← Chapters

သတင်းကောင်းများဆက်တိုက်

Vol. 9 Ch. 123

သတင်းကောင်းများဆက်တိုက်

Vol. 9 Ch. 123

ကျောင်းများ ပြန်ဖွင့်ခြင်းက ဖုန်းယွီကို သူ၏စီးပွားရေး အချိန်များပေးရာ ရောက်စေသည်။

ဒုတိယမျိုးဆက် ရေနွေးငွေ့စက်၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် နောက်ဆုံး စမ်းသပ်မှုသို့ ရောက်ပြီဖြစ်သည်။ လေယာဉ်ထုတ် စက်ရုံမှ အင်ဂျင်နီယာများက သုတေသန ပြုလုပ်ပြီးသည်။ စမ်းသပ်မှုပေါင်း များစွာ ကျော်ဖြတ်ပြီးနောက် ပြဿနာ ရှိတော့မည် မဟုတ်ချေ။ တစ်ပတ်အတွင်း သူတို့အနေဖြင့် သုတေသန၏ ရလဒ်ကို စက်ပစ္စည်းစက်ရုံသို့ ပို့ဆောင်ကာ စတင် ထုတ်လုပ် နိုင်တော့မည် ဖြစ်ပေသည်။

ထိုသတင်းကို ကြားသည့်အခါ ဖုန်းယွီ ပျော်ရွှင်နေ၏။ ဖွံ့ဖြိုးတိုးတက်မှုပြီးလေ သူ့အနေဖြင့် ဈေးကွက်ကို စောစော သိမ်းပိုက်နိုင်မည် ဖြစ်သည်။ မကြာခင် အချိန်အတွင်း သူ့အနေဖြင့် ဖူကွမ်းကျန်းကို တင်ပို့သည့် စာချုပ်စာတမ်း ကိစ္စနှင့် ဖိတ်ခေါ်ရမည့်ပုံ ပေါ်သည်။ စက်ယန္တရား စက်ရုံတွင်လည်း ကောင်းမွန်သည့် သတင်းများ ရှိပေသည်။ သူတို့၏ ထွန်စက်ပထမ တစ်သုတ်သည် ရောင်းကုန်သွားပြီး နောက်ထပ် အမှာစာများ ရရှိနေဆဲဖြစ်သည်။ သူတို့ ထွန်စက်၏ လုပ်နိုင်စွမ်းအားသည် တုန်ဖန်းဟုန်း ထွန်စက်များထက် ပိုကောင်းကာ ဈေးချိုပေသည်။ အရူးများတောင် မည်သည့် ထွန်စက် ဝယ်ရမည် ဆိုသည့် အချက်ကို သိသည်။

မြေလှန်စက်နှင့် ချွေလေ့စက်များ၏ အမှာစာများကလည်း တိုးတက်နေပြီး သူတို့၏ ဈေးကွက် မျှဝေမှုသည်လည်း ကြီးထွားလာသည်။ ထိုအရာက လင်းပြည်နယ်ရှိ စက်ယန္တရား စက်ရုံကိုတောင် ဖျက်သိမ်း လုနီးပါး အခြေအနေအထိ ရောက်သွားစေသည်။ အကြောင်းမှာ သူတို့၏ ကုန်ပစ္စည်းများကို မည်သူမှ မဝယ်ကြ၍ ဖြစ်သည်။

