← Chapters

အခန်း (၁၃၃)

Vol. 9 Ch. 133

အခန်း (၁၃၃)

Vol. 9 Ch. 133

ရုပ်သံအရာရှိချုပ်သည် အလွန်အံ့အားသင့်သွားသည်။ ကျန်းပေါ်ကျွင်း၏ အစီရင်ခံစာအရ ဖုန်းယွီအနေဖြင့် အစီရင်ခံစာကို နာမည်အမည်ပြောင်းခွင့် ရပါက ကြော်ငြာကြေးကို လျော့ချမည်ဖြစ်သည်။ အဘယ့်အတွက် ဖုန်းယွီသည် ယွမ်တစ်သန်းကို ထုတ်ပေးရန် ဆန္ဒရှိနေဆဲ ဖြစ်သနည်း။

ရုပ်သံအရာရှိချုပ်သည် သူ၏ရုံးခန်းကို ဖုန်းယွီနှင့်အတူ ပြန်ခဲ့ကာ အသေးစိတ် ဆွေးနွေးမည်ဖြစ်သည်။ ကြော်ငြာကဏ္ဍ အရာရှိချုပ် ကျန်းပေါ်ကျွင်းသည်လည်း ထိုနေရာတွင် ရှိနေကာ သူတို့အတွက် လက်ဖက်ရည် တည်ခင်းရန် တာဝန်ကျနေသည်။ ရုပ်သံအရာရှိချုပ်သည် ထိုနေရာတွင် ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးမည်ဖြစ်သည်။ သူကတစ်ခြားနေရာတွင် ပြောရန်တစ်ခြားမရှိပေ။

သို့သော် ဆွေးနွေးပွဲ စတင်ကာစအချိန်တွင် ရုံးတံခါးကို တစ်စုံတစ်ယောက်က လာရောက်ခေါက်ပြီး CCTV3 ရုပ်သံလိုင်း၏ အရာရှိချုပ်သည်လည်း ရုံးခန်းထဲသို့ လာခဲ့သည်။

“အလုပ်များနေလား။ ”

ရုပ်သံအရာရှိချုပ်က မျက်လုံးကို မှိတ်လိုက်သည်။ သူကသိသိသာသာ မေးလိုက်သည်မှာ သိသာလွန်းနေ၏။

“လူကြီးဟူ ဘာကိစ္စလဲ။ ”

“ရုပ်သံအရာရှိ ကျွန်တော်တို့ ရုပ်မြင်သံကြားရုံးကို တစ်ယောက်ယောက်က ကုမ္မဏီတစ်ခုက ကြော်ငြာကိစ္စနဲ့ လာရောက်ဆွေးနွေးနေတယ်လို့ ကြားလို့ပါ။ ကျွန်တော်အနေနဲ့ ကျွန်တော်တို့ရဲ့ CCTV3 ရုပ်သံလှိုင်းကို သူ့အနေနဲ့လည်း ပိုက်ဆံများ ပေးချင်လားလို့ပါ။ ”

လက်ရှိတွင် CCTVသည် ရုပ်သံလှိုင်း သုံးခုရှိသည်။ စတုတ္ထရုပ်သံလှိုင်းသည် 1990နှစ်မှ စတင်ခဲ့သည်။ ယခုCCTV3 ရုပ်သံလှိုင်းသည် 1986တွင် စတင်ခဲ့ကာ ဘေကျင်းတစ်ဝိုက်တွင်သာ ယင်းရုပ်သံလှိုင်းကို ဖမ်းယူကြည့်ရှု့နိုင်သည်။ 1987ခုနှစ် မတိုင်ခင်က CCTV2ရုပ်သံလှိုင်းသည်လည်း ဘေကျင်းမြို့တော်ရှိ နေထိုင်သူများသာ ဖမ်းယူရရှိခဲ့သည်။ သို့သော် 1987ခုနှစ်တွင် CCTV2ရုပ်သံလှိုင်းသည် ဂြိုလ်တုလှိုင်းစနစ်သို့ ပြောင်းလဲလိုက်ကာ တရုတ်တစ်နိုင်ငံလုံးအထိ ကွန်ယက်ဖြန့်ကျက်နိုင်ခဲ့သည်။

