျုပ်တို့ ဖန်တီးခဲ့တာ 5 nm စက်တင် မဟုတ်သေးဘူး… 3 nm စက်ကို ထုတ်လုပ်နိုင်ဖို့ရာအတွက်ပါ သုတေသနတွေ စတင်ပြုလုပ်နေပါပြီ… ကျုပ် ခန့်မှန်းချက်တွေအတိုင်းဆိုရင် နောင်နှစ်နှစ်နေတာနဲ့ လူတိုင်းရဲ့ ရှေ့မှောက် ရောက်ရှိလာနိုင်မယ်လို့ ပြောရဲပါတယ်…”

ယာမာဇူကီ မစ်ဆူ တုံ့ဆိုင်းခြင်းပင် မရှိ ကရားရေလွှတ် ပြောကြားသွားခဲ့၏။

ဤနယ်ပယ်တွင် ဖန်တီးနိုင်သည့် ငွေပမာဏက များများစားစား သိပ်မရှိချေ။ ဘဏ္ဍာရေး နယ်ပယ်သည်သာလျှင် ကမ္ဘာ့စီးပွားရေး၏ အသက်သွေးကြောဖြစ်၏။

ယခု သူပြောသွားခဲ့သည့် စကားလုံးများက မစ်ဆူအုပ်စု၏ ရှယ်ယာများကို ထပ်တိုး မြင့်တက်စေဖို့ရာအတွက် လုံလောက်သည်။

စကားလုံးများ၏ စစ်မှန်မှုက အရေးပါခြင်း မရှိချေ။

လူတိုင်း၏ တုံ့ပြန်လာမှုက ယာမာဇူကီ မစ်ဆူ၏ ခန့်မှန်းမှုများကို အတည်ပြုပေးလိုက်သကဲ့သို့ပင်။

၎င်းတို့၏ မျက်ဝန်းများထဲ အံ့အားသင့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ကြလေသည်။ ထို့ပြင် အကုန်လုံးက သူ့ကို ခေါ်ဆောင်၍ စီးပွားရေးကိစ္စများ ဆွေးနွေးရန် စိတ်အားထက်သန်လာကြတော့၏။

“ အားတော့နာတယ်ဗျာ… လူတိုင်းပဲ… ကျုပ် လုပ်စရာလေးရှိသေးလို့ ခွင့်ပြုပေးပါဦး… နောင်ကျရင်လည်း အေးဆေး ပြောလို့ရပါသေးတယ်…”

“ ဒါပေါ့ ဒါပေါ့ … သွားလေ… ကျုပ်တို့ မစ္စတာ မစ်ဆူကို မနှောင့်ယှက်တော့ပါဘူး…”

ယာမာဇူကီ မစ်ဆူ၏ လက်ထောက်မှ အားလုံး ပြန်သွားပြီးသည့်နောက်တွင် သူ့အနားသို့ ချဉ်းကပ်လာပြီး “ မစ္စတာမစ်ဆူ… ဒေါက်တာရှန်းနဲ့ တခြားသူတွေက ရှေ့နားလေးမှာတင်ပဲ… သွားပြီး သူတို့နဲ့ နှုတ်ဆက်ချင်သေးလား…”

ယာမာဇူကီ သူ့နာရီကို တစ်ချက် ငုံ့ကြည့်လိုက်ရင်း “ ဒါပေါ့… ညီလာခံက စမှမစသေးပဲနဲ့ မိနစ် နှစ်ဆယ်လောက် အချိန်ရသေးတယ်… သွားပြီး တစ်ချက်ကြည့်ကြစို့…”

လက်ထောက်ဖြစ်သူ၏ လမ်းပြမှုအောက်တွင် နှစ်ယောက်သား ရှန်းထျန်းကျိုးနှင့် ကျန်နှစ်ယောက်ထံ ရောက်လာခဲ့ကြသည်။

ယာမာဇူကီ မစ်ဆူကို တစ်ချက်ကြည့်လိုက်သည်နှင့် ရှန်းထျန်းကျိုး မည်သူဆိုတာကို မှတ်မိသွားခဲ့၏။

“ မင်းတို့ ဘာလာလုပ်တာ…”

ရှန်းထျန်းကျိုး အေးစက်စွာ စိုက်ကြည့်လျက် ယာမာဇူကီ မစ်ဆူအား မေမြန်းလိုက်၏။ ပုံမှန် သူ၏ တည်ငြိမ်မှုများပင် မရှိတော့။

