CCTVကြော်ငြာဌာန
Vol. 9 Ch. 129
နောက်တစ်နေ့တွင် ခမဲသာမာဆောသည် ဖုန်းယွီ အနေဖြင့် သူတို့အား ဂျပန်နိုင်ငံမှလွဲ၍ အခြားသို့ တင်ပို့မည် မဟုတ်ဟု ပြောလိုက်သည့်အခါ မျက်နှာက ရှစ်ခေါက်ချိုး ဖြစ်သွားသည်။
ခမဲသာမာဆောသည် တရုတ်၊ ဥရောပနှင့် အမေရိကန် စျေးကွက်များကို ပစ်မှတ်ထားခဲ့သည်။ ရေနွေးငွေ့စက်များသည် ကုန်းတွင်းပိတ် မြို့များတွင် အဓိက အသုံးပြုကြပြီး ထိုနေရာရှိ လေများက ခြောက်သွေ့ကြပေသည်။ အရှေ့တောင်အာရှသည် ဂျပန်နှင့် အတူတူပင် ဖြစ်ပေသည်။ ထိုဒေသတွင်းရှိ လူအများစုသည် ယင်းရေနွေးငွေ့စက်ကို ဝယ်ယူချင်စိတ် မရှိကြပေ။ စျေးကွက်သည်လည်း နေရာကောင်း မဟုတ်ပေ။
ခမဲသာသည် ချက်ချင်းပင် သူ့ဥက္ကဌကို အကြောင်းကြားလိုက်ပြီး အော်ငေါက်ခြင်းကို ခံလိုက်ရသည်။ ခမဲသာသည် သူ၏ကုမ္ပဏီကို ယခု သဘောတူညီမှုမှ ပိုက်ဆံများရအောင် ကူညီပေးမည်ဟု ကတိပေးထားသည်။ သူသည် အောင်မြင်အောင် မလုပ်နိုင်ရုံသာမက သူတို့ကို ဈေးကွက် နည်းပါးသည် ဂျပန်တွင်သာ ရောင်းရန်ခွင့်ပြုခြင်း ဖြစ်သည်။
သို့သော် ဖုန်းယွီ၏ ခွင့်ပြုချက်သည် အလွန်ကြမ်းတမ်းစေကာမူ သူတို့က သဘောတူဆဲဖြစ်သည်။ သူတို့က ထိုရေနွေးငွေ့စက်၏ လက်လီစျေးကို တစ်ရာဒေါ်လာ အထက်တွင် ထားကာ သူတို့သည် ထုတ်လုပ်မှုစျေးနှင့် လုပ်ပိုင်ခွင့် လွှဲအပ်စရိတ် ပေးပြီးလျှင်တောင် အမြတ်သုံးဆယ်လောက် ကျန်မည် ဖြစ်သည်။
ဂျပန်သည် လူဦးရေ သန်းတစ်ရာ့နှစ်ဆယ်ခန့် ရှိသည်။ သို့သော် လူဦးရေ၏ ၀.၁ ရာခိုင်နှုန်းကသာ ချမ်းသာသည့် မိသားစုများဖြစ်ကာ သူတို့၏ ရေနွေးငွေ့စက်ကို ဝယ်ကြမည်ဖြစ်သည်။ သူတို့၏ အမြတ်သည် ဒေါ်လာသုံးသန်း ရှိနေဦးမည်ပင်။
ဒေါ်လာသုံးသန်းသည် သူတို့ကုမ္ပဏီ၏ လွန်ခဲ့သည့်နှစ်က စုစုပေါင်း အမြတ်ငွေ ဖြစ်သည်။ အကယ်၍ ထိုကဏ္ဍ၏ စျေးကွက် တိုးတက်မှုသည် နောင်နှစ်များတွင် တိုးလာပါက သူတို့ရရှိသည့် ပမာဏသည်လည်း များလာမည်ဖြစ်သည်။ သို့သော် ခမဲသာသည် ကျေနပ်ခြင်းမရှိပေ။ သူသည် လုပ်ပိုင်ခွင့် လွှဲအပ်စျေးကို လျော့ချနိုင်ပါက သူသည် ဒေါ်လာတစ်ထောင် ဆုကြေးငွေ ရမည်ဖြစ်ပြီး