ဖွံ့ဖြိုးမှု အစီအစဉ်
Vol. 9 Ch. 121
သူတို့၏ဒေသတွင် မင်္ဂလာဧည့်ခံပွဲ ပြီးနောက် ဖုန်းယွီသည် ဘင်းမြို့တော်ကို ပြန်ခဲ့သည်။ သူ့အတွက် ကုမ္ပဏီကို အခြေတည်ရန် လုပ်စရာ အများအပြား ရှိနေသည်။ ဥပမာအားဖြင့် သူသည် ရုံးနေရာ အသစ်ကို ရှာရမည်ဖြစ်သည်။ ကုမ္ပဏီသည် တာဝန်ရှိသူ အသစ်တစ်ယောက်ကိုလည်း ရှာရမည်ဖြစ်သည်။ ပြီးနောက် သူ့အနေဖြင့် ရေခဲသေတ္တာများ အပြောင်းအလဲ လိုအပ်သည်လား ဆိုတာကို စစ်ဆေးရမည်ပင်။
ပထမဆုံး သူ့အနေဖြင့် ရုံးခန်းသစ်ကို ငှားရမည် ဖြစ်ပေသည်။ သူ့အနေဖြင့် စက်ပစ္စည်း စက်ရုံ၏ အစည်းအဝေး ခန်းမကို မငှားနိုင်ပေ။ သူတို့၏ သိုလှောင်ရုံအနီး သုံးထပ် အဆောက်အအုံ တစ်ခုရှိကာ ထိုအဆောက်အအုံသည် မီးရထားဌာနက ပိုင်ဆိုင်သည်။ ထိုက်ဟွ ကုန်သွယ်ရေးသည် သူတို့၏ ပစ္စည်းများ ပို့ဆောင်ရေးအတွက် အချိန်များစွာတွင် ရထားတွဲကို အသုံးပြုသည်။ သူတို့အနေဖြင့် အမြဲတမ်း ကီရီလန်ကို၏ စစ်ဘက်ဆိုင်ရာ ရထားတွဲကို အသုံးပြုလင့်ကစား သူတို့သည် မီးရထားဌာနနှင့် မကြာခဏ အလုပ်လုပ်ရပေသည်။
ဖုန်းယွီက ယင်းအဆောက်အအုံကို ဝယ်ချင်သည်။ သို့သော် ထိုအချက်ကို ငြင်းလိုက်သည်။ အဘယ့်အတွက် ဌာနအနေဖြင့် ယင်းကို စာရင်းသေ ငွေကြေးအဖြစ် ရောင်းမည်နည်း။ ထို့ကြောင့် ဖုန်းယွီသည် ယင်းအဆောက်အအုံကို ငှားရမ်းရန် တောင်းဆိုလိုက်သည်။ သို့သော် ငှားရမ်းခက စျေးမချိုပေ။ ပြီးနောက် သက်တမ်းမှာ အနှစ်သုံးဆယ်ဖြစ်ပြီး စုစုပေါင်း ပမာဏမှာ ယွမ်သန်း တစ်ရာကျော် ပေ၏။ ယင်းငွေကြေး ပမာဏသည် အခြားနေရာတွင် အဆောက်အအုံ ဝယ်လျှင်ကျမည့် စျေးနှုန်းနှင့် အတူတူပင် ဖြစ်သည်။
ဆွေးနွေး ညှိနှိုင်းမှုများ ပြီးနောက် သူတို့သည် နှစ်နှစ်ဆယ်ကြာ ငှားရမ်းမည်ဖြစ်ပြီး စုစုပေါင်း ငှားရမ်းခမှာ ယွမ်တစ်သန်း ဖြစ်သည်။ အကယ်၍ ငှားရမ်းသည့် သက်တမ်း ကာလအတွင်း အဆောက်အအုံကို ဖြိုဖျက်ပါက ရထားဌာန အနေဖြင့် ထိုက်ဟွ ကုန်သွယ်ရေးကို ထိုအချိန်ရှိ ပေါက်စျေးအတိုင်း လျော်ကြေးငွေ ပေးရမည်ဖြစ်သည်။
ဖုန်းယွီသည် စာချုပ်ချုပ်ခဲ့သည့် အတွက် ပျော်ရွှင်နေ၏။ ငါးနှစ်အတွင်း ထိုဧရိယာ အတွင်းရှိ စျေးနှုန်းမှာ သုံးဆခန့် တိုးမည်ပင်။ ထို့အပြင် ဆယ်နှစ်ကြာပြီးနောက် သူ၏ကုမ္ပဏီသည်လည်း အခြားသော အထပ်မြင့် အဆောက်အအုံသို့ ပြောင်းရွေ့မည်ဖြစ်ပြီး သူသည် ယင်းအဆောက်အအုံကို ပြန်လည် ငှားရမ်းကာ သန်းပေါင်းများစွာ ပြန်ရယူနိုင်ပေသည်။
