← Chapters

တရုတ်စတိုင် စီးပွားရေး ဆွေးနွေးခြင်း

Vol. 9 Ch. 131

တရုတ်စတိုင် စီးပွားရေး ဆွေးနွေးခြင်း

Vol. 9 Ch. 131

CCTVတွင် အစည်းအဝေး တစ်ခု ရှိနေသည်။ CCTVရှိ ခေါင်းဆောင်များသည် သူတို့ရှေ့ရှိ ချန်းပေါ်ကျွမ်းရေးသားထားသည် အကြံပြုချက်ကြောင့် မျက်မှောင်ကျုံ့နေကြသည်။ မည်သူမှ ဘာမျှ မပြောကြပေ။

ရုပ်သံဌာနချုပ်မှူးသည် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် သူ့လည်ချောင်းကို ရှင်းကာ အသံအက်အက်ကြီး ထွက်လာတော့သည်။

“ရှောင်ချန်းရဲ့ အကြံပြုချက်ကို ဘယ်လိုထင်လဲ။ မင်းတို့ အမြင်တွေကို ပြောပြလို့ ရတယ်။ လက်ထောက်ရုပ်သံဌာန အရာရှိချုပ်ကျား မင်းက ကြော်ငြာဌာနရဲ့ တာဝန်ခံမလား။ မင်းစပြော။”

လက်ထောက်ရုပ်သံမှူးချုပ်ကျားသည် ပထမဆုံး စပြောရန် အခေါ်ခံလိုက်ရသည်။ သူက ကျည်ဆံကို ကိုက်ထားရသည့် အလား ပြောလိုက်သည်။

“အရာရှိချုပ်နဲ့ လုပ်ဖော်ကိုင်ဖက်များ အားလုံး သိကြတဲ့ အတိုင်း ရုပ်မြင်သံကြားဌာနရဲ့ ရံပုံငွေက နည်းနေပါတယ်။ ဌာနစိတ်မှူး အရာရှိ ချန်းက ကျွန်တော်ကို ဒီ အကြံပြုချက်ကို ပြတဲ့အခါမှာ ကျွန်တော်လည်း ဘေးကျပ်နံကျပ် ဖြစ်သွားတယ်။ ကျွန်တော်တို့တွေ ဒါလုပ်နိုင်မလား။ ဒါပေမဲ့ တခြားဖက်ကနေကြည့်ပြန်ရင်လည်း သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ရာ မရောက်ဘူးလား။ ဒီအကြံပြုချက် အတိုင်းသွားရင် ရနိုင်မဲ့ အကျိုးအမြတ်တွေကို လူတိုင်းမြင်နိုင်တယ်။ ကျွန်တော်တို့ရဲ့ ကြော်ငြာခကိုလည်း အများကြီး မြင့်တင်လို့ ရလာမယ်။ ပြီးတော့ ရံပုံငွေ လုံလောက်ရင် ကျွန်တော်တို့ရဲ့ ရုပ်သံ အစီအစဉ်ကလည်း ပိုပြီး အရည်အသွေးကောင်းလာမယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ ဒီအကြံပြုချက်ကို ထောက်ခံတယ်”

အခြားသူများက ဆက်လက် ဆွေးနွေးလာကြသည်။ အခြားသူများသည်လည်း သူတို့၏ အမြင်ကို ဖွင့်ဟပြောလာကြသည်။ အချို့က ထိုအရာသည် အယူအဆနှစ်ခုကြား အနည်းငယ်သာ ခြားနားသည်ဟု ခံစားရသည်။ ယမန်နှစ်က CCTVသည် ရုပ်သံကြော်ငြာများ လက်ခံရန် ခွင့်ပြုချက် ရခဲ့ပြီး အကယ်၍ သူတို့အနေဖြင့် စပွန်ဆာ အကြံအဉာဏ်ကို စတင် မိတ်ဆက်ပေးပါက အခြားသော ပြည်နယ် ရုပ်သံဌာနများသည်လည်း ထိုနည်းအတိုင်း လိုက်လုပ်ကြမည် ဖြစ်သည်။ ထို့နောက် တစ်ခုခု မှားယွင်းပါက သူတို့သည် ပထမဆုံး အပြစ်တင်ခံရမည် ဖြစ်သည်။

