ပစ္စည်းများ နေရာချခြင်း ၂
Vol. 9 Ch. 126
သတင်းထောက်နှင့် ကင်မရာမန်းသည် လီရှစ်ရုံ၏ ဦးဆောင်မှု နှင့်အတူ စက်ပစ္စည်း စက်ရုံ၏ ထုတ်လုပ်သည့် အလုပ်ရုံသို့ ရောက်သွားသည်။ သို့သော် ထိုအလုပ်ရုံသည် သူတို့ မမျှော်လင့်ထားသည့် အရာတစ်ခုခု ထုတ်လုပ် နေပေသည်။
ထိုအရာများက လျှပ်စစ် ဂျနရေတာများ မဖြစ်သင့်ဘူးလား။ အကယ်၍ ထုတ်လုပ်သည့် အဆင့်သည် လျှို့ဝှက်ချက်ဖြင့် ထားရမည် ဆိုလျှင်တောင် သူတို့အနေဖြင့် သတင်းဌာနကို ဂျနရေတာ၏ အစိတ်အပိုင်းများကို ပြသနိုင်ပေသည်။ ထိုအလုပ်ရုံသည် ရင်းနှီးသည့် အရာတစ်ခုခု ထုတ်လုပ်နေသည်။ သူတို့ထုတ်လုပ်နေသည့် အရာသည် ရုံးခန်းတွင် မြင်ခဲ့သည့် ရေနွေးငွေ့စက် မော်ဒယ်အသစ်ပင် ဖြစ်ပေသည်။
“ဒါရိုက်တာလီ ဘာကြောင့်ကျွန်တော်တို့ကို အလုပ်ရုံ အမှားကြီးကို ခေါ်လာရတာလဲ ”
သတင်းထောက်က မေးလိုက်သည်။
“မဟုတ်ပါဘူး။ ဒီအလုပ်ရုံက ကျွန်တော်တို့ စက်ရုံရဲ့ အကျိုးအမြတ် အရဆုံး ထုတ်ကုန်ကို ထုတ်လုပ်နေတာပါ။ အိုး ဒီလိုမျိုး တူညီတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နေတဲ့ အလုပ်ရုံတွေလည်း ရှိသေးတယ်။ ခင်ဗျားတို့အနေနဲ့ အခြားအလုပ်ရုံတွေရော သွားကြည့်ဉီးမလား ”
လီရှစ်ရုံက ရှင်းရှင်းလင်းလင်းဖြင့် မေးလိုက်သည်။ ဖုန်းယွီက သတင်းထောက်များကို ဤအလုပ်ရုံသို့ ပြရန်ပြောခဲ့သည်။ ပြီးနောက် ထိုအပိုင်းသည် သေချာပေါက် ရွေးလိမ့်မည်ဖြစ်သည်။ အကယ်၍ နည်းပညာပိုင်း ဆိုင်ရာ ကျိုးပေါက်မှု ဖြစ်လျှင်တောင် သူတို့အနေဖြင့် ယင်းနည်းပညာ ကျိုးပေါက်မှု အတွက် ကြောက်စရာ မလိုပေ။ ပြီးနောက် သူတို့သည် ယခုနည်းဖြင့် ရေနွေးငွေ့စက်များကို ကြော်ငြာနိုင်ပေသည်။ အရေးကြီးဆုံး အရာသည် ဖုန်းယွီက လီရှစ်ရုံကို ဤအင်တာဗျူးသည် သူတို့၏ ရေနွေးငွေ့စက်အတွက် ကြော်ငြာတစ်ခုခု စဉ်းစား၍ ရနိုင်ပေသည်။ သူက စက်ပစ္စည်း စက်ရုံကို ကြော်ငြာခြင်းအတွက် သင့်တင့် လျှောက်ပတ်သည့် ငွေကြေးပမာဏ ပေးမည်ဖြစ်သည်။
သတင်းထောက်က ပြောစရာစကား မဲ့သွားသည်။ မေးလိုက်တော့ ထိုသူသည် စက်ရုံဒါရိုက်တာ ဖြစ်သည်။ သူပြချင်သည့် နေရာမဆို ပြနိုင်သည်။
