← Chapters

ပစ္စည်းနေရာချခြင်း ၁

Vol. 9 Ch. 125

ပစ္စည်းနေရာချခြင်း ၁

Vol. 9 Ch. 125

ယနေ့သည် လီရှစ်ယုံ အတွက် အရေးကြီးသော နေ့တစ်နေ့ဖြစ်သည်။ သူသည် ပြည်နယ်၏ ကျွမ်းကျင် အလုပ်သမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ရုပ်မြင်သံကြား ဌာနနှင့် အင်တာဗျူးတစ်ခု ရှိမှာဖြစ်ပြီး ယင်းအင်တာဗျူးသည် အခြားသော ကျွမ်းကျင်လုပ်သားများ နှင့်အတူ သတင်းတွင် အတူတကွ လွှင့်မည်ဖြစ်သည်။ အင်တာဗျူး တစ်ခုလုံးကို ညနေခင်းတွင် ပြသမည်ဖြစ်သည်။ သူသည် လွှင့်သည့်အချိန်တွင် အနည်းဆုံး ဆယ်မိနစ်ခန့် ပါမည်ဖြစ်သည်။

ဖုန်းယွီက ဤသတင်းကို ကြားသည့်အခါ သူကစက်ပစ္စည်း စက်ရုံသို့ ချက်ချင်းပင် ပြေးလာတော့သည်။ သူထိုသို့ လာရခြင်းသည် လီရှစ်ယုံကို ဂုဏ်ပြုရန်အတွက် မဟုတ်ပေ။ သို့သော် သူ့အနေဖြင့် ထိုအခွင့်အရေးသည် လက်လွှတ်မခံသည့် အရာတစ်ခု ဖြစ်ကြောင်း ခံစားမိနေသည်။

“ကင်မရာက အဆင်သင့် ဖြစ်နေသည့်အခိုက် ဖုန်းယွီသည် ရုံးခန်းတံခါး ဖောက်ကာ အထဲသို့ ဝင်ခဲ့သည်။ လီရှစ်ယုံက မှင်သက်သွားသည်။ ဖုန်းယွီတွင် မည်သည့် အရေးကြီး ကိစ္စကြောင့် သူနှင့် ရုပ်မြင်သံကြား ဌာနမှ သတင်းထောက်တို့ လုပ်နေသည့် အင်တာဗျူး အခန်းထဲကို ဇွတ်ဖြတ် ဝင်ခဲ့သနည်း။

ဖုန်းယွီသည် လီရှစ်ယုံ၏ နားနားကပ်ကာ တစ်စုံတစ်ခုကို တီးတိုး ပြောလိုက်သည်။ ပြီးနောက် လီရှစ်ယုံ၏ မျက်လုံးများသည်လည်း ကျယ်လာတော့သည်။ သူ့အနေဖြင့် ယင်းသို့ လုပ်နိုင်မည်လော။ သူသည် အမေးနှင့် အဖြေများကို သတင်းထောက်များနှင့် ကြိုတင် လေ့ကျင့်ပြီး ဖြစ်သည်။ အကယ်၍ သူနောက်ဆုံး မိနစ်ကျမှ ပြောင်းလဲပါက အလွန်ရက်စက်ရာ ကျမည်လော။

ဖုန်းယွီက လီရှစ်ယုံကို ဘာလုပ်ရမည် ဆိုသည်ကိုပြောပြီး ထိုအရာသည် စက်ပစ္စည်း စက်ရုံတစ်ခုလုံးနှင့် သက်ဆိုင်သည့် အကျိုးအမြတ် ကိစ္စဖြစ်ကြောင်း ပြောခဲ့သည်။ ထပ်ပေါင်း ပြောရလျှင် ထိုအရာက အင်တာဗျူးကို သက်ရောက်မှု ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ဘာကို ကြောက်နေရမည်နည်း။

လီရှစ်ယုံက ခေါင်းညိတ် လိုက်သည်။ သူက သတင်းထောက်များကို တစ်ခဏတာ စောင့်ဆိုင်းရန် ပြောပြီး အတွင်းရေးမှူးအား ဤအကြောင်းပြောရန် ထွက်သွားတော့သည်။

ငါးမိနစ်ကြာပြီးနောက် သူ၏အတွင်းရေးမှူးသည် တံခါးကိုဖွင့်ကာ စက်ရုံ အလုပ်သမားများ ဒါဇင်ပေါင်းများစွာက ဝင်ရောက် လာကြသည်။ တစ်ယောက်ချင်းစီတိုင်းက ကြီးမားသည့် ဘူးတစ်ခုကို သယ်ဆောင် လာကြသည်။ သူတို့၏ သူ၏စားပွဲခုံနောက်တွင် ထိုပုံးများကို ထားထားပြီး စာအုပ်စင် တစ်ခုလုံးတောင် ဖုံးသွားတော့သည်။