အစည်းအဝေးခန်းထဲရှိ အချို့သော သူများသည် ယင်း အကြံအဉာဏ်ကို ထောက်ခံကြသည်။ အဘယ်ကြောင့် ရုပ်သံဌာနများ အနေဖြင့် ကြော်ငြာသူများထံမှာ ကြော်ငြာများကို လက်ခံသနည်း။ ထိုအရာများ အားလုံးက ဝင်ငွေကြောင့်သာ ဖြစ်သည်။ ယမန်နှစ် မတိုင်ခင်က ရုပ်သံဌာနများသည် ငွေရေးကြေးရေး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူတို့ ရုပ်သံကြော်ငြာများကို လက်ခံချိန်မှ စပြီး သူတို့၏ ငွေရေးကြေးရေးကိစ္စများက ကောင်းမွန်လာခဲ့သည်။ ထပ်ပြောရပါက ပြည်နယ် ရုပ်မြင်သံကြားဌာနများသည် ကြော်ငြာဝင်ငွေတွင် CCTVကို ဦးဆောင်သွားကြသည်။ ထိုအရာက CCTVအား မနာလို ဖြစ်စေသည်.

လူတိုင်းက ထိုအကြံပြုချက်နှင့် ပတ်သက်ပြီး သူတို့၏ အသံများ ထွက်ပေါ်လာပြီး ထိုအကြံပြုချက်ပေါ်တွင် ငြင်းခုံနေကြသည်။ နှစ်ဦးနှစ်ဖက်လုံး အနေဖြင့် အချင်းချင်း ပြေလည်အောင် မလုပ်နိုင်ကြပေ။ လူတိုင်းသည် အကြောင်းပြချက် ကိုယ်ဆီ ရှိပုံပေါ်သော်ငြား အခြားသူများ၏ ထင်မြင်ချက်ကိုလည်း ငြင်းပယ်ခြင်း မပြုကြပေ။ အဆုံးတွင် လူတိုင်းက ရုပ်သံ အရာရှိချုပ်ကို နောက်ဆုံး ဆုံးဖြတ်ချက် ချရန် ကြည့်လိုက်တော့သည်။

အရာရှိချုပ်က ထိုလက်ထောက်အရာရှိများကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ အကယ်၍ ထိုအကြံပြုချက်က ပုံမှန်အတိုင်း သွားပါက ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ဘာမျှ ပြောမည် မဟုတ်ပေ။ ပြီးနောက် ယခုအခန်းထဲတွင် ရှိနေသည့် လူအားလုံးကို အမှတ်ရစေမည် ဖြစ်သည်။ သို့သော် ပြန်ကြားရေးဝန်ကြီးဌာက သူတို့ကို အပြစ်ပေးလျှင် သူသည် တစ်ဦးတည်းသော အပြစ်တင်ခံရမည့်သူ ဖြစ်မည်ပင် ဖြစ်သည်။

သို့သော် လက်ရှိတွင် CCTV၏ အခြေအနေသည် ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။ နွေဦးပွဲတော် အစီအစဉ်တောင် သူတို့ အတွက် ခေါင်းခဲစရာ ဖြစ်နေသည်။ အစိုးရသည် ထိုအစီအစဉ်အတွက် ဘတ်ဂျက်ပေးသော်လည်း လောက်ငှမှု မရှိပေ။ ဤ အကြံပြုချက်သည် အချို့သော ကြော်ငြာငယ်လေးများကဲ့သို့ မဟုတ်ပေ။ ယင်းတွင် သန်းပေါင်းများစွာတန်ကြေးရှိသည့် ကြော်ငြာကြေးများ ပါဝင်နေသည်။ သူအနေဖြင့် ထိုအခွင့်အရေးအား ဘယ်လိုလုပ် လက်လွတ်ခံနိုင်မည်နည်း။

“မဲခွဲပြီး ဆုံးဖြတ်ရအောင်။ ဒီအကြုံပြုချက်ကို လက်မခံတဲ့ သူတွေက လက်မြောက်ပေးပါ။ လက်မမြောက်ဘူးဆိုတဲ့ အဓိပ္ပာယ်က ဒီ အကြံပြုချက်ကို လက်ခံတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ စကြရအောင်”

ရုပ်သံ အရာရှိချုပ်သည် ကြားနေဆုံးဖြတ်ခွင့်ကို မပေးပေ။ လက်ခံမလား။ မခံဘူးလား။ ထိုမှလွဲပြီး ရွေးချယ်စရာ မရှိပေ။

