အသင်း ၄ ကလူတွေ ရှုံးလို့မရဘူး
Vol. 86 Ch. 1287
လှေကားထစ်ခုံတွင် မတ်တပ်ရပ်နေသည့် လျိုဟုန်မှ အားရကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
ယခင် စစ်ဆေးမှုကတည်းကရင် သူတို့နှစ်ယောက်က အသင်း ၁ ထဲ ဝင်ရောက်ချင်သည့် ပြင်းပြသည့် စိတ်ဆန္ဒတို့အား ထုတ်ဖော်ခဲ့ကြသည်။
ယခုလို အချိန်တွင်တောင်မှ အသင်း ၁ ထဲ ဝင်ရန်သာ ခေါင်းမာနေပြီး အသင်း ၄ ကို မရွေးချယ်ခဲ့ကြချေ။
ရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင်တော့ ၎င်းတို့က သစ္စာရှိသည်ဟု ပြော၍ရ၏။
ချိုးယွီလော့နှင့် နင်ချဲ့သည်လည်း ၎င်းတို့၏ အားရကျေနပ်မှုအား ဖုံးကွယ်ရန်ငှာ မစွမ်းသာခဲ့ကြချေ။
သူမတို့အကုန်လုံး အပြုံးကိုယ်စီနှင့် ဖြစ်သွားခဲ့ကြ၏။
ကျူးကျွင်းချီ၏ အမူအရာ အုံ့မှိုင်းညို့သွားခဲ့၏။
ဤသည်က သူ မျှော်လင့်ထားသည့် အဖြေမျိုး မဟုတ်ခဲ့ချေ။
သူ၏ အမြင်တွင် ၎င်းတို့နှစ်ယောက်က ငြင်းပယ်ချင်သည် ဆိုလျှင်တောင်မှ ထိုမျှ တိုက်ရိုက်ဆန်နေလိမ့်မည်လို့ သူ မထင်။
“ ဟမ့်..”
ကျူးကျွင်းချီ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် အထင်သေးမှုက အတုံးလိုက်အတစ်လိုက် ဖြစ်ပေါ်နေသည်။
“ အသင်းခေါင်းဆောင်လင်းက တကယ့်ကို အမေးဇင်းပါလား… လူရွေးပွဲတောင် မပြီးသေးဘူး မင်းက မင်းရဲ့ လက်အောက်ငယ်သားတွေကို သစ္စာရှိအောင် လုပ်နိုင်စွမ်းရှိနေပြီ… ဘယ်လိုတောင် လေးစားစရာ ကောင်းထားလိုက်လဲ…”
“ တကယ်တမ်းကျ… ငါ ဘာမှကို မလုပ်ထားရတာ..” လင်းရီ ပြုံးလျက်ဖြင့် “ မင်းက တအား ရုပ်ဆိုးလွန်းတော့ စိတ်မဝင်စားတာလည်း ဖြစ်နိုင်တာပဲလေ… ရှင်းနေတာပဲ မဟုတ်ဘူးလား…”
သင်တန်းသား တစ်အုပ်စုမှ ရယ်မောလိုက်ကြ၏။
ခေါင်းဆောင်လင်းက အံ့ဩစရာပဲ။ သူက အသင်း ၄ အဖွဲ့သားတွေကိုတောင် ဖုတ်လေတဲ့ငပိ ရှိတယ်တောင် မထင်ဘူး။
သို့သော် လာရောက်ယှဉ်ပြိုင်ကြသူများက သောက်ရူးတော့ မဟုတ်ကြပေ။
ခေါင်းဆောင်လင်းနှင့် ဤ ကျူးကျွင်းချီဆိုသည့် လူမှာ ပတ်သက်မှုကောင်းများ မရှိကြသည်ကို ခန့်မှန်းမိကြလေသည်။
မဟုတ်ပါက ထိုကဲ့သို့ စကားမျိုး ပြောမည် မဟုတ်ချေ။
