ခမဲသာလား သင့်ရဲ့ခြေထောက်လား
Vol. 9 Ch. 128
ဖုန်းယွီသည် အတန်းချိန်ကို ထပ်ပျက်ပြန်သည်။ ပြီးနောက် ကုမ္မဏီသို့ ပြန်သွားခဲ့သည်။ ဖူကွမ်းကျန်းနှင့် သူသည် ရေနွေးငွေ့များကို ပြည်ပသို့ တင်ပို့ခြင်း လုပ်ငန်းများ လုပ်ဆောင် နေသော်လည်း နိုင်ငံခြားကုမ္မဏီများက သူတို့၏ စက်ရုံများတွင် သူ၏ နည်းပညာကို အသုံးပြုပါက လုပ်ပိုင်ခွင့် လွှဲအပ်ခြင်းကို စိတ်ထဲမှုမည် မဟုတ်ပေ။
“တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာဖုန်း ”
ဖုန်းယွီ ရောက်လာသည့်အခါ နိုင်ငံခြားသာ စီးပွားရေး လုပ်ငန်းရှင်က သူ့အား 90 ဒီကရီ ဦးညွှတ်ကာ သူ့ကို ထိတ်လန့် သွားစေသည်။
ဘာဖြစ်တာလဲ။ ဘာကြောင့် ဒီတစ်ယောက်က ခေါင်းကို ကိုင်းထားတာလဲ။ ခဏလေးနေဉီး။ ဒါကနိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင် မဟုတ်ဘူးလား။ ဒီတစ်ယောက်က ကိုရီးယား မဟုတ်ရင် ဂျပန်ဖြစ်ရမယ်။ သူ့မှာက သူ့အရပ်နဲ့ လိုက်တဲ့ ကြီးလေးတဲ့ မျက်နှာ မရှိဘူးဆိုရင်တော့ သူက သေချာပေါက် ဂျပန်ပဲဖြစ်ရမယ်။
“ကျွန်တော်က ခမဲသာမာဆောပါ။ Black Dragon ကုမ္မဏီ လိမီတက်ကပါ။ မစ္စတာဖုန်းအနေနဲ့ ကျွန်တော်ကို ခမဲသာလို့ ခေါ်နိုင်ပါတယ် ”
ခမဲတာမာဆောသည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေသလို ခံစားနေရသည်။ ထိုက်ဟွ ကုန်သွယ်ရေး၏ သူဌေးသည် အလွန် ငယ်ရွယ်လွန်းသည်။ သူက ကုမ္မဏီ၏ ဆက်ခံမည့်သူ ဖြစ်နေသည်လော။
အခြားတစ်ယောက်၏ မန်ဒရင်းလေသံသည် မဆိုးလှပေ။ သို့သော် ဖုန်းယွီသည် သူ့၏နာမည်ကို ကြားခြင်းဖြင့် ဂျပန်တစ်ယောက် ဆိုသည်ကို ပြောနိုင်ပေသည်။ သို့သော် သူ၏နာမည်က အညတရမျှသာ ဖြစ်သည်။ သူ၏အသံသည် ခြေထောက်နှင့် လျှာဖြင့် လျက်သည်ဟု အသံထွက်နေသည်။ (ခမဲသာ၏ တရုတ်စာလုံးသည် … ပြီးတော့ ထိုအသံသည် ခြေထောက်နှင့် လျှာဖြင့်လျက်သည်ဟူသော အသံနှင့် တူပေသည်။)
သို့သော် သူ၏ ပုံပန်းသွင်ပြင်အရ သူသည် ဖုန်းယွီ၏ ခြေထောက်ကို လျှာဖြင့်လျက်ဖို့ ပြင်လျှင်တောင် သူကငြင်းဆိုမည် ဖြစ်သည်။
Black Dragon ကုမ္မဏီလီမိတက်သည် ယာခူဇာ မဟုတ်ပေ။ ထိုကုမ္မဏီသည် ရှယ်ယာအစုရှင် ကုမ္မဏီတစ်ခုဖြစ်သည်။
