အစီအစဉ်စပွန်ဆာ
Vol. 9 Ch. 130
ချန်းပေါင်ကျွင်းသည် ချက်ချင်းပင် သူ၏ဝန်ထမ်းများကို စုစုပေါင်း တွက်ချက်ရန် စီစဉ်လိုက်သည်။ အဆုံးတွင် စုစုပေါင်း ကုန်ကျငွေသည် မိုးလောက်အောင် မြင့်ပေသည်။ တစ်နေ့လျှင် ကြော်ငြာငါးကြိမ်၊ တစ်နှစ်လျှင် ဖုန်းယွီသည် ယွမ်၂.၇၃ သန်း ပေးရမည် ဖြစ်သည်။ ထိုအရာက အလွန် များပြားပေသည်။ ချန်းပေါင်ကျွင်းသည် ဖုန်းယွီအနေဖြင့် ယင်းပမာဏကို လက်ခံမည် ဆိုသည်ကို မသေချာပေ။
ချန်းပေါင်ကျွင်းသည် ဖုန်းယွီကို စုစုပေါင်းပမာဏ ပြောသည့်အခါ အလွန်ပင် စိတ်ပူပန် သွားသည်။ သူက ဖုန်းယွီသည် သူ့အား စျေးဆစ်ခြင်း သို့မဟုတ် ကြော်ငြာနှစ်ခု ထည့်ခိုင်းမည်ကို စောင့်ဆိုင်းနေသည်။ သူ၏ ဝန်ထမ်းများသည်လည်း စမတ်မကျလာချေ။ ထိုအရာက ကြော်ငြာငါးခုစာ နေရာဖြစ်ပြီး အဘယ့်ကြောင့် သူတို့အနေဖြင့် လျော့စျေးအချို့ မပေးနိုင်ရမည်နည်း။ သူတို့သည် ဝယ်ယူသူကို အဝေးကို သွားအောင် ခြောက်လှန့် နေသည်လော။ ယနေ့ သူသတ်မှတ်ထားသည့် သတ်မှတ်ချက် ရနိုင်ပါ့မည်လော။
သေချာသည်မှာ ဖုန်းယွီက မျက်လုံး အပြူးသားဖြင့် ထိုပမာဏကို ကြည့်နေသည်။
ချန်းပေါင်ကျွင်းက ချက်ချင်းပင် ပြောလိုက်သည်။
“မန်နေဂျာဖုန်း စိတ်မပူပါနဲ့၊ ကျွန်တော်တို့တွေ စျေးနှုန်းကို ဆွေးနွေးလို့ရပါသေးတယ်၊ ကျွန်တော် ခင်ဗျားကို လျော့စျေးအချို့ပေးနိုင်ပါတယ် ”
ဖုန်းယွီက ထိတ်လန့်သွားခြင်းသည် ထိုကြော်ငြာက စျေးမကြီး၍ ဖြစ်သည်။ သို့သော် ယင်းက စျေးတော့ အများကြီး မချိုပေ။ ကြော်ငြာအချိန် ငါးခုသည် လူကြည့်ရှုမှု အများဆုံး နေရာများအား သူရွေးချယ်ထားခြင်း ဖြစ်သည်။ သူ့အနေဖြင့် ကြော်ငြာ တစ်ခုအတွက် အနည်းဆုံး ယွမ်တစ်သန်း ကုန်ကျမည်ဖြစ်ကာ စုစုပေါင်း ကုန်ကျငွေသည် အနည်းဆုံး ယွမ်ငါးသန်း ဖြစ်မည်ဟု တွေးခဲ့သည်။ သို့သော် စုစုပေါင်း ပေါင်းလိုက်သည့် အခါတွင် ယွမ် ၂.၇၃ သန်းသာ ရှိသည်။ ပြီးနောက် လျော့စျေး ရှိသေးသည်လော။ လုံကျန်းပြည်နယ် ရုပ်မြင်သံကြားနှင့် နှိုင်းယှဉ်ပါက ယင်းသည် အလွန် စျေးချိုပေသည်။
