အာထရာစောနစ် နည်းပညာ မူပိုင်ခွင့် တင်သွင်းခြင်း
Vol. 9 Ch. 124
ရေနွေးငွေ့စက်သည် ဖုန်းယွီ၏ မျှော်မှန်းချက်ကို မပြည့်မီသော်ငြား ထိုအရွယ်အစားသည် မှန်ကန်သည့် အရွယ်အစား ဖြစ်လာပြီ ဖြစ်သည်။ သူ့အနေဖြင့် အပြင်ပိုင်း ဒီဇိုင်းကို ပြောင်းလဲနိုင်ကာ အကယ်၍ ထိုဒီဇိုင်းသည် အလုပ်မဖြစ်ပါက သူ့အနေဖြင့် အမြဲတမ်း ထုတ်ကုန် ဒီဇိုင်နာကို သူ့အတွက် အလုပ်လုပ်ပေးရန် ငှားရမ်း နိုင်ပေသည်။ ထုတ်ကုန် ဒီဇိုင်နာသည် ထိုခေတ်အခါက ဈေးမကြီးပေ။
ရေနွေးငွေ့စက်ကို ဖွင့်လိုက်သည်နှင့် ရေငွေ့များက ချက်ချင်းပင် ထွက်လာသည်။ ထိုအရာက ပိုမို ခရီးရောက်ပြီး အရင်က ထုတ်သည့် ရေနွေးငွေ့စက်နှင့် စာလျှင် လျှပ်စစ်မီးသုံးစွဲမှု နည်းပေသည်။ ထိုခေတ်အခါက လျှပ်စစ်ဓာတ်အား ပျက်တောက်မှုက ခန့်မှန်း၍ မရနိုင်အောင် များပြားပေသည်။ မြို့တော်များတွင်တောင် နေထိုင်သူများသည် လျှပ်စစ်ကို အကန့်အသတ်ဖြင့်သာ ရကြပြီး ဦးစားပေး အနေဖြင့် အစိုးရပိုင် စက်ရုံများနှင့် အစိုးရ အေဂျင်စီများ ဖြစ်သည်။
ဖုန်းယွီသည် အဲယားကွန်း ထုတ်လုပ်ရန် အတွက်လည်း တွေးခဲ့ဖူးသည်။ အဲ့ယားကွန်းသည် လျှပ်စစ်ပန်ကာထက် ပိုမို အကျိုးအမြတ် များပေသည်။ သို့သော် လျှပ်စစ် ပြတ်တောက်မှုကြောင့် သူသည် ထိုအကြံကို ချောင်ထိုး ထားခဲ့သည်။ ယခု လက်ရှိတွင် ရေခဲသေတ္တာ နှစ်မျိုးနှစ်စားရှိကာ ဗဟိုအဲယားကွန်းနှင့် မတ်တပ် အဲ့ယားကွန်းတို့ ဖြစ်သည်။ နံရံချိတ် အဲယားကွန်းများက မပေါ်ပေါက်သေးပေ။
အနာဂတ် ခေတ်တွင်တောင် မတ်တပ် အဲယားကွန်းများ၏ လျှပ်စစ်သုံးစွဲမှုသည် ဘယ်လောက် များပြားကြောင်း သိနိုင်ပေသည်။ အဲယားကွန်း ထုတ်လုပ်သည့် စက်ရုံများလည်း တရုတ်နိုင်ငံတွင် ရှိပြီး သူတို့၏ ရောင်းအားသည်လည်း သနားစဖွယ်ပင် ဖြစ်ပေသည်။ ထိုအရာက အစိုးရ၏ တင်းကျပ်မှုကြောင့် ဖြစ်သည်။ အကယ်၍ အိမ်ထောင်စု တစ်စုသည် အဲယားကွန်းကို တပ်ဆင်ချင်ပါက သူတို့အနေဖြင့် ချမှတ်ထားသည့် စွမ်းအင်လျော့ချမှု စံနှုန်းများဖြင့် ကိုက်ညီရပေမည်။ ဆေးရုံမယ် များစွာက ထိုသတ်မှတ်ချက်နှင့် မကိုက်ညီပေ။ ထို့ကြောင့် အဲယားကွန်း အများစုသည် ပြည်ပမှ တင်သွင်းရပြီး သူတို့၏အဓိက ဈေးကွက်သည် အဆင့်မြင့် အရာရှိကြီးများနှင့် ချမ်းသာသည့် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ပေသည်။