ကျူးကျွင်းချီ ခေါင်းငဲ့၍ ဒေါသမျက်ဝန်းတို့ဖြင့် လင်းရီကို စိုက်ကြည့်လိုက်သည်။
သို့သော် လျိုဟုန် ရှိနေသဖြင့် သူ ဒေါသကို ကောင်းစွာ ထိန်းချုပ်ထားပြီး စွေ့ချန်နှင့် ယွီစီယင်တို့ဘက် တစ်ဖန် ပြန်လှည့်ကြည့်လိုက်၏။
“ မင်းတို့ကောင်တွေက D အဆင့် ရောက်ပြီဆိုတိုင်း ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်လို့ရတာ မဟုတ်ဘူး… ဖြစ်ချင်တော့ အခု ငါလည်း ရှိနေတယ်… ဒီတော့ ငါက အသင်းခေါင်းဆောင်လင်း ကိုယ်စား မင်းတို့ကို စစ်ဆေးပေးမယ်… မင်းတို့ ငါ့ကို အနိုင်မယူနိုင်ရင် ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်လို့မရဘူး…”
ချိုးယွီလော့နှင့် နင်ချဲ့တို့ မျက်မှောင်ကုပ်သွားခဲ့ရသည်။
ကျူးကျွင်းချီဆိုသည့်ကောင်မှာ အဆင့် D အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူ၏ တိုက်ပွဲခွန်အားကလည်း လင်းရီနှင့် ညီတူနီးပါးရှိသည်။
စွေ့ချန်နှင့် ယွီစီယင်ဆိုသည်မှာ D အဆင့်သို့ ဝင်ရောက်ခါစ ဖြစ်၏။ သူတို့နှစ်ယောက် အတူပေါင်းတိုက်စေကာမူ ၎င်း၏ ပြိုင်ဘက် ဖြစ်ဖို့ရာ မသေချာပေ။
“ ကျွန်တော်တို့နဲ့ လက်ရည်ဖလှယ်ချင်တာလား…” စွေ့ချန် မော်ကြွားခြင်းလည်း မရှိသကဲ့သို့ နိမ့်ချခြင်လည်း မရှိသော လေသံမျိုးဖြင့် မေးမြန်းလိုက်သည်။
သူ၏ မျက်နှာထက်တွင်တော့ စိတ်လှုပ်ရှားနေမှု တစ်စွန်းတစ်စကိုပင် မြင်ယောင်နိုင်လေသည်။
သူ့ဘေးရှိ ယွီစီယင်သည်လည်း ထိုနည်းလည်းကောင်းပင်။ တိုက်ခိုက်ချင်စိတ် အပြည့်နှင့် ဖြစ်နေခဲ့၏။
ဒဏ္ဍာရီလာ အသင်း ၄ အဖွဲ့ဝင်များ၏ ခွန်အားကို သူတို့တတွေ ကောင်းစွာ သိရှိချင်နေကြသည်။
ကျူးကျွင်းချီ လက်နောက်ပစ်လျက်သားဖြင့် “ မင်းတို့နှစ်ယောက်က မဆိုးဘူး… ဒါကြောင့်မို့ ဒီနေ့ ငါမင်းတို့ကို လေ့ကျင့်ပေးမယ်.. ဒါပေမယ့် ဘာပဲပြောပြော ငါက ကျုံးဝေ့တပ်ဖွဲ့ထဲမှာတောင် ကျွမ်းကျင်သူလို့ သတ်မှတ်လို့ရတယ်… ပြီးတော့ ငါက အမြဲတမ်း အသင်း ၄ မှာ.. ဒီလိုမျိုး မင်းတို့ကို တိုက်ခိုက်မယ်ဆိုရင် လူတွေက အားနည်းတဲ့ သူတွေကို အနိုင်ကျင့်တယ် ပြောနေကြဦးမယ်… ဒီတော့ ငါမင်းတို့ကို လက်တစ်ဖက် အကြောပေးမယ်…”
“ လက်တစ်ဖက် အကြောပေးမယ် ဟုတ်လား….”
