ဖက်တီးလေးတိုင်း လုပ်နိုင်စွမ်းရှိသည်
Vol. 9 Ch. 122
အချိန်က ကျောင်းပြန်ဖွင့်ချိန် ဖြစ်သည်။ လီနနှင့် ကျန်သည့် သူများသည် ကျောင်းသို့ ပြန်ခဲ့ကြသည်။ ဝမ်တုန့်ကျွင်း ပထမဦးဆုံး ပြောသည့် အရာကား သူကျောင်းသို့ ပြန်ပြီးနောက် ထိုညတွင် ရုပ်ရှင်သွားကြည့်ရန် ဖြစ်သည်။ ထိုအရူး၏ ရည်ရွယ်ချက်သည် ရုပ်ရှင်ကြည့်ရန်ဖြစ်ပြီး ကျန်းဟန်နှင့် တွေ့ရန် မဟုတ်ပေ။ ဝမ်တုန့်ကျွင်း ကျန်းဟန်ကို နဂိုပုံအတိုင်း မြင်ရသည့်အခါ ဖြစ်လာမည့် တုံ့ပြန်ချက်ကို ဖုန်းယွီ ကြည့်ချင်နေ၏။
လျိုခွင်းသည် သူတို့နှင့် မလိုက်ပေ။ သူ့အနေဖြင့် နောက်တစ်နေ့တွင် ကျောင်းဆက် တက်ရမည် ဖြစ်သည့်အတွက် သင်ခန်းစာများကို ပြန်လည် လေ့ကျင့်ရန် လိုအပ်သည်။ ဖုန်းယွီက ပြောစရာစကား မရှိကြပေ။ ကမ္ဘာပေါ်ရှိ ထိပ်တန်း ကျောင်းသားများထဲမှ တစ်ခုခု ဖြစ်ကြသည်။ သူတို့ အနေဖြင့် မည်သည့် အခါမှ အောင်မြင်မှုကို မတင်းတိမ်နိုင်ကြပေ။ လျိုခွင်းသည် တစ်တန်းလုံးတွင် အတော်ဆုံး ကျောင်းသား ဖြစ်ကာမူ သူသည် စာဆက်ကြိုးစားဆဲ ဖြစ်သည်။
ဖုန်းယွီက လျိုခွင်းကို ဝမ်တုန့်ကျွင်း နောက်ပိုင်းတွင် ဖြစ်မည့် စိတ်ပျက်မှုကို နှစ်သိမ့်ပေးရန် အတွက် အတူလိုက်ပါရန် တောင်းဆိုချင်ခဲ့သည်။ ဝမ်တုန့်ကျွင်းသည် ရည်ရွယ်ချက် ကြီးကြီးမားမား ထားတတ်သူ ဖြစ်ကာ သူတို့နှစ်ယောက် တွေ့ဆုံခြင်းတွင် သူက ရှိုက်ကြီးတငင် ကြေကွဲ ဝမ်းနည်းဖွယ်ရာ ဖြစ်ပေလိမ့်မည်။ ဝမ်တုန့်ကျွင်းကဲ့သို့ အကောင်းမြင်စိတ် ရှိသည့် သူတစ်ယောက်တောင် ထိုကိစ္စကို လက်ခံနိုင်ဖွယ် မရှိပေ။
လျိုခွင်းက သူတို့နှင့် မသွားချင်ဘူးဟု ပြောသည့်အခါ နောက်ပိုင်းတွင် ဝမ်တုန့်ကျွင်းကို ဖုန်းယွီ စားသောက်ရန်သာ ခေါ်သွားရမည်ဖြစ်ကာ သူ၏ ဝမ်းနည်း ပူဆွေးမှုများကို အစားစားခြင်းဖြင့် ချေဖျက်နိုင်မည်ဟု မျှော်လင့်ရပေသည်။ မည်သို့ပင် ဖြစ်စေကာမူ ထိုအရူးက အစားကြီးသူ တစ်ယောက်အဖြစ် မွေးဖွားလာခြင်း ဖြစ်ပေသည်။
သူလီနနှင့် တစ်ဖန် တွေ့ဆုံသည့်အခါ သူမသည် လှပနေဆဲဖြစ်ပြီး သူမက ဆောင်းရာသီ ဝတ်စုံ ချည်သားခြုံပဝါကို ဝတ်ဆင်ထားသည့် တိုင်အောင် သူမလှပနေဆဲ ဖြစ်သည်။