အလုပ်ရုံတွင် ရပ်နေစဉ် လီရှစ်ရုံက သတင်းထောက်၏ မေးခွန်းကို ဆက်လက် ဖြေကြားနေသည်။ သို့သော် သူ၏အဖြေသည် ဇာတ်ညွှန်းထဲမှ သွေဖယ် သွားတော့သည်။ လေနှင့်မိုး ရေနွေးငွေ့စက်ကို သူ့အဖြေတွင် မကြာခဏ ဆိုသလို ပြောနေသည်။
“ဒီရေနွေးငွေ့စက်ရဲ့ ဒုတိယမြောက် မျိုးဆက်က ကျွန်တော်တို့ အနေနဲ့ လေယာဉ် ထုတ်လုပ်သည့် စက်ရုံနဲ့ ပူးပေါင်း ဆောင်ရွက်သည့် ရလဒ်ဖြစ်တယ်။ ဒီအရာကို တိုင်းပြည်၏ မြို့တစ်ခုမှ နည်းပညာလို့ခေါ်ပြီး ကျွန်တော်တို့တွေက ဒီနည်းပညာကို ပြည်တွင်းနဲ့ နိုင်ငံတကာ မူပိုင်ခွင့် မှတ်ပုံတင် ထားပါတယ်။ ဒီရေနွေးငွေ့စက်က ဖွင့်လိုက်တာနဲ့ ချက်ချင်း ရေနွေးငွေ့တွေက ထွက်လာမှာပါ။ အဲဒီစက်က ပိုပြီးတော့ အဆင့်မြင့်ပြီး ရေကို အပူပေးတဲ့ အချိန်ကို လျော့ချနိုင်မှာပါ။ ပြီးတော့ဒါက လျှပ်စစ်သုံးစွဲမှုနဲ့ ရေသုံးစွဲမှုကိုလည်း လျော့ချပေးတယ်။ ခင်ဗျားတို့ အနေနဲ့ ဒီထဲကို ရေမကြာမကြာ ဖြည့်ပေးဖို့ မလိုပါဘူး။ ထုတ်တဲ့ ရေနွေးငွေ့တွေကလည်း အအေးငွေ့တွေ ပြီးတော့ ထိမိရင်တောင်မှ အပူမလောင်စေဘူး။ ပိုပြီးတော့ လုံခြုံတယ် ”
သတင်းထောက်သည် ကင်မရာမန်းကို မြန်မြန် ကင်မရာရိုက်ရန် အချက်ပြလိုက်သည်။ ထိုအရာသည် အင်တာဗျူး တစ်ခု မဟုတ်တော့ပေ။ ယင်းက အင်တာဗျူးတစ်ခု မဟုတ်တော့ဘဲ ကြော်ငြာတစ်ခု ဖြစ်သွားပေသည်။
“ဒါရိုက်တာလီ ကျွန်မတို့အနေနဲ့ ဇာတ်ညွှန်းအတိုင်း သွားလို့ရလား။ ဘာလို့ဒါရိုက်တာရဲ့ စက်ရုံကထွက်တဲ့ ကုန်ပစ္စည်းတွေကို ဆက်တိုက် ကြော်ငြာ နေရတာလဲ ”
သတင်းထောက်က ကူကယ်ရာ မဲ့နေသည့်ပုံ ဖြစ်နေသည်။ သူတို့သည် အင်တာဗျူးရန် အတွက် ဗီဒီယိုတိတ် အကန့်အသတ် ရှိပေ၏။
“အား ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်ရဲ့ ခေါင်းထဲမှာ ဒီရေနွေးငွေ့စက် အကြောင်းပဲ စဉ်းစားရင်းနဲ့ ပြည့်နေတာပါ။ အဲ့ဒါကြောင့် ဒီအကြောင်းကို ဆက်တိုက် ပြောမိနေတာ ထင်ပါရဲ့။ ကောင်းပြီ။ ကျွန်တော်တို့တွေ ဇာတ်ညွှန်းထဲက အတိုင်း အခုကစပြီး သွားကြရအောင်။ သိုလှောင်ရုံကို သွားကြည့်ကြမယ် ”
လီရှစ်ရုံက ဖုန်းယွီကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ကာ ဖုန်းယွီသည် သူ့အား လက်မတစ်ချက် ထောင်ပြလိုက်သည်။