ယခု တိုးတက်နှုန်း အရဆို စက်ယန္တရား စက်ရုံ၏ အရောင်းသည် သန်းသုံးရာကျော် ရှိမည်ဖြစ်ကာ သူတို့အနေဖြင့် အနည်းဆုံး သန်းခြောက်ဆယ် ရမည်ဖြစ်သည်။ ထိုကဲ့သို့ အမြတ်မျိုးသည် အတိတ်က သူတို့ အိပ်မက်ထဲတွင်တောင် ထည့်မမက်ခဲ့သည့် ပမာဏဖြစ်သည်။ စက်ယန္တရား စက်ရုံသည် မြို့တော် အစိုးရနှင့် မသက်ဆိုင်တော့သည့်တိုင် မြို့တော် အစိုးရသည် ထိုကုမ္မဏီ၏ အဓိကရှယ်ယာရှင် ဖြစ်နေသေးဆဲဖြစ်ပြီး ခွဲတမ်း ရရှိမှုသည်လည်း လွန်ခဲ့သည့်နှစ် အမြတ်ထက် အဆများစွာ များပေသည်။ ထိုအရာများတွင် သိသာ ထင်ရှားလှသည့် အခွန်ပမာဏများတောင် ပါဝင်နေသေးသည်။

ကျန်းရွေ့ချင်သည် စက်ယန္တရား စက်ရုံကို ဦးဆောင်သည့် ပရောဂျက် အနေဖြင့် အသုံးပြုခဲ့ကာ ထိုဦးဆောင်သည့် ပရောဂျက်သည် ဆိုဗီယက် ပြည်ထောင်စုမှ အဆင့်မြင့် စက်ပစ္စည်းများနှင့် နည်းပညာများကို ဆိုဗီယက် ပြည်ထောင်စုမှ ထည့်သွင်းခဲ့ကာ ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်ထံမှလည်း ရင်းနှီးမြုပ်နှံမှု ရခဲ့သည်။ ထိုအရာကို သူမြို့တော် အစိုးရအတွင်း ရှိစဉ် ကာလအတွင်း သူ၏ သိသာထင်ရှားသည့် အောင်မြင်မှု တစ်ခုအဖြစ် စဉ်းစား၍ ရနိုင်ပေသည်။ လက်ရှိတွင် သူသည် အစိုးရပိုင် လုပ်ငန်းများ၏ ပြန်လည် ဖွဲ့စည်းခြင်းကို အထမြောက်စေခဲ့ပြီး သူ၏ အစီအစဉ်ကို ကန့်ကွက်သည့် လူများလည်း နည်းသွားပေသည်။

ဖုန်းယွီသည် ယွမ်သုံးရာ ရောင်းရငွေနှင့် အမြတ်ယွမ် သန်းခြောက်ဆယ်ကို မကျေနပ်ပေ။ စက်ယန္တရား စက်ရုံသည် လက်ရှိတွင် ရေရှည်အမြင် မရှိသူဖြစ်ကာ သူတို့အနေဖြင့် နည်းပညာ အသစ်များ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အကြောင်းကို ဂရုမစိုက်ပေ။ ထိုအရာများက ထိုလုပ်ငန်းတွင် ခေါင်းဆောင်တစ်ဦး ဖြစ်စေသည်။ အကယ်၍ လက်ရှိအတိုင်းသာ ဆက်သွားပါက စက်ယန္တရား စက်ရုံသည် နောက်ငါးနှစ်အကြာ ခေတ်ပြန်ဆွဲသည့် အခြေအနေသို့ ရောက်သွားမည်ပင်။

သေချာသည်မှာ ဖုန်းယွီသည် ထိုကဲ့သို့ အဖြစ်မခံနိုင်ပေ။ ငါးနှစ်အတွင်း သူ့အနေဖြင့် စက်ယန္တရား စက်ရုံ၏ အဓိက ရှယ်ယာရှင်အဖြစ် ဖြစ်ချင်ကာ ထိုသို့ဖြစ်ပါက သူ့အနေဖြင့် မကြိုက်သည့် အရာများကို ပြုပြင်ပြောင်းလဲကာ ကုမ္မဏီကို သူနှစ်ခြိုက်သည့် အတိုင်း ဆောင်ရွက်မည် ဖြစ်သည်။