ဘေကျင်းတစ်မြို့တည်းသာ ရရှိသည့် TV ချန်နယ်အတွက်မူ ထိုရုပ်သံလှိုင်းသည် ကြော်ငြာသူများထံမှ ကြော်ငြာရရန် ခက်ခဲပေသည်။ လက်ထောက်အရာရှိဟူသည် သူ၏ကံကို စမ်းခဲ့သည်။ အကြောင်းမှာ သူ၏ရုပ်သံလှိုင်းသည် ရန်ပုံငွေ နည်းပါးနေသည့်အတွက် ဖြစ်သည်။

ရုပ်သံအရာရှိချုပ် ဘာမှမပြောရသေးခင် ဖုန်းယွီက မေးလိုက်သည်။

“အရာရှိချုပ်က အရာရှိဟူပဲဖြစ်ရမယ်။ CCTV3 ချန်နယ်မှာ လက်ရှိနာမည်ကြီးနေတဲ့ အစီအစဉ်တွေ ရှိလား။ ကျွန်တော်ပြောချင်တာက မြို့နယ်လူထုနဲ့ပတ်သတ်ပြီး အလွန်အောင်မြင်ကျော်ကြားတဲ့ အစီအစဉ်တွေ ရှိလားလို့ ပြောချင်တာပါ။ ”

လက်ထောက်အရာရှိဟူက ချက်ချင်းပင် ပြောလိုက်သည်။

“အဲ့ဒါက ကျွန်တော်ရဲ့ ရုပ်သံလှိုင်းမှာတော့ အောင်မြင်ကျော်ကြားတဲ့ အစီအစဉ်တွေ အနည်းငယ် ရှိပါတယ်။ ”

အဆုံးတွင် လက်ထောက်အရာရှိဟူသည် ရုပ်သံအစီအစဉ် သုံးခုလေးခုကို ပြောလိုက်သည်။ သို့သော် ဖုန်းယွီထိုအရာများ တစ်ခုမျှတောင် မကြားရပေ။ သူ၏အရင်ဘဝတွင် ယင်းအစီအစဉ်များကို တစ်ခါမှ မကြားဖူးပေ။ ဤCCTV3ရုပ်သံလှိုင်းသည် အဓိကအားဖြင့် ရုပ်သံဇာတ်လမ်းတွဲများနှင့် ဂီတအစီအစဉ်များကိုသာ အာရုံထားသည်။ အခြားသော အစီအစဉ်များသည် CCTV1 နှင့် CCTV2မှ မလိုချင်သည့် အစီအစဉ်များပင်ဖြစ်သည်။ သူတို့အနေဖြင့် ကောင်းမွန်သည့် အစီအစဉ်ကို ပေးစွမ်းနိုင်သည်လော။ ဂြိုလ်တုလိုင်းဖမ်းစနစ်ကို ပြောင်းလဲပြီးနောက် အလွန်ကောင်းမွန်သည့် ဂီတအစီအစဉ်တစ်ခုကို ထုတ်လုပ်သည်။

ဖုန်းယွီက လက်ထောက်အရာရှိဟူ ပြောနေတာကို ဖြတ်ပြောလိုက်သည်။ အရာရှိဟူ ကျွန်တော်အနေနဲ့ CCTVမှာ ကြော်ငြာထည့်ချင်တာက ဘာအကြောင်းကြောင့်လဲ သိမှာပါ။ အဲ့ဒါက ဂြိုလ်တုရုပ်သံလှိုင်း ချန်နယ်တွေ ဖြစ်နေလို့ပါ။ တရုတ်တစ်နိုင်ငံလုံးက CCTV1ရုပ်သံလှိုင်းကို ဖမ်းယူကြည့်ရှု့နိုင်တယ်။ CCTV3အတွက်ကျတော့ ကျွန်တော်အရာရှိကို အရိုးသားဆုံးပဲ ပြောပါ့မယ်။ ကျွန်တော်ရဲ့ဘဝမှာ အဲ့ဒီချန်နယ်ကို တစ်ခါမှ မကြည့်ဖူးဘူး။ ဒါပေမဲ့ အရာရှိဟူက ကျွန်တော်ကို တောင်းတယ်ဆိုရင်တော့ ကျွန်တော်အနေဖြင့် တစ်နှစ်စာကြော်ငြာကဏ္ဍအတွက် ယွမ်တစ်သိန်း သုံးနိုင်ပါတယ်။ အရာရှိအနေနဲ့ ကျွန်တော်ကို တစ်နေ့ကိုကြော်ငြာ သုံးခါထည့်ပေးရမယ်။ ပြီးတော့ ကြော်ငြာတစ်ဖြတ်ကလည်း 15စက္ကန့် ကြာရမယ်။ ဘယ်အချိန်မဆို အလုပ်ဖြစ်ပါတယ်။