သူတို့ သိုလှောင်ရုံထဲ ခြေချလိုက်သည့်အခါ သတင်းထောက် သာမက ကင်မရာမန်းသည်လည်း ထိတ်လန့်သွားသည်။ လီရှစ်ရုံတောင် သူတို့မြင်လိုက်ရသည့် အရာကြောင့် ကြောင်တောင်တောင် ဖြစ်သွားသည်။ ထိုအရာသည် စက်ပစ္စည်းစက်ရုံ၏ သိုလှောင်ရုံသာ။ စောစောက သိုလှောင်ရုံသည် ယင်းကဲ့သို့ မဟုတ်ပေ။ ယခုတွင် ထိုအရာက ရေနွေးငွေ့စက်များကို ပုတ်ထားသည်လော။
ဖုန်းယွီက လီရှစ်ရုံကို အင်တာဗျူးအတွက် ထိုပုံးများ၏ အရှေ့တွင် ရပ်ရန် ညွှန်ပြလိုက်သည်။ သူက ကင်မရာမန်းကို ဒီအကာအဝေးမှာ ရပ်ရန် တောင်းဆိုပြီး သိုလှောင်ရုံ အပြည့်ကို အင်တာဗျူးထဲတွင် ပါရန် သေချာစေလို၍ ဖြစ်သည်။
ကင်မရာမန်းသည် စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ ဤသိုလှောင်ရုံသည် ထုတ်ကုန်များနှင့် ပြည့်မနေပေ။ နေရာလွတ်များစွာ ကျန်သေးပြီး အဘယ့်ကြောင့် သူတို့၏ ထုတ်ကုန်တွေကို ဤနည်းအတိုင်း ထုတ်ထားရသနည်း။ ထိုကဲ့သို့ ကျွမ်းကျင်သူ တစ်ယောက် မဟုတ်သည့်တိုင် ယင်းကနေရာများကို ဖြုန်းတီးခြင်း ဖြစ်ကြောင်းသာ သိသင့်သည်။
ယခုတစ်ခေါက်တွင် လီရှစ်ရုံသည် သတင်းထောက်၏ မေးခွန်းကို သူတို့ စီစဉ်ထားသည့် အတိုင်း ဖြေလိုက်သည်။ သို့သော် သတင်းထောက်နှင့် ကင်မရာမန်းသည် အခက်တွေ့သည့် သွင်ပြင်မျိုး ရှိနေသည်။ သူတို့၏သူဌေးကို မည်သို့ ရှင်းပြရမည်နည်း။ ပြီးနောက် မည်သည့် အစိတ်အပိုင်းသည် မနက်ဖြန် ညနေခင်း သတင်းအတွက် သူတို့ အသုံးပြုနိုင်မည်နည်း။
ပထမအပိုင်းတွင် လီရှစ်ရုံသည် သူ၏ရေနွေးငွေ့စက်ကို ဖွင့်နေသည်။ ပြီးနောက် နောက်ခံအဖြစ် ရေနွေးငွေ့စက်ကို ထားထားသည်။ ဒုတိယအပိုင်းသည် ထိုရေနွေးငွေ့စက်များ၏ ထုတ်လုပ်မှုကို ပြသနေတာဖြစ်ပြီး လီရှစ်ရုံသည် ရေနွေးငွေ့စက် အကြောင်းသာ ပြောနေသည်။ နောက်ဆုံးတွင် အဖြေနှင့် ပတ်သက်၍ ကိစ္စမရှိသော်ငြား နောက်ခံက မည်သို့ဖြစ်နေသနည်း။ စက်ယန္တရား စက်ရုံရှိ အလုပ်သမားများသည် လီကိုနှင့်ကစားရတာ နှစ်သက်သည်လော။