သို့သော် ထိုအရာက ကာလရှည်ထိ ရှိနေသည့်အရာ မဟုတ်ပေ။ ယခုနှစ်တွင် ဖုန်းယွီအနေဖြင့် သူ့မိသားစု၏ ရှယ်ယာကို တစ်ကြိမ်ထက်ပိုပြီး တိုးတက်အောင် လုပ်မည်ဖြစ်သည်။ ဖုန်းယွီထိုကဲ့သို့ ယုံကြည်ရခြင်းမှာ မော်စကိုတွင်ရှိသည့် ကီရီလန်ကိုကြောင့်ဖြစ်သည်။ ကီရီလန်ကိုက ယမန်နေ့က ဖုန်းယွီကို ဖုန်းခေါ်ဆိုကာ သံမဏိ ရည်ကြိုစက် အကြောင်း ပြောခဲ့သည်။ ထိုသတင်းက ဖုန်းယွီကို တကယ် စိတ်လှုပ်ရှား စေသည်။ သံမဏိရည်ကြိုစက်သည် သံမီးပြင်းပုံ တစ်ခုဖြစ်ကာ ပုံစံခွက် ပြုလုပ်ရန် အသုံးပြုသည့် သန့်စင်သည့် စတီးများကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။

တရုတ်ပြည်တွင် ထိုကဲ့သို့ သံမဏိရည်ကြိုစက်မျိုး ပုံစံတူရှိသော်ငြား ထိုကဲ့သို့ အပူချိန်မြင့်မြင့်ကို ခံနိုင်ရည်မရှိပေ။ ပြီးနောက် ထိုစက်သည် စတီးအမျိုးအစား များစွာကိုလည်း ထုတ်လုပ်နိုင်ခြင်း မရှိပေ။ တရုတ်ပြည်တွင် ယခုသံမဏိ အရည်ကြိုစက်ကို အနည်းဆုံး စက်ရုံကြီးတစ်ရုံက လိုချင်ကြကာ စက်ပစ္စည်း စက်ရုံကလည်း သူတို့ထဲမှ တစ်ရုံဖြစ်သည်။ ဖုန်းယွီအနေဖြင့် သံရည်ကြိုစက် တစ်ခုသာ တင်ပို့နိုင်သည်။ ပြီးနောက် ကီရီလန်ကိုက ရူဘယ်သုံးသန်း ဈေးခေါ်လိုက်သည်။ ထိုကဲ့သို့သော ကြီးမားသည့် သံမဏိရည်ကြို စက်သည် လွန်ခဲ့သည့် နှစ်များစွာက သုံးခဲ့သည့် နည်းပညာများ ဖြစ်သည်။ သို့သော် အသစ်စက်စက် သံမဏိမီးပြင်းဖို၏ ဈေးမှာ ရူဘယ်ဆယ်သန်းထက် မြင့်ပေ၏။ တစ်ပတ်ရစ် မီးပြင်းဖိုတောင် သုံးဆယ်ရာခိုင်နှုန်း ပိုမည်ဖြစ်သည်။

ဖုန်းယွီက ချက်ချင်းပင် စက်ပစ္စည်း စက်ရုံနဲ့ ဆက်သွယ်လိုက်ကာ သူတို့အနေဖြင့် ထိုသံမဏိ မီးပြင်းဖိုကို ရူဘယ်ငါးသန်းဖြင့် ဝယ်ချင်သည်လားဟု မေးလိုက်သည်။

လီရှစ်ယုံက တုံ့ဆိုင်းခြင်း မရှိဘဲ သဘောတူလိုက်သည်။ ထိုကဲ့သို့သော မီးပြင်းဖိုကို သုံးလျှင် ဘာဖြစ်မည်နည်း။ အကယ်၍ ထိုမီးပြင်းဖိုသည် အလုပ် လုပ်ကိုင်နေသည့် အခြေအနေတောင် သူတို့အနေဖြင့် အရင်က သူတို့ အိမ်မက်သာ မက်ခဲ့ရသည့် ပစ္စည်းများကို ထုတ်လုပ်နိုင်ပေမည်။ ကုန်ကြမ်း ပစ္စည်းများ၏ စရိတ်သည်လည်း နည်းသွားမည်ဖြစ်ကာ သူတို့အနေဖြင့် နှစ်နှစ်အတွင်း ကုန်ကျငွေကို ပြန်ဖာထေးနိုင်မည် ဖြစ်ပေသည်။