ထိုစျေးနှုန်းက ဖုန်းယွီ မျှော်မှန်းထားသည်ထက် အလွန် နည်းလွန်းနေသည်။ ပြီးနောက် သူက ချက်ချင်းပင် အခြား အကြံဉာဏ် တစ်ခု ရသွားသည်။ သို့သော် သူ၏အကြံကို လက်ခံမည်လား ဟူသည့် အချက်ကတော့ မသေချာပေ။
“ဌာနခွဲမှူး အရာရှိချန်း ကျွန်တော် တစ်ခုခုမေးချင်လို့ပါ၊ ဌာနခွဲမှူးတို့ရဲ့ အစီအစဉ်တွေမှာ ကြော်ငြာတဲ့ သူတွေက စပွန်ဆာ ပေးတာများ ရှိလား ”
ချန်းပေါင်ကျွင်းက မျက်တောင် ခတ်လိုက်သည်။ အစီအစဉ် စပွန်ဆာလား။ ယင်းက ဘာအဓိပ္ပာယ်နည်း။ သူက ခေါင်းခါလိုက်သည်။ သူသည် ထိုအရာကို အရင်က မကြားဖူး၍ ဖြစ်သည်။
ဖုန်းယွီက အပျော်လွန် သွားသည်။ ယင်းက သူ့အနေဖြင့် ဌာနခွဲမှူး အရာရှိချန်းကို ထိုအရာက xxx အစီအစဉ်ကဲ့သို့သော အရာမျိုးတွင် စပွန်ဆာပေးရန် လှုံ့ဆော် ပေးနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ယင်း xxx အစီအစဉ်သည် ကောင်းမွန်သည့် အစီအစဉ် တစ်ခုဖြစ်ပြီး မိသားစုတိုင်းရှိ လူတိုင်းက ကြည့်ရတာကို နှစ်ခြိုက်ကြသည်။ သူမှလွဲ၍ ဖြစ်၏။
“အစီအစဉ်ကို စပွန်ဆာပေးတယ် ဆိုတာက ကုမ္ပဏီရဲ့နာမည်ကို အစီအစဉ် ခေါင်းစဉ်ရဲ့ရှေ့မှာ ဒါမှမဟုတ် နောက်မှာ ထည့်တာကို ပြောတာပါ၊ ဥပမာအနေနဲ့ ဒီ xxx အစီအစဉ်က ကျွန်တော်တို့ စပွန်ဆာ ပေးထားပြီးတဲ့ အခါမှာ ခေါင်းစဉ်က ပြောင်းသွားလိမ့်မယ်၊ အဲဒီအစီအစဉ်ရဲ့ စတိတ်စင်က ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရှင်းလင်းနေတဲ့ အမှတ်တံဆိပ်လိုဂိုဖြစ်မယ်၊ အပိုင်းတိုင်းမှာ ကျွန်တော်တို့ရဲ့ လိုဂိုဆီကို အနည်းဆုံး ငါးစက္ကန့်ကြာအောင် ရိုက်ပြပေးရမယ်၊ ပြီးတော့ အစီအစဉ် တင်ဆက်သူ အနေနဲ့လည်း သူပြောနေတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို ထည့်ပြောပေးရမယ်၊ ဥပမာအနေနဲ့ ‘xxx အစီအစဉ်ကို လေနှင့်မိုး ရေနွေးငွေ့စက်မှ စီစဉ်တင်ဆက်သည်၊ လေနှင့်မိုး ရေနွေးငွေ့စက် သင့်ဘဝတွင် အကောင်းဆုံး မိတ်ဖက်’၊ အဆုံးမှာ အဲ့လိုမျိုး ထည့်ပေးရမယ်… ”
“တစ်ခဏလောက်ပါ ”
ချန်းပေါင်ကျွင်းက ဖုန်းယွီကို ဖြတ်ပြောလိုက်သည်။
“မန်နေဂျာဖုန်း ခင်ဗျား ဘာအကြောင်းကို ပြောနေတာလဲ၊ တီဗီအစီအစဉ်တွေက ကြည့်ရှုသူတွေ အတွက် ကျွန်တော်တို့တွေက မသင့်လျော်တဲ့ ကြော်ငြာတွေကို အဲဒီမှာ ဘယ်လိုလုပ် ထည့်နိုင်မှာလဲ ”