ထိုက်ဟွ ကုန်သွယ်ရေးသည် လူနည်းလွန်းပြီး အဆောက်အအုံ သုံးထပ်လုံးကို ရုံးခန်းလုပ်ခြင်းက မဖြစ်နိုင်ပေ။ ထို့ကြောင့် ဖုန်းယွီသည် ဒုတိယအထပ်ကို လေနှင့်မိုး လော်ဂျစ်စတစ် ကုမ္ပဏီအား တန်ဖိုး အနည်းငယ်ဖြင့် ရောင်းလိုက်သည်။ ယင်းက သူတို့ကို အေးသည့် သိုလှောင်ရုံထဲတွင် စီမံခန့်ခွဲမှုကို ဟန့်တားလိုက်ခြင်းပင် ဖြစ်ပေ၏။
အဆောက်အအုံကို သန့်ရှင်းပြီး ပရိဘောဂ အားလုံးကို ပြောင်းလိုက်ကြသည်။ ထိုအရာများ အားလုံးသည် ဝူကျီကန်းနှင့် ကျန်သည့် ဝန်ထမ်းများက ယင်းကို နှစ်ရက်အတွင်း အပြီးသတ်ကြသည်။ ရုံးသစ် ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် ဗျောက်အိုးသံများဖြင့် ဆူညံနေတော့သည်။ ဝင်ပေါက်တွင် ထိုက်ဟွ ကုန်သွယ်ရေး ဆိုင်းဘုတ်ကို ဘယ်ဘက် အခြမ်းတွင် ချထားပြီး အစိုးရဌာနများက ပေးခဲ့သည့် စာတမ်းများ၊ ဆုတံဆိပ်များနှင့် အမှတ်တံဆိပ်ပြားများကို ပထမထပ်ရှိ နံရံပေါ်တွင် ချိတ်ထားသည်။ လာရောက် လည်ပတ်သူများ ပထမဦးဆုံး မြင်ရသည်က ထိုအရာများပင် ဖြစ်ပေသည်။
“ဒီနေ့ အစည်းအဝေးရဲ့ အစီအစဉ်က ဒီနှစ်အတွက် ငါတို့ကုမ္ပဏီရဲ့ ဖွံ့ဖြိုးမှု အစီအစဉ်အကြောင်း ပြောဖို့ပဲ၊ ပထမဦးဆုံး တရုတ်၊ ဆိုဗီယက် ကုန်သွယ်ရေးက ဆက်ရှိနေမယ်၊ မင်းတို့တွေ အကုန်လုံးက စျေးချိုပြီး အရည်အသွေးကောင်းတဲ့ ရောင်းချသူတွေကို ဆက်ရှာရဦးမယ်၊ အဲ့တာက အရင်ကနဲ့ တူတူပဲ၊ တကယ်လို့ မင်းတို့အနေနဲ့ စျေးချိုတဲ့ ရောင်းချသူကို ရှာနိုင်ခဲ့ရင် မင်းတို့တွေ ဆုချီးမြှင့်တာ ခံရမယ် ”
“ဒုတိယက ထိုက်ဟွ အစားအသောက် ထုတ်လုပ်ရေး စက်ရုံက ပဲပိစပ်ဆီနဲ့ သကြားတွေကိုပဲ၊ အဲ့တာရဲ့ စျေးကွက်ကို တောင်ပိုင်းကို ချဲ့ထွင်မယ်၊ ပိုပြီး အရေးကြီးဆုံးက တိရစ္ဆာန် အစာတွေပဲ၊ မင်းတို့တွေ အကုန်လုံးက ဝက်ခြံကြီးကြီးတွေကို ပစ်မှတ်ထားသင့်တယ်၊ တိရစ္ဆာန် အစာက ရတဲ့အမြတ်က ပဲပိစပ်က ရတဲ့ အမြတ်ထက်တောင် ပိုပြီးများတယ် ”