“ကောင်းပြီ။ မဲခွဲတာလည်း ပြီးသွားပြီ။ လက်ခံတာက ငါးမဲ၊ လက်မခံတာက ငါးမဲ။ ငါတို့တွေ ဒီအကြံပြုချက်ကို အကောင်အထည်ဖော်မယ်။ ဒါပေမဲ့ ငါ ကိစ္စနှစ်ခု ဖြစ်ချင်သေးတယ်။ ကိုယ်ပိုင် အမြင်အရဆို ငါ ဒီအကြံပြုချက်ကို သဘောမကျဘူး။ သင့်လျော်တဲ့ အစီအစဉ် သူတို့ ကုမ္ပဏီ နာမည်ကို ထည့်တဲ့အခါမှာ ဒီအစီအစဉ်က သူတို့ရဲ့ အစီအစဉ်ဆိုတာ ပေါ်လွန်နေရမယ်။ ပြီးတော့ အခြား ကြော်ငြာတဲ့ နည်းလမ်းကို ထပ်စဉ်းစားနိုင်တယ်။ ရှောင်ချန်း ဒီအကြောင်းတွေကို မှတ်ထားပြီး တစ်ဖက်နဲ့ ဆွေးနွေးပါ။ ပြီးတော့ စည်းမျည်းစည်းကမ်း ဖောက်ဖျက်မှု မဖြစ်အောင်လည်း ဂရုစိုက်ပါ”

ချန်းပေါ်ကျွမ်းသည် မတ်တပ် ထရပ်လိုက်ကာ သူ့အနေဖြင့် ထိုအလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်မည် ဖြစ်ကြောင်း ကတိပေးလိုက်သည်။

ထို့နောက် အရာရှိချုပ်သည် အကြံပြုချက်တွင် သူ့ အမြင်ကို ချရေးလိုက်တော့သည်။ ပင်ကိုယ်အားဖြင့် သူသည် ထိုအကြံပြုချက်ကို လက်ခံသည် သို့သော် အချက်အလက်ကျကျ ဆက်လက်ဆွေးနွေးရန် လိုအပ်သည်။ ချန်းပေါ်ကျွမ်းသည် အထက်အရာရှိထံမှ ထိုအကြံပြုချက် ခွင့်ပြုချက် လျှောက်ထားရန် တာဝန်ကို လက်လွဲယူလိုက်သည်။

ထိုခေတ် အခါက ကြော်ငြာကိစ္စများကို ရုပ်သံဌာနတစ်ခုတည်းကသာ ဆုံးဖြတ်ခြင်း မဟုတ်ပေ။ ကြော်ငြာများကို အမျိုးမျိုးသော အစိုးရ ဌာနများ၏ ခွင့်ပြုချက်ကိုလည်း ယူရသေးသည်။ ပိုအရေးကြီးသည်ကား ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင်ပြုချက် ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် CCTVရှိ ခေါင်းဆောင်များနှင့် မတူညီပေ။ သူတို့အနေဖြင့် ကြော်ငြာကို လက်ခံနိုင်သည်။ သို့သော် ရုပ်သံ အစီအစဉ်၏ ခေါင်းစဉ်ပေါ်တွင် ကုမ္ပဏီ၏ နာမည်ကို ထည့်ခွင့်ကိုတော့ ခွင့်မပြုပေ။ ထိုဌာနရှိ ခေါင်းဆောင်များက ချန်းပေါ်ကျွမ်းကို ငတ်လွန်းသည်ဟုတောင် ကျိန်ဆဲလိုက်သည်။

ပုံမှန်အားဖြင့် ထိုနေရာရှိ ခေါင်းဆောင်များ ပြောသည့် စကားများကို ဘာသာ ပြန်လိုက်ပါက

“ငါတို့တွေက ဘယ်သူတွေလဲ။ ဘယ်သူတွေကို ကိုယ်စားပြုလဲ။ တီဗွီ အစီအစဉ်တွေ လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ငါတို့အနေနဲ့ စရိတ်ကိုတော့ လက်ခံလို့ရတယ်။ ဒါပေမဲ့ ကြော်ငြာမဲ့သူရဲ့ သတ်မှတ်ချက်တွေကိုတော့ ငါတို့ သဘောမတူနိုင်ဘူး။”