ထိုပုံးအပုံသည် မြင့်သထက် မြင့်လာသည်။ ဖုန်းယွီက ကင်မရာကို အပြေးသွားကြည့်ကာ ကင်မရာ၏ ချိန်ရွယ်မှုကို ကြည့်လိုက်သည်။ အလွန် ကောင်းလှပေသည်။ ဘူးများသည် နောက်ခံ တစ်ခုလုံးကို ဖုံးထားပြီး ပုံးတွင်ရှိသည့် ရုပ်ပုံများကိုလည်း မြင်နိုင်ပေ၏။

ဖုန်းယွီသည် ဘူးထဲမှ ရေနွေးငွေ့စက်ကို ထုတ်လိုက်ကာ လီရှစ်ယုံ၏ စားပွဲရှေ့တွင် ထားလိုက်သည်။ ထိုအရာများက ပြသမှု၏ ငါးပုံခန့် တစ်ပုံခန့် နေရာယူထားသည်။

သူက လေနှင့်မိုး အမှတ်တံဆိပ် Logo ကို ကင်မရာနှင့် မြင်စေရန် အသေအချာ နေရာချထားသည်။ သူက ရေနွေးငွေ့စက်ထဲ ရေထည့်ပြီးနောက် ပလပ်ခေါင်းထဲကို ပလပ်ထိုးလိုက်သည်။ သို့သော် သူ့အနေဖြင့် ထိုရေနွေးငွေ့စက်ကို မဖွင့်ထားပေ။

သတင်းထောက်နှင့် ကင်မရာမန်းက ဘာဖြစ်နေသည်ကို နားမလည်နိုင် ဖြစ်နေသည်။ ထိုလူများ ဘာလုပ်နေကြသနည်း။ ဤနေရာက ရုံးခန်းတစ်ခုဖြစ်ကာ သိုလှောင်ရုံတစ်ခု မဟုတ်ပေ။ သူတို့တွေ နံရံကို ဒီထုတ်ကုန်တွေနဲ့ ကာပြီး ဘာလုပ်ဖို့ ကြိုးစားနေကြသနည်း။

သတင်းထောက်သည် စိတ်မရှည်တော့ဘဲ မေးလိုက်၏။

“ဒါရိုက်တာလီ ဘာတွေဖြစ်နေတာလဲ။ တကယ်လို့ အဲဒီပုံးတေက နောက်ခံအပြည့် ဖြစ်နေမယ်ဆိုရင် ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသတဲ့အခါ ကောင်းမှာ မဟုတ်ဘူး။ ကျွန်တော်တို့ အနေနဲ့ ခင်ဗျားရဲ့စက်ရုံကို နောက်ပိုင်းကျရင် ရိုက်ကူးပေးမှာပါ။ ဒီလိုမျိုးလုပ်ဖို့ မလိုပါဘူး”

လီရှစ်ယုံက ဘာမှမပြောရသေးခင် ဖုန်းယွီက ပြောလိုက်သည်။

“သတင်းထောက် ဆရာကြီးခင်ဗျာ။ ကျွန်တော်အထင်တော့ ခင်ဗျား အမှတ်မှား နေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့တွေက ဒီဟာကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ သိုလှောင်ရုံက ပြည့်နေပြီး ဒါရိုက်တာလီက ထိုပစ္စည်းတွေ ထားစရာ နေရာမရှိရင် သူ့ရဲ့ရုံးက ကျယ်ဝန်းတဲ့အတွက် လာထားတယ်လို့ ပြောတဲ့အတွက်ကြောင့် ကျွန်တော်တို့တွေက ဒီနေရာအပြည့်ကို ထားထားခြင်း ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့မှာလည်း တခြားရွေးချယ်စရာ မရှိပါဘူး ”

“ဒါကဘာလဲ။ လေနှင့်မိုး ရေနွေးငွေ့စက်လား။ ဒီဟာက တကယ်ပဲ စက်ပစ္စည်း စက်ရုံက ထုတ်တာလား။ ဒါပေမဲ့ ဒီသေးငယ်တဲ့ အရာတွေက နေရာ ကြီးကြီးမားမားကိုတော့ ယူမှာမဟုတ်ပါဘူး။ စက်ပစ္စည်းစက်ရုံရဲ့ သိုလှောင်ရုံက ဒီလိုမျိုးကိုမှ သိန်းသန်းချီတောင်မှ ထားနိုင်မှာ။ ခင်ဗျားတို့တွေက ဒါတွေကို ဘယ်လောက်တောင် ထုတ်လုပ်ထားတာလဲ ”