စွေ့ချန် ပြောလိုက်ပြီး “ မလိုဘူး… ခင်များ ခွန်အား အပြည့် သုံးလို့ရတယ်…”
“ လက်သီးအားတွေက တိုင်းတာလို့ ရတာမဟုတ်ဘူးနော်… ငါ့ခွန်အား အပြည့်သုံးမိသွားရင် မင်းတို့ကို ထိခိုက်အောင် လုပ်မိသလို ဖြစ်သွားလိမ့်မယ်… အဲ့လိုဆို ကောင်းမှာ မဟုတ်ဘူး…” ကျူးကျွင်းချီ အပြုံးလေးဖြင့် ပြောလိုက်၏။
စိတ်ထဲတွင်တော့ သူ့ကိုယ်သူ အကျေနပ်ကြီး ကျေနပ်နေတော့သည်။
“ မျိုးရိုးနာမည် ကျူး(ဝက်)နဲ့ တစ်ယောက်…” ထိုအချိန် လင်းရီမှ ပြောလိုက်၏။
“ မင်း ဘယ်သူ့ကို ပြောနေတာတုန်း..” ကျူးကျွင်းချီ အေးစက်စက် မေးမြန်းလိုက်သည်။
“ ဒါပေါ့… ဘယ်သူရှိရမှာ.. မင်းကိုပေါ့…” လင်းရီ ပြုံးလိုက်ပြီး “ အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ အသင်းသား တစ်ယောက်ကို အဲ့လိုခေါ်တာ မမှားဘူး ဟုတ်တယ်မလား…”
ကျူးကျွင်းချီ၏ မှေးပါသည်ဆိုသည့် မျက်လုံးတို့ ကျဉ်းမြောင်းသွားလေရာ မြင်ပင် မမြင်ရတော့ချေ။
“ မင်း စကားကို ကြည့်ပြောရင် ကောင်းမယ်..”
လင်းရီ ပခုံးတွန့်လိုက်ပြီး “ ငါပြောတာ မှားလို့လား.. ငါတော့ မထင်ဘူးနော်…”
“ ဟမ့်… ဒီနှစ်ယောက်က မတော်လို့ ငါ လက်တစ်ဖက် အကြောပေးထားတာတောင် ငါ့ကို နိုင်မယ် မထင်လို့ မင်း ငါ့ကို တားမလို့မလား…”
“ မဟုတ်ဘူး… ငါ သူတို့ရဲ့ အဆင့်ကို ကောင်းကောင်းသိတယ်… သူတို့ ငါ့ကို မနိုင်ဘူးဆိုပေမယ့် မင်းလောက်ကတော့ အေးဆေး ကိုင်တွယ်လို့ရတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဒီ လူ အယောက် ၃၀၀ ကျော်ကပါ အသင်း ၁ ထဲ ဝင်ချင်နေကြတယ်… မင်းကလည်း ဒီရောက်နေတယ်ဆိုတော့ တစ်လက်စတည်း သူတို့အားလုံးကိုပါ ကူပြီး လေ့ကျင့်ပေးလိုက်…”
“ အကုန်လုံးကို လေ့ကျင့်ပေးရမယ် ဟုတ်လား….” ကျူးကျွင်းချီ မျက်ခုံးပင့်လျက် “ ငါ့ကို သောက်ရမ်း အားယားနေတယ်များ ထင်နေလား… လူတွေ ဒီလောက်များတာ အကုန်လုံးသာ လေ့ကျင့်ပေးရလို့ကတော့ မိုးချုပ်တောင် မပြီးဘူး…”
ဘေးတွင် ရပ်နေသည့် ဝေ့ရွှယ်မှာမူ လင်းရီအား ငေးကြည့်နေမိ၏။ အကယ်၍ သူသာ ဤလူ အကုန်လုံးကို လေ့ကျင့်ပေးဖို့ တောင်းဆိုနေသည် ဆိုပါက ရှိသမျှ လူအားလုံး အမှောက်သိပ်ခံလိုက်ရမည်မှာ ကျိန်းသေသလောက်ရှိသည်။
ဆိုလျှင် သူက ဘာတွေများ စဉ်းစားနေတာပါလိမ့်။
နင်ချဲ့၏ မျက်လုံးများသည်လည်း ဂနာမငြိမ် ဖြစ်သွားခဲ့သည်။
ဘာဖြစ်တော့မလဲဆိုတာကို သူမ မသိပေမယ့် လင်းရီ တစ်ခုခု လုပ်မို့ ကြံနေသည်ကိုတော့ သူမ ကောင်းကောင်းကြီးသိသည်။
ကျူးကျွင်းချောင်ဆိုတဲ့ ကောင်ကတော့ ဒုက္ခိတ ဖြစ်ရချေတော့မည်။
“ မင်းရဲ့ အချိန်တွေက အဖိုးတန်ပြီး မင်းရဲ့ ခွန်အားကလည်း ဖြုန်းတီးလို့မရဘူးဆိုတာ ငါသိတယ်… ဒီတော့ ငါလည်း မင်းကို သူတို့ တစ်ယောက်ချင်း လေ့ကျင့်ပေးဖို့ မတောင်းဆိုဘူး…”
လင်းရီ တစ်ဖက်သို့ပြန်လှည့်ပြီး လူ ၃၀၀ ကျော်ဘက်သို့ လှည့်ကာ “ စစ်မြေပြင်မှာ မင်းတို့ရဲ့ ရဲဘော်ရဲဘက် ထိခိုက်သွားခဲ့ရင် မင်းတို့ ဘာလုပ်မလဲ…”
“ သွေးကြွေး အတွက် သွေးပဲ…”
“ မဆိုးဘူး..” လင်းရီ လေးနက်စွာ ခေါင်းညိမ့်လိုက်ပြီး ကျေနပ်စွာဖြင့် “ အခု ဒီ ကျူးက မင်းတို့ရဲ့ ရဲဘော်ရဲဘက်တွေကို လေ့ကျင့်ပေးချင်နေတယ်.. ဒါ တစ်သက်မှာ တစ်ခါသာ ရနိုင်မယ့် အခွင့်အရေးမျိုး… မင်းတို့ သူ့ ညွှန်ပြမှုသာ ရလိုက်ရင် တိုးတက်လာမှာ ကျိန်းသေပေါက်ပဲ..”