အနာဂတ်ရှိ ရုပ်မြင်သံကြား ခေါင်းဆောင်များသည် ချန်းပေါင်ကျွင်းကဲ့သို့ စိတ်ထားမျိုး ရှိပါက လေးဆယ်မိနစ်စာ ဇာတ်လမ်း တစ်ပိုင်းတွင် ကြော်ငြာငါးခါ ဝင်ရန် အချိန်ရှိမည် မဟုတ်ပေ။ ထိုအချိန်ကျ ဇာတ်လမ်းနားချိန်တွင် ကြော်ငြာ တစ်ခုဝင်ခြင်းကိုတောင် ဟာသ လုပ်နေကြမည် ဖြစ်သည်။
လက်ရှိတွင် ဖုန်းယွီက တီဗီရုပ်သံ ဇာတ်လမ်းတွဲများကို မကြည့်ပေ။ အကြောင်းမှာ တီဗီအစီအစဉ်များ မရှိခြင်းနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းများ၏ အရည်အသွေးသည် ကောင်းရုံသာ ရှိသောကြောင့် ဖြစ်သည်။ အကယ်၍ ဇာတ်လမ်းအတွက် နားချိန်များရှိလျှင် ဖုန်းယွီသည် တစ်ပိုင်းတွင် ရှစ်ကြိမ်မှ ဆယ်ကြိမ် ကြော်ငြာရလည်း တွန့်ဆုတ်မည်ရှိမှာ မဟုတ်ပေ။ သူသည် ကြည့်ရှုသူများ အနေဖြင့် သူတို့ဇာတ်လမ်းကို ပြီးဆုံးအောင် ကြည့်ရန်အတွက် ကြော်ငြာများကို ကြည့်မည်ဆိုတာကို သိပေသည်။
ချန်းပေါင်ကျွင်း၏ တာဝန်သည် ကြည့်ရှုသူများ အတွက်ဖြစ်ပြီး ဖုန်းယွီ၏ စိတ်ပါဝင်စားမှုနှင့် တစ်ထပ်တည်း ကျမနေပေ။ ဖုန်းယွီအနေဖြင့် ချန်းပေါင်ကျွင်းကို ဦးနှောက် ဆေးကြောရမည် ဖြစ်သည်။ အစီအစဉ် စပွန်ဆာသည် xxx ၏အရည်အသွေးကို ထိခိုက်မည် မဟုတ်ပေ။ ထို့အပြင် ထိုအစီအစဉ်က တိုက်ရိုက်လွှင့်သည့် အစီအစဉ်လည်း မဟုတ်ပေ။ ပြီးနောက် ထိုအစီအစဉ်က အပိုင်းပိုင်း ရိုက်ကူးထားခြင်းသာ ဖြစ်သည်။
“ဌာနခွဲမှူး အရာရှိချန်း ကြည့်ပါ၊ ကျွန်တော်တို့ရဲ့ လေနှင့်မိုး အာထရာစောနစ် ရေနွေးငွေ့စက်က တရုတ်ပြည်တင် မကဘူး၊ နိုင်ငံခြားမှာတောင် ခေတ်အမီဆုံး ရေနွေးငွေ့စက်ပါ၊ ကျွန်တော်တို့တွေက ဒီရေနွေးငွေ့စက်တွေကို ဥရောပနဲ့ အမေရိကန် စျေးကွက်တွေကိုတောင် တင်ပို့ပါတယ်၊ ထပ်ပြောရရင် ကျွန်တော်တို့ရဲ့ ရေနွေးငွေ့စက်တွေက အိမ်သုံးကုန် ပစ္စည်းအမျိုးအစား အသစ်တစ်ခု အနေနဲ့လည်း သတ်မှတ်လို့ ရနိုင်ပါတယ်၊ ပြီးတော့ အဲဒါက လူတွေ အတွက်ကို တီထွင်ထုတ်လုပ် ထားတာပါ၊ ဒီအရာက အစီအစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ တစ်ထပ်တည်း ကျနေပါတယ်၊ ဒါ့အပြင် ကျွန်တော်တို့ရဲ့ လေနှင့်မိုးက မိုးရွာရွာ၊ နေပူပူဆိုတဲ့ အချက်ကို ရည်ညွှန်းထာတာပါ၊ အဲဒီ အစီအစဉ်အတွက် သိသာထင်ရှားတဲ့ ရည်ရွယ်ချက် ဖြစ်လာမှာ မဟုတ်ဘူးလား၊ နောက်ဆုံး ကျွန်တော် ဌာနခွဲမှူးကို ဒီလိုမျိုး ကြော်ငြာ အမျိုးအစားအတွက် ဘယ်လောက် ပေးမလဲဆိုတာ ဌာနခွဲမှူး မသိချင်ဘူးလား ”
ချန်းပေါင်ကျွင်းက ခေါင်းခါကာ ပြောလိုက်သည်။
“မဟုတ်ဘူး၊ ငါတို့တွေ ဒီလိုလုပ်မှာ မဟုတ်ဘူး၊ ဘယ်လိုလုပ် ငါတို့ရဲ့ အစီအစဉ်ထဲမှာ ကြော်ငြာကို ထည့်နိုင်မှာလဲ၊ ခေါင်းဆောင်တွေကလည်း ဒီကိစ္စကို သဘောတူမှာ မဟုတ်ဘူး ”
“တစ်နှစ်အတွက် ယွမ်တစ်သန်း ”
ဖုန်းယွီက ချန်းပေါင်ကျွင်းကို ဆက်ပြီး မြှူဆွယ် လိုက်သည်။
ချန်းပေါင်ကျွင်းက ထိတ်လန့်သည့်အတွက် အသက်ရှူတောင် မြန်သွားတော့သည်။ ယွမ်တစ်သန်းလား။ ဒီလောက်တောင်လား။
သူက ထိတ်လန့်မှု မပြေသေးခင် ဖုန်းယွီက ထပ်ပြောလိုက်သည်။
“ကျွန်တော့်အနေနဲ့ သုံးနှစ်ဆက်တိုက် စပွန်ဆာပေးမယ်၊ စုစုပေါင်း ယွမ်သုံးသန်း၊ ပြီးတော့ ကျွန်တော် စာချုပ်ချုပ်ပြီးတာနဲ့ ငွေပမာဏကို အပြည့်ပေးမယ် ”
ယွမ်သုံးသန်း… ။ ချန်းပေါင်ကျွင်းသည် ပြောစရာ စကားမရှိအောင် ထိတ်လန့်သွားသည်။ တီဗီအစီအစဉ် တစ်ခုကို စပွန်ဆာပေးခြင်းက ဒီလောက် တန်ဖိုးရှိသည်လော။ ဟာသတစ်ခု ဖြစ်မနေဘူးလား။ ဤကလေးက ယွမ်သုံးသန်း တကယ်ပဲ ပေးချင်တာလား။
ဖုန်းယွီက ချန်းပေါင်ကျွင်း ငြိမ်သက်နေတာကို ကြည့်ပြီး သူ့အား ဆက်ပြောလိုက်သည်။
“ဌာနခွဲမှူး အရာရှိချန်း ဒီအစီအစဉ်က ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုပါ၊ ဒါပေမဲ့ စတိတ်စင်နဲ့ မီးအလင်း ပေးမှုကတော့ မကောင်းဘူး၊ ဒီအစီအစဉ်အတွက် ရန်ပုံငွေ ပြတ်နေတာ မဟုတ်လား၊ ကျွန်တော်တို့တွေ ဒီအစီအစဉ်ကို စပွန်ဆာပေးမယ်ဆိုရင် ဒီဟာက ပိုပြီးကောင်းလာဖို့ ရှိတယ်၊ ပြီးတော့ ဒီအစီအစဉ်က ပိုက်ဆံအများကြီး သုံးစရာလည်း မလိုဘူးလေ၊ ကျန်ရှိတဲ့ငွေတွေက CCTV ဆီ သွားမှာပဲ၊ ပြီးတော့ ခင်ဗျားတို့အနေနဲ့ ဒီပိုနေတဲ့ငွေတွေကို အသုံးပြုပြီးတော့ နောက်ထပ် အစီအစဉ်သစ ်တစ်ခုတောင်မှ စလို့ရတယ်၊ နောက်ထပ် အစီအစဉ်သစ် တစ်ခုကိုလည်း ဒီနည်းလမ်းကို အသုံးပြုပြီးတော့ နောက်ထပ် ကြော်ငြာစရိတ်ကို ထပ်ရှာလို့ရတယ်၊ အဲ့တာက သံသရာစက်ဝိုင်းလိုပဲ လည်ပတ်နိုင်တယ် ”