ဖုန်းယွီက သူမ လက်ကိုကိုင်ကာ ကျောင်းဝင်ပေါက်ဆီ လျှောက်သွား လိုက်တော့သည်။
“နင်ဘာလုပ်တာလဲ။ ဒီမှာလူတွေ အများကြီး ရှိနေတာ။ ငါ့လက်ကိုလွှတ်”
လီနက ချိုသာသည့် အသံဖြင့် ပြောလိုက်သည်။
“မင်းရဲ့လက်တွေ အေးသွားမှာ ကို စိုးရိမ်မိတယ်။ ဒါကြောင့် မင်းရဲ့လက်တွေ နွေးအောင် လုပ်ပေးနေတာ”
ဖုန်းယွီက သူ့ပါးစပ်ပေါက်ကို ဖွင့်လိုက်သည်နှင့် ထိုအလိမ်အညာက ပုံမှန်အတိုင်း ထွက်လာတော့သည်။ လီနသည် နှစ်ခါ ကြိုးစားပြီးနောက် သူမလက်ကို လွှတ်ရန် အရှုံးပေး လိုက်တော့သည်။
ထိုလူနှစ်ယောက်သည် ကျောင်းဂိတ်သို့ ရောက်လာပြီး လမ်းတစ်လျှောက်တွင် သူတို့ တခြား ဆရာမများနှင့် တွေ့ကြသည်။ ထိုဆရာမများသည် ဖုန်းယွီကို မြင်သည့်အခါ ဖုန်းယွီကို လီနလက်ကို ကိုင်ထားသည်ကို မြင်လိုက်သည့်အခါ မမြင်ချင်ယောင် ဆောင်လိုက်ကြသည်။ ဖုန်းယွီသည် လက်ထောက် ကျောင်းအုပ်၏ ကာကွယ်မှုရှိပြီး သူတို့၏ ကျောင်းသားလည်း မဟုတ်သည့် အတွက်ပင်။ ထို့အတွက်ကြောင့် ဘာကြောင့် နှောင့်ယှက်မည်နည်း။
“တုန့်ကျွင်း မင်းဘာကြောင့် ဒီလောက်ထိ စိတ်လှုပ်ရှား နေရတာလဲ။ ငါတို့တွေက ကျန်းဟန်ကို သွားတွေ့မှာ။ ဟုတ်ပြီနော်။ ကျားတစ်ကောင်ကို သွားတွေ့မှာ မဟုတ်ဘူး”
ဖုန်းယွီက ထိုအရာကို ရည်ရွယ်ချက် ရှိရှိဖြင့် ပြောလိုက်သည်။
“သေချာမောင်း။ မင်းရဲ့မျက်လုံးတွေကို တခြားဆီ မရောက်စေနဲ့”
ဝမ်တုန့်ကျွင်းက စိတ်မပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
သူသည် ဖုန်းယွီ ပြောသည့်အတိုင်း ဖြစ်နေသည်။ သူက စိတ်အာရုံ ထွေပြား တင်းမာနေကာ အလွန်ပင် စိုးရိမ်ကြောင့်ကျ များနေသည်။ သူသည် ကျန်းဟန်ကို ဖုန်းနဲ့တစ်ခါမျှသာ ပြောခဲ့ဖူးသည်။ သို့သော်သူက သူမကို ပိတ်သွားပြီလား ဘယ်လိုနေလဲ ဆိုသည့် အချက်များကို တစ်ခွန်းမျှတောင် မမေးခဲ့ပေ။
သူ့အနေဖြင့် ကျန်းဟန်သူနှင့် တွေ့သည့်အခါ နဂိုမူလအတိုင်း ဖြစ်မည်ကို ကြောက်ရွံ့နေသည်။ သူမပိုတောင် ဝသွားမည်လား။ တခြားသော လူများ၏ ရည်းစားများသည် အရပ်ရှည်ကာ ပိန်လျကြသည်။ သူ၏ ကောင်မလေးက အရပ်ရှည်ပြီး ဝနေမည်လား။ သူသည် သူမနှင့် အပြင်သွားသည့်အခါ ရှက်ရွံ့မည်ဟု ခံစားရမည်ပင်။ သို့သော် သူမှတ်မိသွားသည်က ကျန်းဟန်သည် ဝသည်မှလွဲ၍ အခြားသော အရာများတွင် နိမ့်ပါးခြင်း မရှိပေ။ သူမသည် အရပ်ရှည်သည်။ ကြည့်ကောင်းသည်။ သူမ၏ စာလေ့လာမှုတွင် ထူးချွန်သည်။ စိတ်ကောင်း သဘောကောင်း ရှိသည်။ ရယ်ရတာကို နှစ်ခြိုက်သည်။ သို့သော် သူ့အား နှောင့်ယှက်နေသည့် အရာက ဝခြင်းပင် ဖြစ်ပေသည်။