“ ဆိုတော့ အခု ဆက်ပြီး အချိန်ဖြုန်းမနေကြနဲ့တော့… အားလုံး အတူစုပေါင်းပြီး တိုက်ခိုက်ကြ… မင်းတို့ ရှုံးနိမ့်တယ်ဆိုရင်တောင် ရှက်စရာ မရှိဘူး… ဒါပေမယ့် မတော်လို့များ အနိုင်ရသွားခဲ့ရင် ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တဲ့ လူတွေကို ခြွင်းချက်ထားပေးပြီး အသင်း ၁ ထဲ ခေါ်မယ်.. အိုကေ… ခု စလိုက်ကြရအောင်…”
နင်ချဲ့ “ ??? “
ကျူးကျွင်းချီတွင် တမူထူးခြားသည့် တိုက်ပွဲနည်းစနစ်တို့ ရှိသည်ဆိုလျှင်တောင် ဤတစ်သုတ်တွင် ရှိနေသည့် လူဦးရေက ၃၀၀ ကျော်သည်။
တစ်ဦးတစ်ယောက်ချင်းစီ၏ အရည်အချင်းက ကျူးကျွင်းချီကဲ့သို့ ကောင်းမွန်မည် မဟုတ်သော်လည်း လူပေါင်းများစွာ စုစုစည်းစည်း တိုက်ခိုက်လာမည် ဆိုလျှင်တော့ တစ်ဖက်သူအား ဘဝကို မေးခွန်းပြန်ထုတ်သွားစေရန် လုံလောက်၏။
ချိုးယွီလော့ “ ဒီကောင့် ဦးနှောက်က တကယ့်ကို လှည့်ကွက် အပြည့်နဲ့ပဲ…”
လင်းရီ၏ စကားလုံးများက အောက်ရှိ လူအုပ်ကြီးကို အတော်လေး ဖျားယောင်းနိုင်လိုက်သည်။
သူတို့ အားလုံး ကျူးကျွင်းချီကို တောက်ပနေသည့် မျက်လုံးတို့ဖြင့် ကြည့်နေကြတော့၏။
ငနဲသားမှာတော့ ကျောတစ်ပြင်လုံ ချွေးအေးတို့ဖြင့် ရွှဲနစ်သွားပြီး စားမည့် ဝါးမည့် မျက်ဝန်းများကို မြင်တော့ မသိစိတ်အလျောက် နောက်သို့ လှမ်းအနည်းငယ် ဆုတ်မိသွားခဲ့သည်။
“ လင်းရီ… မင်းဘာတွေ လုပ်နေတာလဲ…”
“ ငါ့ကို ကူညီပြီး ဒီလူတွေနဲ့ လေ့ကျင့်ပေးလို့ ကျေးဇူးတင်ချင်နေတာလေ… ဒီလူတွေကို ကောင်းကောင်း လေ့ကျင့်ပေးရင် အစား ကောင်းကောင်း ကျွေးမှာပါဟ…”
“ မင်း…”
“ မင်းတို့ကောင်တွေ ဘာစောင့်နေကြတာတုန်း..” လင်းရီ ပြောလိုက်ပြီး “ အခွင့်ကောင်းဆိုတာ နှစ်ခါမရဘူးနော်.. မင်းတို့ကောင်တွေ တစ်ယောက်မှ အသင်း ၁ ထဲ မဝင်ချင်ကြဘူးလား..”