ဖုန်းယွီသည် လုပ်ပိုင်ခွင့် လွှဲပြောင်းစရိတ်ကို လျော့ချမည့်ပုံ မပေါ်ချေ။ ထို့ကြောင့် သူတို့၏ အခြေအနေသည် မဆုတ်သာ မတိုးသာသည့် အခြေအနေ ဖြစ်ပေသည်။ ယူမလား၊ ဒါမှမဟုတ် ထွက်ခွာမလား။ ဖုန်းယွီ၏ ဟောင်ကောင် ကုမ္ပဏီသည် ဂျပန်စျေးကွက်ကို ဦးတည်ထားသည့်အခါ သူတို့အား လုပ်ပိုင်ခွင့် လွှဲအပ်ခြင်းကို ခွင့်ပြုမည် မဟုတ်တော့ချေ။ မည်သူက ဤအခွင့်အရေးအား ရမည်ဆိုတာကို ကြည့်ချင်သေးသည်။
အလုပ်သမားများ၏ အားလပ်ရက်ပြီးနောက် ဖုန်းယွီသည် ကျောင်းကို တစ်ဖန် ခွင့်တိုင်ပြန်သည်။ သူက ဝူကျီကန်းကို ပေကျင်းသို့ ခေါ်ထားသည်။
ဖုန်းယွီသည် ဘေကျင်းရှိ CCTV ရုပ်သံလွှင့်ဌာနမှ ကြော်ငြာကဏ္ဍများကို ဝယ်ရန်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်က CCTV သည် သူတို့၏ ကြော်ငြာကဏ္ဍများကို ရောင်းချရန် ခွင့်ပြုပေးခဲ့သည်။ ရုပ်မြင်သံကြားတွင် ကြော်ငြာများ များပြားလာပြီ ဖြစ်သည်။ ကောလာဟလများအရ လူကြည့် အများဆုံးအချိန် ဆယ့်ငါးစက္ကန့်စာကြော်ငြာအတွက် ယွမ်တစ်သန်းနီးပါး ရှိပေသည်။
သို့သော် ဖုန်းယွီ၏ နှလုံးသားထဲတွင် သူသည် အလွန် စျေးချိုသည်ဟု ခံစားနေရသည်။ နောက်ထပ် ငါးနှစ်ကြာ ၁၉၉၅ ခုနစ်မှ စတင်ကာ အသစ်သစ်သော ကြော်ငြာကဏ္ဍများသည် လေလံပွဲပေါ်တွင် မူတည်မည် ဖြစ်ပေသည်။ ပထမဦးဆုံး အကြိမ်ဖြင့် ယွမ်သန်းသုံးဆယ်ထိတောင် ရောက်သွားသည်။ ကြော်ငြာစရိတ်သည် အဆပေါင်း နှစ်ဆယ်ကျော် တက်သွားမည် ဖြစ်သည်။ ထိုမှ ဆယ်နှစ်ကြာ ပြီးနောက် ကြော်ငြာကဏ္ဍ တစ်ခုစာ၏ ကုန်ကျငွေမှာ ယွမ်သန်းနှစ်ရာကျော် ထက်တောင် ပိုသည်။
မည်သည့်အရာမှ ရွေးချယ်ခွင့်မရှိပေ။ CCTV သည် တရုတ်နိုင်ငံတွင် လွှမ်းခြုံမှု အရှိဆုံး ရုပ်သံဌာနဖြစ်ပြီး အင်တာနာရှိရုံဖြင့် CCTV ရုပ်သံလိုင်းများကို ဖမ်းယူနိုင်ပေသည်။ ပြည်သူများက ထိုလိုင်းများကို ကြည့်လေ ကြော်ငြာသည့် အားသက်ရောက်မှုက ပိုကောင်းလေ ဖြစ်သည်။ ထို့အပြင် CCTV သည် သတင်းထုတ်လွှင့်ခြင်းနှင့် မိုးလေဝသ ခန့်မှန်းခြင်းတို့ကို ထုတ်လွှင့်သည်။ ထိုအရာများသည် လူအများ ကြည့်ရှုမှု အများဆုံးလိုင်းများ ဖြစ်ကြပေသည်။ အခြားသော ရုပ်သံဌာနများအတွက် ကြော်ငြာသည့် သက်ရောက်အားက အတူတူ ဖြစ်မည်လော။