အရာရှိဟူသည် အနာဂတ်တွင် SARFT၏ သူဌေးတစ်ယောက် ဖြစ်မည်ပင်။

(ရေဒီယိုရုပ်သံ ရုပ်မြင်သံကြား နိုင်ငံအဆင့် စီမံကွတ်ကဲရေးအဖွဲ့) အနာဂတ်ရှိ သူ၏အာဏာသည် ရယ်စရာမဟုတ်ပေ။ ဖုန်းယွီသည် ယင်းယွမ်တစ်သိန်းကို သူတို့၏ ဆက်ဆံရေးကို ရင်းနှီးမြုပ်နှံသည်ဟုသာ သဘောထားပေသည်။

လက်ထောက်အရာရှိဟုသည် အားရကျေနပ်သွားသည်။ တစ်နေ့တွင် ကြော်ငြာရမည်က တစ်မိနစ်တောင် မရှိပေ။ ပြီးနောက် မည်သည့်အချိန်မဆို ကြော်ငြာနိုင်သေးသည်လော။ ထိုအရာများ အားလုံးအတွက် ယွမ်တစ်သိန်းလော။ ထိုယွမ်တစ်သိန်းနှင့်ဆိုလျှင် သူ့အနေဖြင့် နောက်ထပ်အစီအစဉ် တစ်ခုတောင် စတင်နိုင်ပေသည်။

လက်ထောက်အရာရှိဟူ ထွက်ခွာသွားပြီးနောက် ဖုန်းယွီသည် ရုပ်သံအရာရှိချုပ်နှင့် ဆက်လက်ဆွေးနွေးသည်။ သို့သော် စကားပြောတာ ငါးမိနစ်တောင် မကြာသေးခင် တစ်ယောက်ယောက်က တံခါးကို ထပ်ခေါက်ပြန်သည်။

“လူအိုကျား မင်းအနေနဲ့လည်း CCTV2ကြော်ငြာကဏ္ဍအတွက် ဒီကိုလာတယ်လို့ မပြောနဲ့နော်။ ”

လက်ထောက်အရာရှိကျားသည် ပြုံးကာဖုန်းယွီဆီသို့ လျှောက်လှမ်းလာပြီး လက်ဆွဲနှုတ်ဆက်လိုက်ကာ

“ဒီငယ်ရွယ်တဲ့ လူကြီးမင်းက မန်နေဂျာဖုန်းပဲ ဖြစ်ရမယ်။ တကယ်ပဲမင်းက ကောင်းမွန်တဲ့ ငယ်ရွယ်တဲ့ လူတစ်ယောက်ပဲ။ အဖိုးတန်တဲ့ လူတစ်ယောက်ပဲ။ ”

ယနေ့တွင် ရုပ်မြင်သံကြားဌာနသို့ အရူးတစ်ယောက် ရောက်နေသည်ဟု လူကြီးဟူထံမှ လက်ထောက်အရာရှိကျား ကြားခဲ့ခြင်းဖြစ်သည်။ ထိုအရူးသည် ထိုက်ဟွကုန်သွယ်ရေး၏ မန်နေဂျာဖုန်းဖြစ်ပြီး ရှောင်ချမ်း၏ အစီရင်ခံစာကို အကြံပေးခဲ့သည့် သူလည်းဖြစ်သည်။ CCTV3သည် သူတို့၏ ကြော်ငြာကဏ္ဍအတွက် ယွမ်တစ်သိန်းဖိုး လွယ်လွယ်ကူကူဖြင့် ရောင်းနိုင်လျှင် အဘယ့်ကြောင့် CCTV2အတွက် ကြော်ငြာများကို ရယူရန် မဆွေးနွေးဘဲ နေမည်နည်း။

အိုး ဒီတစ်ယောက်ကလည်း အနာဂတ်ရဲ့ CCTVရဲ့ ဥက္ကဌဖြစ်မဲ့လူပဲ။ ကြော်ငြာကဏ္ဍတွေကို လေလံဆွဲဖို့အတွက် အကောင်အထည် ဖော်ခဲ့တဲ့လူကသူပဲ။ သူ့ကိုယ်လည်း ရင်းနှီးမြုပ်နှံဖို့အတွက် ထိုက်တန်တယ်။

