← Chapters

လှည့်ကွက်

Vol. 86 Ch. 1281

လှည့်ကွက်

Vol. 86 Ch. 1281

“ မစ္စတာလင်းက ငါ ဘယ်သူမှန်း သိနေပြီးမှတော့ တည့်ပဲ ပြောလိုက်တော့မယ်…”

“ ဒါပေါ့..”

“ ငါတို့ ဒီကိစ္စမှာ မှားသွားခဲ့တယ်… ကျေးဇူးပြုပြီး ဗွေမယူပါနဲ့… မစ္စတာလင်း… ငါတို့ဘက်က ထိုက်လျောက်တဲ့ ပမာဏကို ပြန်ပြီး ပေးလျော်သွားဖို့ ဆန္ဒရှိပါတယ်… မစ္စတာလင်းဘက်ကလည်း အများရဲ့ အမြင်ကို လှုပ်လှုပ်ရွရွဖြစ်အောင် လုပ်နေတာ ရပ်တန့်ပေးဖို့ မျှော်လင့်ပါတယ်…”

“ အိုး ခင်များ စကားကို သိပ်လွယ်လွယ်တွေ ပြောနေတာပဲ မစ္စတာ တာခါယာ… ခင်များက ကျုပ်နောက်ကွယ်မှာ လှည့်ကွက်တွေ သုံးပြီး ကစားတယ်… ကျုပ် ဒီကိစ္စကို ဒီလောက် လွယ်လွယ်လေးနဲ့ လက်လွှတ်ပေးလိုက်နိုင်မယ်လို့ ထင်လား…”

“ ဒါပေမယ့် အခြေအနေတွေက ဒီအထိတောင် ရောက်လာခဲ့ပြီးမှတော့ ဆက်လှုပ်ရှားရင်လည်း ဘယ်သူ့အတွက်မှ ကောင်းတော့မှာ မဟုတ်ဘူးလေ… သေချာစဉ်းစားပါဦး မစ္စတာလင်း…”

“ ကျုပ် သဘောမတူဘူး… ကျုပ်တို့ လင်းယွင်အုပ်စုရဲ့ ရှယ်ယာတွေက ဆက်တိုက်ဆိုသလို မြင့်တက်နေတာ… ကျုပ် နည်းနည်းထပ်ပြီး ကြာအောင် အချိန်ဆွဲထားချင်သေးတယ်… ဆိုတော့ ကျုပ်တို့ ဆက်ပြီး အချိန်ဖြုန်းနိုင်ကြဖို့ မျှော်လင့်ရတာပဲ..”

“ ဒါပေမယ့် အဲ့လိုလုပ်လို့ ဘာများ ထူးခြားသွားမှာမို့လို့…. ဘဏ်အကောင့်ထဲက ပိုက်ဆံ ပမာဏ တိုးလာတာပဲ ရှိမှာ… မစ္စတာလင်း… မင်းက မျက်တောင်တစ်ဆုံးစာလောက် မြင်တတ်တဲ့သူ လား… မင်း တန်ဖိုးထားတာက ဒီလို အကျိုးအမြတ် အသေးမွှားလေးတွေလို့ မထင်ဘူး…”

“ မစ်ဆူ အုပ်စုရဲ့ ဥက္ကဌကြီးလို့ မပြောရဘူး ခင်များကြီးက ဉာဏ်သိပ်ကောင်းတယ်…” လင်းရီ ပြောလိုက်ပြီး “ ကျုပ် တောင်းဆိုချင်တာ သုံးခုရှိတယ်… ခင်များ လုပ်နိုင်ရင် ကျုပ်ဘက်က ဖြေရှင်းပေးဖို့ အသင့်ပဲ…”

“ ပြောပါ မစ္စတာလင်း…”

“ ချိုးရွှီချိန် ဘယ်မှာလဲ ကျုပ်သိချင်တယ်…”

“ ပြဿနာ မရှိဘူး… ကျုပ်တို့ အပေးအယူ ပြီးတာနဲ့ သူ့ကို အာရှပြန်ပို့ပေးလိုက်မယ်… “

“ ဒုတိယက ကျုပ် မစ်ဆူ အကြီးစား စက်မှုလုပ်ငန်းရဲ့ အဓိက နည်းပညာ နည်းနည်းလောက် လိုချင်တယ်…”