“ ပရော်ဖက်ဆာရှန်း… ဒေါသမထွက်ပါနဲ့.. ကျုပ် ခင်များကို မြင်မိလို့ ဟယ်လို လာလုပ်တာပါဗျာ..” ယာမာဇူကီ မစ်ဆူမှ အကြောက်တရား ကင်းမဲ့စွာ ပြောဆိုရင်း “ တစ်ညကျော်သွားပြီ ဆိုတော့ ပရော်ဖက်ဆာရှန်း စိတ်လေး ဘာလေးများ ပြောင်းသွားပြီလားလို့ လာကြည့်ကြည့်တာ… တကယ်လို့ ကျုပ်နဲ့သာ ပူးပေါင်းဖို့ ဆန္ဒရှိမယ်ဆိုရင် အကောင်းဆုံး ဆက်ဆံပေးဖို့ အသင့်ပဲ… ပြီးတော့ ဒီ ကမ်းလှမ်းမှုက ခင်များနဲ့ ခင်များအသင်းအတွက်ရောပဲနော်… ကျုပ် သူတို့ အကုန်လုံးကို လက်ခံပေးနိုင်ပါတယ်…”

“ အိပ်မက်မက်နေလိုက်…”

“ ငြင်းဖို့ အဲ့လောက်ထိလည်း ဇောသန်မနေပါနဲ့ဦး…” ယာမာဇူကီ မစ်ဆူ ပြောလိုက်ပြီး “ ဘာပဲပြောပြော ကျုပ်တို့လက်ထဲမှာ ရှိတဲ့ နည်းပညာက ခင်များတို့ သုတေသန ပြုထားတဲ့ ရလဒ်လေ… ဒါက ပရော်ဖက်ဆာရှန်း တစ်ကမ္ဘာလုံးမှာ နာမည်တစ်လုံး ရေးထွင်းနိုင်ဖို့ အခွင့်အရေးကောင်းပဲ… ဖြုန်းတီးပစ်လိုက်တာက နှမြောဖို့ကောင်းတယ် မထင်ဘူးလား…”

ကျန်သူများနှင့် မတူညီစွာ ယာမာဇူကီ မစ်ဆူသည် အင်မတန်မှကို မောက်မာတင်စီးနေလျက် ရှိ၏။

သူ၏ စကားတို့က ရှန်းထျန်းကျိုးတို့ သုံးယောက်ကို “ ငါ မင်းတို့ရဲ့ စကေးတွေကို ခိုးယူခဲ့တယ်.. မင်းတို့မှာ အစွမ်းအစရှိရင် ပြန်လာခိုးလှည့် “ ဟု မပြောရုံတမယ်ပင်။

“ ဟွာရှရဲ့ ပထဝီက ကျယ်ပြောပြီး မြင့်မြတ်တယ်… မင်းတို့လို သေးနုပ်တဲ့ လူတွေက စက်ဆုပ်ဖို့ကောင်းတဲ့ နည်းလမ်းတွေသုံးဖို့ပဲ သိတဲ့ကောင်တွေ… မင်းတို့မှာ နိုင်ငံကြီး တစ်ခုဆိုတဲ့ အဆင့်အတန်းမျိုး မရှိဘူး..”

“ ဒီလိုအချိန်မျိုးမှာတောင် ဒီလိုစကားမျိုး ပြောထွက်နေနိုင်တာ ပရော်ဖက်ဆာရှန်းကို ကျုပ် ချီးကျူးလို့ မဆုံးမိဘူး..”

“ ဒါပေမယ့်လည်း ခင်များမှာ တကယ်လည်း အဲ့လိုမျိုး ပြောပိုင်ခွင့် ရှိတယ်… ခင်များ ဖန်တီးလိုက်တဲ့ 5 nm စက်က တကယ့်ကို ကမ္ဘာ့ထိပ်တန်း ရှေ့ဆုံးမှာကို ရှိတယ်… ဒီတော့ ကျေးဇူးတင်ပါတယ် ပရော်ဖက်ဆာရှန်း…”

“ ငိုးမသား မင်း ဒီကနေ ထွက်သွားစမ်း… ငါ မင်းကို မရိုက်ရဲဘူးလို့ မထင်လိုက်နဲ့… ငိုးပဲ…”

စွန်းဖုယွီ အဆုံးတွင် သည်းမခံနိုင်တော့ပဲ ဒေါသတကြီး ၀င်ရောက် ကျိန်ဆဲတော့၏။

ယာမာဇူကီ မစ်ဆူ နောက်သို့ ထိတ်လန့်တကြား ခြေနှစ်လှမ်းခန့်ဆုတ်လိုက်သည်။ ထို့နောက် သူ၏ ကိုယ်ပေါ်ရှိ ဖုန်မှုန့်များအား ခါသပ်ရင်း “ မင်းတို့က စိတ်မပြောင်းနိုင်ဘူးဆိုတော့လည်း …၊ ကောင်းပြီလေ… ငါတို့ ထပ်တွေ့ကြဦးမှာပါ… နောက်မှ တွေ့ကြတာပေါ့…”

အောင်မြင်စွာဖြင့် ဟိတ်ဟန် ဝင့်ကြွားပြီးသည့်နောက် ယာမာဇူကီ မစ်ဆူ၏ အမူအရာမှာ စတင် လေးနက်လာခဲ့တော့သည်။

“ ဘယ်မှာလဲ အဲလစ်…”

“ ရှေ့နားလေးမှာတင်ပဲ… ကျုပ် ခေါ်သွားပေးပါ့မယ်..”