“တတိယက မင်းတို့တွေ အကုန်လုံး လျှပ်စစ်ထုတ်ကုန် ရောင်းချတဲ့ သူတွေနဲ့ အဆက်မပြတ် ရှိနေရမယ်၊ ပြီးတော့ စျေးကွက်ရဲ့ ပြောင်းလဲမှု သဘောသဘာဝကိုလည်း နားလည်ရမယ်၊ ငါတို့ရဲ့ကုမ္ပဏီက တံခါးနှစ်ခုပါ ရေခဲသေတ္တာ အခုတစ်ထောင်ကျော်ကို မကြာခင်မှာ မိတ်ဆက်မယ်၊ ဒီရေခဲသေတ္တာတွေက ကြီးမားပြီး စျေးလည်းကြီးတယ်၊ ပြီးတော့ လျှပ်စစ်လည်း ပိုကုန်တယ်၊ ဘင်းမြို့တော်ရဲ့ စျေးကွက်က သေးလွန်းတယ်၊ ပြီးတော့ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ တခြားပြည်နယ်တွေကိုလည်း ဒီရေခဲသေတ္တာကို မင်းတို့တွေ ရောင်းရမယ် ”
“စတုတ္တ အချက်က ရေနွေးငွေ့စက် အမှာစာက နည်းနည်းလာပြီ၊ အတုအပ ထုတ်လုပ်တဲ့ ဟာတွေလည်း စျေးကွက်မှာ ပေါ်နေတယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့ ငါတို့အနေနဲ့ ရေနွေးငွေ့စက် ဒုတိယမျိုးဆက်ကို မကြာခင်မှာ မိတ်ဆက်မယ်၊ အဲ့တာက ဘယ်သူမှ မတုပနိုင်ဘူး၊ ပြီးတော့ အဲ့တာကလည်း စျေးကွက်မှာ မိတ်ဆက်တော့မှာ၊ မင်းတို့တွေ အကုန်လုံး ဒီသတင်းကို ရောင်းချသူတွေကို ပြောပြနိုင်တယ်၊ ပြီးတော့ သူတို့အနေနဲ့ လေနှင့်မိုး လျှပ်စစ်ပန်ကာတွေကို လိုချင်တယ် ဆိုရင်လည်း မေးလိုက်ဦး၊ သူတို့ကို ပြောလိုက်၊ ပလတ်စတစ် စျေးနှုန်းက ကျသွားပြီဖြစ်လို့ သူတို့ကို ပေးတဲ့ ရောင်းစျေးကိုလည်း ငါးရာခိုင်နှုန်း လျော့ချမယ် ”
“ပဉ္စမအချက် စက်ရုံကြီးတွေနဲ့လည်း ဆက်ပြီး အဆက်အသွယ် ရှိအောင် လုပ်ထားပါ၊ ပြီးတော့ သူတို့အနေနဲ့ ဘယ်စက်ပစ္စည်းတွေ၊ ဘယ်လိုမျိုး လမ်းကြောင်းတွေနဲ့ သူတို့ရဲ့ ဘတ်ချက်တွေ အကြောင်းကိုလည်း ရှာထား၊ ပြီးတော့ အဲ့ဒါက ဒီနှစ်မှာ ငါတို့ အာရုံစိုက်ရမယ့်ဟာ ဖြစ်လာနိုင်တယ် ”
“နောက်ဆုံးတစ်ချက် ငါ့ရဲ့ယောက်ဖက သူ့ရဲ့လော်ဂျစ်စတစ် ကုမ္ပဏီကို တည်ထောင်လိုက်ပြီ၊ ငါ အချိန်အများစုက တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေမှာ၊ ဒါကြောင့် ငါတို့အနေနဲ့ လက်ထောက် မန်နေဂျာကို ခန့်ဖို့ လိုအပ်လာတယ်၊ မင်းတို့ထဲက ဒီနေရာကို လိုချင်တဲ့သူ ဘယ်သူရှိလဲ ”
ဝူကျီကန်းနှင့် ကျန်သည့် သူများက ထိတ်လန့်မှုကြောင့် အသက်ရှူ ရပ်လုမတတ် ဖြစ်သွားသည်။ ထိုနေရာအတွက် ကြိုက်တဲ့သူလား။ ဖုန်းယွီ အနေဖြင့် အဘယ့်ကြောင့် ဤနေရာအတွက် တစ်စုံတစ်ယောက်ကို မမေးရသနည်း။ ထိုက်ဟွ ကုန်သွယ်ရေးသည် လုံကျန်းပြည်နယ်နှင့် အခြားသော ပြည်နယ်များတွင်တောင် အလွန် ကျော်ကြားသည်။ အကြောင်းမှာ လေနှင့်မိုးပန်ကာနှင့် ရေနွေးငွေ့စက်ကြောင့် ဖြစ်သည်။ လက်ထောက် အထွေထွေ မန်နေဂျာ ဟူသော ရာထူးသည် အဖိုးအနဂ္ဂ ထိုက်တန်ပေ၏။