ဝမ်တုန့်ကျွင်းသည် ဖုန်းယွီကို မြင်လိုက်သည်။ သူက ကျန်းဟန်သို့ တိုးတိုးလေး ပြောနေခြင်း ဖြစ်သည်။ ဖုန်းယီ၏ စိတ်ထဲတွင် သူတိုးတိုး ပြောနေသည်မှာ သံစဉ်တစ်ခု ရွတ်ဆိုနေသည်ဟု တွေးနေသည်လော။ ဘယ်အချိန်ကျမှ ငါ့ရဲ့အနားကနေ ဝေးဝေးနေမှာလဲ။ သို့သော် သူက ကျွန်တော်ကို ဝသည်ဆိုသည့် အကြောင်းသာ ဆက်ပြောနေသည်။ အိုးအိုးအိုး မင်းဒီအကြောင်းတွေ ငါ့ဆီဆက်ပြောလို့ မရတော့ဘူးလား။
ပီ ပီ
“ဟိုင်း အချောအလှလေး ကျန်းဟန်အိမ်က ဘယ်နားမှာလဲဆိုတာ နင်သိ.... ကျန်းဟန်လား”
ဖုန်းယွီ၏ လေသံသည် အံ့သြမှုကြောင့် မြင့်တက် သွားလေသည်။
ဖုန်းယွီသည် လမ်းခွကို အရောက်တွင် ကျန်းဟန်၏အိမ်ကို ညွှန်ရန်အတွက် မေးလိုက်ခြင်းပင် ဖြစ်သည်။ ဝမ်တုန့်ကျွင်းသည် သူမကို မကြာခဏ လိုက်ပို့သည်။ သို့သော် သူမအား ဒီလမ်းဆုံ လမ်းခွထိသာ လိုက်ပို့ခဲ့သည်။ သူ့အနေဖြင့် မည်သည့် အဆောက်အဦး၌ နေသည်ကို သူမသိပေ။ ဖုန်းယွီသည် စွဲမက်ဖွယ် တောင့်တင်းသည့် ခန္ဓာကိုယ် အချိုးအစားရှိသည့် မိန်းကလေး တစ်ယောက် လမ်းဘေးမှ သူနှင့် မျက်နှာချင်းဆိုင် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူသည်တံခါးကို ချလိုက်ကာ သူမအား အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ သူပြောသည့်စကား မဆုံးခင် သူသည် ငြိမ်ကျသွားသည်။
သူ့ရှေ့ရှိ လှပသည့် မိန်းကလေးသည် အရပ် 1.65 မီတာခန့် မြင့်ပြီး ဆံပင်ကို နောက်တွင် စုထားကာ လှပသည့် ရှည်လျားသည့် ဂျက်ကက်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုအရာက သူမအား အရပ်ရှည်ပြီး ပါးသည့်ပုံ ပေါက်စေသည်။
သူမ၏ အသားအရေက လှပပြီး သူမ၏မျက်လုံးက ဖုန်းယွီကို ပြုံးလိုက်သည့်အခါ တောက်ပ သွားသည်။ သူမ၏သွားများကလည်း အဖြူရောင် ပုလဲလေးများ သဖွယ် တောက်ပ နေတော့သည်။