အဲယားကွန်းကို တပ်ဆင်ချင်ပါက တပ်ဆင်သူ အနေဖြင့် လျှပ်စစ်အခွန်အဖြစ် ပထမဦးစွာ ယွမ်သုံးထောင်မှ ငါးထောင်အထိ ပေးရန် လိုအပ်ပေသည်။ ထိုအရာက အခွန်နှင့် တူပေသည်။ တရုတ် တစ်ပြည်လုံးတွင်တောင် အဲယားကွန်း သုံးစွဲသည့်သူ များများစားစား မရှိပေ။ ပြီးနောက် အဲယားကွန်း အလုပ်လုပ်ပုံကို အနည်းငယ်သာ သိသည့်သူ ဖုန်းယွီအနေဖြင့် ဘယ်လို ထုတ်လုပ် နိုင်မည်နည်း။
အကယ်၍ သူသည် အဲယားကွန်းကို သုတေသန ပြုလုပ်ရန် ကျွမ်းကျင် ပညာရှင် ရခဲ့လျှင်တောင် ရင်းနှီးမြုပ်နှံမှု ပမာဏသည် အလွန် များမည်ဖြစ်ကာ ကြိုးစား အားထုတ်မှုနှင့် ထိုက်တန်မည် မဟုတ်ပေ။ ထို့ကြောင့် ဖုန်းယွီသည် အစပိုင်းတွင် လျှပ်စစ်ပန်ကာ ထုတ်လုပ်ရန်သာ ရွေးချယ်ခဲ့ပြီး လျှပ်စစ်ပန်ကာမှ ရရှိသည့် အကျိုးအမြတ်က သူ့အား ကာလရှည်ကြာ ပြုံးနိုင်စေခဲ့သည်။
ယခု ရေနွေးငွေ့စက်သည် ဖုန်းယွီ ရွှေအိုးကြီး ကောက်ရသည့် အတိုင်းပင်။ တရုတ်နိုင်ငံတွင် ရေနွေးငွေ့စက် စက်ရုံ အမြောက်အမြား မရှိသေးပေ။ သို့သော် အချို့သော နိုင်ငံပိုင် စက်ရုံများသည် ထိုရေနွေးငွေ့ စက်ရုံများကို သုတေသနနှင့် ဖွံ့ဖြိုးမှုများ ပြုလုပ်နေကြကာ အောင်လည်း အောင်မြင်ပေသည်။ သို့သော် ထိုရေနွေးငွေ့စက်များသည် စက်မှုလုပ်ငန်းပိုင်းတွင်သာ အသုံးပြုရန်ဖြစ်ပြီး ပြည်သူများ အသုံးမပြုနိုင်သေးပေ။ ထပ်ပြောရလျှင် ထိုရေနွေးငွေ့စက်များ၏ အရွယ်အစားကလည်း သေးသည် မဟုတ်ပေ။
ပြည်ပဈေးကွက်တွင် အိမ်သုံး ရေနွေးငွေ့စက်များ ရှိပေသည်။ သို့သော် သူတို့သည်လည်း အလက်ထရိုတာမင် ရေနွေးငွေ့စက်များ ဖြစ်ကြသည်။ ထိုရေနွေးငွေ့စက်များကို တရုတ်နိုင်ငံသို့ မတင်ပို့ရသေးပေ။ ထို့ကြောင့် ရေနွေးငွေ့စက်များကို ပြည်တွင်း၌သာ ထုတ်လုပ်နိုင်ပါက ထိုရေနွေးငွေ့သည် တရုတ်နိုင်ငံ၏ ဈေးကွက်ကို လွယ်လွယ်ကူကူဖြင့် ရရှိနိုင်ကာ တစ်ဦးတည်းတောင် ထိန်းချုပ်နိုင်မည် ဖြစ်ပေသည်။ ယုံကြည်ချက် ဖြစ်ပေသည်။ ထိုအရာသည် ဥရောပနှင့် အမေရိကန် ပြည်ထောင်စုကဲ့သို့ ဈေးကွက်များတွင် နာမည်ကျော်နိုင်ပြီး ဥတ္တရယာဉ်စွန်းတန်း မြောက်ဘက်ရှိ ကမ္ဘာခြမ်းတွင်လည်း သဘာဝ ပတ်ဝန်းကျင်က ခြောက်သွေ့ပေသည်။