ဖုန်းယွီသည် ကြော်ငြာကဏ္ဍ များစွာအတွက် ယွမ်ငါးသန်းကို ဘတ်ဂျက်အဖြစ် သတ်မှတ်ထားသည်။ သူသည် တရစပ် ကြော်ငြာနည်း ဗျူဟာကို သုံးကာ အနည်းဆုံး ကြော်ငြာငါးခုခန့် သူ့အတွက် ကြော်ငြာပေးရမည် ဖြစ်သည်။ အနာဂတ် နှစ်များလောက် ကြော်ငြာမှ ရသည့် ပျံ့နှံ့မှုက သိပ်မများသော်ငြား ထိုသို့ဖြစ်ရခြင်းသည် ယခုလက်ရှိတွင် တီဗီအစီအစဉ်များ များများစားစား မရှိ၍ ဖြစ်သည်။ ကြော်ငြာကဏ္ဍ ငါးခုသည် လုံလောက်ပြီဖြစ်သည်။ ထပ်ပေါင်း ပြောရလျှင် CCTV အနေဖြင့် သူ့အား ကြော်ငြာကဏ္ဍ အများအပြားကို ရောင်းမည်မဟုတ်ပေ။
ကြော်ငြာဌာနနှင့် အဆက်သွယ် ရရှိရန်က လွယ်ကူသည့် ကိစ္စတစ်ရပ် မဟုတ်ပေ။ CCTV ၏ကြော်ငြာဌာနသည် လက်ရှိတွင် သေးငယ်သည့် ဌာနတစ်ခု ဖြစ်နေဆဲဖြစ်ပြီး အရေးကြီးသည့် ဌာနတစ်ခုအဖြစ် စဉ်းစား၍ မရနိုင်သေးပေ။ မည်သို့ပင်ဆိုစေကာမူ ဖုန်းယွီအနေဖြင့် အရာရှိချုပ်နှင့် တွေ့ရန်က လွယ်ကူသည့် ကိစ္စမဟုတ်ပေ။
ကံကောင်းသည်မှာ ကျန်းရွေ့ချင်သည် CCTVတွင် အလုပ်လုပ်နေသည့် သူငယ်ချင်း တစ်ယောက်ရှိသည်။ ဘင်းမြို့တော် စက်မှုလုပ်ငန်းများ အပေါ် သူ၏ထောက်ပံ့အားပေးမှုကို ပြသရန်အတွက် သူ့သူငယ်ချင်းကို ဆက်သွယ်ကာ ဖုန်းယွီအား အကူအညီပေးရန် တောင်းဆိုခဲ့သည်။ သူသည် ဖုန်းယွီ ဘေကျင်းကို ရောက်သည့်အခါ CCTV တွင်ရှိသည့် သူ့သူငယ်ချင်းနှင့် သွားတွေ့ရန်လည်း တောင်းဆိုထားသည်။ သူ၏ သူငယ်ချင်းသည် ကြော်ငြာဌာနမှ တစ်စုံတစ်ယောက်နှင့် ဖုန်းယွီအတွက် အစည်းအဝေး တစ်ခုကို စီစဉ်ပေးနိုင်သည်။
အဆက်သွယ်များ များခြင်းက ကောင်းမွန်သည့်အရာ ဖြစ်သည်။ ဖုန်းယွီနှင့် ဝူကျီကန်းသည် CCTV ကြော်ငြာဌာန၏ အကြီးအကဲ ချန်းပေါင်ကျွင်းနှင့် တွေ့ခဲ့သည်။
“မင်္ဂလာပါ ရုပ်သံမှူးချုပ် ”
“မင်္ဂလာပါ မန်နေဂျာဖုန်း ”
ချန်းပေါင်ကျွင်းသည် ဖုန်းယွီကို လက်ဆွဲ နှုတ်ဆက်လိုက်သည်။ ပြီးနောက် သူ၏မျက်နှာထက်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်နေသည်။ ထိုကလေးသည် ထိုက်ဟွ ကုန်သွယ်ရေး၏ သူဌေးလော။ ထိုကလေးက ဆယ့်ရှစ်နှစ်တောင် မပြည့်သေးသည်လော။ သူ၏ရုပ်ရည်က လွန်စွာ ငယ်ရွယ်ပုံ ပေါက်သည်။