ချန်းပေါင်ကျွင်းသည် ဖုန်းယွီပြောသည်ကို တကယ်ပင် နားမလည်တာလား။ သို့သော် သူသည် အစီအစဉ်အသစ် စတင် ရိုက်ကူးခြင်းနှင့် ကြော်ငြာ စရိတ်များ ပိုရလာမည်ကိုတော့ ကောင်းကောင်း နားလည်သည်။ သူ့အနေဖြင့် ထောက်ခံသည်။ ထိုအရာက သံသရာ စက်ဝိုင်းပင် ဖြစ်သည်။ ဒါပေမဲ့ ဤနည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်မည်လော။
“မန်နေဂျာဖုန်း အရှေ့က ခင်ဗျားပြောခဲ့တဲ့ ကြော်ငြာ အချိန်တွေကို လိုချင်သေးလား ”
“လိုချင်တယ်၊ ငါ ကြော်ငြာကဏ္ဍငါးခုကို လိုချင်တယ်၊ စုစုပေါင်းက ယွမ် ၂သန်း… ”
“ယွမ် ၂.၇၃သန်း၊ ငါ့အနေနဲ့ ယွမ် ၂၂.၇သန်း ထားပေးလို့ရတယ် ”
ယခုအချိန်တွင် ချန်းပေါင်ကျွင်းသည် ဖုန်းယွီက ပိုက်ဆံမရှိသည့်သူ မဟုတ်ကြောင်း ပြောနိုင်ပေသည်။ အကယ်၍ သူသည် စောစောက လျော့စျေးပေးမည်ဟု မပြောခဲ့ပါက သူသည် ယွမ် ၂.၇၃သန်းကို လျော့စရာမလိုပေ။
“ကိစ္စမရှိပါဘူး၊ ကျွန်တော် ဌာနခွဲမှူးနဲ့လည်း စျေးမဆစ်ချင်ပါဘူး၊ ကျေးဇူးပြုပြီးတော့ အစီအစဉ် စပွန်ဆာအကြောင်းကို စဉ်းစားပေးပါ၊ အဲဒီအစီအစဉ်က ဌာနခွဲမှူးတို့ရဲ့ ရုပ်မြင်သံကြား ဌာနအတွက်ကို များစွာသော ဝင်ငွေတွေကို ဆောင်ကျဉ်း ပေးလိမ့်မယ်၊ ပြီးတော့ ဒီနည်းစနစ်ကို တွေးတဲ့သူကလည်း ဌာနခွဲမှူးပဲ ဖြစ်လိမ့်မယ် ”
ဖုန်းယွီက အရိပ်အမြွက် ပြောလိုက်သည်။
ချန်းပေါင်ကျွင်း၏ မျက်စိများက လင်းလက် သွားသည်။ နည်းစနစ်သစ်လော။ အကယ်၍ ယင်းသည် အောင်မြင်ပါက ရုပ်မြင်သံကြား ဌာန၏ ဝင်ငွေသည် တိုးတက်လာမည် ဖြစ်သည်။ အဆင့်မြင့် အရာရှိများကလည်း ယခုနည်းစနစ်ကို တီထွင်ခဲ့သည့် သူအကြောင်းကို မှတ်ထားမည် ဖြစ်သည်။ ယင်းအဓိပ္ပာယ်က သူသည် ရာထူးတိုးခံရမည် ဖြစ်သည်။
“ဒါက … ငါ့အနေနဲ့ ငါ့ရဲ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ လိုသေးတယ်၊ ငါ မင်းကို နှစ်ရက်ကြာရင် အဖြေပြန်ပေးလို့ ရတယ်မလား၊ ကြော်ငြာငါးခုစာ အတွက် အခုချက်ချင်း ငါတို့ လက်မှတ်ထိုးနိုင်တယ် ”