ချန်းပေါ်ကျွမ်းသည် အဆင်မပြေဖြစ်သွားသည်။ ကြော်ငြာစရိတ်ကို လက်ခံလို့ရသည်။ သို့သော် ကုမ္ပဏီ၏ နာမည်ကို အစီအစဉ်ရဲ့ ခေါင်းစဉ်မှာ ထည့်သွင်းလို့ မရဘူးလား။ သူသည် ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။ သူက နောက်ပိုင်းတွင် ဖုန်းယွီကို ဆက်သွယ်ကာ ဆက်ဆွေးနွေးရုံသာ ရှိသည်။

“ဌာနစိတ်မှူး စားပြီးပြီလား။ ကျွန်တော် တုန်လိုင်ရွှမ်း စားသောက်ဆိုင်မှာ စားဖို့ စီစဉ်ထားတယ်။ ဟုတ်သား။ ကျွန်တော်နဲ့ ကျွန်တော် လုပ်ဖော်ကိုင်ဖက်ပဲ ပါမှာ။ ဌာနစိတ်မှူးရဲ့ လူအချို့ကိုလည်း ခေါ်ခဲ့လို့ရတယ်။”

ဆယ်စုနှစ်နှောင်း တုန်လိုင်ရွှမ်းမြို့တော်ရှိ နံပါတ်တစ် ဟာလာစားသောက်ဆိုင် ဖြစ်သည်။

တုန်လိုင်ရွှမ်းစားသောက်ဆိုင်သည် ရှေးစားသောက်ဆိုင် တစ်ခု ဖြစ်သည်။ ၁၉၃၀နှစ်များကတည်းက ဘေကျင်းတွင် နာမည်ကျော်ကြားခဲ့သည်။ သိုးသားဟော့ပေါ့သည် တရုတ်တစ်နိုင်ငံလုံးတွင် နာမည် ကျော်ကြားပြီး နိုင်ငံခေါင်းဆောင်များကတောင် အခြားနိုင်ငံမှ ခေါင်းဆောင်များကို ထိုစားသောက်ဆိုင်တွင် တည်ခင်း ဧည့်ခံကြသည်။

ချန်းပေါ်ကျွမ်းက တုန်လိုင်ရွှမ်းစားသောက်ဆိုင်ကို ဖုန်းယွီက ဖိတ်ခေါ်သည်ကို ကြားသည့် အခါ သူ့အတွေးထဲတွင် အရသာရှိလွန်းသည့် သိုးသားဟော့ပေါ့ အတွေးများ ပြည့်သွားတော့သည်။ ဖုန်းယွီ၏ ဖိတ်ခေါ်မှုကို သူယဉ်ယဉ်ကျေးကျေးဖြင့် ငြင်းလျှင်တောင် သူသည် ဝန်ထမ်းနှစ်ယောက်ကို ခေါ်လာခဲ့ပြီး သူတို့သည် အစားအသောက်ဆိုင်ကို ပြေးသွားမည်ပင်။

ဖုန်းယွီသည် ကျန်းရွေ့ချင်၏ သူငယ်ချင်းကိုလည်း ဖိတ်ကြားချင်ခဲ့သည်။ သို့သော် သူက ငြင်းခဲ့သည်။ ထို့ကြောင့် ဖုန်းယွီသည် ချန်းပေါ်ကျွမ်းကို မေးရုံသာ ရှိပြီး နောက်ပိုင်းတွင်လည်း သူနှင့် တွေ့ရမည် ဖြစ်သည်။

သိုးသားများ တည်ခင်းပြီးနောက် စတင် စားသောက်တော့သည်။ ဖုန်းယွီသည် စားပွဲဝိုင်း အလေ့အကျင့်များကို ဂရုမစိုက်ပေ။ ထိုအရာက ချန်းပေါ်ကျွမ်းကို နေမထိ ထိုင်မသာ ဖြစ်စေသည်။

သူတို့ စားပြီးနောက် စတင် သောက်ကြတော့သည်။

ချန်းပေါ်ကျွမ်းသည် သူ့ခွက်ကို ချပြီးနောက် ကြော်ငြာ အကြောင်းကို စတင် ပြောတော့သည်။ အရက်သောက်ရင်းနှင့် စီးပွားရေး အကြောင်း ပြောခြင်းသည် တရုတ်ရိုးရာဓလေ့ပင် ဖြစ်သည်။ စီးပွားရေးဆိုင်ရာ ညှိနှိုင်းမှုများက အရက်မပါပဲ နေရမည်နည်း။