“ငါကြားတာကတော့ မင်းတို့ရဲ့ကုမ္ပဏီက CCTV မှာ ကြော်ငြာ တစ်နှစ်ထည့်ချင်တယ်လို့ ပြောတယ်၊ ဘယ်အချိန် ကဏ္ဍတွေမှာ မင်းက ထည့်ကြော်ငြာချင်တာလဲ ”
ချန်းပေါင်ကျွင်းသည် တိုက်ရိုက်ဖြင့် လိုအပ်သည့် မေးခွန်းကို ချက်ချင်း မေးလိုက်သည်။
ဌာနချုပ်မှူးဖြင့် သူ၏ရာထူးသည် လွယ်ကူသည်တော့ မဟုတ်ပေ။ များစွာသော ပြည်နယ် ရုပ်မြင်သံကြား၏ ဝင်ငွေများသည် CCTV ထက်တောင် ပိုများသည်။ သူ၏ ခေါင်းဆောင်များသည် ကြော်ငြာကဏ္ဍမှ ရသည့်ဝင်ငွေကို တိုးမြှင့်ရန် လုပ်ဆောင်စေချင်ကြသည်။ သို့သော် CCTV တွင် လူများစွာက ကြော်ငြာထည့်လိုစိတ် မရှိကြပေ။ ကြော်ငြာ ထည့်လိုသည့် သူများသည် ဘေကျင်းရှိ စီးပွားရေး လုပ်ငန်းရှင်များသာ ဖြစ်ပြီး ကြော်ငြာသည့် စရိတ်ကလည်း အလွန်ပင် နည်းပါးသည်။
ဒါက မင်းတွေကို ဆက်သလိုက်တာနဲ့ အတူတူပဲမလား။ ငါက အချိန်ကို ရွေးချယ်ခွင့် ရမှာလား။
ဖုန်းယွီသည် လွန်ခဲ့သည့် ရက်အနည်းငယ်က CCTV ရုပ်သံလိုင်းများ ကြည့်ခဲ့သည်ကို တွေးတောလိုက်သည်။ သူသည် ထိုလိုင်းများတွင် ကြော်ငြာ များများစားစား မရှိမှန်း သဘောပေါက်သွားပြီး ကြိမ်နှုန်းသည်လည်း လုံကျန်းပြည်နယ် ရုပ်မြင်သံကြား ဌာနထက်တောင် ပိုဆိုးသည်။ များစွာသော ကော်ပရေးရှင်းများသည် CCTV ၏လုပ်နိုင်စွမ်းကို မသိကြသေးပေ။ ထို့အတွက်ကြောင့် CCTV သည် လက်ရှိတွင် အလွန် ဆင်းရဲနေရခြင်း ဖြစ်သည်။
“မှန်ပါတယ်၊ ကျွန်တော်တို့က တစ်နှစ်စာ ကြော်ငြာ ထားချင်တာပါ၊ အကယ်၍ စျေးက မှန်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဒီကြော်ငြာကဏ္ဍကို နောက်နှစ်တွေအထိ ဝင်မှာပါ ”
ဖုန်းယွီက အတွေးတစ်ချက် ရသွားသည်။ သူသည် လက်ရှိကြော်ငြာ စရိတ်နည်းသည်ကို အခွင့်ကောင်းယူပြီး နောင်နှစ်များအထိ ကြော်ငြာသည့် ကဏ္ဍများကို ယူချင်သည်။ CCTV ရုပ်သံလိုင်းများတွင် ကြော်ငြာအား နှင့်ဆိုလျှင် သူ့အနေဖြင့် လေနှင့်မိုး လျှပ်စစ် ပန်ကာများတောင် ပိုပြီး ရမည်ပင်။