မေးလိုက်တော့။ သူတို့၏ ခေါင်းဆောင်များသည် ဤကိစ္စကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ ဒါရိုက်တာလီ အနေဖြင့်လည်း အင်တာဗျူး တစ်ခုလုံးကို ပြန်လုပ်ရန် သဘောတူပုံ မပေါ်ပေ။ ပြီးနောက် သူတို့တွင်လည်း ဗီဒီယိုတိတ် အလုံအလောက် မရှိပေ။ အကယ်၍သူတို့ မနက်ဖြန်မှ အင်တာဗျူးကို ပြန်ရိုက်လျှင် မနက်ဖြန် ညနေခင်း သတင်းအစီအစဉ်တွင် ပါဝင်တော့မည် မဟုတ်ပေ။ သူတို့အနေဖြင့် သူတို့၏ ခေါင်းဆောင်များ ထိုအင်တာဗျူးကို သတိမပြုမိစေရန် မျှော်လင့်နေကြသည်။ အကြောင်းမှာ သတိမပြုမိပါက သူတို့သည် အပြစ်တင်ဆုံးမ ခံရမှာဖြစ်သည့် အတွက် ဖြစ်သည်။
သူတို့ မထွက်သွားခင် ဖုန်းယွီသည် သူတို့၏ကားတွင် လက်ဆောင်အချို့ ထားလိုက်သည်။ ထိုလက်ဆောင်များသည် ရေနွေးငွေ့စက် ဒုတိယမျိုးဆက် ဖြစ်သည်။ ထိုရေနွေးငွေ့စက်များက ဈေးကွက်တွင်တောင် မမိတ်ဆက်ရသေးပေ။ ပြီးနောက် မြို့တော်အစိုးရ ခေါင်းဆောင်များ အနေဖြင့်လည်း ထိုအရာများကို လက်ခံရရှိခြင်း မရှိသေးပေ။
စက်ပစ္စည်း စက်ရုံသည် သူတို့အင်တာဗျူးခဲ့သည့် အခြားသော ခေါင်းဆောင်များထက် ပိုပြီး ရက်ရောသည်။ သူတို့သည် အန်ပေါင်းနှင့် လက်ဆောင် ပစ္စည်းများကို သူတို့ ဤနေရာတွင် ရှိပြီးရခဲ့သည်။ ထို့ကြောင့် သူတို့ကို ခေါင်းဆောင်များက အပစ်ပေးရင်တောင် အဆင်ပြေသည်။
သူတို့သည် အန်ပေါင်းကို ဖွင့်ကြည့် လိုက်သည့်အခါ သူတို့ယွမ်ငါးရာဆီ ရရှိသည့်အခါ အထိတ်တလန့် ဖြစ်သွားကြသည်။ သူတို့က သူတို့၏ အတွေးတွင် ထိုစာအိတ်ထဲ၌ ယွမ်ဆယ်ကဏန်းသာ ပါမည်ဖြစ်သည်ဟု တွေးဆခဲ့သည်။ အကြောင်းမှာ ပါးနေသည့်အတွက် ဖြစ်သည်။ သို့သော် သူတို့အား အံ့အားသင့် သွားသည်က ထိုငွေစက္ကူများသည် ယွမ်တစ်ရာတန် ငွေစက္ကူများ ဖြစ်ပေသည်။
ယွမ်းငါးရာသည် သူတို့၏ လအနည်းငယ် လစာများ ဖြစ်ပေသည်။ ထိုငွေများကို တွေ့ပြီးနောက် ဒါရိုက်တာလီအပေါ် မကျေနပ်သည့် ဒေါသသည်လည်း ပျောက်ကွယ် သွားသည်။ လက်ရှိတွင် သူတို့သည် အပစ်တင် ဆုံးမခံရလျှင်လည်း ကိစ္စမရှိတော့ပေ။ အကယ်၍သူတို့၏ လက်ဆောင်ငွေများ ဖြတ်တောက် ခံရလျှင်လည်း သူတို့သည် သဘောတူ လက်ခံမည် ဖြစ်သည်။ သူတို့ရသည်က ယွမ်ငါးရာဖြစ်သည်။ ရုပ်သံဌာနမှ လူများ ထွက်သွားပြီးနောက် ဖုန်းယွီသည် ဖုန်းအချို့ခေါ်ပြီး ကြော်ငြာ ထုတ်လုပ်သည့်လူအား တောင်းဆိုလိုက်သည်။ သူ့အနေဖြင့် ပထမဦးဆုံး ကြော်ငြာကို ရိုက်ချင်သည်။ ထိုအရာက အင်တာဗျူးနှင့် ခပ်ဆင်ဆင်ဖြစ်ပြီး တူညီသည့် စက်တင်နှင့် နောက်ခံဖြစ်သည်။