ဖုန်းယွီ အနေနှင့် စက်ပစ္စည်းစက်ရုံကို အခွန်ငွေ ရူဘယ်သုံးသိန်းကို ပေးဆောင်ရန် လိုချင်ကြောင်း ပြောသည်။ သို့သော် ဖုန်းယွီအား လီရှစ်ရို၏ စကားက အလွန် အံ့အားသင့် စေသည်။ သူပြောလိုက်သည့် စကားက အခွန်ကိစ္စကို သူ့ဘာသာသူ ဆောင်ရွက်မည်ဆိုသည့် အချက်ပင်ဖြစ်သည်။ အကယ်၍သူသာ စစ်ဖက်ဆိုင်ရာ နာမည်အောက်တွင် ယင်းကိုတင်ပို့ပါက အခွန်များကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

နိုင်ငံပိုင် လုပ်ငန်းများ၏ အာဏာနှင့် လုပ်ပိုင်ခွင့်ကို ဖုန်းယွီထိတ်လန့် သွားစေသည်။ စစ်ဖက်ဆိုင်ရာ နောက်ခံရှိခြင်းက အလွန်ကို အကျိုးထူးသည့် အရာပင်ဖြစ်ပေသည်။ စက်ပစ္စည်း စက်ရုံအနေဖြင့် စစ်ဖက်ဆိုင်ရာ ပစ္စည်းများကို ဆက်လက် သန့်စင်ခြင်း မရှိလျှင်တောင် သူတို့အနေဖြင့် အခွန်ငွေများကို ရှောင်တိမ်း နိုင်သေးဆဲဖြစ်သည်။ ဖုန်းယွီအနေဖြင့် နောက်ထပ် အက်ထရာ အဆင့်မြင့် လျှပ်စစ် သံရည်ကြိုစက်ကိုလည်း ဖုန်းယွီ လိုချင်သည်။ ထိုကဲ့သို့သော သံရည်ကြိုစက် အမျိုးအစားသည် နည်းပညာပိုင်း ဆိုင်ရာ လိုအပ်ချက် မြင့်မားပြီး ဈေးနှုန်းသည်လည်း ရူဘယ်သန်းလေးဆယ် အထက်တွင် ရှိပေသည်။ ထိုသံရည်ကြိုစက်သည် အလွန် ဈေးကြီးနေသည့် အတွက်ကြောင့် ကီရီလန်ကို အနေဖြင့် ထိုအရာကို ဖုန်းယွီအား မရောင်းချရဲပေ။

ယွမ်သန်းကဏန်းသာ ရှိသော အမျိုးအစား အတွက်မူ ကီရီလန်ကိုသည် စက်ရုံမန်နေဂျာဖြင့် ပူးပေါင်း ဆောင်ရွက်ကာ ရောင်းချနိုင်ပေသည်။ သို့သော် ရူဘယ်ဆယ်သန်းထက် ပိုတန်ဖိုးရှိသည့် အဆင့်မြင့် စက်ပစ္စည်းများကို ရောင်းချခြင်းက အလွန် အန္တရာယ် များပေသည်။ အထူးသဖြင့် ယင်းကဲ့သို့သော သံရည်ကြို စက်မျိုးသည် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုပြီး ကီရီလန်ကိုသည် ဖုန်းယွီကို တရားမဝင် နည်းလမ်း ရောင်းချရာတွင်လည်း အလွန့်အလွန် အန္တရာယ် များပေသည်။ ကီရီလန်ကိုက ခေတ္တခဏကြာ စောင့်ဆိုင်းရန် ပြောလိုက်သည်။