လက်ရှိတွင် ဖုန်းယွီ ရင်ဆိုင်နေရသည့် ပြဿနာ တစ်ခုမှာ အတုအပ ထုတ်လုပ်သည်ပင် ဖြစ်သည်။ ထိုတုပထားသည့် ရေနွေးငွေ့စက်များက လေနှင့်မိုး ရေနွေးငွေ့စက်၏ ရောင်းအားကို သိသိသာသာ ထိခိုက်စေသည်။ လေနှင့်မိုး ရေနွေးငွေ့စက်သည် ဈေးကွက် ဦးဆောင်သည့်သူ ဖြစ်သည်။ သို့သော် ထိုအရာသည် အချိန် တစ်ခဏသာ ဖြစ်ပြီး တုပထားသည့် ထုတ်ကုန်များက အချိန်မရွေး ကျော်တက် သွားနိုင်သည်။
နောက်ဆုံးတွင် သူတို့တွင် ထုတ်ကုန်တစ်ခု ရှိသွားပြီ ဖြစ်သည်။ ထိုအရာက အဆင့်မြင့် နည်းပညာများဖြင့် ပိုစိတ်ချကာ လျှပ်စစ်သုံးစွဲမှု ပမာဏကိုလည်း နည်းပါးစေသည်။
သို့သော် ယင်းနည်းပညာသည် ရှုပ်ထွေးမှု မရှိပေ။ လေယာဉ် ထုတ်လုပ်သည့် စက်ရုံအနေဖြင့် ထိုရေနွေးငွေ့စက်ကို သုတေသနပြုကာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ရန်အတွက် အချိန်အနည်းငယ်သာ လိုအပ်ခဲ့သည်။ ထိုအဓိပ္ပာယ်က အခြားသော စက်ရုံများ အနေဖြင့်လည်း ယင်းကဲ့သို့ တူတူ လုပ်နိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ တုပသည့် ပန်ကာများနှင့် ရေနွေးငွေ့စက်များကို ထုတ်လုပ်သည့် စက်ရုံအများစုသည် နိုင်ငံတော်ပိုင် လုပ်ငန်းများ ဖြစ်ကြသည်။ သူတို့သည် အမှတ်တံဆိပ်နှင့် ပတ်သက်၍ မည်သည့်နားလည် သဘောပေါက်မှုမှ မရှိပေ။ ပြီးနောက် တစ်စုံတစ်ယောက် အနေနှင့် သူတို့သည် တူညီသည့် အရာကို ထုတ်လုပ်နိုင်ပေသည်။ ဒီဇိုင်းတောင် အတူတူပင် ဖြစ်သည်။ အတုလုပ်သူများက သူတို့၏ ထုတ်ကုန်တွင် လေနှင့်မိုး အမှတ်တံဆိပ် Logo တောင် အရှက်မရှိ ရိုက်လိုက်သေးသည်။