ဆွေးနွေးမှုက အောင်မြင်ပါက သူတို့သည် အောင်ပွဲခံ ခွက်တိုက်မည် ဖြစ်သည်။ မဟုတ်ပါက အခြားပုလင်းကို ဆက်ဖောက်ကာ သောက်မည် ဖြစ်သည်။

ချန်းပေါ်ကျွမ်းက ပြောလိုက်သည်။

“မန်နေဂျာဖုန်း မန်နေဂျာဝူ မင်းတို့ရဲ့ စီးပွားရေး အကြံပြုချက်ကို အရာရှိကြီးတွေဆီ တင်ပြီးပြီ ဒါပေမဲ့ ခွင့်မပြုခဲ့ဘူး။ အဲတာကို လုံးဝ ငြင်းဆိုခဲ့တယ် ဒါပေမဲ့ အဲတာက အစီအစည်ရဲ့ ခေါင်းစဉ်ကို မပြောင်းလဲနိုင်ရုံပဲ။ ငါတို့တွေ တခြားနည်းလမ်းကို စဉ်းစားလို့ ရနိုင်လား။”

အစီအစဉ်ရဲ့ ခေါင်းစဉ်ကို မပြောင်းလဲနိုင်ဘူးလား။ ဖုန်းယွီက စိတ်ပျက်သွားသည်။ အကယ်၍ ထိုကိစ္စသာ ခွင်ပြုချက် ရခဲ့ပါက ယူထားသည့် ကြော်ငြာ အချိန်များကို အခြားသူများ နှောက်ယှက်သည့် အခါတွင်လည်း ကိစ္စရှိတော့မည် မဟုတ်ပေ။ ထိုကြော်ငြားချိန်ကို ယူသည့်သူမှာ ယန်ဝူ ဖြစ်ကာ ထိုကုမ္ပဏီသည် ကတ်ဆက်များကို ရောင်းချသည်။

ဖုန်းယွီ၏ အိမ်တွင်တောင် ယန်ဝူ ကတ်ဆက် ရှိသည်။ ထိုခေတ်အခါက ယန်ဝူသည် တရုတ်ပြည်၏ ဈေးကွက်ကို ချုပ်ကိုင်ထားသည်။ သို့သော် နှစ်အနည်းငယ်အတွင်း ဗွီစီဒီများ ပေါ်လာပြီးနောက် ယန်ဝူ၏ နိဂုံးကို ရောက်သွားစေသည်။

ယခုအချိန်တွင် ဖုန်းယွီသည် သူ၏ ကုမ္ပဏီ နာမည်ကို မထည့်သွင်းနိုင်တော့ပေ။ သို့သော် သူ့တွင် အခြားနည်းလမ်း ရှိနေဆဲ ဖြစ်သည်။ ထိုအရာလည်း အလုပ်မဖြစ်ပါက သူအရှုံးပေးရုံသာ ရှိတော့သည်။

“ကျွန်တော်ကုမ္ပဏီရဲ့ နာမည်ကို ခေါင်းစဉ်မှာ ထည့်လို့ မရဘူးဆိုရင် ကျွန်တော်အနေနဲ့ ဒီစာသား “ဒီအစီအစဉ်ကို လေနှင့်မိုး ရေနွေးငွေ့စက်မှ ထိုက်ဟွကုမ္ပဏီမှာ တစ်ဦးတည်း ကူညီပံ့ပိုးထားသည်”ကို ထည့်မယ်ဆိုရင်ရော။ စတိတ်စင်မှာ ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ် လိုဂိုကို မပြနိုင်ဘူးဆိုရင်တောင် ကျွန်တော်ရဲ့ ရေနွေးငွေ့စက်ကို မျက်စိကျတဲ့ နေရာမှာ ထားပေးထားပေးလို့ ရတယ်မလား။ ရေနွေးငွေ့စက်ကို ကင်မရာတွေရဲ့ မြင်ကွင်းထဲမှာပဲ ရှိနေရမယ်။ ကျွန်တော်တို့ အနေနဲ့ အစီအစဉ်ရဲ့ နာမည်ကိုတောင် ကျွန်တော်တို့ရဲ့ ရေနွေးငွေ့စက်ကြော်ငြာတွေမှာ ထည့်လို့ ရတယ်။ ဉပမာ အနေနဲ့ လေနှင့်မိုး ရေနွေးငွေ့စက်သည် xxxအစီအစဉ်အတွက် တစ်ဦးတည်း စပွန်ဆာ ပေးထားခြင်း ဖြစ်ပါသည်။ အဲတာက ပြဿနာ မရှိဘူး။ ဟုတ်တယ်မလား။”

