← Chapters

ရုပ်ဆိုးတဲ့ကောင်တွေက ထူးဆန်းတယ်

Vol. 86 Ch. 1288

ရုပ်ဆိုးတဲ့ကောင်တွေက ထူးဆန်းတယ်

Vol. 86 Ch. 1288

“ ယုံကြည်ချက် ရှိတာ ကောင်းတယ်.. လွန်ကဲနေတာကြီးကတော့ မကောင်းဘူးပေါ့… မင်း ငါနဲ့ လက်ရည်ယှဉ်ချင်တယ်ဆို မင်းနောက်ကလူတွေကို အရင်ရှင်း…”

လင်းရီ အလျင်မလိုချေ။ ဘာပဲပြောပြော လိုက်ခံနေရတာက သူမှ မဟုတ်ပဲလေ။

ဝေ့ရွှယ် လင်းရီကို ကြည့်ပြီး အေးစက်စက် လေသံဖြင့် “ အသင်းခေါင်းဆောင်လင်း… ဒီလိုလုပ်နေတာ မဟုတ်သေးဘူးနော်.. ရှောင်ပြေးနေတာက ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး… ကျုံးဝေ့တပ်ဖွဲ့ဆိုတာ ခွန်အားနဲ့ စကားပြောတဲ့ နေရာ…”

ဝေ့ရွှယ်၏ လေသံမှာ ဖျော့တော့နေပြီး သူမ၏ အမူအရာကိုလည်း ဖတ်လို့မရချေ။ သို့သော် လှောင်ပြောင်မှုတို့ဖြင့် ပြည့်နှက်လို့နေသည်။

သူမတို့ ရုံးခန်းထဲတွင် ရှိစဉ်တုန်းကတော့ ဝေ့ရွှယ် လင်းရီအပေါ်တွင် အမြင် တော်တော်များများ ရှိခဲ့သည်။

ကျူးကျွင်းချီမှ အခွင့်အရေး ရှာပြီး ငနဲသားကို သင်ခန်းစာပေးနိုင်မည်လို့ မျှော်လင့်ထားသော်လည်း ထိုကောင်ကပဲ ပြန်ပြီး လှည့်စားခံလိုက်ရလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပါချေ။

ကျိုးကျွင်းချီကဲ့သို့ ရိုးအသည့် လူမှာ ဉာဏ်များသည့် အနှီမြေးခွေးများနှင့် တွေ့တော့ ဂျင်လို အမွေ့ခံနေရတော့၏။

ထို့ကြောင့် တည့်တိုးပြောလိုက်သည်က ပိုကောင်းသည်။

လင်းရီ ခေါင်းငဲ့ပြီး ဝေ့ရွှယ်ကို ကြည့်လိုက်၏။

“ အဲ့တော့ ပြဿနာရှိလား…”

“ ငါက ဒီတိုင်း ထောက်ပြနေတာ.. နင် ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်လာခဲ့တာ နင့်ပါးစပ်ကို အားကိုးပြီး ဝင်လာခဲ့တာတော့ မဟုတ်ဘူးမလား…”

“ မင်း ရပ်ပြီး မကြည့်နေနိုင်ဘူးဆိုရင်လည်း သူ့ကိုယ်စားရပ်တည်ပေးလို့ရတယ်နော်..”

ဝေ့ရွှယ် လင်းရီကို စူးစိုက်ကြည့်လိုက်ပြီး အေးစက်စက်လေသံဖြင့် “ ငါက အမျိုးသမီးဆိုတိုင်း ငါ့ကို အထင်လာမသေးနဲ့… ငါက ကျူးကျွင်းချီနဲ့ ဘယ်လောက်မှ မကွာဘူး… ပြီးတော့ အသင်း ၄ ရဲ့ စံချိန်စံနှုန်းတွေကို ဘယ်သူကမှ သံသယဝင်ပိုင်ခွင့် မရှိဘူး… ငါတို့ရဲ့ တိုက်ပွဲအတွေ့အကြုံက နင့်ထက်ကို ပိုတယ်… နင် ခုနက ပြောလိုက်တာကို ပြန်ရုတ်သိမ်းလိုက်…”

“ ငါတော့ ဆွံ့အမိပြီ.. သူများပြောတာ ရုပ်ဆိုးတဲ့လူတွေက ထူးဆန်းတယ်တဲ့… ခု အသင်း ၄ ထဲမှာ ဘယ်လိုလူတွေ စုနေလဲဆိုတာ ငါသိလိုက်ရပြီ..” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ရဲ့ စကေးက ကောင်းချင်မှလည်း ကောင်းမယ်… ဒါပေမယ့် လေသံကတော့ လုံးဝကို မလျှော့တာ..”