ထိုစက်ရုံများကို မည်သူမှဘာမျှ မလုပ်နိုင်ကြပေ။ အကြောင်းမှာ သူတို့သည် ဒေသဆိုင်ရာ အစိုးရ၏ ကာကွယ်မှုကို ရရှိသည့်အတွက် ဖြစ်သည်။ ထိုစက်ရုံများသည် အဖမ်းခံရမည်ကို မကြောက်ပေ။ ပြီးနောက် သူတို့ အမှန်တကယ် အဖမ်းခံရပါက သူတို့လုပ်နိုင်သည့် အရာအများဆုံးသည် Logo ကို ဖယ်ရှားရန်သာ ဖြစ်ကာ ဒီဇိုင်းသည်လည်း အတူတူပင် ဖြစ်နေဉီးမည် ဖြစ်သည်။ ဖုန်းယွီသည် ယင်းအကြောင်းကို ကြားသည့်အခါ သူအလွန် ခံပြင်းသွားသည်။
သို့သော် ဘာမှ မလုပ်နိုင်ပေ။ အတုအပ ပြုလုပ်သည့် ကိစ္စသည် သူ၏ အရင်ဘဝတွင်တောင် ရှိနေဆဲဖြစ်သည်။ မူပိုင်ခွင့် ဥပဒေများက သူ၏ဘဝတွင် ရှိသော်ငြား ပြည့်စုံခြင်း မရှိသေးပေ။ သို့သော် ပြည့်စုံမှု ရှိသော်လည်း ထိုဥပဒေသည် တုပပြုလုပ်သည့် ထုတ်လုပ်သူများကို မတားမြစ်နိုင်ပေ။ ပြီးနောက် အကျိုးအမြတ်သည်လည်း များစွာ ကြီးပေသည်။
စက်ရုံများကို နောက်ကွယ်မှ နည်းပညာများ ရသည့် အကြောင်းအရင်းက ပြီးမြောက်သည့် ထုတ်ကုန် အချို့ကိုဝယ်ကာ ပြန်လည် ဖြိုချပြီး လေ့လာကာ ပြန်လည် ထုတ်လုပ်ခြင်း ဖြစ်ပေသည်။ ယင်းက သုတေသန ပြုလုပ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ကုန်ကျစရိတ်ကို လျော့ချပေးနိုင်ပြီး စုစုပေါင်း ကုန်ကျစရိတ်သည်လည်း နည်းမည်ပင်။ ကုန်ကျစရိတ်ကို လျော့ချနိုင်ပါက တူညီသည့် ထုတ်ကုန် တစ်ခုအတွက် ဈေးလျော့ကာ ရောင်းချနိုင်မည် ဖြစ်ပေသည်။
သို့သော် ထိုအရာများ အားလုံးက အတိတ်က အရာများ ဖြစ်ပေသည်။ ယခုတစ်ခေါက်တွင် ဖုန်းယွီ အနေနှင့် ထိုစက်ရုံများကို သူ၏ရေနွေးငွေ့စက်ကို တုပရန် ခွင့်ပြုမည် မဟုတ်ပေ။ သူသည် မူပိုင်ခွင့် မှတ်ပုံတင်ရန် အတွက် လျှောက်ထားမည် ဖြစ်သည်။
ဖုန်းယွီသည် ထိုမူပိုင်ခွင့် မှတ်ပုံတင်အတွက် ပိုင်ရှင်ဖြစ်သည်။ ပြီးနောက် ယင်းကို စက်ပစ္စည်း စက်ရုံ လေကြောင်း ထုတ်လုပ်သည့် စက်ရုံဖြင့်လည်း ဆွေးနွေးပြီးဖြစ်သည်။ ဆယ်နှစ်တွင် သုံးဦးသုံးဖက်သည် သတ်မှတ်ထားသည့် အချိုးအစားအတိုင်း ရမည်ဖြစ်သည်။ သူတို့အတွေးက နောက်ဆယ်နှစ် နေပါက ယင်းရေနွေးငွေ့စက် နေရာတွင် အစားထိုးမည့် ထုတ်ကုန် အသစ်တစ်ခု ရှိလာမည်ပင်။ ပြီးနောက် ထိုမူပိုင်ခွင့် မှတ်ပုံတင်မှုသည် အရေးမကြီးပေ။ သို့သော် သူတို့အနေဖြင့် မျှော်မှန်း၍ မရသည့်အရာက ဖုန်းယွီသည် အခြားသောစက်ရုံများကို သူ၏မူပိုင်ခွင့် မှတ်ပုံတင်ကို အသုံးချကာ တူညီသည့် ကုန်ပစ္စည်းကို ထုတ်လုပ်နိုင်ပြီး ထိုမှရသည့် အကျိုးအမြတ်သည်လည်း သူ့တစ်ဦးတည်းသာ ရမည်ဆိုသည့် အချက်ပင်ဖြစ်သည်။