“မစ္စတာခမဲသာ ကျေးဇူးပြုပြီး ထိုင်ပါဉီး။ ကျွန်တော် မန်နေဂျာဝူထံက ကြားထားတာက ခင်ဗျားအနေနဲ့ ကျွန်တော်တို့နဲ့ အက်ထရာစောနစ် ရေနွေးငွေ့စက်မှာ အလုပ်အတူတူ လုပ်ချင်တယ်လို့ ပြောတာမလား ”
ဖုန်းယွီက ပြုံးကာ ပြောလိုက်တယ်။
“ဟုတ်ပါတယ်။ ကျွန်တော်က တရုတ်နိုင်ငံရဲ့ Black Dragon ကုမ္မဏီလိမိတက်ရဲ့ ကိုယ်စားပြု တစ်ယောက်ပါ။ ကျွန်တော် လေနှင့်မိုး အက်ထရာစောနစ် ရေနွေးငွေ့စက်ကို ဈေးကွက်ထဲမှာ တွေ့ခဲ့ပါတယ်။ ပြီးတော့ အဲဒီထုတ်ကုန်အနေနဲ့ ကြီးမားတဲ့ အလားအလာ မရှိဘဲ နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှု လုပ်ဖို့အတွက် ထိုက်တန်တယ်လို့ ကျွန်တော်တွေးမိတယ် ”
ဖုန်းယွီက ခေါင်းညိတ် လိုက်သည်။ သူက လက်ရှိတွင် ပြုံးကာ ပြောလိုက်သည်။ သူ့ကိုသူ့အနေဖြင့် ချီးကျူးဂုဏ်ပြုမှုများကို မည်သည့်အခါမှ ငြင်းပယ်ခြင်း မရှိပေ။
“ခင်ဗျားရဲ့ ကုမ္မဏီက အရင်တုန်းက ဘာလုပ်တာလဲ။ အိမ်တွင်း ပစ္စည်းလား။ ဒါမှ မဟုတ်ဘူးဆိုရင် လျှပ်စစ်ထုတ်ကုန်လား ”
ဖုန်းယွီသည် ထိုကုမ္မဏီနှင့် ပတ်သက်ပြီး အချက်အလက်များ ရှာရန် လိုအပ်ပေသည်။ အကယ်၍ ထိုကုမ္မဏီက ပေါင်မုန့်ရောင်းပါက သူတို့သည် ဖုန်းယွီ၏ နည်းပညာမူပိုင်ခွင့် အတွက် မိုးလောက်ထိ မြင့်သည့် ငွေပမာဏ ပေးစေကာမူ ဖုန်းယွီသည် သူတို့အား လုပ်ပိုင်ခွင့် လွဲအပ်ခြင်း ပြုမည်မဟုတ်ပေ။
သို့သော် Black Dragon ကုမ္မဏီလီမိတက် အနေနှင့် ပေါင်မုန့်ရောင်းသည် မဟုတ်ပေ။ သူတို့ ရောင်းသည့်အရာက ဖုန်းယွီ မမျှော်လင့်ထားသည့်အရာ ဖြစ်နေသည်။ ယင်းကုမ္မဏီသည် လေမှုတ်သွင်းလို့ ရသည့် ကာမဆန္ဒဖြေသည့် အရုပ်များ ရောင်းသည်ဖြစ်သည်။
ချီးပဲ။ အဘယ်ကြောင့် ကာမဆန္ဒ ဖြည့်ဆည်းပေးသည့် အရုပ်များကို ရောင်းသည့် ကုမ္မဏီတစ်ခု အနေဖြင့် သူတို့၏ ရေနွေးငွေ့စက်နှင့် ဘယ်လိုကြောင့် အလုပ်တွဲလုပ်ချင်သနည်း။ အကယ်၍ လူများသာ ရေနွေးငွေ့စက် ထုတ်လုပ်သည့် ကုမ္မဏီအနေဖြင့် ကာမဖြည့်ဆည်း ပေးသည့် အရုပ်များ ထုတ်လုပ်သည်ကို လူများသိပါက ထိုအရာသည် ထိုက်ဟွ ကုန်သွယ်ရေးကို နာမည်ဆိုး ရစေမည်ပင်ဖြစ်သည်။
အထူးသဖြင့် သူ၏ အဖေနှင့်အမေက ယင်းအကြောင်းကိုသိလျှင် နှစ်ယောက်စလုံး၏ ရိုက်နှက်ခြင်းကို သူခံရပေမည်။