၎င်းကို တောင်းဆိုရခြင်း ရည်ရွယ်ချက်ကတော့ လင်းရီ ထုတ်လုပ်ရေး နယ်ပယ်ထဲသို့ ခြေချချင်သောကြောင့်တော့ မဟုတ်ဘဲ လက်ဆောင်အဖြစ် အသုံးပြုချင်သောကြောင့်ပင်။

ဤသို့ဖြင့် သူ့တွင် ထပ်ပွားဖဲများ ကျန်ရှိနေပေလိမ့်မည်။

“ ဒါတော့ လုံးဝ မဖြစ်နိုင်ဘူး…”

တာခါယာမစ်ဆူ ချက်ချင်းလက်ငင်း ငြင်းဆိုလိုက်သည်။

မစ်ဆူ အကြီးစား စက်မှုလုပ်ငန်းက မစ်ဆူအုပ်စု၏ အဓိက မဏ္ဍိုင်ကျောရိုးကြီး ဖြစ်ပြီး အကယ်၍ သူတို့၏ နည်းပညာ အချက်အလက်များကိုသာ လင်းရီထံ လက်ကမ်းလိုက်ရမည် ဆိုပါက ဟွာရှ၏ လက်ရှိ စွမ်းဆောင်နိုင်စွမ်းနှင့် အရွယ်အစားအရ သူတို့၏ စက်မှုအရ အရေးပါမှု အခြေအနေလေး ပျောက်ဆုံးသွားပေလိမ့်မည်။ ယင်းက မစ်ဆူအုပ်စုကို တိုင်းတာမရသည့် အကျိုးစီးပွား ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပေမည်။

“ ခင်များက သဘောမတူနိုင်ဘူးဆိုမှတော့ ညှိနှိုင်းဆွေးနွေးစရာ အကြောင်းလည်း မရှိတော့ဘူး.. ဒီမှာတင် အဆုံးသတ်ကြတာပေါ့…”

“ ခဏလေး…”

လင်းရီ ဖုန်းချတော့မည့် အချိန်တွင်ပဲ တာခါယာ မစ်ဆူမှ အရေးတကြီး ပြောလာခဲ့၏။

“ တတိယ တစ်ခုက ဘာလဲ အရင်ပြော…”

“ တတိယ တောင်းဆိုမှုက ပိုပြီးတောင် ရိုးရှင်းပါသေးတယ်… တိုကျို TV ဌာနကိုသွား…ပြီးရင် ကျုပ်ကို ဦးညွှတ်ပြီး တောင်းပန်… ဒီသုံးချက် လုပ်ပေးနိုင်ရင် ကျုပ်တို့ကြားက ဖြစ်ပျက်ခဲ့သမျှကို သင်ပုန်းချေပေးလိုက်မယ်…”

လင်းရီ၏ တတိယအချက် တောင်းဆိုမှုက သူ၏ ကိုယ်ပိုင် အကျိုးစီးပွားကို အဆုံးစွန်ထိ မြင့်တင်လိုက်ခြင်းပင်။

အကယ်၍ တာခါယာ မစ်ဆူသာ TV သတင်းထဲတွင် သူ့အား ဦးညွှတ်တောင်းပန်မည် ဆိုပါက လင်းယွင်အုပ်စု၏ နိုင်ငံတကာ အဆင့်အတန်းသည် မြင့်တက်လာမည်မှာ မလွဲမသွေပင်။ ထို့နောက် သူ၏ ပိုင်ဆိုင်မှု ပမာဏသည်လည်း အနေအထား နောက်တစ်ခုသို့ မြင့်တက်သွားပေလိမ့်မည်။

ပိုက်ဆံက သူ့အဖို့ ကိန်းဂဏန်းတစ်ခုဆိုသော်လည်းပဲ ပိုပြီးရှိသွားလို့လည်း သူ စိတ်မဆိုး။

“ မစ္စတာလင်း.. ငါက ရိုးသားလေးနက်မှု အပြည့်နဲ့ လာခဲ့တာနော်… မင်းဘက်က သိပ်မလွန်နဲ့.. ပြီးတော့ မင်း ငါ့သမီးနဲ့ ရင်းနှီးပြီး မင်းတို့ချင်းက သူငယ်ချင်းကောင်းတွေဆိုတာ ငါသိတယ်… မင်း ဒီလောက်ထိ လုပ်ဖို့ လိုလို့လား…”