“အရာရှိက အရာရှိချုပ် ကျားပဲဖြစ်ရမယ်။ အရာရှိရဲ့ ချီးကျူးစကားတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘာကူညီပေးရမလဲ။ ”

လက်ထောက်အရာရှိကျားသည် ပတ်လည်ရုက်မနေဘဲ ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ CCTV2က ဂြိုလ်တုရုပ်သံလှိုင်းပါ။ ပြီးတော့ တစ်နိုင်ငံလုံးက ဒီလိုင်းကို ဖမ်းယူနိုင်တယ်။ ဘာကြောင့် CCTV2မှာလည်း မကြော်ငြာရမှာလဲ။ ဦးလေးအနေနဲ့မင်းကို ဈေးကောင်းပေးနိုင်တယ်။ ”

CCTV2 အစီအစဉ်များ အားလုံးထဲမှ ဖုန်းယွီမှတ်မိသည်မှာ XXXအစီအစဉ်သည် XXX၏ အဆက်ဖြစ်သည်။ နောက်ပိုင်းနှစ်များတွင် XXXအစီအစဉ်သည် ပြောင်းလဲသွားမည်ဖြစ်သည်။

XXXအစီအစဉ်သည် ဖုန်းယွီပြန်လည် မွေးဖွားသည်အထိ လည်ပတ်နေသည့် အစီအစဉ် ရှည်ကြီးတစ်ခုဖြစ်သည်။ ယင်းအစီအစဉ်သည် ကြည့်ရှုမှုလည်း များနေဆဲဖြစ်သည်။ ပိုအရေးကြီးသည်က နိုင်ငံခေါင်းဆောင်များသည် ယင်းအစီအစဉ်ကို ကြိုက်နှစ်သက်သည်။ ယင်းအစီအစဉ်ကို တရုတ်၏ စီးပွားရေး အစိတ်အပိုင်း၏ တစ်စိတ်ဟုတောင် ပြောနိုင်ပေသည်။

ယင်းရုပ်သံလှိုင်းသည် ကြော်ငြာထည့်ရန်အတွက် ထိုက်တန်ပေသည်။

“ကိစ္စမရှိပါဘူး။ ကျွန်တော်မှာ ကြော်ငြာဘက်ဂျက် ကျန်ပါသေးတယ်။ ကျွန်တော်အနေနဲ့ XXXမတိုင်ခင်နဲ့ ပြီးတဲ့အချိန်မှာ ကြော်ငြာတစ်ခု ထည့်ချင်တယ်။ ကြော်ငြာစရိတ်ကရော ဘယ်လောက်လဲ။ ”

လက်ထောက်အရာရှိက ပြောလိုက်သည်။

“တစ်နှစ်အတွက် ယွမ်ငါးသိန်းမလား။ သူသည် တစ်နှစ်အတွက် စပွန်ဆာအဖြစ် ယွမ်တစ်သိန်း သတ်မှတ်သည့်အတွက် ယွမ်ငါးသိန်း တောင်းဆိုခြင်းကလည်း မများဟု သူတွေးမိသည်။ ”

“အဆင်ပြေပါတယ်။ ဒါပေမဲ့ ရုပ်သံအစီအစဉ်ရဲ့ ခေါင်းစဉ်မှာ ကုမ္မဏီရဲ့ နာမည်ကိုထည့်ဖို့တော့ ခွင့်မပြုထားဘူးနော်။ ”

“ကောင်းပြီ။ ဒါပေမဲ့ အစီအစဉ်ရဲ့ ခေါင်းစဉ်မှာ ကျွန်တော်အနေနဲ့ ကျွန်တော်တို့ကုမ္မဏီရဲ့ နာမည်ကို တပ်ဖို့ခွင့်မပြုဘူး။ ပြီးတော့ ကျွန်တော်တို့ထုတ်ကုန်တွေကို နေရာချထားဖို့ကိုလည်း မသတ်မှတ်ထားဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်အနေနဲ့ အရာရှိတို့ထံက ကျွန်တော်တို့အတွက် အထူးရိုက်ကူးထားတာ လိုချင်တယ်။ အနည်းဆုံး ဆယ်မိနစ်လောက်ပေါ့။ ကျွန်တော်တို့ရဲ့ လေနှင့်မိုး ရေနွေးငွေ့စက်တွေက ကမ္ဘာပေါ်မှာ အဆင့်အတန်း အမြင့်ဆုံး နည်းပညာကို အသုံးပြုထားတယ်။ ပြီးတော့ နိုင်ငံပိုင် လုပ်ငန်းနှစ်ခုကနေပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ထားတယ်။ နှစ်တိုင်းနှစ်တိုင်းမှာ ကျွန်တော်တို့အနေနဲ့ အစိုးရကို အခွန်အများကြီး ပေးပြီးတော့ အခြားသော တိုင်းပြည်တွေကိုလည်း ပမာဏများများ ပေးပို့နေတယ်။ ဒါက ကျွန်တော်တို့အတွက် အထူးရိုက်ကူးရမှာ မများလွန်းဘူး ဟုတ်တယ်မလား။ ”