ဖုန်းယွီက သူ၏တံတွေးကို မျိုချလိုက်ကာ ဝူကျီကန်းကို သေစေနိုင်လောက်သည့် အကြည့်ဖြင့် ကြည့်နေသည်။ အဘယ့်ကြောင့် ထိုစီးပွားရေး လုပ်ငန်းရှင်နှင့် ပတ်သက်သည့် အချက်အလက်များကို မရှာဖွေထားသနည်း။ မည်သည့် ကုမ္မဏီမဆို ထိုက်ဟွ ကုန်သွယ်ရေးနှင့် လုပ်ကိုင်ချင်သည့် အတွက် လုပ်ကိုင်ခွင့် ပေးထားသည်လော။ ဖုန်းယွီသည် သူ့ကို သူတို့မူပိုင်ခွင့် ရရှိထားသည့် နည်းပညာကို သုံးစွဲချင်သည့် ကုမ္မဏီများ စာရင်းကို မှတ်ခိုင်းထားသည်။ သို့သော်သူသည် ထိုကုမ္မဏီများကို စီစစ်ရန် လိုအပ်သေးဆဲဖြစ်သည်။
ဝူကျီကန်း သူမှားသွားသည်ဟု ခံစားလိုက်ရသည်။ သူသည် သူတို့တွေ့ဆုံခြင်းက ခမဲသာ၏ နာမည်ကို မမေးခဲ့ပေ။ သို့သော် ခမဲသာ၏ တရုတ်ဘာသာ စကားသည် အလွန် ကောင်းလွန်းနေပြီး ပေကျင်းတွင် ရှိသည်။ သူက ခမဲသာကို တရုတ်တစ်ယောက်ဟု ထင်ခဲ့သည်။ သို့သော် ဂျပန်တစ်ယောက်ဟု မည်သူက သိမည်နည်း။
ဖုန်းယွီက ထရပ်လိုက်ကာ ပြောလိုက်သည်။
“မစ္စတာခမဲသာ ကျွန်တော်မှာ လုပ်စရာတစ်ခုခု ရှိသေးလို့ ကျွန်တော်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှု အကြောင်းကို နောက်နေ့ကျမှပဲ ထပ်ပြောကြရအောင် ”
ခမဲသာမာဆောက ရုတ်တရက် ထလိုက်ကာ 90 ဒီကရီ ကိုယ်ကို ပြန်ကိုင်းညွှတ်ပြန်သည်။
“မစ္စတာဖုန်း ကျေးဇူးပြုပြီး ခဏလောက်ပါ။ ခင်ဗျားအနေနဲ့ ကျွန်တော်တို့ ကုမ္မဏီက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို မကြိုက်ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဒီထုတ်ကုန်တွေနဲ့ ပတ်သက်ပြီးတော့ ဘာမှရှက်စရာ မလိုပါဘူး။ အဲဒီထုတ်ကုန်တွေက လူသားတွေရဲ့ စိတ်ကျေနပ်မှုကို ဖြည့်ဆည်း ပေးနိုင်တယ်။ ခဏစောင့်ပါဉီး။ ကျွန်တော်တို့ ကုမ္မဏီက ရေမွှေးနဲ့ရနံ့ငွေ့ ထုတ်စက်ကိုလည်း ထုတ်လုပ်ပါတယ်။ ကျွန်တော်ထင်တာက ကျွန်တော်တို့ ကုမ္မဏီရဲ့ မွှေးရနံ့ နည်းပညာကို ခင်ဗျားတို့ရဲ့ ရေနွေးငွေ့စက်ထဲမှာ ထည့်သွင်းနိုင်တယ်။ ကျွန်တော်တို့ အနေနဲ့ အတူတကွ ပူးပေါင်းလုပ်လို့ ရတယ် ”
ရနံ့ထုတ်စက်လား။ ဖုန်းယွီက ခမဲသာကို ကြည့်လိုက်သည်။ သူကဖုန်းယွီကို အရူးတစ်ယောက်လို ဆက်ဆံသည်လော။ မွှေးရနံ့ထုတ်စက်သည် ဘယ်နေရာက ခက်ခဲနေသနည်း။ တစ်စုံတစ်ယောက် အနေဖြင့် ရေနွေးငွေ့စက်ထဲကို ရေမွှေးစက် အနည်းငယ် ထည့်ပါက ထွက်လာမည့် ရလဒ်သည် အတူတူပင်ဖြစ်သည်။ အဘယ့်ကြောင့် ဖုန်းယွီသည် သူတို့နှင့် အလုပ်လုပ်မည်နည်း။