“ ခင်များက ကြောင်သူတော်လို့ကို မပြောရဘူး… ကိုယ့်သမီးကို ဘယ်လို အသုံးချရမလဲတော့ ကောင်းကောင်းသိသားပဲ… ဒါပေမယ့် နှမြောဖို့ကောင်းတာ ခင်များရဲ့ လုပ်ရပ်က ခွင့်လွှတ်လို့မရတဲ့ ကိစ္စဖြစ်နေတယ်….” လင်းရီ ပြုံးလျက် “ ခင်များ ကျုပ်နဲ့ ဇယားရှုပ်နေတဲ့ အချိန်တုန်းက ခင်များရဲ့ ဓားကိုလည်း တစ်ချိန်တည်း သွေးနေတာ… ခု ခင်များက သေရတော့မယ် ဆိုတော့ ကျုပ်ကို ခံစားချက်တွေ အကြောင်း လာပြောနေတယ်ပေါ့…. လုပ်စမ်းပါ… ကျုပ်တို့ အကုန်လုံးက စီးပွားရေး သမားတွေပဲ… ဟုတ်တယ်မလား… ဒီလိုမျိုးတွေ လုပ်လို့ အကျိုးရှိမယ် ထင်လား…”

တာခါယာမစ်ဆူ၏ ပြင်းထန်သည့် ရှူးရှူးရှားရှား ဖြစ်နေသည့် အသံကို ကောင်းစွာ ကြားနိုင်လေသည်။

ယင်းက ဒေါသကြောင့် ဖြစ်နေခြင်းပင်။

“ ငါ မင်းကို ပထမ တစ်ချက်ကလွဲရင် ဘာမှ သဘောမတူပေးနိုင်ဘူး…”

“ ဒါဆိုလည်း ဆက်ပြောနေစရာ အကြောင်းမရှိတော့ဘူး… ပြီးပြီပဲ မှတ်လိုက်ကြစို့.. ခင်များ သေချာစဉ်းစားပြီးတဲ့ အချိန်ကျရင်တော့ ပြန်ခေါ်လိုက်ပေါ့… မဟုတ်ရင် လာမခေါ်နဲ့…”

ပြောပြီးနောက် တာခါယာ မစ်ဆူကို ပြန်ပြောရန်ပင် အခွင့်အရေး မပေးဘဲ လင်းရီ ဖုန်းချလိုက်သည်။

ဘာပဲ ပြောပြော သူက အခု အသာစီး ရထားပြီးပြီလေ။ ထို့ကြောင့် စိုးရိမ်နေစရာ အကြောင်းမရှိချေ။ အလွန်ဆုံးရှိလှ ဆက်ပြီး အချိန်ဖြုန်းနေရန်သာ ရှိ၏။

လင်းရီ၏ တည်ငြိမ်မှုနှင့် နှိုင်းယှဉ်လိုက်ပါက မစ်ဆူ မိသားစုဘက်ခြမ်းတွင် အုံ့မှိုင်းပြီး လေထုအခြေအနေမှာ မွန်းကြပ်ဖွယ်ကောင်းနေတော့၏။

“ ဒီကောင် သိပ် တရားလွန်လွန်းတယ်..”

ဖုန်းချပြီးနောက် ယာမာဇူကီ မစ်ဆူမှ ကျိန်ဆဲလိုက်ပြီး “ ဘယ်လိုတွေတောင် တောင်းဆိုနေရဲတာလဲ…”

အာယာနဲ မစ်ဆူ သူမဖုန်းကို ပြန်ယူရင်း ထူးမခြားနားသည့် လေသံဖြင့် “ သမီးကတော့ အခွင့်အရေး ရှိသေးတုန်းပဲလို့ မြင်တယ်.. ဘာလို့လဲဆိုတော့ သူ့ဘက်က ညှိနှိုင်းဆွေးနွေးဖို့ ဆန္ဒရှိသေးတုန်းပဲ… တကယ်လို့ သူသာ မစ်ဆူ အုပ်စုကို တကယ်ကြီး အဆုံးသတ်ချင်နေရင် တောင်းဆိုမှုတွေ ပြုလာမှာတောင် မဟုတ်ဘူး… နောက်ကိစ္စတွေကိုတော့ အဖေတို့ဘာ အဖေတို့ ကိုင်တွယ်ကြတော့…”