လူတိုင်းက သူတို့လက်ကို မြှောက်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ဖုန်းယွီကို ကြည့်နေသည်။ သူတို့ကို ဖုန်းယွီက မေးရန် မျှော်လင့်နေကြ၏။
“လူတိုင်းက လက်ထောက် မန်နေဂျာ ဖြစ်ချင်ကြတာလား၊ ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ မင်းတို့တွေ အားလုံး ဒီတစ်ခေါက် ရေခဲသေတ္တာ အသုတ်ကို အမြင့်ဆုံး အမြတ်ငွေရအောင် ဘယ်လို ရောင်းမလဲဆိုတာနဲ့ အာမခံနိုင်ရမယ် ”
ဖုန်းယွီသည် ထိုရေခဲသေတ္တာများကို စျေးကွက်တွင် မည်သို့ဖြန့်ရမည် ဟူသော အချက်ကို မတွေးတော ရသေးပေ။ သူ့အနေဖြင့် တံခါးနှစ်ခုပါ ရေခဲသေတ္တာကို ပထမဦးဆုံး မိတ်ဆက်သည်ဟု ခံစားနေရသည်။ သို့သော် ထိုနှစ်ထပ် ရေခဲသေတ္တာများကို လွန်ခဲ့သည့် နှစ်နှစ်က မိတ်ဆက်ခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုရေခဲသေတ္တာများ၏ စျေးကွက် တုံ့ပြန်မှုက အားနည်းသည့် အတွက်ကြောင့် သူတို့သည် ဆက်မထုတ်ဘဲ ထားခဲ့သည်။ သူသည် ထိုအစား ရေခဲခံသေတ္တာကို ထုတ်လုပ်သည်။ သူ၏ ကွန်ပိုဆာနှင့် ဆိုလျှင် သူ့အနေဖြင့် ကြီးမားသည့် ရေခဲခံသေတ္တာများကို ပြုလုပ်ကာ ဟိုတယ်များတွင်တောင် ရောင်းချနိုင်သည်။
လူတိုင်းက အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့သည် ဖုန်းယွီ၏ ညွှန်ကြားချက် အတိုင်း လိုက်လုပ်ခဲ့သော်လည်း ဖုန်းယွီက သူတို့ကို ထိုသို့ ပြောလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။
ဝူကျီကန်းက တစ်ခဏကြာ တွေးတောပြီးနောက် သူ့လက်ကို မြှောက်လိုက်ကာ
“ဒါရိုက်တာဖုန်း ကျွန်တော့်မှာ အကြံဉာဏ် တစ်ခုရှိတယ် ”
ကြမ်းပြင်တောင် လုံးဝ ငြိမ်သက် သွားသည်။ ဖုန်းယွီက ခေါင်းညိတ်လိုက်ကာ
“အဲဒီအကြောင်းပြော ”
“ကျွန်တော်တို့ရဲ့ ရေနွေးငွေ့စက်မှာ မော်ဒယ်နှစ်မျိုး ရှိတယ်၊ မြင့်မြတ်သူနဲ့ ဂုဏ်ဒြပ်၊ ဘာကြောင့် ကျွန်တော်တို့ရဲ့ ရေခဲသေတ္တာက အဆင့်အတန်းမြင့် ဇိမ်ခံရေခဲသေတ္တာ မဖြစ်နိုင်ရမှာလဲ၊ ကျွန်တော်တို့ ရေခဲသေတ္တာရဲ့ အပြင်ပိုင်းက လှပပေမယ့် အဲဒီ ရေခဲသေတ္တာက လေနှင့်မိုးရဲ့ အမှတ်တံဆိပ် မဟုတ်ဘူး၊ အဲ့တာက ထိုက်ဟွ ကုန်သွယ်ရေးရဲ့ဟာပဲ ဖြစ်နေသေးတယ်၊ ကျွန်တော်တို့ အနေနဲ့ ဒီထိုက်ဟွ အမှတ်တံဆိပ် ရေခဲသေတ္တာက လေနှင့်မိုး