“နောက်နှစ်တွေ အထိလား ”
ချန်းပေါင်ကျွင်းက အလွန် အံ့ဩသွားသည်။ အကယ်၍ ဌာနအရာရှိချုပ်ရှု၏ ထောက်ခံချက်ကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် ဖုန်းယွီသည် သူ့ကို ဟာသ လုပ်နေသည်ဟု တွေးမည်ပင်။ မည်သူက ကြော်ငြာကဏ္ဍတွင် စိတ်ကောင်းရှိကာ ပိုက်ဆံများ ဖြုန်းမည်နည်း။
“ဒါ အမှန်ပါပဲ၊ အခုရတဲ့ နှုန်းနဲ့ဆိုရင် အချိန်ဘယ်နှခုစာလောက် ရနိုင်မလဲ ”
ဖုန်းယွီက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ငါတို့မှာ တစ်နေ့တည်း ကြိုက်တဲ့ ဘယ်အချိန်မဆို ကြော်ငြာကဏ္ဍ ထည့်လို့ ရသေးတယ်၊ မင်းအနေနဲ့ ဘယ်အချိန် အပိုင်းအခြားတွေကို လိုချင်တာလဲ၊ ဒါပေမဲ့ ငါတို့အနေနဲ့ နောက်နှစ်တွေ အတွက်တော့ ကြော်ငြာကဏ္ဍကို ရောင်းချလို့ မရနိုင်ဘူး၊ ငါတို့တွေက ကြော်ငြာကဏ္ဍကို နှစ်စဉ်နှစ်တိုင်းပဲ ရောင်းချပေးနိုင်မှာ ”
ချန်းပေါင်ကျွင်းက ခေါင်းခါ လိုက်သည်။ သူသည် ကြော်ငြာကဏ္ဍများကို ရောင်းချင်သေးသည်။ သို့သော် သူ၏ခေါင်းဆောင်များက ခွင့်ပြုမည် မဟုတ်ပေ။
ဖုန်းယွီက နောင်တ အများကြီး ရသွားကာ ပြောလိုက်သည်။
“ဒီလိုဆိုရင်ရော ကျွန်တော်တို့တွေက ကြော်ငြာထည့်ချင်တဲ့ အကြောင်းကို ရေးထားမယ်၊ တကယ်လို့ နောက်နှစ်မှာ အခြားသော ပြိုင်ဘက်က တူညီတဲ့အချိန်မှာပဲ ကြော်ငြာမယ့်သူ မရှိဘူးဆိုရင် CCTV အနေနဲ့ ကျွန်တော်တို့ကို အဲဒီအချိန်ကို ပေးရမယ်၊ တကယ်လို့ ပြိုင်ဘက်တွေ ရှိလာမယ်ဆိုရင်တော့ ကျွန်တော်တို့က အဲဒီ အချိန်အတွက်ကို လေလံပစ်မယ်၊ ဒီနည်းလမ်းက စည်းမျဉ်း စည်းကမ်းတွေကိုတော့ မချိုးဖောက်ဘူးမလား ”
“ဒါက စည်းမျဉ်း စည်းကမ်းတွေကိုတော့ မချိုးဖောက်ဘူးလို့ ထင်တာပဲ ”
ချန်းပေါင်ကျွင်းသည် အနည်းငယ် တွန့်ဆုတ်နေသည်။ ထိုအရာသည် စည်းမျဉ်း စည်းကမ်းများကို မဖောက်ဖျက်ပေ။ သို့သော် ထိုကဲ့သို့သော အရာမျိုးကို မည်သူမှ တစ်ခါမှ မလုပ်ခဲ့ဖူးပေ။