ပြောပြီးနောက် အာယာနဲ မစ်ဆူ နောက်သို့လှည့်၍ ဗီလာထဲမှ ထွက်ခွာသွားခဲ့တော့သည်။

သူမက ဤအရေးကိစ္စတွင် အာဏာတစ်စုံတစ်ရာ မရှိလေရာ ဝင်စွက်ဖက်စရာ အကြောင်းလည်း မရှိချေ။

တူမဖြစ်သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ယာမာဇူကီ မစ်ဆူ၏ အာရုံသည် တာခါယာ မစ်ဆူထံ တစ်ဖန် ပြန်ရောက်သွားခဲ့ကာ “ အစ်ကို… မင်း ဘယ်လိုထင်လဲ… မင်း နောက်ဆုံး နှစ်ခုကိုတော့ လုံးဝ လိုက်လျောလိုက်လို့ မဖြစ်ဘူးနော်…”

“ ဒီ နယ်ပယ်က ငါတို့ရဲ့ အသက်သွေးကြော… ငါတို့ရဲ့ ဂုဏ်သိက္ခာ.. ငါ ကျိန်းသေပေါက် သဘောမတူနိုင်ဘူး..” တာခါယာ မစ်ဆူမှ ပြောလိုက်၏။

သူ နောင်တမရဟု ဆိုလျှင် မုသားဆိုရာ ကျပေလိမ့်မည်။

အကယ်၍ ယခုလို ဖြစ်မည်မှန်း ကြိုသိခဲ့ပါက လည်းပင်းပေါ် ဓားတင် ခြိမ်းခြောက်လို့ပင် သူ ပြုခဲ့မည် မဟုတ်ချေ။

“ ဒါပေမယ့် အခု မစ်ဆူ အုပ်စုရဲ့ ရှယ်ယာတွေက စပြီး ကျဆင်းနေပြီ… ထိခိုက်မှုက တော်တော်များတယ်… ဝန်ကြီးတောင် ဖုန်းဆက်ပြီး ပြောရတဲ့ အဆင့်ထိတောင် ရောက်နေပြီ… ငါတို့မှာ ရွေးချယ်စရာက သိပ်မရှိတော့ဘူ…”

“ ငါလည်း ဖြေရှင်းနိုင်မယ့် နည်းကို စဉ်းစားနေတာပဲကွ…” တာခါယာမစ်ဆူမှ ပြောလိုက်ပြီး “ အရေးတအား နိမ့်လွန်းနေတယ်… ငါ့စိတ်ထဲ ဘယ်လို ချဉ်းကပ်နည်းလမ်းကမှ အကျိုးမရှိသလိုပဲ…”

ယာမာဇူကီ ငြိမ်ကျသွားခဲ့၏။

ဟွာရှမှ ဂျပန်သို့ ပြန်လာခဲ့သည့် လမ်းတွင် သူသည်လည်း ဤကိစ္စကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်သောင်းအား စဉ်းစား အကြံထုတ်နေလေသည်။ သို့သော် မည်သည့်နည်းလမ်းကမျှ အလုပ်ဖြစ်လိမ့်မည်လို့ သူမထင်။

အဆုံးမရှိသည့် တိုင်ကို ပတ်နေရသကဲ့သို့ ရှိပြီး သူ့ဘက်က ငြင်းဆန်ပိုင်ခွင့်လည်း မရှိချ။

ရုတ်ချည်းဆိုသလို ယာမာဇူကီ မစ်ဆူ၏ မျက်လုံးများ အရောင်လက်လာခဲ့၏။

“ အစ်ကို… ငါအကြံရပြီ…”

“ ဘာလဲ….”