အမှတ်တံဆိပ်နဲ့ မိသားစုဝင် အတူတူ ဖြစ်တာကို ကြေညာလို့ရတယ်၊ လက်ရှိမှာ ရှိနေတဲ့ ရေခဲသေတ္တာတွေက အလွန်ကို သေးတယ်၊ မိသားစုသုံးယောက်စာ အတွက်ပဲ သင့်တော်တယ်၊ အဲဒီ ရေခဲသေတ္တာတွေက အရမ်း သေးလွန်းတဲ့အတွက် မိသားစုဝင်ကြီးကြီးတွေ အစားအစာ သိုလှောင်တဲ့ အခါမှာ မသင့်တော်ဘူး၊ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ရဲ့ ရေခဲသေတ္တာက မိသားစုဝင်ကြီးတွေ အတွက် အထူး ဖန်တီးထားတယ်လို့ ပြောလို့ရတယ်… ”
ဝူကျီကန်းသည် ဆယ်မိနစ်ခန့် ဆက်တိုက် ပြောပြီးနောက် ပိုပို စိတ်လှုပ်ရှား လာသည်။ ဖုန်းယွီသည် သူ့အနေဖြင့် ယင်းအကြောင်းအရာကို အလေးအနက်ထားကာ ပြောနေမှန်း သိသာပေ၏။ ဖုန်းယွီသည် ဝူကျီကန်း၏ အစီအစဉ်က အောင်မြင်မည် ဆိုတာကို မသေချာပေ။ အကြောင်းမှာ သူ့တွင် ရောင်းချမှုနှင့် အတွေ့အကြုံ အများကြီး မရှိသေးသည့်အတွက် ဖြစ်သည်။ သူ၏အရင်က ရောင်းခဲ့သည့် အရာများနှင့် ကွဲပြားခြားနားပြီး သူ့အနေဖြင့် စျေးကွက်များကို မတူညီသည့် နည်းလမ်းသုံးကာ ဖြန့်ချိမည် ဖြစ်ပေသည်။ ဖုန်းယွီသည် ထိုရေခဲသေတ္တာများပေါ် ယုံကြည်ချက် သိပ်မရှိပေ။
သို့သော် ထိုရေခဲသေတ္တာများ၏ ကုန်ကျစရိတ်သည် အလွန်စျေးချိုပြီး သူတို့၏ ပြည်တွင်းထုတ် ရေခဲသေတ္တာများ ထက်တောင် စျေးပေါပေသည်။ ရေခဲသေတ္တာ၏ စျေးနှုန်း အဓိက ကွာခြားရသည့် အချက်မှာ ရေခဲသေတ္တာမှာ အရေးကြီးဆုံး အပိုင်းဖြစ်သည့် ကွန်ပရက်ဆာကို ဖုန်းယွီက စျေးနည်းနည်းဖြင့် ရလိုက်ပြီး ထုတ်လုပ်မှု စရိတ်ကို ကွာခြားအောင် ပြုလုပ်နိုင်ခဲ့သည်။ အကယ်၍ ရှုံးခဲ့လျှင်တောင် ဖုန်းယွီအနေဖြင့် ထိုရေခဲသေတ္တာများကို စျေးလျော့ပြီး ရောင်းနိုင်ကာ သူ့အနေဖြင့် ဆုံးရှုံးမှုကို မကြုံတွေ့ရပေ။
“တခြားသူတွေရော အကြံဉာဏ်တွေ ရှိသေးလား ”
ကျန်သည့် သူများက ခေါင်းခါ လိုက်ကြသည်။ ဝူကျီကန်းသည် သူတို့ပြောမည့် အရာများကို ပြောပြီးသား ဖြစ်သွားသည့်အတွက် သူတို့က ဘာပြောနိုင်ဦးမည်နည်း။
“အဲ့တာဆိုတော့ ကျန်တဲ့သူတွေမှာ အကြံဉာဏ် မရှိတော့ဘူးဆိုရင် ငါ့အနေနဲ့ ဝူကျီကန်းကို ထိုက်ဟွ ကုန်သွယ်ရေးရဲ့ လက်ထောက် အထွေထွေ မန်ဂျာအဖြစ် ခန့်အပ်တယ်၊ သူ့ရဲ့လစာက နှစ်ဆ၊ ပြီးတော့ မင်းတို့တွေ အကုန်လုံး နှစ်ဆယ် ရာခိုင်နှုန်းလစာ တိုးမယ် ”
