← Chapters

လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း

Vol. 86 Ch. 1282

လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း

Vol. 86 Ch. 1282

တာခါယာ မစ်ဆူ ခေါင်းငုံ့၍ အတန်ငယ်ကြာအောင် အတွေးနက်နေမိသည်။ မိနစ်ဝက်မျှ ကြာပြီးနောက် သူ ယခုလို ပြောလိုက်၏။

“ ဒီလိုပဲ ဖြေရှင်းလို့ရမယ်… ချိုးရွှီချိန်ကို ဆက်သွယ်လိုက်… ပြီးတော့ ရွှေနက်ကော်ပိုရေးရှင်းကိုရောပဲ… သူတို့ ဘယ်လိုထင်လဲ မေးကြည့်လိုက်…”

“ ငါ အခု လုပ်လိုက်မယ်…”

“ ဒါနဲ့ အာယာနဲကို ဒီကိစ္စ မသိစေနဲ့ဦး….” တာခါယာ မစ်ဆူမှ ပြောလိုက်ပြီး “ သူက လင်းရီနဲ့ တအား ရင်းနှီးတယ်… တကယ်လို့ ဒင်းလေးသာ သိသွားခဲ့ရင် သူ လင်းရီကို ပြန်ပြီး သတင်းပို့လောက်တယ်…”

“ အစ်ကို… ငါတော့ မင်း ဒီကိစ္စမှာ ပိုပြီး ကြပ်ကြပ်မတ်မတ်ရှိရင် ကောင်းမယ်လို့ ထင်တယ်..”

“ ဘာကိုတုန်း…”

“ တကယ်လို့ ငါတို့ အာယာနဲဆီကနေ ဖုံးကွယ်ဖို့ ကြိုးစားမယ်ဆိုရင် လင်းရီသူ့ဆီ ဆက်သွယ်လာလောက်တယ်…” ယာမာဇူကီ မစ်ဆူမှ ပြောလိုက်ပြီး “ သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့သာဆိုရင် အာယာနဲနဲ့ ဖုန်းပြောလိုက်တာနဲ့ ဘာတွေ မှားယွင်းနေလဲ ချက်ချင်း သတိထားမိသွားနိုင်တယ်…”

“ ဆိုတော့ မင်းသဘောက……..”

စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် ယာမာဇူကီ မစ်ဆူမှ တာခါယာမစ်ဆူကို မျက်လုံးချင်း ဆိုင်ကြည့်လိုက်ကာ “ ဒီရက်ပိုင်းတွေမှာတော့ အာယာနဲကို အရင်ဆုံး အကျယ်ချုပ် ချထားကြတာပေါ့… ကိစ္စပြီးမှပဲ သူ့ကို ပြန်လွှတ်ပေးကြမယ်…”

“ ကောင်းပြီ… မင်း ပြောတဲ့အတိုင်းပဲ…”

“ ငါ အခုပဲ စီစဉ်လိုက်တော့မယ်…”

ထိုညတွင် နင်ချဲ့နှင့် ချိုးယွီလော့တို့မှ လင်းရီကို ညစာစားရင်း အတူသောက်ရန် ဖိတ်ခေါ်လာခဲ့၏။ သို့မှသာ ကြောင့်ကြမဲ့ပြီး လိုတရ ဘဝမျိုးကို ပိုင်ဆိုင်နိုင်ပေမည်။

ကလင် ကလင် ကလင်…

ည ဆယ်နာရီ ဝန်းကျင်လောက် သုံးယောက်သား ဘားတွင် သောက်လို့ ကဲလို့ ဝပြီး ညလယ်စာ တစ်ခေါက်စားကာ အိမ်ပြန်တော့မည့် အချိန်တွင် လင်းရီ၏ ဖုန်းသံ မြည်ဟီးလာသည်။ အမည်မသိ နံပါတ်တစ်ခု ဖြစ်နေကြောင်း သူ သတိထားမိလိုက်၏။

“ မစ္စတာလင်း… ငါပါ… တာခါယာ မစ်ဆူ…”

လင်းရီ နာရီငုံ့ကြည့်လိုက်၏။ ယခုလို အချိန်ကြီး ဖုန်းဆက်လာသည်က တစ်ခုခုတော့ မဟုတ်ဟု သူ့မသိစိတ်က ပြောပြနေသည်။

“ ဆိုတော့ ခင်များ ဆုံးဖြတ်ပြီးသွားပြီပေါ့..”