သတင်းထောက်သည် ထိုဘူးများကို ဂရုတစိုက်ဖြင့် ကြည့်လိုက်ကာ ထိုအရာများက လေနှင့်မိုး ရေနွေးငွေ့စက်များ ဖြစ်ကြောင်း သတိပြုမိသွားသည်။

အတိတ်က စက်ပစ္စည်းစက်ရုံသည် လေနှင့်မိုး လျှပ်စစ်ပန်ကာနှင့် ရေနွေးငွေ့စက်များကို ထုတ်လုပ်သည်ဟူသည့် ကောလာဟလများ ရှိပေသည်။ ထိုကောလာဟလများက မှန်ကန်ပုံ ပေါ်သည်။

ဖုန်းယွီက ဆက်ပြောလိုက်သည်။

“အရမ်း များတာပေါ့ဗျာ။ သိုလှောင်ရုံမှာလည်း အခြားပစ္စည်းတွေလဲ ရှိသေးတယ်လေ။ ထပ်ပြောရရင် ဒါက ကျွန်တော်တို့ ဒါရိုက်တာလီရဲ့ ရုံးခန်းကိုတောင် ပိုကြည့်ကောင်း သွားစေတယ်။ ကျွန်တော် မလိမ်ဘူးနော် ”

ဖုန်းယွီက အန်ပေါင်းကို သူတို့အိပ်ကပ်ထဲ ထည့်ကာ သူ့အား ညင်သာစွာ ပြောလိုက်သည်။

“ခင်ဗျားရဲ့မေးခွန်းကို ဒါရိုက်တာလီ ကောင်းကောင်း မဖြေဘူးဆိုရင် ကျေးဇူးပြုပြီးတော့ အနှောင့်ယှက် မပေးပါနဲ့ ”

သတင်းထောက်သည် အနီရောင် အန်ပေါင်းထုတ်ကို လက်ခံရရှိပြီးနောက် ခေါင်းညိတ် လိုက်သည်။ သူသည် နောက်ခံကို ဂရုမစိုက်ပေ။ အကြောင်းမှာ ဒါရိုက်တာလီနှင့် သူကိုယ်တိုင်ကလည်း ကိစ္စမရှိ၍ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဒါရိုက်တာလီသည် TVတွင် ပါဝင်မည်ဖြစ်ပြီး ဘာကို ကြောက်ရဉီးမည်နည်း။

ဖုန်းယွီက ကင်မရာမန်းကိုလည်း မမေ့ပေ။ သူသည် ကင်မရာမန်းကို အန်ပေါင်း တစ်ထုပ်ပေးကာ ပြောလိုက်၏။

“ဒီထောင့်ကနေပဲ ကျေးဇူးပြုပြီး ရိုက်ပေးပါ။ ကျွန်တော်တို့ရဲ့ ဒါရိုက်တာက ဒီထောင့်ကနေဆိုရင် ပိုပြီးတော့ ရိုက်ချက်က ကြည့်ကောင်းတယ် ”

***

“3 2 1 အက်ရှင်။ ဒီနေ့မှာတော့ ကျွန်တော်တို့တွေက ဘင်းမြို့တော်ရဲ့ စက်ယန္တရား စက်ရုံကို ရောက်နေတာပါ။ ဒီစက်ရုံက နိုင်ငံပိုင် ရှည်လျားတဲ့ သမိုင်းကြောင်းတွေရှိတဲ့ နိုင်ငံပိုင် စက်ရုံတစ်ရုံ ဖြစ်ပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ခေတ်မီဖွံ့ဖြိုးအောင် လုပ်ခဲ့သည့် လေးချက်ကိုလည်း ကောင်းကောင်းမွန်မွန်နဲ့ ပံ့ပိုးပေးနေတာပါ။ ဥပမာအနေနဲ့ ဘင်းမြို့တော်ရဲ့ လျှပ်စစ်က စက်ယန္တရား စက်ရုံရဲ့ ဂျန်နရေတာတွေနဲ့ ထောက်ပံ့ပေးထားတာပါ။ ကျွန်တော်တို့ အခုမှာ စက်ရုံရဲ့ ဒါရိုက်တာ လီရှစ်ယုံနဲ့ အင်တာဗျူးဖို့ ရောက်နေတာပါ။ ဒါရိုက်တာလီ ကျွန်တော်တို့ နားလည် ရသလောက်ဆိုရင် စက်ယန္တရား စက်ရုံက ယမန်နှစ်က ငွေကြေး အခက်အခဲနဲ့ ကြုံတွေ့ခဲ့တယ်လို့ ပြောကြတယ်။ ဒီလိုမျိုး ခက်ခဲနေတဲ့ အခြေအနေမှာ ခင်ဗျားရဲ့ ဝန်ထမ်းတွေကို လစာပေးနိုင်ခဲ့တယ်။ ကျွန်တော်အနေနဲ့ ခင်ဗျား ဘယ်လိုတွေများ လုပ်ခဲ့ပြီးတော့ အလုပ်သမားတွေကို ဒီနှစ်မှာလည်း ဘယ်လိုမျိုး လစာတိုးခဲ့တယ်ဆိုတာ မေးခွင့်ရှိပါမလား ”