ထိုကဲ့သို့သော အပြုံးမျိုးသည် သူ၏အရင်းနှီးဆုံး သူငယ်ချင်းက ပြုံးသည့် အပြုံးနှင့် နီးစပ်ကာ ဖုန်းယွီကို အလွန်ရင်းနှီးသည့် ခံစားချက် ရစေသည်။ သူကသူ၏ ပြောနေတာ တစ်ဝက်တွင် ထိုသူသည် ကျန်းဟန်နှင့် တူကြောင်း တွေးမိသွားသည်။
မဖြစ်နိုင်တာ။ ဘာကြောင့် ကျန်းဟန်နှင့် ဒီလောက်ထိ တူနေရတာလဲ။ ဒါပေမဲ့ ကိုယ်လုံးကိုယ်ပေါက်က လုံးဝ ကွဲနေတယ်။ ထိုအရာကဖုန်းယွီ အံ့သြမှုကြောင့် အသံမြင့်တင် လိုက်ခြင်းပင် ဖြစ်ပေသည်။
“အဲဒါငါလေ။ နန တုန့်ကျွင်း ဖုန်းယွီ နင်တို့တွေ အားလုံး ဒီကိုရောက်လာပြီပဲ”
ထိုမိန်းကလေးသည် သူတို့ကို လက်ယမ်းပြကာ နှုတ်ဆက် လိုက်သည်။
“ဖုန်းယွီနင့်ပုံက ဘာဖြစ်နေတာလဲ။ ငါ့ကိုတောင် မမှတ်မိတော့ဘူးလား”
ဖုန်းယွီက ခေါင်းညိတ် လိုက်သည်။ ပြီးနောက် သူ့ခေါင်းကို ယမ်းလိုက်၏။ ထိုသူသည် တကယ်ပဲ ကျန်းဟန်လား။ ကျန်းဟန်၏ နာမည်ပြောင်က ဖက်တီးလေး ဖြစ်ခဲ့သည်။ ကျန်းဟန်သည် 1.65 မီတာခန့်ရှိကာ အလေးချိန်သည် 80 ကီလိုဂရမ်ဖြစ်သည်။ ဖုန်းယွီထက်တောင် ပိုလေးပေ၏။ အတန်းဖော်များကတောင် သူမလှေကားမှ ဆင်းချိန်တွင် အရိုးများ မနာဘူးလားဟုတောင် စကြသည်။
သူ့ရှေ့ရှိ အမျိုးသမီး တစ်ယောက်သည် နတ်သမီး တစ်ယောက်ဟု စဉ်းစား၍ မရသော်ငြား သူမသည် အရင်ကလောက် မဝတော့ပေ။ သူမ၏ ကိုယ်အလေးချိန်က လက်ရှိတွင် 55 ကီလိုသာ ရှိတော့သည်။ သူမမျက်နှာ ပြောင်းလဲ သွားခြင်းက အကြီးမားဆုံး ပြောင်းလဲခြင်းပင် ဖြစ်သည်။ ဝဖောင်းကစ်သည့် မျက်နှာက အသည်းပုံ မျက်နှာအဖြစ် ပြောင်းသွားသည်။ သူမ၏ မျက်လုံးများက ပိုတောင် ကြီးလာသည်။ ဒီပုဂ္ဂိုလ်သည် ကျန်းဟန်လား။ လက်ရှိတွင် ကျန်းဟန်ကို ပိန်သွားပြီဟု စဉ်းစား၍ရနိုင်သည်။ သို့သော်သူမကို ဖက်တီးလေးလို့ ထပ်ခေါ်ရန် မသင့်တော့ပေ။ ဆောင်းရာသီ ကျောင်းပိတ်ရက် အတွင်း 15 ကီလိုဂရမ် ကျအောင် သူမည်သို့ လုပ်ခဲ့သနည်း။ ထိုခေတ်အခါက အဆီချသောက်ဆေးများ ရှိနေသည်လော။ သို့မဟုတ် သူမသည် ဝမ်းနုတ်ဆေးကို နေ့တိုင်း သောက်သည်လော။
ဝမ်တုန့်ကျွင်းသည် ထိုပြောင်းလဲမှုက အလွန်ကြီးမားပြီး သူမျှော်မှန်းထားသည် ထက်တောင် ပိုနေသေးသည်။ ပိန်ပါးသည့် မိန်းကလေးများသည် ကြိုးမဲ့ကိုယ်ကျပ် ဘော်လီအင်္ကျီကို ဝတ်နိုင်သည့် အားသာချက်ရှိပြီး ကျပန်းဟန်၏ လက်မောင်းများသည်လည်း သေးသွယ်သွားသည်။ သို့သော် သူမ၏ ရင်သားများက သေးသွားခြင်း မရှိပေ။ ထိုအစား ထိုရင်ဘတ် အစုံသည် ပိုပြီးတောင် သိသာထင်ရှား လာပေသည်။