ဖုန်းယွီသည် ဝူကျီကန်းကို ရာထူးတိုးရန်အတွက် ပထမဦးဆုံး စဉ်းစားခဲ့သည်။ ဝူကျီကန်းသည် အလွန် ထက်မြက်ပြီး ကျန်သည့် သူများနှင့်စာလျှင် အလိုက်သင့် ပြောင်းလဲနိုင်သည်။ ထို့အပြင် သူ့အနေဖြင့် စက်ရုံအချို့ရှိ ခေါင်းဆောင်များနှင့်တောင် ထိတွေ့နိုင်ပေသည်။ အကြောင်းမှာ သူ့ဦးလေးကြောင့်ဖြစ်၏။ ထပ်ပြောရလျှင် အတိတ်ဘဝက ဝူကျီကန်းသည် ဖုန်းယွီအတွက် အရိုက်ခံပေးခဲ့သည်။ ပြီးနောက် ဖုန်းယွီသည် ထိုကိစ္စကို မည်သူ့ကိုမှ ထုတ်ဖော် မပြောပေ။ သူ၏မိသားစုတောင် အပါအဝင် ဖြစ်သည်။ ဝူကျီကန်းသည် ရှမ်းမြို့တော် စက်ယန္တရား စက်ရုံတွင် သံရည်ကြိုစက်ကို ဝယ်ချင်သည့်သူ တစ်ယောက် တွေ့ခဲ့သည်။ သေချာသည်မှာ ထိုအကြောင်းကို သူ့ဦးလေးထံမှ ကြားခဲ့တာ ဖြစ်ပြီး ထိုသတင်းသည် မှန်ကန်ပေ၏။
အခြားသော သူများသည်လည် အခြားသော စက်ရုံများမှ စက်ပစ္စည်းများ ဝယ်ချင်ကြောင်း သတင်းကြားသည်။ သို့သော် သူတို့ လိုချင်သည့် စက်များက နှေးသည့်စက်များ ဖြစ်ကာ နည်းပညာပိုင်း ဆိုင်ရာ စာရွက်စာတမ်းများ မပါဝင်ပေ။ သူတို့အနေဖြင့် ထိုအရာများကို သူတို့ဆီ ရောင်းချရာမှ အမြတ်များများရမည် မဟုတ်ပေ။ စက်ပစ္စည်း၏ နည်းပညာပိုင်း ဆိုင်ရာ စာရွက်စာတမ်းများ ပါမှသာ အမြတ်သည်လည်း ပိုရမည် ဖြစ်ပေသည်။
အစ်ကိုကီက ဖုန်းယွီကို ပေးသည့် စျေးနှုန်းများမှာ တစ်ဝက်နီးပါး စျေးနှုန်းပင်ဖြစ်ကာ ထိုအရာများကို သက်တမ်းဖြင့် ရောင်းနိုင်ပေသည်။ ဖုန်းယွီ အနေဖြင့် အမြတ်နှစ်သိန်းမှ သုံးသိန်းအထိ ရှာနိုင်ပေ၏။ အကယ်၍ သူတို့သာ ဆယ်သန်းခန့် ရောင်းနိုင်ခဲ့လျှင် သူပြန်ရမည်က နှစ်သန်းမှ သုံးသန်းခန့် ဖြစ်ပေသည်။ ထိုအရာက တူညီနိုင်ပါ့မလား။ သံရည်ကျိုစက်သည် အနည်းဆုံး ရူဘယ်ဆယ်သန်းရှိကာ ဖုန်းယွီအနေဖြင့် အနည်းဆုံး ရူဘယ်နှစ်သန်းမှ သုံးသန်းအထိ အမြတ်ရနိုင်ပေသည်။
အစည်းအဝေး ပြီးနောက် ဖုန်းယွီသည် လေနှင့်မိုး လော့ဂျစ်စတစ်ဆီသို့ သွားခဲ့သည်။ သူသည် သူ့အစ်မနှင့် သူ့ယောက်ဖသည် ဟန်းနီးမွန်း ခရီးသွားနေသည့် အတွက် ကူညီပေးနေခြင်း ဖြစ်သည်။ ဆေးရုံက သူ့အစ်မကို မင်္ဂလာဆောင် ခွင့်အနေဖြင့် နှစ်ပတ်ပေးသည်။
ဖုန်းယွီက သက်ပြင်း ချမိလိုက်သည်။ လုပ်စရာ အလုပ်က အလွန် များပေသည်။ သူ၏အစီအစဉ် အတိုင်းသာဆိုလျှင် သူ့အနေဖြင့် ရှေ့ဆက် လုပ်ရန်အတွက် မန်နေဂျာများ ထပ်ခန့်ရမည့်ပုံပင်။
***