“ ငါစဉ်းစားပြီးသွားပြီ…” တာခါယာ မစ်ဆူမှ ပြောလိုက်ပြီး “ ငါမင်းရဲ့ တောင်းဆိုချက် သုံးခုကို သဘောတူတယ်… ငါ အခု ချိုးရွှီချိန်ကို ဆက်သွယ်နေပြီ…”

“ ခင်များရဲ့ ဦးဆောင်မှုအောက်မှာ မစ်ဆူအုပ်စုက ကြီးထွားလာတာ မဆန်းတော့ပါဘူး… ခင်များက တကယ့်ကို ဆရာကြီးပဲ…” လင်းရီ ပြောလိုက်ပြီး “ ချိုးရွှီချိန်ကို ဆက်သွယ်ပြီးရင် ရန်ကျင်းကိုပဲ လွှတ်လိုက်…. ကျုပ် သူ့ကို လူလွှတ်ပြီး ခေါ်ခိုင်းလိုက်မယ်…”

“ ဒီကိစ္စ နည်းနည်းလေး မလွယ်ကူမှာကိုတော့ ငါ စိုးရိမ်မိသား…” တာခါယာမစ်ဆူမှပြောလိုက်ပြီး “ ငါ့လူတွေ ဖုန်းပြောတုန်းက သူ့ကို စမ်းသပ်ကြည့်ပြီးပြီ… သူ ဟွာရှနဲ့ ပတ်သက်ပြီး အရမ်းကို သတိထားနေတာ… ဒီတော့ သူ့ကို ဟွာရှပို့ဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး… တကယ်လို့ မစ္စတာလင်း စိတ်မရှိဘူးဆိုရင် ငါတို့ သူ့ကို ဂျပန်လာခဲ့ခိုင်းလိုက်မယ်… တစ်လက်စတည်း လီတိုဂရပ်ဖီစက်ရယ် ၊ ငါတို့ မစ်ဆူ အကြီးစား စက်မှုလုပ်ငန်းတွေရဲ့ အချက်အလက်တွေကို ဆွေးနွေးလို့လည်း ရသွားတာပေါ့… “

“ ဂျပန်ကိုလား……..”

လင်းရီ ရေရွတ်မိသွားခဲ့သည်။ သူ့စိတ်ထဲ မရိုးရှင်းဟု မသိုးမသန့် ခံစားနေရ၏။ ဤသည်က ကျိန်းသေပေါက် ပရိယာယ် တစ်ခု ဖြစ်ရပေမည်။

“ မစ္စတာလင်း .. အထင်တွေ မလွဲပါနဲ့…. ငါက ဒီတိုင်း တခြား ရည်ရွယ်ချက်တွေ မရှိကြောင်း ပြသချင်လို့ပါ…” တာခါယာ မစ်ဆူမှ ပြောလိုက်ပြီး “ တကယ်လို့ စိုးရိမ်တယ်ဆိုလည်း တခြား နေရာ ရွေးလိုက်လို့ရတာပဲလေ…”

“ အဲ့လောက်ထိ ဒုက္ခများစရာ မလိုပါဘူး…” လင်းရီ ပြောလိုက်ပြီး “ ချိုးရွှီချိန် ရောက်ရင်သာ ကျုပ်ကို အသိပေးလိုက်…”

“ ကောင်းတယ်…”

ညှိနှိုင်းဆွေးနွေးပြီးနောက် လင်းရီ ဖုန်းချလိုက်၏။

ချိုးယွီလော့နှင့် နင်ချဲ့တို့မှ သူ့ကို မွေးခွန်းထုတ်သော အကြည့်တို့ဖြင့် ကြည့်လာခဲ့ကြသည်။

“ မစ်ဆူမိသားစုက နင့်ကို ဖုန်းဆက်လာတာလား…”

" အေး...."

“ ဟင်… သူတို့က နင့်ရဲ့ တောင်းဆိုမှုတွေကို သဘောတူလိုက်ကြပြီပေါ့… “

“ ဒါပေမယ့် ငါကြားလိုက်တာ နင် ဂျပန်ကို သွားတော့မယ် ဆိုလားပဲ… အဲ့တာ ဘာလဲလုပ်မို့…”

“ သူတို့က ချိုးရွှီချိန်ကို ခေါ်ပြီး ဂျပန်မှာ လွှဲပြောင်းပေးမယ်တဲ့… တစ်လက်စတည်း မစ်ဆူ စက်မှုလုပ်ငန်းအကြောင်းလည်း ဆွေးနွေးရင်းပေါ့..” လင်းရီ အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

“ ကောင်းသားပဲ..” နင်ချဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် သေချာတွေးကြည့်ရင် အဓိပ္ပာယ်တော့ သိပ်မရှိသလိုပဲနော်…”

“ သူတို့ ကောက်ချက်ချလိုက်တာကြီးက တအား စောလွန်းနေတယ်… မစ်ဆူ အကြီးစား စက်မှုလုပ်ငန်းရဲ့ နည်းပညာတွေ မျှဝေပေးပြီး အများရဲ့ ရှေ့မှောက် တောင်းပန်တာက မစ်ဆူအုပ်စုကို လီတိုဂရပ်ဖီ ဂယက်လောက်အထိကို ထိခိုက်သွားစေနိုင်တယ်… ဒီလောက်ထိ စိတ်လိုလက်ရ လိုက်လျောပေးနေတာကြီးက ဟုတ်တော့ မဟုတ်သေးဘူးနော်…”

အမှန်တော့ မစ်ဆူ ညီအစ်ကို နှစ်ယောက်လည်း သူတို့၏ အကြံထဲတွင် ချွတ်ယွင်းချက်များ ရှိနေသည်ကို သတိထားမိကြသည်။ သို့သော် သူတို့ ဂရုမစိုက်….