တရုတ်ပြည်တွင် မူပိုင်ခွင့် မှတ်ပုံတင်ခြင်းက အလွန် ဒုက္ခရောက်သည့် အရာဖြစ်ပေသည်။ ထိုခေတ်အခါက မူပိုင်ခွင့်ရရန် အနည်းဆုံးခြောက်လာ အကယ်၍ တစ်ဦးတည်း အနေဖြင့် လျှောက်ထားပါက သုံးနှစ်မှ ငါးနှစ်အထိ မူပိုင်ခွင့်ရရန် စောင့်ရပေမည်။
ကံကောင်းသည်မှာ လေယာဉ် ထုတ်လုပ်သည့် စက်ရုံနှင့် စက်ပစ္စည်း စက်ရုံသည် စစ်ဖက်ဆိုင်ရာ စက်ရုံများဖြစ်ခဲ့ပြီး သူတို့သည် စက်ရုံအဖြစ် ပြောင်းလဲခဲ့သော်လည်း သူတို့တွင် အဆက်အသွယ်အချို့ ရှိနေဆဲဖြစ်သည်။ ဖုန်းယွီသည် သူတို့၏ အဆက်အသွယ်ကို အသုံးချကာ ကျန်းရွေ့ချင်၏ အကူအညီဖြင့် သူ့၏ စာရွက် စာတမ်းများကို ယူကာ မူပိုင်ခွင့်ရုံးကို သူ၏ လျှောက်လွှာ တင်နိုင်ခဲ့သည်။ သူ့အတွက် မူပိုင်ခွင့်ရရန် အကြာဆုံး အချိန်ကာလသည် တစ်လတွင်း ဖြစ်ပေသည်။
တရုတ်ပြည် အတွက် မူပိုင်ခွင့်သည် ပြင်ဆင်ပြီးပြီဟု စဉ်းစား၍ ရနိုင်ပေသည်။ ဖုန်းယွီသည် ပြည်ပမူပိုင်ခွင့် မှတ်ပုံတင် အတွက်လည်း လက်ရှိတွင် ကြိုးပမ်းရပေမည်။ ထို့ကြောင့် ဖုန်းယွီအနေဖြင့် အကူအညီ တောင်းရန်အတွက် ဖူကွမ်းကျန်းကိုသာ မေးရန်သာရှိသည်။ ဥရောပနှင့် US မူပိုင်ခွင့် မှတ်ပုံတင်အတွက် ဟောင်ကောင်သည် တရုတ်ပြည်ထက် ပိုမိုမြန်ဆန်ကာ အဆင်ပြေပေသည်။
နိုင်ငံခြား ဈေးကွက်တွင် ရောင်းချရန်အတွက် အရောင်းရုံး တစ်ခုကို ဖွင့်ရန်လည်း ဖုန်းယွီလိုအပ်သည်။ ဟောင်ကောင်တွင် ထိုရုံးကို ထားရှိခြင်းက ပိုမိုအဆင်ပြေမည် ဖြစ်သည်။ သေချာသည်မှာ ဖုန်းယွီသည် ဖူကွမ်းကျန်းကို သူ့အတွက် အခမဲ့ ကူညီခွင့် မပေးပေ။ ပြီးနောက် သူသည် ရှယ်ယာများကို သူ့အားပေးပြီး အကျိုးအမြတ်လည်း ခံစားစေမည် ဖြစ်သည်။ ဖုန်းယွီ၏ ဖုန်းကို လက်ခံ ရရှိပြီးနောက် ဖူကွမ်းကျန်းသည် ဘင်းမြို့တော်သို့ လေယာဉ်ဖြင့် လာခဲ့သည်။ ထိုအချိန်ကာလသည် ဆောင်းရာသီ ကုန်လုနီးပါး အချိန်တွင်ဖြစ်ပြီး ဖူကွမ်းကျန်းသည် အရင်ကလောက် အေးမြမည်မဟုတ်ဟု တွေးခဲ့သည်။