ကျန်းဟန်က ပြုံးကာပြောလိုက်သည်။
“အရမ်းအေးတာပဲ”
ဝမ်တုန့်ကျွင်းသည် သတိပြန်ဝင်လာကာ ကျန်းဟန်ကို ချက်ချင်း ကားထဲသို့ ခေါ်ဆောင် လိုက်သည်။ သူက လက်သီး ဆုပ်လိုက်သည်။ အရမ်း ကောင်းတာပဲ။ ကျန်းဟန်သည် တကယ်ပင် ပိန်ပါး သွားခဲ့သည်။ ပြီးနောက် ယခုတွင် သူမကအလွန် ပိန်နေပြီဖြစ်သည်။ သူသည်ပီတိ ဖြာနေ၏။
ဖုန်းယွီက လှည့်ကာ မှတ်ချက်ပြု လိုက်သည်။
“ကျန်းဟန် နင်ဒီလောက်ထိ ဝိတ်တွေ ကျသွားအောင် ဘယ်လိုများ လုပ်လိုက်တာလဲ”
“ငါပိန်သွားတဲ့အခါ ကောင်းမွန်တယ်လို့ ခံစားရတယ်။ ဒါကြောင့် ငါချက်ချင်း ဝိတ်လျော့လိုက်တာ။ ဒါတောင် ငါအများကြီး ဝိတ်မကျသေးဘူး 15 ကီလိုလောက်ပဲ”
ကျန်းဟန်က ထိုစကားလုံးများကို သာမန်သာ ပြောလိုက်သည်။ သို့သော် တခြားသူများသည် သူမ ဂုဏ်ယူနေသည့် ခံစားချက်ဖြင့် ပြောနေသည်ကို ခံစားရသည်။ သူမ အနေဖြင့် ဆောင်းရာသီ ကျောင်းပိတ်ရက်တွင် 15 ကီလိုကျဖို့အတွက် တော်တော် ကြိုးပမ်း အားထုတ်ခဲ့ရမှာပင်။ ယခုလက်ရှိ သူမ သူငယ်ချင်းများ မျက်နှာထက်ရှိ အံ့သြမှင်သက်မှုက သူမကို အလွန် ဂုဏ်ယူစေသည်။ အထူးသဖြင့် ဝမ်တုန့်ကျွင်း၏ ရူးကြောင်ကြောင်ရုပ် ဖြစ်နေသည်။ သူမသည် အစားလျော့ခြင်းကို ဆက်တိုက် လုပ်မည်ဖြစ်ကာ သူမ၏ အဆီများ အားလုံးကို ပျောက်ကင်းအောင် လုပ်မည်ဟု ကျိန်ဆိုလိုက်သည်။
“15 ကီလိုလား။ မင်းကအရမ်း အံ့သြစရာ ကောင်းတာပဲ”
လီနကမှတ်ချက် ပြုလိုက်သည်။ ဖက်တီးကလေးအပေါ် သူမ၏အမြင်က သူမသည် အားတိုင်းစားနေပြီး မဆာလျှင်တောင် စားနေမည်ဟု ထင်ခဲ့သည်။ တရုတ် နှစ်သစ်ကူးသည်လည်း ပြီးသွားခဲ့သည်။ ထိုအချိန်တွင် များစွာသော စားသောက်ဖွယ်ရာများက နေရာအနှံ့ ရှိနေပေမည်။ ဘယ်လိုလုပ် ဝိတ်ကျနိုင်မည်နည်း။
ဖုန်းယွီက နောက်ကြည့်မှန်ကို ကြည့်ကာ ဟာသနှောကာ ပြောလိုက်သည်။
“ဘယ်အကြောင်းကြောင့် ဝိတ်ကျသွားတယ် ဆိုတာ မင်းသိမှာပေါ့။ တကယ်လို့ တစ်ယောက်ယောက်က ခိုင်မာတဲ့ ပစ်မှတ်နဲ့ ရည်မှန်းချက် ရှိမယ်ဆိုရင် အဲဒီအရာတွေက မချိုးဖျက်နိုင်တဲ့ အရာတွေကိုတောင် ဖျက်ဖောက်သွားပြီး အစစ်အမှန်ကို ဖြစ်လာမှာလေ။ ငါပြောတာ မှန်တယ်မလား”