“ ဝင်ချင်ပါတယ်…”
“ ဒါဆိုလည်း ဘာကို စောင့်နေကြတာ..”
“ ဟုတ်ကဲ့…”
လင်းရီ၏ အမိန့်ပေးမှုနှင့် အတူ ပါဝင်ယှဉ်ပြိုင်ကြသည့် လူဦးရေ ၃၀၀ ကျော်လုံး ကျူးကျွင်းချီထံ ပြေးလာခဲ့ကြသည်။
ကျူးကျွင်းချီ၏ အမူအရာ နက်မှောင်သွားခဲ့ပြီး လွတ်သည့်နေရာသို့ အလျင်အမြန် ပြေးသွားခဲ့၏။
အကယ်၍ သူ့ကို ဖမ်းမိမည် ဆိုပါက ဘယ်လိုပဲဖြစ်ဖြစ် ဒဏ်ရာရမည်မှာ ကျိန်းသေသည်။
“ ကျစ် ကျစ် ကျစ်…. အသင်း ၄ က လူတွေက တကယ့်ကို ထူးခြားတာပဲနော်… ပြေးတာများ လွင့်ခနဲ နေတာ… ငါတို့လို ခြေထောက်တိုတဲ့ ကောင်ကျတော့ သူ့ကို လိုက်မှီမှာ မဟုတ်ဘူး…”
“ လင်းရီ… မင်းဘာတွေလဲ လုပ်နေတာ.. သူတို့ကို မြန်မြန်တားလေ…”
“ မင်းကရော ဘာလို့ ပြေးနေတာ.. မင်းက အသင်း ၄ ကလေ… မင်းရဲ့ ခွန်အားက ပြောင်မြောက်နေရမှာ မဟုတ်ဘူးလား… မြန်မြန် ငါတို့ကို မင်းရဲ့ အစွမ်းအစတွေပြပြီး သူတို့ကို သင်ခန်းစာပေးလိုက်စမ်းပါ…”
“ အာ့ဆိုလည်း ငါလခွမ်းမို့ လူအများကြီး လွှတ်ရသလား… မင်း လူအင်အားနဲ့ အနိုင်ကျင့်နေတာလား… သတ္တိရှိရင် တစ်ယောက်ချင်းလာဟျောင့်… ” ကျူးကျွင်းချီ ပြေးရင်း အော်ဟစ်နေတော့၏။
“ စိတ်ဝင်စားစရာပဲ.. ကိုယ်လေ့ကျင့်ပေးမယ့် လူတွေကိုတောင် မနိုင်တဲ့လူကများ ငါ့ကို လာပြီး စိန်ခေါ်နေတယ်...”
“ မင်း ကြောက်ရင် ကြောက်တယ်ပြောလိုက်… အကြောင်းပြချက်တွေ လာပေးမနေနဲ့…”
“ မင်း ပိန်းတိန်းတိန်းတွေ လျှောက်မလုပ်တာ ကောင်းမယ်..” လင်းရီ ရယ်မောလိုက်လေသည်။
“ မင်း မလုပ်ရဲဘူးမလားကွ…”
“ မဟုတ်ဘူး မဟုတ်ဘူး… ငါက ဒီတိုင်း မင်းက တစ်ချက်ထိုးစာတောင် မရှိမှာကြောက်တာ…”
“ ငိုးပဲ.. အဓိပ္ပာယ်မရှိတာတွေ လာပြီးမပြောနဲ့ .. မင်းမှာ အစွမ်းရှိတယ်ဆိုရင် လက်ရည်ယှဉ်မယ်… မင်းရှုံးရင် ငါ့ကို ဦးညွှတ်ပြီး တောင်းပန်လိုက်..”
လင်းရီ၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး နားလည်ရခက်သည့် အပြုံးတစ်ခုက ဖြစ်ပေါ်လာခဲ့ကာ “ မင်း ရှုံးရင်ကော…”
“ ငါ မရှုံးနိုင်ဘူး… အသင်း ၄ က တစ်ယောက်က တခြား သုံးသင်းထဲက လူတွေကို ရှုံးစရာ အကြောင်းမရှိဘူး…”