“ နင် သေချင်နေတာလား…”

ကျူးကျွင်းချီက လေကြောရှည်တတ်သော်လည်း တုံဏှိဘာဝေနေတတ်သည့် ဝေ့ရွှယ်မှာမူ စိတ် လက်တစ်ဆစ်လောက်သာ ရှိသည့် ပုံပင်။

လင်းရီ စကားနှစ်ခွန်း သုံးခွန်းနှင့်တင် သူမကို ဒေါသထွက်အောင် ဆွနိုင်လိုက်၏။

လင်းရီ၏ စိတ်ဆွခြင်းကို ခံလိုက်ရတော့ သူမ လင်းရီကို ဝှေ့ပြီး ကန်လိုက်သည်။ လျိုဟုန်ကို ဟန့်တားရန် အခွင့်အရေးမပေး။

“ ဂရုစိုက်… လင်းရီ…”

ချိုးယွီလော့ ကမန်းကတမ်း သတိပေးလိုက်သည်။

“ ဘောကို ဂရုစိုက်ရမှာလား…”

လင်းရီ မျက်လုံးအစုံမှာ ခုန်အုပ်တော့မည့် ကျားသစ်တစ်ကောင်နှယ် စူးရှသွားသည်။ သူ ဝေ့ရွှယ်၏ လှုပ်ရှားမှုကို မျက်လုံးထဲတွင် နှေးကွေးစွာ မြင်နေရ၏။ သူမ၏ အဆင့်က အယ်လက်ဆာနှင့် တန်းတူလောက်ပင်။

သိပ်ကို သန်မာသည်။

အကယ်၍ သူသာ ခွန်အားအပြည့် မသုံးဘူးဆိုပါက သူမကို ကိုင်တွယ်ရန် ခက်ခဲလောက်၏။

ဝေ့ရွှယ်မှာ အလွန်လျင်မြန်ပြီး မျက်တောင်တစ်ခတ်အတွင်း လင်းရီရှေ့ ရောက်ရှိလာခဲ့သည်။ သူတို့နှစ်ဦးကြား အကွာအဝေးက ချက်ချင်းတိုတောင်းသွားပြီး ရုတ်ချည်းဆိုသလို မီတာဝက်လောက်သာ ဝေးကွာတော့၏။

လင်းရီ ခြေထောက်အောက်ပိုင်းသို့ ခွန်အား ဖြန့်ကျက်လိုက်ပြီး သူ၏ ညာခြေကို မဏ္ဍိုင်ပြု၍ နေရာတွင် နောက်ဂျွမ်း လည်ပတ်လိုက်ပြီး သူမ၏ တိုက်ခိုက်လာမှုကို ကျင်လည်စွာ ရှောင်တိမ်းလိုက်သည်။

ယင်းက ဝေ့ရွှယ် ဟာကွက်ပြမိလိုက်သည့် အခိုက်အတန့်လည်း ဖြစ်လေသည်။

သူမ နောက်ကျောဘက်တွင် အပွင့်ကြီး ဖြစ်နေခဲ့၏။

အခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ လင်းရီ ဝေ့ရွှယ်ဖင်ကို ပိတ်ကန်လိုက်သည်။

ဝှစ်…

သူ၏ ခွန်အား အပြည့်ကို ဤခြေကန်ချက်ထဲတွင် ထည့်သွင်းထားပြီး ဝေ့ရွှယ် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပဲ သူမ၏ ခန္ဓာကိုယ်မှာ ချက်ချင်း ဟန်ချက်ပျက်သွားခဲ့ကာ တံခါးဘေးရှိ ပန်းခင်းထဲ လွင့်ထွက်သွားခဲ့တော့၏။

ဘုန်း…

ထိုအခိုက်အတန့်တွင် ဆူညံနေသည့် လေ့ကျင့်ရေး ကွင်းပြင်သည်လည်း အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့တော့၏။