လက်ထောက်အရာရှိကျားသည် ရုပ်သံအရာရှိချုပ်ကို ကြည့်လိုက်သည်။ သူ့အနေဖြင့် ဆုံးဖြတ်ရန်အတွက် အရည်အချင်း မပြည့်မှီပေ။ ထိုအတွက် ထိုအရာသည် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာ မရောက်ပေ။ သို့သော် ရုပ်သံအရာရှိချုပ် ငါးခုရှိပါက သူ့အနေဖြင့် ဆုံးဖြတ်ချက် မချနိုင်ပေ။ သို့သော် သူက ရုပ်သံအရာရှိချုပ်ကို ဖုန်းယွီ၏ အခြေအနေကို ခွင့်ပြုပေးရန် သေချာပေါက် တောင်းဆိုလိုက်သည်။

“ကျားလူကြီး အရင်ပြန်နှင့်ပါ။ ကျွန်တော်တို့တွေ ဒီကိစ္စနောက်မှ ဆက်ဆွေးနွေးကြတာပေါ့။ ကျွန်တော်တို့တွေ မန်နေဂျာဖုန်းနဲ့ ဆက်ဆွေးနွေးစရာ ရှိသေးတယ်။ ”

ရုပ်သံအရာရှိချုပ်က ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

ရုပ်သံအရာရှိချုပ်သည် ထိုက်ဟွကုန်သွယ်ရေးအနေဖြင့် များပြားသည့် ကြော်ငြာသည့် ဘက်ဂျက်ရှိကြောင်း ပြောလိုက်ပြီး ဖုန်းယွီအနေဖြင့် ယင်းဘက်ဂျက်ကို မကုန်မချင်း သုံးမည့်ပုံပေါက်သည်။ တကယ်တန်းလည်း ထိုအတိုင်းဖြစ်နေသည်။ ဖုန်းယွီ၏ ဘက်ဂျက်သည် ယွမ်ငါးသန်းဖြစ်ပြီး လေယာဉ်ထုတ်လုပ်သည့် စက်ရုံနှင့် စက်ပစ္စည်းစက်ရုံ နှစ်ခုလုံးက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

CCTV1 ရုပ်သံလှိုင်း ကြော်ငြာကဏ္ဍအတွက် တစ်နှစ်လျှင် ယွမ်2.7သန်းသာ ကျမည်ဖြစ်ပြီး စပွန်ဆာနှင့် ပေါင်းလိုက်ပါက စုစုပေါင်းမှာ ယွမ်3.5သန်း ဖြစ်ပေသည်။ ဖုန်းယွီသည် နောက်ထပ် ယွမ်1.3သန်း ဖြုန်းရန်ကျန်သေးသည်။

ထို့ပြင် အကယ်၍ သူ့အနေဖြင့် ကြော်ငြာဘက်ဂျက်ကို မသုံးနိုင်ပါက အရှေ့မြောက် ပြည်နယ် ရုပ်သံဌာနများတွင်လည်း ကြော်ငြာကဏ္ဍကို ဝယ်ယူနိုင်ပေသည်။

သို့သော် ဖုန်းယွီအနေဖြင့် CCTV1မှ ကြော်ငြာများကို ဝယ်နိုင်မှဖြစ်ပေမည်။ ယခုနှစ်ပြီးနောက် လူများသည် ယမ်ဝူ၏ အောင်မြင်မှုနောက်ကွယ်မှ အကြောင်းပြချက်ကို သတိပြုမိလာကြပြီး CCTV၏ ကြော်ငြာသည့်နှုန်းသည်လည်း သိသိသာသာ မြင့်တင်လိုက်သည်။ ထိုနှုန်းသည် ပြည်နယ်ရုပ်သံဌာနများ၏ နှုန်းထက် ပိုများမည်ဖြစ်ကာ နှစ်နှစ်ကြာပြီးနောက် ကြော်ငြာကဏ္ဍများကို လေလံဆွဲကာ ရောင်းချမည် ဖြစ်ပေသည်။