လီရှစ်ရုံသည် ဆက်လက်အလုပ် ကြိုးစားနေသည်။ ပြီးနောက်သူသည် ကြော်ငြာ၏ ငွေကြယ်ပွင့် တစ်ယောက် ဖြစ်မည်ပင်။ သို့သော် အလုပ်ရုံခန်းတွင် သူက အင်ဂျင်နီယာချုပ်ကို အစားထိုး ပေးလိုက်သည်။ အင်ဂျင်နီယာချုပ်သည် ထုတ်လုပ်မှု အဆင့်အကြောင်းကို ရှင်းပြသည့်အခါ ပိုအဆင်ပြေသည့် အတွက် ဖြစ်သည်။
ဖုန်းယွီ အကျေနပ်ဆုံး အပိုင်းမှာ နောက်ခံအဖြစ် ထားသည့် ရေနွေးငွေ့စက် ဖုံးများပင် ဖြစ်ပေသည်။ ထိုအရာက သူ၏ အရင်ဘဝတွင် စူပါမားကပ်၌ ထိုပစ္စည်းများကို ပြသထားသည့် ပုံစံအတိုင်း ဖြစ်ပေသည်။
လီရှစ်ရုံ၏ အင်တာဗျူးသည် နောက်တစ်နေ့ ညနေခင်း သတင်းတွင် ထုတ်လွင့်သည်။ များစွာသော အပိုင်းများကို ဖြတ်တောက်ခဲ့သည်။ သို့သော် ဖုန်းယွီအား အံ့သြသွားစေသည်မှာ လီရှစ်ရုံသည် ရေနွေးငွေ့စက်ကို ဖွင့်သည့်အခန်းကို မဖယ်ထုတ်သည့် အချက်ဖြစ်သည်။ ထိုအရာက ပိုပြီး အသက်ဝင်စေပြီး သိုလှောင်ရုံ အတွင်းရှိ ရိုက်ချက်ကိုလည်း ထုတ်လွင့်ခဲ့သည်။ ထိုအရာက ကြည့်ရှုသူများကို သိုလှောင်ရုံနှင့် ပတ်သက်သည့် အလုပ်သမားများက ထိုနေရာတွင် ရှိနေကြောင်း ပြသနေခြင်း ဖြစ်ပေသည်။
ဖုန်းယွီသည် သတင်းကို ကြည့်ပြီးနောက် ဟက်ဟက်ပက်ပက်ဖြင့် ရယ်မောလိုက်သည်။ ထိုအရာသည် အန်ပေါင်း နှစ်ထုပ် ပေးခြင်းဖြင့် ထိုက်တန်သည့် အရာဖြစ်ပေသည်။ အင်တာဗျူး အစီအစဉ် တစ်ခုလုံးကို သတင်းပြီးနောက် ရုပ်သံအစီအစဉ် တစ်ခုအနေဖြင့်လည်း ထုတ်လုပ်သည်။ ယခုအချိန်တွင် ရုပ်သံ အရည်အသွေးများက ပိုကောင်းမွန်သည်။ မည်သည့် ရိုက်ကူးမှုကိုမှ တည်းဖြတ်ခြင်း မရှိပေ။ အစီအစဉ်ကို ကြည့်ရှုပြီးနောက် ဖုန်းယွီတောင် ရေနွေးငွေ့စက်ကို လိုချင်စိတ် ပေါက်သွားသည်။ အခြားသော ကြည့်ရှုသူများတော့ မည်သို့ဖြစ်မည်ကို သူမသိပေ။ ထိုအရာက လီရှစ်ရုံသည် ရေနွေးငွေ့စက်ကြောင့် ပိုတောက်ပလာသည်ဟု ပြောနိုင်ပေသည်။ ဖုန်းယွီသည် လီရှစ်ရုံကိုသာ တောင်းပန်ရန်သာ ရှိသည်။ နောက်တစ်နေ့တွင် အင်တာဗျူးကဲ့သို့ ကြော်ငြာမျိုးသည် ပြည်နယ်အစိုးရရှိ ရုပ်သံမှလာသည်။ တစ်မိနစ်စာ ကြော်ငြာ အစီအစဉ်ကို မတူညီသည့် နေရာသုံးခုတွင် မတူညီသည့် အင်တာဗျူးပုံစံဖြင့် ပြသပေသည်။