မည်သူကမျှ ကျူးကျွင်းချီနောက် ဆက်မလိုက်ကြတော့ချေ။

သူတို့၏ အမူအရာမှာ အေးခဲနေပြီး မီးခဲကို ရေနှင့် ငြိမ်းလိုက်သည့်နှယ် ရှဲခနဲ ဖြစ်သွားခဲ့လေသည်။

ခေါင်းဆောင်လင်းက တကယ်ကြီး အသင်း ၄ အဖွဲ့သားတစ်ယောက်ကို လွင့်အောင် ကန်ပစ်လိုက်တယ်…

အင်အားကြီးလွန်းမနေဘူးလား..

လျိုဟုန်၊ ချိုးယွီလော့နှင့် နင်ချဲ့တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။

သူတို့သည်လည်း ဝေ့ရွှယ်မှာ လင်းရီ၏ ပြိုင်ဘက်ဖြစ်လိမ့်မည်လို့ မထင်ချေ။ သို့သော် အနည်းဆုံးတော့ အကြိမ်ရေ အနည်းငယ်ခန့် လက်သီးချင်း ဖလှယ်ပြီးမှ အနိုင်ရမည်ဟု ထင်မှတ်ထားကြ၏။

လင်းရီမှာ ထိုကဲ့သို့ ပြောင်မြောက်သည့် နည်းလမ်းဖြင့် သူမကို အနိုင်ယူလိမ့်မည်လို့ မထင်ထားခဲ့ကြချေ။

“ ရွှယ်လေး…”

အခြေအနေ မဟန်သည်ကို မြင်တော့ ကျူးကျွင်းချီ အရေးတကြီး ပြေးလာပြီး သူမကို ပန်းခင်းထဲမှ ပွေ့ထူပေး၏။

“ သေစမ်း…”

“ တော်ပြီ…”

ဝေ့ရွှယ် မကျေနပ်သေးဘဲ လင်းရီထံသို့ ပြေးသွားချင်သော်ငြား လျိုဟုန်၏ ဟန့်တားခြင်းကို ခံလိုက်ရ၏။

ယခု ကိစ္စရပ်တို့က ဤအခြေအနေသို့တိုင် ရောက်လာခဲ့ပြီးမှတော့ ဆက်လက်စရာ အကြောင်း မရှိတော့ချေ။

လင်းရီ သူ့နာရီကို ငုံ့ကြည့်လိုက်သည်။ “ ငါတို့ ခဏနေကျရင် လေ့ကျင့်ရဦးမှာ.. မကျေနပ်သေးဘူးဆိုရင် နေ့လည်ပိုင်းကျ ထပ်ပြီး သင်ပြပေးလို့ရတယ်…”

ပြောပြီးနောက် လင်းရီ အတန်ငယ်ကြာအောင် တိတ်ဆိတ်သွားပြီး “ မင်းတို့နှစ်ယောက် အတူလာခဲ့လည်း ရတယ်နော်…”

ဟစ်….

ပါဝင်ယှဉ်ပြိုင်သည့် သင်တန်းများမှ လင်းရီကို မနာလိုသည့် အကြည့်တို့ဖြင့် ကြည့်လိုက်ကြသည်။

အမျိုးသားနှင့် အမျိုးသမီးတို့၏ မျက်လုံးများသည်လည်း ဘလင်းဘလင်း ဖြစ်လို့နေသည်။

ကျုံးဝေ့တပ်ဖွဲ့က အသင်း ၁ ကို လက်ရွေးစင်အသင်း ဖြစ်အောင် လုပ်ချင်နေတာ မဆန်းတော့ပါဘူး… အသင်းခေါင်းဆောင်ကလည်း သောက်ကြမ်းကြီးကိုး…

အသင်း ၄ ကလူကိုတောင် တစ်ချက်ထဲ လွင့်နေအောင် ကန်နိုင်တယ်ဆိုတော့ သူ့အဆင့်က ဘယ်လောက်မှများ ဖြစ်လောက်လဲ..