ဖုန်းယွီက ရုပ်သံအရာရှိချုပ်ကို နောက်နှစ်အနည်းငယ်အတွက် သူ့အနေဖြင့် ဝယ်ယူချင်ကြောင်း ပြောခဲ့သည်။ သို့သော် ငြင်းပယ်လိုက်သည်။ ရုပ်သံဌာနအနေဖြင့် CCTVသည် ကြော်ငြာသည့် သူများအတွက် အထူးကောင်းမွန်သည့် နေရာတစ်ခုဖြစ်သည်ဟု ခံစားရပြီး ပြည်နယ်ရုပ်မြင်သံကြား ဌာနများ၏ နှုန်းထက် သူတို့၏ကြေးကို မနှိမ့်ချချင်သည့် ရည်ရွယ်ချက် ဖြစ်ပေသည်။

CCTVသည် အရင်က ကြော်ငြာများကို လွင့်ရန် ခွင့်မပြုသည့် အတွက်ကြောင့်ဖြစ်သည်။ ယခုလက်ရှိတွင် ကြော်ငြာရန် ခွင့်ပြုထားသည်။ သုံးနှစ်တွင် ရုပ်သံလောကတွင် သူတို့၏ ကြော်ငြာကြေးမှာ အမြင့်ဆုံးဖြစ်မည်ပင်။ တကယ်တန်းကျတော့ ဖုန်းယွီသည် ရုပ်သံအရာရှိချုပ်ကို သူတို့၏ ရုပ်မြင်သံကြားဌာနသည် ကြော်ငြာစရိတ် နည်းလွန်းသည့် အကြောင်းပြချက်ကြောင့် ဖုန်းယွီလာခဲ့ခြင်းဖြစ်ကြောင်း ပြောပြချင်သည်။ ဖုန်းယွီသည် သူတို့နှင့် အလုပ်တွဲလုပ်ချင်ပြီး သူ့အနေဖြင့် သူတို့၏ ဌာနမှူးချမ်းနှင့် တွေ့ဆုံရန် အခွင့်အရေး ဖြစ်သည်။ လုံကျင်းTVဌာနတွင် ထိုအရာက အလွန်ဒုက္ခ ရောက်ပေသည်။ ဖုန်းယွီက သွားရုံဖြင့် တာဝန်ရှိသူနှင့် တွေ့နိုင်ပေသည်။ သူတို့၏စိတ်ထား ကွဲပြားခြားနားမှုသည် အလွန်ကြီးမားပေသည်။

နှစ်ဦးနှစ်ဖက်လုံး၏ ဆွေးနွေးမှုသည် ကောင်းမွန်သည့် အဆုံးသတ်ဖြစ်သွားသည်။ ဖုန်းယွီက အလွန်ရက်ရောကာ ပိုက်ဆံကိစ္စကိုလည်း စိတ်ထဲမထားပေ။ ရုပ်သံအရာရှိချုပ်တွင် ကောင်းမွန်သည့် အမြင်ထားရှိရန်အတွက် သိန်းပေါင်းများစွာသော ယွမ်များကိုလည်း အခြားသော သေးငယ်သည့် စပွန်ဆာများတွင်သုံးရန် ခွင့်ပြုခဲ့သည်။ ထိုရင်းနှီးမြုပ်နှံမှုက အလွန်ပင် ထိုက်တန်ပေသည်။

နောက်တစ်နေ့တွင် ဖုန်းယွီသည် CCTVသို့ ပြန်သွားခဲ့သည်။ CCTV2သည် ဖုန်းယွီ၏ အခြေအနေကို လက်ခံသည်။ ဖုန်းယွီသည် ကြော်ငြာနှင့် စပွန်ဆာစာချုပ်များကို လက်မှတ်ထိုးလိုက်သည်။ ရုပ်သံလှိုင်းသုံးခုတွင် ကြော်ငြာစုစုပေါင်း ကြော်ငြာခသည် ယွမ်4.5သန်းထိ ရောက်သွားသည်။ ယင်းက CCTV၏ ကြော်ငြာကြေး အများဆုံး စံချိန်ပင် ဖြစ်ပေသည်။

All Chapters