“ လင်းရီကို သတ်လိုက်ကြစို့…”

“ အဲ့တာ အကြံကောင်း မဟုတ်ဘူး…” တာခါယာ မစ်ဆူမှ ပြောလိုက်ပြီး “ ဒီလိုမျိုး အထိခိုက်မခံတဲ့ အချိန်ကာလမှာ တကယ်လို့ လင်းရီသာ တစ်ခုခု ဖြစ်သွားခဲ့ရင် လူအကုန်လုံးက ငါတို့ကိုပဲ သံသယ ရှိကြမှာ… ဒါ ကောင်းတဲ့ အချက်တော့ မဟုတ်ဘူး…”

“ အဲ့တာတော့ ငါလည်း သိတာပေါ့…” ယာမာဇူကီ မစ်ဆူမှ ပြောလိုက်ပြီး “ ဒါပေမယ့် ငါ့ရဲ့ အတွေးအကြံက သာမန် လုပ်ရိုးလုပ်စဉ်နဲ့ နည်းနည်းလေးတော့ ကွဲတယ်ဟ…”

“ ဆိုစမ်းပါဦး…”

“ ရွှေနက်ကော်ပိုရေးရှင်းက အယ်လက်ဆာ လက်သည်မပေါ်ဘဲ သေဆုံးသွားခဲ့ရတဲ့ ကိစ္စ မှတ်မိသေးတယ်မလား..”

“ မှတ်မိတယ်လေ…”

“ အဲ့ဒီ လက်သည်ကို လင်းရီခေါင်းစဉ်တပ်ပြီး ဂျက်ဖရီကို သူတို့ သတ္တုရိုင်း ယူသွားပါတယ်လို့ ပြောလိုက်မယ်… ဂျက်ဖရီလည်း ပြန်ပြီးလက်စားချေဖို့ ဆန္ဒရှိမယ်ဆိုတာ သေချာတယ်…”

“ ဂျက်ဖရီ သူ့ကို ပြန်ပေးဆွဲတာ မင်း လိုချင်နေတာလား..”

“ အင်း…” ယာမာဇူကီ ခေါင်းညိမ့်လိုက်ပြီး ဆက်လက်၍ “ အဲ့လိုဆိုရင် ငါတို့ လင်းရီကို ဒီကိစ္စ ရပ်တန်းကရပ်ဖို့ ဖိအားပေးလို့ရပြီ… နှစ်ဖက်လုံးကလည်း ကြေအေးပြီးမှ ဒီကိစ္စကို လူသိရှင်ကြား ကြေအေးပေးရမယ်… နောက်ဆက်တွဲ လင်းရီ ဘာဖြစ်တယ် ညာဖြစ်တယ်ကတော့ ငါတို့နဲ့ မသက်ဆိုင်တော့ဘူး..”

အဆိုပါ အကြံပြုချက်က တာခါယာမစ်ဆူကို မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားစေသည်။ သူ ချက်ချင်းဆိုသလို ဆွဲဆောင်ခံလိုက်ရ၏။

“ ဒါ အကြံကောင်းပဲ… ငါတို့အပေါ်လည်း ဘယ်သူမှ သံသယ ဝင်မှာ မဟုတ်တော့ဘူး… ဒါပေမယ့် မေးစရာရှိတာက ရွှေနက်ကော်ပိုရေးရှင်း ပြန်ပေးဆွဲလို့ရအောင် ငါတို့က ဘယ်လိုမျိုး အခွင့်အရေး ဖန်တီးပေးမှာလဲ…. လင်းရီရဲ့ ဟွာရှမှာ ရှိတဲ့ လက်ရှိ အဆင့်အတန်းအရဆိုရင် ရွှေနက် ကော်ပိုရေးရှင်းက အဲ့ဒီမှာ လှုပ်ရှားဖို့ သိပ်ခက်ခဲလောက်တယ်..”

“ သူ ချိုးရွှီချိန်ကို လိုချင်တယ်လို့ ဖုန်းထဲမှာ ပြောသွားတယ်မလား.. ငါတို့ ဒီကောင့်ကို ငါးစာလုပ်ပြီး ဂျပန်ရောက်အောင် မျှားထုတ်လာလို့ရတယ်လေ… ကိုင်း ဘယ်နှယ့်လဲ…” ယာမာဇူကီမှ ဂုဏ်ယူသံစွက်၍ ဟမ့်ခနဲ ပြုလုပ်လိုက်၏။

All Chapters