ဧကန္တ C အဆင့်ရောက်တော့မှာများလား…

ကျူးကျွင်းချီ စကားတစ်လုံး မပြောနိုင်သည်ထိအောင် ဒေါသထွက်နေမိသည်။ သို့သော် သူ လွန်လွန်ကြူးကြူး မည်သည်ကိုမျှ မပြုလုပ်ဝံ့ချေ။

လင်းရီ၏ လှုပ်ရှားမှုများမှ တစ်ဆင့် အကဲဖြတ်ကြည့်ရသလောက်တော့ သူသည်လည်း ၎င်း၏ ပြိုင်ဘက် မဟုတ်‌ပေ။

နှစ်ယောက်အတူပေါင်းပြီး တိုက်ခိုက်လျှင်ပင် သူတို့ ရှုံးကောင်း ရှုံးနိုင်၏။ ထိုအခါကျ ပို၍ပင် အရှက်ကွဲရလိမ့်ဦးမည်။

“ ကောင်းပြီ.. သုံးယောက်လုံး… တော်ကြတော့…” လျိုဟုန် ထိုသို့ပြောပြီးနောက် ချိုးယွီလော့နှင့် နင်ချဲ့ကို ကြည့်၍ “ အချိန်ကျပြီ… လေ့ကျင့်ရေး စမယ်…”

“ ဟုတ်ကဲ့…”

လူရွေးပွဲ နောက်ဆုံးနေ့၏ မစ်ရှင်ကတော့ လက်တွေ့တိုက်ပွဲပုံစံတုပင်။

မစ်ရှင်က လင်းရီနှင့် ကျန်သူများ ကွမ်တမ် သင်္ဘောပေါ်တွင် ထမ်းဆောင်ခဲ့ရသည့် မစ်ရှင်ကို အတုခိုးထားခြင်းဖြစ်၏။

သို့သော် ရန်ကျင်းတွင် ပင်လယ်လည်း မရှိသလို သူတို့ အသုံးပြုနိုင်သည့် ကျယ်ဝန်းသည့် မြေနေရာလည်း ရှိမနေချေ။ ထို့ကြောင့် အဆောက်အဦးကြီး တစ်ခုကိုသာ လေ့ကျင့်ရေး စစ်မြေပြင်အဖြစ် အသုံးချလိုက်ရ၏။

ထိုစဉ် ၎င်းတို့၏ ပြိုင်ဘက်များက ကျုံးဝေ့တပ်ဖွဲ့၏ အခြားသော အသင်းသားများ ဖြစ်ပေလိမ့်မည်။

ကလင် ကလင် ကလင်….

ထိုအခိုက်အတန့်တွင် လင်းရီဖုန်းသံ မြည်လာခဲ့ပြီး သုံးယောက်သားမှ မတိုင်ပင်ထားဘဲ လင်းရီထံ ကြည့်လိုက်ကြ၏။

လင်းရီ၏ အမူအရာ အနည်းငယ် သဘာဝမကျသည်ကို သူတို့ သတိပြုမိလိုက်ကြသည်။

ယင်းက တာခါယာမစ်ဆူထံမှပင်။

“ မစ္စတာလင်း… ငါတို့ ချိုးရွှီချိန်ကို ပြန်ခေါ်လာပြီးပြိ..” တာခါယာမစ်ဆူ၏ အသံသည် ဖုန်းထဲမှတဆင့် ထွက်ပေါ်လာသည်။

“ မင်း တိုကျိုရောက်တာနဲ့ ငါတို့ လူလွှတ်ပြီး ကြိုခိုင်းလိုက်မယ်.. မင်း အဲ့မှာ သူနဲ့ တွေ့လို့ရတယ်…”

“ ကျုပ်ကို လာကြိုပေးစရာ မလိုဘူး… နေရာကိုပဲပြော… ကျုပ်ဘာကျုပ် လာခဲ့မယ်…”

“ ငါ့ကို သတိထားနေတုန်းပဲလား မစ္စတာလင်း…” တာခါယာ မစ်ဆူမှ မေးမြန်းလိုက်ပြီး “ ငါ့ဘက်က ဒီလောက်တောင် ကြီးမားတဲ့ ရိုးသားလေးနက်မှုတွေ ပြပြီးတာတောင် ဒီလိုလုပ်တာက ငါ့ကို အရမ်း စိတ်မကောင်း ဖြစ်စေတာပဲ …”

“ မဆိုင်ဘူး… တစ်ယောက်တည်းဆို နားအေးပါးအေး ရှိလို့… လူအများကြီးနဲ့ဆို မျက်စိနှောက်စရာတွေ ဖြစ်တယ်…”

“ ဒါဆိုလည်း မစ္စတာလင်း သဘောပါ…” တာခါယာ မစ်ဆူ ပြောလိုက်ပြီး “ ငါ သူ့ကို ရှင်းဂျေခ၊ စီတီဇင် ဟိုတယ်မှာ ထားထားမယ်… မင်း သူ့ကို အဲ့မှာ ရှာလိုက်..”