လီရှစ်ယုံက ကင်မရာကိုကြည့်ကာ ဝမ်းသာအားရဖြင့် ပြန်ဖြေသည်။

“ယမန်နှစ်က ကျွန်တော်တို့ အနေနဲ့ မကောင်းတဲ့ အကြွေးကျန်တွေကြောင့် ငွေကြေး အခက်အခဲနဲ့ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အလုပ်သများတွေက နာကျင်မှုဒဏ်ကို ကြံကြံခိုင် ရင်ဆိုင်ပြီးတော့ ရှေ့ဆက်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း အမီလိုက်နိုင်ခဲ့ပါတယ် ”

ပထမဦးဆုံး မေးခွန်းသည် သူတို့ စီစဉ်ထားသည့်အတိုင်း ဖြစ်သည်။ သို့သော် လီရှစ်ယုံသည် သူ၏ စာညွှန်းအတိုင်း လိုက်မပြောတော့ပေ။ သူက နိုင်ငံရေး သမားများကဲ့သို့ ကျွမ်းကျင်သည့် လူတစ်ယောက် အနေဖြင့် ပြောသည်။ ထို့ကြောင့် သူအနှောင့်အယှက် မခံရပါက သူ့အနေဖြင့် အဆင့်မြင့် အရာရှိကြီးများကဲ့သို့ တစ်နာရီခွဲခန့် ကြာအောင် မရပ်မနား ပြောနိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့မှာ နောက်ထပ် မေးခွန်းတစ်ခု ရှိပါသေးတယ် ”

သတင်းထောက်သည် နောက်ထပ် မေးခွန်းတစ်ခုကို ဆက်မေးလိုက်သည်။ လီရှစ်ယုံသည် သတင်းထောက်၏ မေးခွန်းကို စတင်ဖြေလိုက်သည်။ သို့သော် စာကြောင်း နှစ်ကြောင်းခန့် ပြီးနောက် သူက ချောင်းဟွတ်ကာ ပြောလိုက်သည်။

“တောင်းပန်ပါတယ်။ လေထုက အရမ်းကို ခြောက်သွေ့နေတာပဲ။ ခဏလောက် စောင့်ပေးပါဉီး ”

ထို့နောက် လီရှစ်ယုံသည် သူ့စားပွဲပေါ်ရှိ ရေနွေးငွေ့စက်ကို အာရုံရ သွားပြီးနောက် ဖွင့်လိုက်သည်။ ချက်ချင်းပင် မြူခိုးငွေ့များက စတင် ထွက်လာသည်။ လီရှစ်ယုံက အသက်ပြင်းပြင်း တစ်ချက် ရှူရှိုက်ကာ သက်သာသည့် သွင်ပြင်ကို ပြသလိုက်ခြင်း ဖြစ်သည်။

“တောင်းပန်ပါတယ်။ မေးခွန်း ဆက်မေးလို့ ရပါပြီ ”