အနာဂတ် နှစ်များတွင် Air Fresher ရနံ့ထုတ်စက်သည် အလွန်နာမည် ကျော်ကြားပြီး အလုပ်ရုံ အများအပြား အိမ်ထောင်စု အများအပြားနှင့် မော်တယ်ယာဉ်များ အပေါ်တွင်တောင် အသုံးပြုကြသည်။ သို့သော် ရေမွှေးသည် လူသားများအတွက် အန္တရာယ်ရှိသည်ဟု နောက်ပိုင်းတွင် တွေ့ရှိသွားသည်။
ထိုကဲ့သို့သော အန္တရာယ်ရှိသည့် ထုတ်ကုန်မျိုးကို ဂျပန်တွင်သာ သုံးသင့်သည်။ ပြီးနောက် တရုတ်နိုင်ငံတွင် မရောင်းသင့်ပေ။ ခဏလေး ဒီအကြံကမှန်တယ်။ ဒီဂျပန်က ဒီအကြံကို အကြံပြုမှ ဖုန်းယွီ အနေဖြင့် ထိုဂျပန်ကုမ္မဏီကို သူတို့၏ နည်းပညာကို လုပ်ပိုင်ခွင့် လွှဲပေးနိုင်တယ်။ လွှဲပေးပြီး ရနံ့ငွေ့နည်းပညာကို အဲဒီထဲမှာ ထည့်သုံးလို့ရတယ်။ သူတို့အနေနဲ့ အဲဒီပစ္စည်းတွေကို ဂျပန်မှာပဲ ရောင်းနိုင်တယ်။ အခြားနိုင်ငံတွေကို တင်ပို့လို့ မရနိုင်ဘူး။
ဖုန်းယွီက ခမဲသာကို ထိုင်ရန်အချက် ပြလိုက်သည်။
“အွန်း ခင်ဗျားက အဲ့လိုပြောမှတော့ အဲဒါက အလုပ်တွဲလုပ်ဖို့ ဖြစ်နိုင်တဲ့ပုံပဲ။ ကျွန်တော်တို့ အလုပ်တွဲလုပ်ဖို့အတွက် ခင်ဗျားရဲ့ အစီအစဉ်ကရော ဘယ်လိုလဲ ”
ဝူကျီကန်းသည် ကြောင်တောင်တောင် ဖြစ်သွားသည်။ ရနံ့လား။ ထိုအကြောင်းကို သူတို့၏ ရေနွေးငွေ့စက် အသုံးပြုသည့် လမ်းညွှန်တွင် ထည့်ပြီးသား ဖြစ်သည်။ အဘယ့်ကြောင့် သူတို့သည် ဂျပန်လူမျိုးနှင့် အလုပ်လုပ်နေရသနည်း။
“ပူးပေါင်း ဆောင်ရွက်မှုလား။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ရနံ့ ပြန့်စေတဲ့ နည်းပညာကို ခင်ဗျားတို့ရဲ့ အက်ထရာစောနစ် နည်းပညာကို အသုံးပြုမယ်။ အတူတကွ ရင်းနှီးမြုပ်နှံပြီးတော့ ရေနွေးငွေ့စက်တွေကို ထုတ်လုပ်မယ်။ ပြီးတော့ အမြတ်တွေကိုလည်း ညီတူညီမျှ ခွဲယူကြမယ် ”
ခမဲသာမာဆောက ပြောလိုက်သည်။
“အွန်း ဒီကောင်က သူ့ရဲ့ အလွန်ညံ့တဲ့ ရနံ့ထုတ်လွှတ်တဲ့ နည်းပညာကို အက်ထရာစောနစ် နည်းပညာနဲ့တောင် ယှဉ်ပြောရဲတယ်။ ပြီးတော့ အမြတ်ကိုလည်း ညီတူညီမျှ ခွဲယူချင်တာလား။ ဘာကြောင့် ဘဏ်ကိုသွားပြီး ဓားပြမတိုင်ဘဲနဲ့ သူ့ဆီကို လာရတာလဲ ”