အကြောင်းမှာ လက်တွေ့တွင် ဖုန်းယွီက သူ့အား ပြောသည်။ သူသည် သံရည်ပူစက်ထက် ထိုနောက်ကွယ်တွင် ရှိသည့် နည်းပညာကို ပိုပြီး ပေးလိုကြောင်း ပြောသည်။

တရုတ်နိုင်ငံတွင် ထိုကဲ့သို့ အာထရာ ပါဝါလျှပ်စစ် သံရည်ကြိုစက်ကို ထုတ်လုပ် နိုင်ရန်အတွက် နည်းပညာ မရှိသေးပေ။ ထိုနည်းပညာကို စက်ရုံတစ်ရုံမျှ အသုံးပြုပါက ထိုစက်ရုံသည် တရုတ်နိုင်ငံတွင် အဆင့်အတန်း အမြင့်မားဆုံး စက်ရုံဖြစ်သွားမည်ပင်။ ရူဘယ်သန်း ဆယ်ကဏန်းခန့် သုံးပြီးနောက် အကယ်၍ နည်းပညာကိုတောင် မသိလျှင်တောင် စက်ရုံ၏ စွန့်ပစ် ပစ္စည်းများကို လေ့လာခြင်း အားဖြင့် နည်းစနစ်နှင့် နည်းပညာများကို တွေ့ရှိနိုင်ပေသည်။

ဖုန်းယွီက ကီရီလန်ကိုကို စက်ပစ္စည်း မရလျှင်တောင် နည်းပညာပဲ လိုချင်ကြောင်း ပြောခဲ့သည်။ သူသည် စစ်ဖက်ဆိုင်ရာ နည်းပညာများကို မလိုချင်ပေ။ ထိုသူလိုချင်သည့် နည်းပညာများက စစ်ဖက် အသုံးမပြုသည့် နည်းပညာများ ဖြစ်ပေသည်။ သို့သော် ထိုနည်းပညာများကိုလည်း နိုင်ငံတကာတွင် အဆင့်အတန်း အမြင့်ဆုံးအဖြစ် သတ်မှတ်၍ ရနိုင်ပေသည်။ ပြီးနောက် သူ့အနေဖြင့် ထိုအရာများ အတွက် မှန်ကန်သည့် ဈေးနှုန်းတစ်ခုကို ပေးမည်ဖြစ်သည်။

ထိုခေတ်အခါက တရုတ်ပြည်ရှိ စက်မှု နည်းပညာများသည် အလွန် နောက်ကျပေသည်။ ဥရောပကို ယှဉ်ရန် မဆိုထားနှင့် သူတို့အနေဖြင့် အိမ်နီးချင်း တိုင်းပြည်များကိုတောင် ယှဉ်နိုင်ခြင်းမရှိပေ။ တရုတ်နိုင်ငံရှိ စက်ယန္တရား အများစုသည် ထိုခေတ်အခါက ကိုရီးယားနှင့် ထိုင်ဝမ်မှ တင်သွင်းရသည်။ အကယ်၍ ဖုန်းယွီသာ ယင်းနည်းပညာများကို မယူနိုင်ပါက သူ့အနေဖြင့် အသုံးဝင်သည်များကို သူ့အတွက် သိမ်းထားပြီး သူ့အတွက် အသုံးမဝင်သည့် အရာများကို တခြားလူဆီ ရောင်းမည်ပင်။

သူသည် ကိုယ်ကျိုး အကျိုးအမြတ်သာ ရရုံသာမက တရုတ်ပြည်၏ စက်မှုဆိုင်ရာ နည်းပညာ စံနှုန်းကိုလည်း မြင့်တင်ရာ ရောက်ပေမည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်းပင်ဖြစ်၏။ ပိုအရေးကြီးသည်က ဖုန်းယွီသည် ခေါင်းဆေင်များ၏ မျက်လုံးထဲတွင် သူ၏ အဆင့်အတန်းကို မြင့်တင်နိုင်မည်ဖြစ်သည်။