ဖုန်းယွီက ခေါင်းခါကာ ပြောလိုက်သည်။
“ဌာနခွဲမှူးရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာ ပြီးတဲ့အထိကို ကျေးဇူးပြုပြီး စောင့်ပါဦး၊ ပြီးမှ ကျွန်တော်တို့တွေ အကုန်လုံးကို အတူတူ လက်မှတ်ထိုးကြမယ်၊ ပြီးတော့ ကျွန်တော် ဘေကျင်းမှာ အကြာကြီးတော့ နေမှာမဟုတ်ဘူး၊ ကျွန်တော့်ကို ဌာနခွဲမှူး အနေနဲ့ အဖြေကို မြန်နိုင်သမျှ မြန်မြန် ပြန်ပေးပေးပါ၊ ကျွန်တော့် အနေနဲ့လည်း ပိုက်ဆံတွေ ပြင်ဆင်ဖို့ အချိန်လိုသေးတယ်”
‘စာချုပ်ကို အရင်ချုပ်မှာလား၊ မဖြစ်နိုင်တာ’
ဖုန်းယွီသည် အစီအစဉ်ပုံစံနှင့် ဆွေးနွေး ချင်သော်လည်း သူသည် ကြော်ငြာ ကဏ္ဍများကို လိုချင်ဆဲ ဖြစ်သည်။ သူက ချန်းပေါင်ကျွင်းကို အစီအစဉ် စပွန်ဆာကိစ္စနှင့် ကြော်ငြာကဏ္ဍသည် ဆက်စပ်နေသည့် အခြေအနေ တစ်ခုဖြစ်ကြောင်း သိစေချင်သည်။ ထိုနည်းလမ်းဖြင့် ချန်းပေါင်ကျွင်းသည် သူ၏ခေါင်းဆောင်များကို ကောင်းကောင်း တင်ပြမည် ဖြစ်ပြီး ထိုအရာက ဖုန်းယွီလိုချင်သည့် အချက်ဖြစ်သည်။
xxx သည် တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး တီဗီအစီအစဉ်တစ်ခု ဖြစ်သည်။ အကယ်၍ ဤအစီအစဉ်တွင် သူက စပွန်ဆာ ပေးခွင့်ရပါက လေနှင့်မိုး ရေနွေးငွေ့စက်သည် တရုတ်တစ်နိုင်လုံးက မြန်မြန်ဆန်ဆန်ဖြင့် သိသွားမည် ဖြစ်ပေသည်။
ချန်းပေါင်ကျွင်းသည် အလွန် စိတ်ပျက်နေသည်။ မန်နေဂျာဖုန်းသည် သူလိုချင်သည့် အရာကို လွယ်လွယ်ဖြင့် အလျော့ပေးတတ်သည့် လူစားမျိုး မဟုတ်သည့် အတွက်ပင်။ လက်ရှိတွင် သူ့အနေဖြင့် သူ၏ခေါင်းဆောင်များကို အစီအစဉ် စပွန်ဆာကိစ္စနှင့် ညှိနှိုင်းဆွေးနွေးရန် နည်းလမ်းကို စဉ်းစားရမည် ဖြစ်သည်။ ထိုအရာက ကြီးမားသည့် နိုင်ငံရေးအရ အောင်မြင်မှုလည်း ဖြစ်ပေသည်။ ထိုအကြံအဉာဏ်သည် ရုပ်မြင်သံကြားဌာနကို ယွမ်သန်းပေါင်း များစွာ ရစေနိုင်ရုံသာမက ထိုအရာသည် ဝင်ငွေလမ်းကြောင်း တစ်ခုကိုလည်း ဖွင့်ပေးလိုက်ခြင်းပင် ဖြစ်ပေသည်။
ချန်းပေါင်ကျွင်းက အံကြိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ၊ ငါ့ရဲ့သတင်းကို စောင့်နေ၊ ငါ မင်းနဲ့ မနက်ဖြန် ပြန်တွေ့မယ်”
***