ဖုန်းယွီက ခမဲသာကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော်အနေနဲ့ အက်ထရာစောနစ် နည်းပညာ လုပ်ပိုင်ခွင့်ကို ခင်ဗျားတို့ ကုမ္မဏီကို လွှဲနိုင်ပါတယ်။ ပြီးတော့ ရနံ့ပြန့် ရေနွေးငွေ့စက် ထုတ်လုပ်ရင် ခင်ဗျားတို့ ကုမ္မဏီက တစ်ခုရောင်းရတိုင်း ကျွန်တော်ကို ဒေါ်လာသုံးဆယ် ပေးရမယ်။ ဒီလိုမျိုး ပူးပေါင်း ဆောင်ရွက်မှုက ကျွန်တော်အတွက် ပိုပြီးတော့ အဆင်ပြေစေတယ် ”
ခမဲသာမာဆောက ဖုန်းယွီကို အံ့သြသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“မစ္စတာဖုန်း ကျွန်တော်ထင်တာတော့ ခင်ဗျားမှားနေပြီ ထင်တယ်။ ကျွန်တော်တို့က ခင်ဗျားနဲ့အတူ အလုပ်လုပ်မှာ ခင်ဗျာရဲ့ နည်းပညာကို ဝယ်ဖို့လာတာ မဟုတ်ဘူး ”
ဖုန်းယွီက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။
“မစ္စတာခမဲသာ ခင်ဗျားလည်း မှားနေပြီ ထင်တယ်။ ကျွန်တော်လည်း ဒီနည်းပညာကို ရောင်းတာ မဟုတ်ဘူး။ ကျွန်တော်က ခင်ဗျားကို လုပ်ပိုင်ခွင့် လွှဲအပ်လိုက်ရုံပဲ။ ဒါက ခင်ဗျားတို့ကို ပေးနိုင်တဲ့ ကျွန်တော်ရဲ့ ရွေးချယ်မှု တစ်ခုပဲ။ ခင်ဗျား မကျေနပ်ဘူး ဆိုရင်တော့ ခင်ဗျားသူဌေးနဲ့ ဆွေးနွေးလို့ရတယ် ”
ခမဲသာ ဘာမှမပြောနိုင်ခင် ဖုန်းယွီက မတ်တပ်ထရပ်ကာ အော်လိုက်သည်။
“မန်နေဂျာဝူ ဒီဧည့်သည်ကို နှင်ထုတ်လိုက်တော့ ”
ခမဲသာမာဆောသည် တစ်ခုခု ပြောချင်နေသည်။ သို့သော် ဝူကျီကန်းနှင့် သူ၏လူများက ခမဲသာမာဆောကို အပြင်သို့ ထုတ်လိုက်ကြသည်။ ဝူကျီကန်းသည် ထိုဂျပန်နှင့် တွေ့ထဲက မပျော်ရွှင်ဖြစ်နေသည်။
ခမဲသာထွက်သွားပြီးနောက် ဝူကျီကန်းသည် ဖုန်းယွီကို တောင်းပန်လိုက်သည်။
“ဒါရိုက်တာဖုန်း ကျွန်တော် တောင်းပန်ပါတယ်။ သူက ဂျပန်တစ်ယောက်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး ”
ဖုန်းယွီက သူ့လက်ကို ယမ်းလိုက်သည်။
“ကိစ္စမရှိပါဘူး။ ဒါပေမဲ့သူ နောက်တစ်ခေါက် ပြန်လာတဲ့အခါမှာ ငါတို့အခုပြောတဲ့ အခြေအနေက အတူတူပဲ။ ငါတို့က အခုသူ့ကို မူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ လုပ်ပိုင်ခွင့်ပဲ ပေးမှာ။ ဒါပေမဲ့ သူတို့တွေနဲ့ အလုပ်လုပ်မှာ မဟုတ်ဘူး။ သူတို့တွေက ငါတို့ကို အရူးတွေလို့ ထင်နေတာလား။ အမြတ်ကိုတောင် ညီတူညီမျှ ခွဲဉီးမှာလား။ သူတို့ရဲ့ စုတ်ပျက်နေတဲ့ မွှေးရနံ့ဖြန့် နည်းပညာက သူတို့ရဲ့ ပြည်တွင်း ဈေးကွက်မှာတောင် ကောင်းကောင်း အလုပ်ဖြစ်တာ မဟုတ်ဘူး။ ပြီးတော့သူက အဲ့ဒါနဲ့ တရုတ်နိုင်ငံရဲ့ ဈေးကွက်ကို ဝင်ချင်နေတာလား ”