“ငါတို့ နှစ်ယောက်လုံးက ဟောင်ကောင်မှာ ကုမ္မဏီတစ်ခု ထူထောင်မှာလား။ ပြီးတော့ ပြည်ပဈေးကွက်ရဲ့ ရောင်းချတာကို အဲဒီကုမ္မဏီကပဲ ထိန်းထားမှာလား။ အဲ့ဒါဆိုရင် ငါတို့အနေနဲ့ အမြတ်တွေကို ဘယ်လို ခွဲဝေကြမလဲ”
ဖူကွမ်းကျန်းက ဖုန်းယွီအား မေးလိုက်သည်။ ဖူကွမ်းကျန်းသည် ရေနွေးငွေ့စက်များ အကြောင်းကိုသိပြီး ရေနွေးငွေ့စက်များသည် တောင်ပိုင်းတွင်လည်း ရောင်းချသည်။ သို့သော် တောင်ပိုင်း ဒေသတွင် ရေနွေးငွေ့စက်၏ ရောင်းအားက ထူးထူးခြားခြား ကောင်းမနေပေ။ သို့သော် ဖူကွမ်းကျန်းသည်လည်း ဖုန်းယွီနှင့် အတူတူပင် ဖြစ်သည်။
သို့သော် တောင်းပိုင်းရှိ ရောင်းအားက စိတ်လှုပ်ရှားစရာ မကောင်းပေ။ သို့သော် ဖူကွမ်းကျန်းသည် ဖုန်းယွီပြောသည့် အတိုင်း နားလည်သည်။ သူသည် ထိုရေနွေးငွေ့စက် ဈေးကွက်ကို ဥတ္တရယာဉ်စွန်း မြောက်ဘက်ရှိ ဒေသများရှိ ဈေးကွက်နှင့် ပတ်သက်ပြီး သိသည်။ အကြောင်းမှာ ထိုဒေသရှိ ရာသီဥတုသည် ခြောက်သွေ့ပြီး ကုန်းတွင်းပိတ်မြို့များ များသည်။ ထိုစီးပွားရေးသည် ကျရှုံးမည်မဟုတ်ပေ။ ဖုန်းယွီကပြုံးကာ မေးလိုက်သည်။
“အစ်ကိုဖူက ဘယ်လောက် လိုချင်တာလဲ”
“သင့်လျော်တဲ့ ရောင်းချတဲ့ လမ်းကြောင်းတွေတောင် မတည်ဆောက်ရသေးခင်တောင် ငါ့ရဲ့မိဘမှာ ရောင်းချဖို့ လမ်းကြောင်းတွေ ရှိတယ်။ ငါ့မိဘရဲ့ လမ်းကြောင်းတွေက အရှေ့တောင်အာရှ တစ်ခုလုံးကို ဖြန့်ကြက်နိုင်တယ်။ ပြီးတော့ ငါတို့မှာ ဥရောပနဲ့ အမေရိကမှာလည်း မိတ်ဖက်တွေ ရှိတယ်။ ငါတို့အနေနဲ့ ဥရောပနဲ့ US မှာရှိတဲ့ ဈေးကွက်တစ်ခုကို အချိန်ခဏအတွင်း သိမ်းပိုက်နိုင်မယ်လို့ ငါအာမခံတယ်။ မင်းလည်း အရောင်းဖြန့်ဖြူးရေး လမ်းကြောင်းရဲ့ အရေးပါမှုအကြောင်း သိမှာပါ။ ဒါကြောင့် ငါအများကြီး မပြောချင်ပါဘူး။ ငါက လေးဆယ်ရာခိုင်နှုန်း လိုချင်တယ်”
ဖူကွမ်းကျန်းသည် သူ၏လက်ကို ဆွဲထုတ်ကာ လက်လေးချောင်း ထောင်လိုက်သည်။