ထိုအရာကြောင့် အဆင့်မြင့် အရာရှိကြီးများနှင့် တွေ့ဆုံနိုင်လျှင် ပိုတောင် ကောင်းမွန်သည့်အရာဖြစ်သည်။ လူများစွာနှင့် သိခြင်းက အန္တရာယ် မများပေ။ စက်ပစ္စည်း စက်ရုံသည် တစ်ဆယ် ရာခိုင်နှုန်း ကြိုတင်ငွေ ပေးချေပြီး စာချုပ်တွင် လက်မှတ်ထိုးသည်။ ဖုန်းယွီက ကီရီလန်ကိုကို သံမဏိရည်ကြို စက်နှင့်အတူ အနည်းဆုံး ကျွမ်းကျင်သူ သုံးယောက် ပို့ဆောင်ရန် ပြောလိုက်သည်။ သူတို့၏ လစာများမှာ အရင်တစ်ခေါက် လစာများအတိုင်း ဖြစ်သည်။ သေချာသည်မှာ ကျွမ်းကျင် ပညာရှင် များစွာက ဖုန်းယွီထံ လာရောက် လုပ်ကိုင်ချင်လျှင် ဖုန်းယွီသည် သူတို့ကို ကြိုဆိုမှာပင် ဖြစ်သည်။ ပိုများလေ ပိုကောင်းလေ ဖြစ်သည်။

ကျွမ်းကျင်သည့် သူများကို ရှာရန်က ခက်ခဲပေ၏။ လက်ရှိတွင် ဖုန်းယွီအတွက် ဆိုဗီယက် ပြည်ထောင်စုမှ အဆင့်မြင့် အင်ဂျင်နီယာ ဒါဇင်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပါက သူ၏ အဆင့်အတန်းသည် ကွဲပြားခြား နေမည်ပင်။ ကျွမ်းကျင် ပညာရှင်များနှင့် ဆိုလျှင် သူ့အနေဖြင့် ပြည်နယ် အစိုးရ၏ တန်ဖိုးကြီး ဧည့်သည့်တစ်ယောက်အဖြစ် စဉ်းစား၍ ရနိုင်ပေသည်။

ကီရီလန်ကိုက ယခုတစ်ခေါက်တွင် ဖုန်းယွီကို ပြောသည်။ သူ့အနေဖြင့် စက်မှုလုပ်ငန်း ကျွမ်းကျင်သူ ဒါဇင်ပေါင်း များစွာကို သူ့ဆီ ပို့မည်ဖြစ်ကြောင်း ပြောသည်။ ပြီးခဲ့တဲ့ပို့ခဲ့သည့် သုံးယောက်သည် တရုတ်နိုင်ငံတွင် အဆင်ပြေစွာဖြင့် နေနိုင်ကြကာ သူတို့၏ အစားအသောက်များနှင့် နေထိုင်မှုများကိုလည်း စက်ယန္တရား စက်ရုံကတောင် ပံ့ပိုးပေးထားသည်။ လတိုင်းလတိုင်း သူတို့အနေဖြင့် ရသည့် လစာသည် သူတို့ ဆိုဗီယက် ပြည်ထောင်စုတွင် ရသည့် လစာထက် ပိုများပေ၏။

ပြီးခဲ့သည့် တစ်ခေါက်က ကီရီလန်ကိုသည် ကျွမ်းကျင်သူ ဆယ်ယောက်ကျော်နှင့် ဆက်သွယ်ခဲ့သည်။ သို့သော် အများစုက တစ်ခဏတာ စောင့်ပြီး အခြေအနေကို စောင့်ကြည့်ချင်ကြသည်။ ကျွမ်းကျင်ပညာရှင် သုံးဦးသည် လက်ရှိတွင် ကောင်းကောင်း လုပ်နိုင်မည်ဆိုပါက သူတို့အနေဖြင့်လည်း အလုပ်လာလုပ်မည် ဖြစ်ပေသည်။