လီတိုဂရပ်ဖီ ပရောဂျက်ကို လင်းရီလက်ထဲမှ ခိုးယူထားခဲ့သော်လည်း မစ်ဆူမိသားစုမှာ ၎င်းကို အင်မတန် တန်ဖိုးထားဆဲပင်။

အစိတ်အပိုင်း တော်တော်များများကို သူတို့ ကော်ပိုရေးရှင်းက ထုတ်လုပ်နိုင်သော်လည်း အခြားသော အစိတ်အပိုင်းတစ်ချို့ကိုတော့ ပြင်ပ ထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်၏။

ပမာအားဖြင့် Cymer ၏ light source ( အလင်းအရင်းမြစ်) ၊ Zeiss ၏ မှန်များ(lense)စသဖြင့် ၎င်းတို့က မရှိမဖြစ် လိုအပ်သောကြောင့် ဤအပိုင်းတွေ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်လေသည်။

သို့သော် ယာမာဇူကီ မစ်ဆူမှ ဤသို့ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ခက်ခဲမှု တစ်စုံတစ်ရာ ရှိလိမ့်မည်လို့တော့ သူလုံး၀ မျှော်လင့်မထား။

မစ်ဆူမိသားစု၏ ကမ္ဘာအနှံ့ ဖြန့်ကျက်ထားသည့် လွှမ်းမိုးမှုများဖြင့် ဆိုပါက တစ်ဖက်သူမှာ ငြင်းဆန်ရန် အကြောင်းပြချက် ရှိမည် မဟုတ်လို့ သူထင်သည်။အရာအားလုံးက ဆွေးနွေးမှု မည်သို့မည်ပုံ သွားမလဲ ဆိုသည့်အပေါ်တွင်သာ မူတည်နေသည်။

ထိုအခိုက်အတန့်တွင် အဲလစ်က Cymer ၏ ခေါင်းဆောင် ကလယ်ရာနှင့်အတူ ထိုင်နေလျက် ရှိပြီး တစ်ယောက်ကို တစ်ယောက် တိုးတိုးတွတ်တွတ် စကားများ ပြောဆိုနေခဲ့ကြ၏။

“ မစ် အဲလစ်… မစ် ကလယ်ရာ.. ကျုပ် ဒီမှာ ထိုင်ခွင့်ရှိမလားမသိဘူး..”

ထိုနှစ်ယောက်ကို မြင်တော့ ယာမာဇူကီ အနွေးထွေးဆုံး ပြုံးလျက် ချိုသာယဉ်ကျေးစွာ ပြောဆိုလိုက်သည်။

အဲလစ် ခေါင်းမော့၍ ယာမာဇူကီ မစ်ဆူအား တစ်ချက်ကြည့်လိုက်၏။ အမူအရာ ကင်းမဲ့သည့် မျက်နှာထားဖြင့် သူမ ပြန်ပြောလိုက်သည်။

“ ရှင့် သဘောပဲ…”

ယာမာဇူကီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ အဲလစ်၏ နွေးထွေးပျူငှာမှု မရှိသည့် ထူးမခြားနားသည့် အမူအရာက သူ့အား အောင့်တီးအောင့်သက် ဖြစ်သွားစေသည်။

သူ၏ အဆင့်အတန်းဖြင့်ဆိုပါက ယခုလို ဆက်ဆံခံရဖို့ မသင့်ချေ။ သူမက သူ့ကို နှုတ်ပင် မဆက်ဘဲ ထိုသို့ ပြောပြီးနောက် သူမ ဘေးရှိ အဖော်နှင့် ဆက်လက် စကားပြောနေသည်။

ယင်းက လုံးလုံးလျားလျား မထီမဲ့မြင် ပြုလိုက်ခြင်းပင်။

“ မစ် အဲလစ်… မစ် ကလယ်ရာ… ကျုပ် မိန်းကလေးတို့နဲ့ ဆွေးနွေးချင်တာလေး တစ်ခုရှိလို့ပါ……..”

All Chapters