“တကယ်လို့ အဲ့ဒါက စည်းမျဉ်းတွေကို မဖောက်ဖျက်ဘူး ဆိုမှတော့ ကျွန်တော်တို့တွေ ဒီအပိုင်းကို သဘောတူပြီလို့ သတ်မှတ်လို့ရတယ်၊ ကျွန်တော်တို့တွေ အချိန်အပိုင်းအခြား အကြောင်း ပြောကြရအောင်၊ xxx အစီအစဉ် မစခင်နဲ့ စပြီးတဲ့နောက်အတွက် ကြော်ငြာကဏ္ဍတွေ ရှိသေးလား ”
ဖုန်းယွီက ချက်ချင်းပင် အကြောင်းအရာကို ပြောလိုက်သည်။
“ဒီအချိန်နဲ့ ဒီအချိန်တွေ ကတော့ ရောင်းကုန်သွားပြီ၊ ဒီဟာပြီးတော့ ဒီအချိန်နဲ့ အဲဒီအချိန်တွေကလည်း ရောင်းကုန်သွားပြီ ”
ချန်းပေါင်ကျွင်းက ပြောလိုက်သည်။ xxx အစီအစဉ်သည် တရုတ်နိုင်ငံ၏ ထိပ်တန်း ထုတ်လုပ်သူနှင့် အစီအစဉ် တင်ဆက်သူ ရှန်းလီ၏အစီအစဉ် ဖြစ်သည်။ ထိုအစီအစဉ်သည် ပထမဆုံး အချိန်အတည်တကျဖြင့် လာသည့် အစီအစဉ်ဖြစ်ပြီး လက်ရှိတွင် လူကြည့်ရှုမှု အများဆုံး အစီအစဉ် တစ်ခုလည်း ဖြစ်သည်။ သို့သော် ဖုန်းယွီသည် လာမည့်နှစ်တွင် ယင်းအစီအစဉ်သည် နာမည်ပြောင်းသွားပြီး အချိန်မပြောင်း သွားသည်ကို အမှတ်ရသွားသည်။ ထိုအချက်က သူတို့၏ ကြည့်ရှုမှုကို ကျဆင်းသွားစေသည်။ ထို့နောက်တွင်တော့ ထိုအစီအစဉ်သည် အစားထိုးခြင်းကို ခံလိုက်ရသည်။
တခြားသော အစီအစဉ်တွေက ဒီအချိန်ကာလ အတွက်လား။ ဒါအဆင်ပြေပါတယ်။ ဖုန်းယွီက ထိုအရာကို အကြံပေးလိုက်သည်။
“ကျွန်တော်က ဒီဟာပြီးတဲ့နောက် ဆယ့်ငါးစက္ကန်စာ ကြော်ငြာကို လိုချင်တယ်၊ ဒီဟာလည်း ဒီအတိုင်းပဲ၊ နေ့ခင်း ဆယ့်နှစ်နာရီ မတိုင်ခင်နဲ့ ပြီးတဲ့နောက်မှာ အဲဒီအချိန်ကို လိုချင်တယ်၊ ညနေခင်းအတွက် အချိန်ကတော့ ၈နာရီခွဲလောက်၊ အဲဒီအချိန်ကာလတွေ အကုန်လုံးက တစ်နှစ်လုံးအတွက်၊ အရာရှိချန်း စုစုပေါင်း ကုန်ကျစရိတ်ကို တွက်ပေးပါ ”
ချန်းပေါင်ကျွင်းက ဖုန်းယွီ ပြောသည်ကို ကြားသောအခါ ထိတ်လန့်သွားသည်။ ထိုကုမ္ပဏီသည် အလွန် ချမ်းသာသည်လော။ တစ်နေ့တွင် ကြော်ငြာအချိန် ငါးခုပါသည်။ တစ်နေ့တွင် ထိုမျှများပြားသည့် ကြော်ငြာများကို ပြုလုပ်နိုင်သည်လော။ တစ်နေ့လျှင် ထိုအရာများမှ ကုန်ကျငွေမှာ အနည်းဆုံး ယွမ်တစ်သန်း ရှိမည်ဖြစ်သည်။
မည်သို့ပင် ဖြစ်စေကာမူ သူသည် ယခုနှစ်တွင် သူမျှော်မှန်းထားသည့် ကြော်ငြာကဏ္ဍမှ ရရှိသည့် ဝင်ငွေကို ရအောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။
***