ဖုန်းယွီသည် စာတိုက်ရုံးကို ပြန်သွားကာ ဖူကွမ်းကျန်းဆီ နိုင်ငံတစ်ကာ ဖုန်းခေါ်ဆိုမှုဖြင့် ဖုန်းခေါ်လိုက်သည်။ သူသည် ဖူကွမ်းကျန်းကို ဂျပန် Black Dragon ကုမ္မဏီလိမိတက်၏ နောက်ခံကို စစ်ဆေးစေလိုသည်။ ဂျပန်သည်သူတို့၏ ဈေးကွက်ပစ်မှတ် မဟုတ်ခဲ့ပေ။ ဖူမိသားစုသည် ဥရောပနှင့် အမေရိက ဈေးကွက်ကိုသာ ပစ်မှတ်ထားသည်။
ခမဲသာမာဆောသည်လည်း သူ၏ဥက္ကဌကို ဖုန်းခေါ်ဆိုပြီး ဖုန်းယွီပြောခဲ့သည့် အရာများကို သူ့အား ပြောပြနေသည်။ ဖုန်းယွီသည် ခက်ထန်သည့် စိတ်ဓာတ်ရှိကာ သူသည် ရနံ့ပြန့်လွှင့်သည့် နည်းပညာကို စိတ်ဝင်စားပုံ မပေါ်ပေ။ ထို့အတွက် ဆွေးနွေးစရာ အကြောင်းလဲမရှိပေ။
ဥက္ကဌသည် ခဏကြာ တွန့်ဆုတ်နေပြီးနောက် ခမဲသာကို သူ့အနေဖြင့် ဖုန်းယွီပြောသည့် အချက်အလက်များကို သဘောတူနိုင်ကြောင်း ပြောသည်။ သို့သော် လုပ်ပိုင်ခွင့် လွှဲအပ်သည့် ကြေးကိုတော့ လျော့ချမည်ဖြစ်သည်။ ခမဲသာ ဒေါ်လာများကို စစ်နိုင်လျှင် သူ့အနေဖြင့် ဒေါ်လာတစ်ထောင် ဆုရမည်ဖြစ်သည်။
ခမဲသာက အလွန် ပျော်ရွှင်သွားသည်။ သူသည် ထိုညတွင် ကောင်းမွန်သည့် အစီအစဉ်တစ်ခုကို တွေးတောနေသည်။ မနက်ဖြန်တွင် သူသည် စာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး ထိုသို့ဖြစ်ပါက သူသည် Black Dragon အမှတ်တံဆိပ် ရေနွေးငွေ့စက်များကို ကြီးမားကျယ်ပြန့်သည့် တရုတ်ဈေးကွက်၏ အစိတ်အပိုင်း တစ်ခုကို ရယူနိုင်မှာဖြစ်သည်။ သို့သော် သူမသိသည်က ဖုန်းယွီသည် သူတို့အား သူတို့၏ ရေနွေးငွေ့စက်ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ခွင့်မပြုထားပေ။ သူတို့အနေဖြင့် အခြားသော တိုင်းပြည်များကိုလည်း တင်ပို့ခွင့်မရပေ။ သူတို့၏ ရေနွေးငွေ့စက်များကို ဂျပန်တွင်သာ ရောင်းနိုင်သည်။ ထိုခမဲသာသည် ရာထူးတိုးခံရမည်ဟု အိပ်မက်မက်နေပြီး ရာထူးတိုးခံရခြင်းနှင့် လစာပိုများ လာခြင်းကိုသာ အိပ်မက်မက်နေတော့သည်။
***