သူတို့ လိုအပ်သည်က လင်းရီကို ဂျပန်အရောက် ခေါ်နိုင်ဖို့ရာပင်။ အခြေအနေသာ ပေးပါက သူတို့အောင်မြင်ပေလိမ့်မည်။

ယင်းက ဘာကြောင့်လဲဆိုတော့ နောက်ဆက်တွဲ ကိစ္စရပ်များကို ရွှေနက်ကော်ပိုရေးရှင်းကသာ ကိုင်တွယ်မည် ဖြစ်ပြီး သူတို့နှင့် ဘာမျှ မသက်ဆိုင်တော့သောကြောင့်ပင်။

လင်းရီ၏ ရှင်းပြချက်က ချိုးယွီလော့နှင့် နင်ချဲ့ကို အတွေးဝင်သွားစေသည်။

“ နင် ဘာတွေ စဉ်းစားနေတာ… ချိုးရွှီချိန်ကို ခေါ်ဖို့ တကယ်ကြီး ဂျပန်သွားတော့မလို့လား…”

“ ငါ သေချာပေါက်ကို သွားမှာ…” လင်းရီ ပြောလိုက်ပြီး “ သူ ငါ့ကို သောက်ပြဿနာတွေ တော်တော်ကြီး ပေးသွားခဲ့တာ… ဘယ်လိုပဲ ဖြစ်ဖြစ် သူနဲ့ တွေ့ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပစ်ရမယ်…”

မိန်းကလေး နှစ်ယောက်မှာ ကြက်သီးတဖြန်းဖြန်း ထသွားခဲ့၏။ လင်းရီ၏ ပုံစံအရ ချိုးရွှီချိန်ဆိုသည့် လူသာ အဖမ်းခံရမည်ဆိုပါက သေသည်အထိ ဆော့ကစား ခံရလောက်ပေသည်။

ကလင် ကလင် ကလင်….

လင်းရီဖုန်းသံ ထပ်မံ မြည်လာခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ ဆက်သွယ်လာသူမှာ လျိုဟုန်ပင်။

“ မင်းတို့ သုံးကောင် အတူရှိနေတာလား…”

“ ဟုတ်တယ် ဘော့စ်…”

“ ငါ့ရုံးခန်းကို နာရီဝက်အတွင်း ရောက်အောင် လာခဲ့ကြ…”

လျိုဟုန်၏ အမိန့်ပေးသည့် လေသံကို ကြားတော့ သုံးယောက်လုံး တစ်စုံတစ်ရာ ဖြစ်ပျက်နေပြီကို သတိထားမိသွားခဲ့ကြသည်။

“ ဟုတ်ကဲ့…”

လင်းရီ အပိုစာသားများ ပြောမနေတော့ချေ။ သူ ဖုန်းချ၍ ကျုံးဝေ့တပ်ဖွဲ့ လေ့ကျင့်ရေး စခန်းထံ မောင်းနှင်လာခဲ့လိုက်၏။

နာရီဝက်ကြာပြီးနာက် လေးယောက်သား ရုံးခန်းထဲတွင် စုဝေးကြသည်။

“ ဘာကိစ္စလဲ… ဘာလို့ ကျုပ်တို့ကို အလျင်စလို ပြန်ခေါ်လိုက်ရတာ…” လင်းရီ ပြောလိုက်ပြီး “ ကျုပ်တို့ ညလယ်စာ စားဖို့ စောင့်ရင်း တန်းလန်း အပြေးလာခဲ့ရတာနော်…”

“ ညလယ်စာက ငါ့ရဲ့ rank ပွဲနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး… ငါဆို ကစားရင်းတန်းလန်း afk ခဲ့ရတာကွ…” လျိုဟုန် ပြောလိုက်သည်။

“ အသင်း ၄ ဆီကနေ သတင်းရထားတယ်… တိလိရာ့ ကျွန်းပေါ်မှာ စခန်းချထားတဲ့ ပေါလ်က သူ့လူနဲ့အတူ ညတွင်းချင်း ကျွန်းကနေ စွန့်ခွာသွားခဲ့ပြီ… ဒါ ကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူး…”