တစ်ဦးတည်း စပွန်ဆာပေးခြင်းသည် အစီအစဉ်နာမည်ကို ပြောင်းလဲခြင်း၏ အခြားနည်းလမ်း တစ်ခု ဖြစ်ပေသည်။ အခြားသော ကုမ္ပဏီများသည် အစီအစဉ်များ ခေါင်းစဉ်တွင် ကြော်ငြာထည့်ခြင်း မပြုကတည်းက တစ်ဦးတည်း စပွန်ဆာ ပေးထားခြင်းသည်လည်း အတူတူပင် ဖြစ်ကာ CCTVကို နာမည်ပျက်စေမည် မဟုတ်ပေ။ ပိုအရေးကြီးသည်ကား ဖုန်းယွီအနေဖြင့် အစီအစဉ်တွင် ရေနွေးငွေ့စက်ကို အစီအစဉ် တင်ဆက်သူ ဘေးနားတွင် နေရာချပြီး ရေငွေ့များ ထုတ်လွှတ်နေသည်ကို ကြည့်ရှုသူများ မြင်အောင် အသေအချာ နေရာချထားရမည် ဖြစ်သည်။ ကြည့်ရှသူများ အနေဖြင့် မစပ်စုချင်ဘဲ နေမည်နည်း။ ကြော်ငြာအား ကောင်းကောင်းနှင့် သူ၏ လေနှင့်မိုး ရေနွေးငွေ့စက်သည် မဆိုင်းမတွ ချက်ခြင်း နာမည် ကျော်ကြားလာမည်ဖြစ်သည်။ အကယ်၍ ထိုအရာသည် အလုပ်မဖြစ်ပါက ဖုန်းယွီတွင် တခြားနည်းလမ်းလည်း မရှိတော့ပေ။

“ဒါက... ဘာပြဿနာမှ ရှိမဲ့ပုံ မပေါ်ဘူး။ အဲတာက ခွင့်ပြုမိန့် ရလောက်တယ်။”

ချန်းပေါ်ကျွမ်းက ခေါင်းညိတ်လိုက်သည်။ အရက်သောက်ထားသည့် အတွက် သူမျက်လုံးများက နီနီပြီး ဖြစ်သည်။

“ဒါပေမဲ့ အခြေအနေ တစ်ခုတော့ ရှိတယ်။ တကယ်လို့ အစီအစဉ်က ကျွန်တော်တို့ ကုမ္ပဏီ နာမည် ဒါမှ မဟုတ် ရေနွေးငွေ့စက်ကို မပြောနိုင်ဘူးဆိုရင်လည်း အဆင်ပြေတယ်။ ဒါပေမဲ့ အစီအစဉ် တင်ဆက်သူက ကျွန်တော်တို့ အတွက် ကြော်ငြာ ရိုက်ကို ရိုက်ပေးရမယ်။ ကြော်ငြာက စတိတ်စင်နဲ့ နောက်ခံကို ကို အသုံးပြုရမယ်။ ဖြတ်တောက်ခြင်း ပေါင်းစပ်ခြင်း အစရှိတယ်။ ကြော်ငြာကလည်း အဲဒီ အစီအစဉ်ကို ရိုက်ကူးနေတဲ့ သူတွေပဲ ဖြစ်ရမယ်။ အဲတာတွေကလည်း ကြော်ငြာခမှာ ပါပြီးသားပဲ။”

ထိုခေတ် အခါက ရုပ်ရှင် မင်းသား မင်းသမီးများသည် ကြော်ငြာ မရိုက်ကူးကြပေ။ သို့သော် အစီအစဉ် တင်ဆက်သူ ရှန်းလီသည် မင်းသား မင်းသမီးများထက်တောင် နာမည် ကျော်ကြားသည်။ အကယ်၍ ရှန်းလီသာ CCTV၏ အကူအညီဖြင့် ကြော်ငြာများ ရိုက်ကူးခွင့် ရပါက ကြော်ငြာအား သက်ရောက်မှုသည် သိသိသာသာ တိုးတက်လာမည်ပင် ဖြစ်သည်။

ချန်းပေါ်ကျွမ်းသည် သဘောမတူပါလျှင် ဝူကျီကန်းသည် သူနှင့် အတူတူ သောက်ရမည်ပင် ဖြစ်သည်။

All Chapters