အွန်း အရမ်းများတာပဲ။ ဖုန်းယွီသည် သူ့ကို နှစ်ဆယ်သာ ပေးချင်သည်။ သို့သော် ဖူကွမ်းကျန်း ပြောသည့် အချက်သည် မှန်ကန်သည်။ ဖူကွမ်းကျန်း မိသားစုသည် ကြီးမားသည့် မိသားစုတစ်စု ဖြစ်သည်။ ဖူကွမ်းကျန်းသည် ကောင်းကောင်း မစွမ်းဆောင်နိုင်သည့်တိုင် ဖုရုံကျန်း၏ ကုမ္မဏီကလည်း အရမ်းမကြီးပေ။ သို့သော် ဖူမိသားစု၏ ခေါင်းဆောင်၏ ကုမ္မဏီကတော့ ကြီးပေသည်။ အကယ်၍ ဖုန်းယွီသည် သူကိုယ်တိုင် ရေနွေးငွေ့စက်ကို ရောင်းချပါက တစ်နှစ်တွင် ဒေါ်လာဆယ်သန်းခန့် ရမည်ဖြစ်သည်။ သို့သော် ဖူမိသားစုကို ထိုရေနွေးငွေ့စက်များ ရောင်းချခိုင်းပါက သူသည် တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာ သန်းသုံးဆယ် ရမည်ပင်။ သူတို့သည် ဖုန်းယွီထက်ပိုပြီး လုပ်ရည်ကိုင်ရည်ရှိကာ ဈေးကွက် အကြောင်းကိုလည်း ကောင်းကောင်း နားလည်သည်။
ဖုန်းယွီက တစ်ခဏတာ တွန့်ဆုတ် နေပြီးနောက် ပြောလိုက်သည်။
“အစ်ကိုဖူ လေးဆယ် ရာခိုင်နှုန်းက အရမ်းများတယ်။ ကျွန်တော် အနေနဲ့ ဖူမိသားစုရဲ့ လုပ်နိုင်စွမ်းအားကို နားလည်တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ဟောင်ကောင်မှာရှိတဲ့ အခြား မိသားစုတွေကလည်း ဒီနည်းအတိုင်း လုပ်ဆောင်နိုင်ကြတယ်။ ထပ်ပြောရရင် ကျွန်တော်က ဒီပစ္စည်းရဲ့ မူပိုင်ပဲ။ ပြီးတော့ အမြတ်ကလည်း တောက်လျှောက် ဖြစ်နေမှာ။ သုံးဆယ်ရာခိုင်နှုန်း။ ခင်ဗျားစောစော သဘောတူလေလေ စောစော ပိုက်ဆံရလေပဲ။ ဒါက ဖူမိသားစုမှာ ရှိတဲ့ ခင်ဗျားရဲ့ အဆင့်အတန်းကို မြင့်တင်ရာလည်း ရောက်တယ်။ ဟုတ်တယ်မလား”
ဖူကွမ်းကျန်းသည် ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီသည် သူ့မိသားစု အကြောင်း ကောင်းကောင်း သိသလို ခံစားနေရသည်။ ဖုန်းယွီ၏ နောက်ကွယ်တွင် အာဏာရှိသူ တစ်ယောက်ယောက် ရှိနေတာများလား။ အဘယ့်ကြောင့် သူ့အဖေက သူ့အား ကြိုက်နှစ်သက် ရသနည်း။ သူသည် သုံးဆယ် ရာခိုင်နှုန်းနှင့်လည်း ကျေနပ်နေသေးဆဲ ဖြစ်သည်။ ဖုန်းယွီ ပြောတာမှန်သည်။ ဖူမိသားစုထဲရှိ ထိုကုမ္မဏီနှင့် ဖူမိသားစုထဲရှိ သူ၏ အဆင့်အတန်းသည် အခြားသော သူများနှင့် တန်းတူမဖြစ် ဒါမှမဟုတ် ကျော်တောင် သွားနိုင်သည်။ သူသည် ထိုသဘောတူညီချက်ကို လက်ခံလိုက်၏။
***