သတင်းထောက်သည် မျက်မှောင်ကြုတ် လိုက်သည်။ ဘာဖြစ်နေသနည်း။ ကင်မရာနှင့် အင်တာဗျူး ရိုက်နေစဉ် ရေနွေးငွေ့စက်ကို ဖွင့်လိုက်သည်လား။ သက်သောင့်သက်သာ ရှိသည့် သွင်ပြင်က အလွန်ကို ချဲ့ကားရာ ရောက်ပေသည်။ ရေနွေးငွေ့စက်က ဖွင့်ကာစ ရှိသေးပြီး တစ်ခန်းလုံးကို ဘယ်လို စိုထိုင်းမှုက လျင်မြန်စွာဖြင့် ပြောင်းလဲ သွားသနည်း။ ထပ်ပြောရလျှင် အခန်းထဲ ရှိလေသည် အရမ်း မခြောက်သွေ့ပေ။ တစ်နာရီခွဲခန့် ကြာပြီးနောက် အခန်းထဲရှိ နောက်ထပ် ရေနွေးငွေ့စက်ကိုလည်း စတင် ဖွင့်လိုက်သည်။ လွန်ခဲ့တဲ့ တစ်နာရီမတိုင်ခင်က အခြား ရေနွေးငွေ့စက်ကို အခန်းတွင်း ဖွင့်ထားခဲ့သည်။ တစ်စုံတစ်ယောက်က ထိုရေနွေးငွေ့စက်ကို ပိတ်လိုက်သည်လော။

ဖုန်းယွီက လီရှစ်ယုံကို လျှို့ဝှက်သည့် အကြည့်တစ်ချက် ကြည့်ပြီးနောက် လက်မ ထောင်လိုက်သည်။ ဒါရိုက်တာလီ၏ သရုပ်ဆောင်မှုသည် အမှတ်ပြည့် ဖြစ်ပေသည်။

တစ်ခဏကြာပြီးနောက် ဖုန်းယွီက ကင်မရာမန်း၏ နောက်တွင် ရပ်လိုက်သည်။ ပြီးနောက် စခရင်ထဲရှိ ရေနွေးငွေ့စက်သည် အလွန် ကြည်လင်ပေ၏။ နီးကပ်ခြင်း မရှိသည့်အတွက် ရေနွေးငွေ့စက်၏ အပြင်ပိုင်း အလှအပကိုက ကြည့်ရှုသူများ၏ အာရုံကို ဖမ်းစားနိုင်သည်။ ထို့အပြင် ရေနွေးမြူငွေ့သည်လည်း ရေနွေးငွေ့စက် ဖွင့်လိုက်သည်နှင့် ချက်ချင်းပင် ထွက်လာသည်။ ယခု ရေနွေးငွေ့စက် မော်ဒယ်သည် မည်မျှ မြန်ဆန်ကြောင်း ပြသနေပြီး သူ၏အားသာချက်ကို ထင်ထင်ရှားရှားဖြင့် ပြသနေခြင်းပင် ဖြစ်သည်။

ထို့ပြင် နောက်ခံသည်လည်း ရေနွေးငွေ့စက်များပင် ဖြစ်သည်။ ထိုအရာများက ကြည်လင်ခြင်း မရှိရင်တောင် ထိုအရာသည် ကြည့်ရှုသူများ၏ အာရုံနှင့် စိတ်ဝင်စားမှုကို ဖမ်းစားရန် လုံလောက်ပြီ ဖြစ်ပေသည်။

ရုံးခန်းရှိ အင်တာဗျူးက ဆက်လက် လုပ်ဆောင်နေသည်။ ပြီးနောက် လီရှစ်ယုံ၏ နောက်ဆုံး မေးခွန်းကို ဖြေပြီး သတင်းထောက်သည် စက်ရုံတွင် လှည့်ပတ် ရိုက်ကြည့်ချင်ကြောင်း ပြောသည်။ လီရှစ်ယုံက မတ်တပ် ထရပ်ကာ ရေနွေးငွေ့စက်ကို ဖြုတ်ပြီး လက်နှစ်ဖက်ဖြင့် ရေနွေးငွေ့စက်ကို ကိုင်ထားကာ ကြမ်းပြင်ပေါ်တွင် ချလိုက်သည်။

သတင်းထောက်သည် လီရှစ်ယုံ ရေနွေးငွေ့စက်ကို ဘာမှမပါဘဲ ကိုင်သည့်အခါ အံ့သြသွားသည်။ ထိုအရာက မပူဘူးလား။ သူမက လီရှစ်ယုံကို မေးချင်သည်။ ပြီးနောက် သူက သူမအား ဤရေနွေးငွေ့စက်သည် မော်ဒယ်အသစ် တစ်ခုဖြစ်ကြောင်း ပြောပြလိုက်သည်။ ထုတ်လုပ်သည့် ရေခိုးရေငွေ့များသည် မပူပေ။ ပြီးနောက် ထိုရေနွေးငွေ့စက်သည် အိမ်များတွင် သုံးဆွဲရာတွင်လည်း လုံခြုံပေသည်။ ကလေးများသည်လည်း ထိုအရာကို ထိတွေ့ခြင်းဖြင့် အသားလှောင်အနာများ ရမည်မဟုတ်ပေ။

***

All Chapters