ယခုအချိန်တွင် ဖုန်းယွီသည် ပြည်နယ်ရုပ်သံ ဌာနနှင့် တစ်နှစ်ကြာ ကြော်ငြာစာချုပ်ကို လက်မှတ်ထိုးခဲ့သည်။ သူက ထိုက်ဟွ ကုန်သွယ်ရေးအဖြစ် စာချုပ်တွင် လက်မှတ်ထိုးခဲ့ခြင်း ဖြစ်ပြီး စာချုပ်ထဲတွင် ပါသည့် အချက်အလက်တစ်ခုမှာ ထုတ်ကုန်များကို သင့်တော်သလို ပြောင်းလဲနိုင်ပြီး သူကြော်ငြာချင်သည့် အချိန်အတိုင်း ကြော်ငြာမည်ဖြစ်သည်။ ဥပမာအနေဖြင့် ထိုရေနွေးငွေ့စက်၏ ကြော်ငြာများတွင် ရေနွေးငွေ့စက်၏ ကုန်ကျစရိတ်ကို ထည့်သွင်းနိုင်ပေမည်။
တစ်ဖန် ဘင်းမြို့တော်တွင် နေထိုင်သူများက စိတ်ဝင်စားစရာ ကောင်းသည့် တစ်ခုခု အကြောင်းကို ဆွေးနွေးကြပြန်သည်။ ရေနွေးငွေ့စက် ပုံးများကို စက်ပစ္စည်းစက်ရုံ၏ သိုလှောင်ရုံတွင် စီထားခြင်းဖြစ်သည်။ ထိုအပိုင်းပို TVကလည်း ထုတ်လွင့်ပြသခဲ့ပြီး သူတို့အနေဖြင့် သိုလှောင်ရုံ အလုပ်သမားများသည် ဉာဏ်ကြီးရှင်ဟု ခံစားရစေသည်။ ထိုအလုပ်သမားများသည် မတူညီသည့် ကာလာများကိုသုံးကာ ထိုပုံးများပေါ်တွင် လေနှင့်မိုးဟူသည့် အရာကို ထပ်ထားခြင်းဖြင့် ပေါ်လွင်အောင် လုပ်ထားသည်။
ဖုန်းယွီသည် လမ်းမများထက်၌ ထိုအကြောင်းကို ပြောနေသည်ကို ကြားသည့်အခါ သူရယ်လုမတတ် ဖြစ်သွားသည်။ ထိုအရာသည် သူ၏အရင်ဘဝရှိ စူပါမားကပ် အရောင်းပြခန်းရှိ ဝန်ထမ်းများနှင့်ဆိုလျှင် ဘာမှလိုချင်စရာ မရှိပေ။ ထိုဝန်ထမ်းများသည် စူပါမားကပ်၏ ထုတ်ကုန်များကို ရေးကြီးခွင်ကျယ်လုပ်ကာ ပြောဆိုနေကြဆဲ ဖြစ်သည်။
မည်သို့ပင် ဖြစ်စေကာမူ ရေနွေးငွေ့စက် ဒုတိယမျိုးဆက်သည် သူတို့ မကြေညာခင် မြို့ထဲ၌ စတင် ပြောဆိုနေကြပြီ ဖြစ်သည်။ လူတိုင်းက ထိုကြော်ငြာအကြောင်း ပြောနေကြပြီး ဖုန်းယွီသည် ဤရေနွေးငွေ့စက်သည် သူတို့အနေဖြင့် မူပိုင်ခွင့်ကို ရရှိပြီးနောက် ဖြန့်ချီမည့် အချိန်တွင် အောင်မြင်မည်ဟု ယုံကြည်ပေသည်။
***