လင်းရီ ပေါလ်ကို စိတ်ထဲတွင် ကောင်းစွာ သိသည်။

သူက ဂျက်ဖရီ၏ ကေဒါ သုံးဦး ( အထူးစစ်သား) ထဲမှ တစ်ဦးဖြစ်၏။ သို့သော် ယခု တစ်ဦးသာလျှင် ကျန်ရစ်တော့ပြီး ထိုတစ်ဦးကလည်း အသန်မာဆုံးပင်။

ထင်မှတ်မထားစွာဖြင့် ကျွန်းပေါ်မှ ရုတ်ချည်း ထွက်ခွာလာခဲ့လေသည်။

“ တခြား သတင်းရော ရှိသေးလား…” လင်းရီ မေးမြန်းလိုက်၏။

“ မရှိသေးဘူး… သူတို့ ပြန်လာနေပြီဆိုတာပဲ သိတယ်… ဘာလုပ်ဖို့လဲ ဆိုတာတော့ မသိရသေးဘူး…”

“ အရင်တစ်ခါ ဂျင်မီနဲ့ အယ်လက်ဆာတို့ အရေးတကြီး ပြန်လာခဲ့တာ ဂျပန်က လူတွေနဲ့ အလဲအလှယ် လုပ်ချင်လို့ပဲ… ခုလည်း အဲ့လိုများ ဖြစ်နေမလား မသိဘူးနော်…” နင်ချဲ့ ပြောလိုက်၏။

“ အဲ့ဒီ ဖြစ်နိုင်ချေကိုလည်း ကျော်သွားလို့မရဘူး… "

“ ဒါပေမယ့် သူတို့ရဲ့ ဂျပန်က အလဲအလှယ် ကိစ္စတိုင်း ပျက်စီးသွားရတာချည်းပဲလေ… သူတို့ ဂျပန်က လူတွေနဲ့ ထပ်ပြီး လက်တွဲဝံ့ပါ့ဦးတော့မလား…”

“ ပြီးတော့ ရွှေနက်ကော်ပိုရေးရှင်းမှာ ပေါလ်ရဲ့ အဆင့်အတန်းက အချက်အချာကျတယ်… အရေးကြီးတာမှ မဟုတ်ရင် ဂျက်ဖရီက ပြန်လာခိုင်းမှာ မဟုတ်ဘူး…” စက္ကန့်အနည်းငယ်ကြာအောင် ရပ်တန့်ပြီးနောက် ချိုးယွီလော့ ဆက်ပြော၏။

“ ပြီးတော့ အဓိကကျတဲ့ လူနှစ်ယောက် ဆုံးရှုံးထားရတယ်ဆိုတော့ ဂျက်ဖရီ ဗီဇ သွေးရည်ကြည်တွေ ရဖို့ အားသန်နေမှာ မဟုတ်လောက်တော့ဘူး… ကုမ္ပဏီတွင်းက ကိစ္စပြဿနာတွေကိုပဲ အရင် အာရုံစိုက်လောက်တယ်…”

သုံးယောက်လုံး ချိုးယွီလော့၏ စကားများကို တိတ်တဆိတ် ထောက်ခံလိုက်ကြသည်။

ဤသည်က ဇနီးနှစ်ယောက်နှင့် လက်ထပ်ထားပြီးသည့် အမျိုးသားတစ်ယောက်မှ ဇနီး နှစ်ယောက်လုံး၏ ဖောက်ပြန်ခြင်းကို ခံလိုက်ရသည်နှင့် သွားပြီး ဆင်တူနေသည်။ သူ့အတွက် မည်သည်ကိုမျှလည်း ချန်ထားရစ်ပေးခဲ့ခြင်း မရှိချေ။

အကယ်၍ သူသာ သူ၏ ကိုယ်ပိုင် ပြဿနာကို ဆင်ခြင် သုံးသပ်ခြင်း မပြုပါဘဲ ပိုက်ဆံချေး၍ အခြား ဇနီးတစ်ယောက်ကို ထပ်မံ လက်ထပ်နေဦးမည် ဆိုပါက ငနဲ၏ စိတ်မှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

“ နင့်ရဲ့ တွေးပုံတွေးနည်း အရဆိုရင် ဂျက်ဖရီ ပေါလ်ကို ပြန်ခေါ်လိုက်တာ ဂျင်မီနဲ့ အယ်လက်ဆာရဲ့ သေမှုသေခင်းကို စုံစမ်းစစ်ဆေးဖို့များလား မသိဘူးနော်…” နင်ချဲ့မှ ပြောလိုက်ပြီး “ ဒါမှမဟုတ် ဂျက်ဖရီက လက်သည်ကို သိသွားပြီး ပေါလ်ကို လက်စား ပြန်ချေခိုင်းဖို့ ခေါ်လိုက်တာမျိုးလည်း ဖြစ်နိုင်တာပဲလေ…”

All Chapters