ကျန်းဟန်က ဝမ်တုန့်ကျွင်းကို တိတ်တဆိတ် ကြည့်ကာ ပြောလိုက်သည်။
“မဟုတ်ပါဘူး။ ငါက ဝိတ်ကျသွားတာကို ကြိုက်လို့ပါ။ အရမ်းဝနေရင် ငါ့ရဲ့ကာယသင်တန်းရဲ့ အမှတ်တွေကို ထိခိုက်နိုင်တယ်လေ။ ဒီစာသင်နှစ်မှာ ငါ့ရဲ့အစားလျော့မှု အစီအစဉ်ကို ဆက်လက် လုပ်ကိုင်ပြီး 55 ကီလိုထိ ကျအောင်ချမှာ”
ဖုန်းယွီက ခေါင်းညိတ် လိုက်သည်။
“ဒါအမှန်ပဲ။ တကယ်လို့ မင်းရဲ့ ကာယအမှတ်တွေက အရမ်း နည်းနေမယ်ဆိုရင် အဲဒါက ငါတို့အတန်းရဲ့ အားကစား ကိုယ်စားလှယ်ကို မကောင်းမွန်တဲ့ သက်ရောက်မှုတွေ ဖြစ်စေလိမ့်မယ်”
ဝမ်တုန့်ကျွင်းသည် သူတို့အတန်း၏ အားကစား ကိုယ်စားလှယ် ဖြစ်သည်။ သူက အရပ်ရှည်ပြီး ခန္ဓာကိုယ် ထောင့်ကျကာ အားကစားနည်း များစွာကိုလည်း ကျွမ်းကျင်ပေသည်။ သူသည် လက်ထောက်ကျောင်းအုပ် အထူးအရေးပေး ကြည့်ရှုခံရသည့် လူထဲမှာ အနည်းငယ်မှ တစ်ယောက်ဖြစ်သည်။ သေချာသည်မှာ အတန်းပိုင် ဆရာကလည်း သူ့အား ရာထူးတစ်ခု ပေးထားသည်ပင်။
ဝမ်တုန့်ကျွင်းက သူ့ခေါင်းကို နောက်လှည့်ကာ ပြုံးရင်း
“ကျန်းဟန် မင်းအရမ်း ကြည့်ကောင်းလာတယ်”
ကျန်းဟန်သည် ပိန်ပါးဆဲဖြစ်သော်လည်း ဝမ်တုန့်ကျွင်းသည် သူမကို လက်ရှိတွင် လက်ခံနိုင်ပေသည်။ သူ့အနေဖြင့် ဆောင်းရာသီ အားလပ်ရက်အတွင်း ထိုမျှ ဝိတ်ကျ သွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
“မဟုတ်ပါဘူး။ ငါလီနလောက်တော့ ပိန်ချင်သေးတယ်။ အဲဒီအခါကျ ငါက နောက်တစ်တန်း ထဲကရှိတဲ့ အလှဆုံး ကောင်မလေးထက်တောင်မှ ပိုလှနေမှာ”
ကျန်းဟန်က အလျော့မပေးသည့် လေသံဖြင့် ပြောလိုက်သည်။
တခြား နောက်တစ်တန်းမှ အလှဆုံး မိန်းကလေးဟု သူမ ပြောလိုက်သည့် အခိုက် ဝမ်တုန့်ကျွင်းသည် ငြိမ်သက် သွားသည်။ သို့သော် ဖုန်းယွီက ဟားတိုက်ကာ ထရယ်တော့သည်။ ထိုအရူးက အတိတ်က ထိုအလှဆုံး မိန်းကလေးကို ကြိုက်ခဲ့သူဖြစ်သည်။
တစ်ယောက်ယောက်က ပြောခဲ့သည်။ ဖက်တီးလေးတိုင်းသည် စွမ်းရည်ရှိသည်။ သို့သော် ဖုန်းယွီက မယုံကြည်ခဲ့ပေ။ သို့သော် ယနေ့မှစကာ ထိုပြောဆိုချက်သည် မှန်ကန်ကြောင်း အသေအချာပင် ဖြစ်ပေသည်။
***