သူတို့အကောင်းဆုံး လုပ်နေရင်းနှင့်တောင် သူတို့သည် ပိုက်ဆံ အများအပြား ရှာဖွေနိုင်ပေသည်။ သူတို့က ဆိုဗီယက် ပြည်ထောင်စုမှာရှိသည့် သူတို့၏ မိသားစုများထံ ငွေပြန်ပို့နိုင်ပေသည်။ သူတို့၏ ဘဝများသည် ဆိုဗီယက် ပြည်ထောင်စုတွင် လုပ်ကိုင်နေသည့် လူများထက် ပိုကောင်းမွန်ပေ၏။

သို့သော် ထိုလူများတွင်တော့ အခြေအနေတစ်ခု ရှိပေသည်။ ဆိုဗီယက် ပြည်ထောင်စုက သူတို့အား လိုအပ်လာလျှင် သူတို့ချက်ချင်းပင် ပြန်ရမည်ဖြစ်သည်။ လစာသည်လည်း သူတို့ ထွက်ခွာသည့် အချိန်တွင် သင့်တော် လျေှာက်ပတ်သည်ကို ပေးရမည် ဖြစ်ပေသည်။

ထိုအချက်က ဖုန်းယွီကို မပျော်ရွှင် ဖြစ်စေသည်။ အလုပ်မပြီးဘဲနှင့် ဆိုဗီယက် ပြည်ထောင်စုကို ပြန်သွားမည်လော။ ထိုအခါ သူတို့အနေဖြင့် ကောင်းမွန်သည့် အခြေအနေများကို သူတို့အား အဘယ့်ကြောင့် ပေးမည်နည်း။

ဖုန်းယွီသည် သူတို့၏ ကမ်းလှမ်းမှုကို ပြန်ထောက် လိုက်သည်။ သူတို့အနေဖြင့် ဆိုဗီယက် ပြည်ထောင်စုကို မပြန်ခင် အနည်းဆုံး တစ်လခန့် ကြိုတင် သတိပေးရမည် ဖြစ်သည်။ မဟုတ်ပါက သူတို့၏ သုံးလစာ လစာငွေကို စာချုပ် ဖောက်ဖျက်ခြင်းအတွက် ပေးလျေှာ်ရမည် ဖြစ်ပေသည်။ ထိုအရာများ အားလုံးကို စာချုပ်ထဲတွင် ရေးသားထားပေသည်။

ကီရီလန်ကိုသည် ဖုန်းယွီ၏ သတင်းများကို ကျွမ်းကျင်သူများဆီ ပေးလိုက်ကာ တရုတ်ပြည်သို့ လာရောက်အလုပ် လုပ်ကိုင်ချင်သည့် ကျွမ်းကျင်ပညာရှင် အရေအတွက်မှာ ငါးယောက်အထိ ကျဆင်းသွားသည်။ ကျန်သည့် သူများက အခြေအနေကို ကြာရှည်စွာ စောင့်ကြည့်ရန် လိုချင်သေးသည်။

ဖုန်းယွီက ကီရီလန်ကိုကို ထိုကျွမ်းကျင်သူများသည် ဆင်းရဲမှုနှင့် ကြုံနေရသည့်အတွက် ဆက်သွယ်နေကြောင်း ပြောသည်။ ဖုန်းယွီအနေဖြင့် ထိုကျွမ်းကျင်သူများသည် မြင့်မားသည့် လစာငွေ၏ ရိုက်ခတ်မှုကို ခံနိုင်လိမ့်မည်ဟု မယုံကြည်ပေ။

တစ်ပတ်ခန့် ကြာပြီးနောက် အာထရာစောနစ် ရေနွေးငွေ့စက်၏ ပထမဦးဆုံး မူကြမ်းက ထွက်လာပြီဖြစ်သည်။

***

All Chapters