“ အိုကေ… နားလည်ပြီ…”

ဖုန်းချပြီးနောက် လျိုဟုန်နှင့် ကျန်သူများ ရောက်လာပြီး “ ဘာတဲ့လဲ… ဟို ဂျပန်ကြီးက မင်းကို ဘာတွေ ပြောလဲ…”

“ ချိုးရွှီချိန်ရဲ့ တည်နေရာ အတိအကျကို ပြောသွားခဲ့တယ်…”

“ ဒါဆိုလည်း ခုသွားစို့လေ…”

“ နေဦး… ကျုပ် အရင်ဆုံး ပြင်ဆင်စရာလေးတွေ ရှိသေးတယ်..” လင်းရီ တဒင်္ဂမျှ တွေးတောလိုက်ပြီးနောက် ချိုးယွီလော့နှင့် နင်ချဲ့တို့ကို ကြည့်၍ “ မင်းတို့နှစ်ယောက် အခုချက်ချင်း ဂျပန်ကို သွားလိုက်… အဲ့လိုဆို ရန်သူကို သတိပေးသလို မဖြစ်တော့ဘူး…”

နှစ်ယောက်သား ခေါင်းညိမ့်လိုက်၏။ နင်ချဲ့မှ “ ချိုးရွှီချိန်က ဘယ်မှာတဲ့လဲ… ငါတို့ အဲ့မှာ နင့်ကို ကြိုစောင့်နေမယ်လေ…”

“ အဲ့မှာ စောင့်လို့ရတယ်… ဒါပေမယ့် နိုးနိုးကြားကြားတော့ရှိ… ဒါ ထောင်ချောက်ဖြစ်နေနိုင်တယ်… ဒါမှမဟုတ် တစ်ခုခု ဝှက်ထားတာမျိုးလည်း ဖြစ်နိုင်တယ်…”

ပြောပြီးနောက် လင်းရီ ထောင်ချိန်နှင့် ကျန်းချင်ကို လှမ်းခေါ်လိုက်ပြီး

“ ခင်များတို့နှစ်ယောက်က ခဏနေကျရင် သီးသန့်လေယာဉ်နဲ့ စင်ကာပူကို တိတ်တိတ်လေး သွားလိုက်…”

“ လင်းကြီး … မင်း အစီအစဉ်က ဘာတုန်း..”

“ ခင်များတို့နှစ်ယောက်က စင်ကာပူက စုံတွဲတွေလိုမျိုး ဟန်ဆောင်ပြီး ဂျပန်ကို ခရီးထွက်လာသလိုမျိုး လုပ်ရမယ်… ဒါပေမယ့် ဂျပန်ကို ရောက်တာနဲ့ ကားတစ်စင်း ငှားထားလိုက်.. အဲ့ကနေပြီး နောက်ဆက်တွဲ ကျုပ်ညွှန်ကြားမှာကို စောင့်နေ…”

“ နေစမ်းပါဦး… သူတို့က ဘယ်နေရာကနေ ဝင်ပါရမှာ..” ချိုးယွီလော့ မေးမြန်းလိုက်သည်။

“ ထောင်ချောက်ဖြစ်နေမှာ စိုးလို့.. တကယ်လို့ တကယ်ပဲ အဲ့လိုဖြစ်နေခဲ့ရင် ငါတို့က သူတို့နှစ်ယောက်ကို ကားအက်စီးဒင့် ဖြစ်အောင် လုပ်ခိုင်းရမယ်… အဲ့လိုမှ မင်းတို့နှစ်ယောက်ကို မစ်ရှင် နေရာအသစ် သွားလို့ရအောင် အချိန်ဝယ်လို့ရမှာ…”

All Chapters