နေရာတိုင်းမှာ စီးပွားရေး သောင်းကျန်းနေတယ်။
Vol. 9 Ch. 134
ဖုန်းယွီပြန်လာပြီးနောက် သူသည် လျောင်ပြည်နယ်နှင့် ကျားပြည်နယ်ရှိ ရုပ်မြင်သံကြား ဌာနများတွင် ကြော်ငြာထည့်ရန်အတွက် နောက်ထပ်ယွမ် ငါးသိန်းကို သုံးစွဲခဲ့သည်။ ကြော်ငြာများသည် CCTVနှင့် အတူတူပင်ဖြစ်သည်။ ရှန်းလီအစီအစဉ်တင်ဆက်သူကို တင်ဆက်ရာမှ ဖြတ်ထုတ်သည့် အပိုင်းအစကြော်ငြာ တစ်ခုပင်ဖြစ်သည်။
တစ်ပတ်ကြာပြီးနောက် TVကြည့်ရှု့သည့်သူများသည် တစ်ခုခု ကွဲလွဲနေသည်ကို စတင်သတိ ပြုမိလာသည်။ ဘာကြောင့် အစီအစဉ်ပြင်ဆင်မှုသည် ကွဲပြားနေပြီး အရင်ကထက် ပိုကောင်းလာရသနည်း။ ထိုနေရာတွင် ဘုလုံးရှည် အရာတစ်ခုတောင် ရှိနေသည်။ ထိုအရာက ရင်းနှီးပုံပေါ်နေ၏။
အား ဒီအမှတ်တံဆိပ်Logoက တော်တော်ရင်းနှီးတဲ့ပုံပဲ။ ထိုအမှတ်တံဆိပ်သည် လွန်ခဲ့သည့် နွေရာသီက သူတို့ဝယ်ခဲ့သည့် လျှပ်စစ်ပန်ကာ၏ Logoအမှတ်တံဆိပ်နှင့် တူနေသည်။
ရက်များစွာ ကြာပြီးနောက် ကြည့်ရှု့သူများသည် ကြော်ငြာအတွဲလိုက်ဖြစ်ကြောင်း သတိပြုမိလာသည်။ ထိုကြော်ငြာများက ရှန်းလီဗားရှင်း၊ ဖုန်းတန့်ယင်းဗားရှင်း၊ လီရှစ်ယုံဗားရှင်း၊ ကလေးများဗားရှင်းတို့ ဖြစ်သည်။ ထို့ပြင် ဖုန်းယွီငှားယမ်းထားသည့် အသက်ရှစ်ဆယ်ကျော် သရုပ်ဆောင်တစ်ယောက်သည် ကြော်ငြာထဲတွင်တောင် ပါဝင်လာပြီး ထိုအရာသည်လည်း လူအိုဗားရှင်း ဖြစ်ပေသည်။
ပထမနေ့တွင် သက်ရောက်မှု သိပ်မရှိပေ။ သို့သော် ကြိမ်ဖန်များစွာ ကြော်ငြာများကြောင့် CCTV၏ ကြည့်ရှု့မှု အများဆုံးအချိန် ကြော်ငြာများက ကလေးများကိုတောင် ကြော်ငြာ၏ဆောင်ပုဒ်ကို အလွတ်ရသွားသည်။ လေနှင့်မိုး ရေနွေးငွေ့စက် အကောင်းဆုံး အခန်းတွင်းမိတ်ဖက်
ဗားရှင်းအမျိုးမျိုး ဖြစ်စေကာမူ ကြော်ငြာက လေနှင့်မိုး၏ အသစ်လွင်ဆုံး ရေနွေးငွေ့စက်၏ အသုံးဝင်များကို အဓိကထား ပြသခြင်းဖြစ်သည်။ ထိုအထင်ကရ လက္ခဏာများသည်။ လုံခြုံသည်။ ကျန်းမာသည်။ လျှပ်စစ်သုံးစွဲမှုနည်းသည်။ နည်းပညာနှင့် အစရှိသဖြင့်ဖြစ်သည်။ ရုပ်သံအစီအစဉ်နှင့် ထုတ်ကုန်၏ နေရာထားမှု ဆက်စပ်မှုတို့ကြောင့် လူများသည် ထိုရေနွေးငွေ့စက်များကို မည်သည့်နေရာတွင် ဝယ်နိုင်မည်ဖြစ်ကြောင်း စတင်မေးမြန်း လာကြတော့သည်။
ဘေကျင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးစင်္ကြ မဟုတ်သော်ငြား လူဦးရေအလွန်များသည်။ ပြီးနောက် ထိုမြို့တော်က နိုင်ငံရေး အချက်အချာမြို့ဖြစ်သည်။ ရေနွေးငွေ့စက်၏ ရောင်းအားသည် ချက်ချင်းပင် ထိုးတက်သွားသည်။
ဘေကျင်း၏နောက်တွင် အခြားသော မြောက်ပိုင်းမြို့များဖြစ်သည့် ကျင်းမန်၊ ကျန်းမြို့တော်၊ ချန်းကန်၊ ရှီမြို့တော်၊ ရှမ်းမြို့တော်၊ ကျားမြို့တော် အစရှိသဖြင့် မြို့များတွင်လည်း ရောင်းအားတက်လာခဲ့သည်။ တောင်ပိုင်းဒေသရှိ မြို့တော်များတွင်တောင် ရောင်းချမှုအနည်းငယ် တိုးတက်လာသည်။
ပထမက လီရှစ်ယုံနဲ့ ဟိုဟိုက်ထောင်သည် ယွမ်ငါးသန်းကို ကြော်ငြာသည့် ဘက်ဂျက်အနေဖြင့် သတ်မှတ်သည့်အခါ ဖုန်းယွီကို အလွန်ဖြုန်းသည့်အတွက် အနည်းငယ် မပျော်ရွှင်မှုများ ဖြစ်နေသည်။ သူတို့သည်ဖုန်းယွီကို မဖြောင်းဖျမည့်အစား သူတို့က သဘောတူလိုက်သည်။ အကြောင်းမှာ ဖုန်းယွီကသူတို့ကို ကြော်ငြာဘက်ဂျက်ကို ပြန်ရမည်ဟု အာမခံထားသည့်အတွက် ဖြစ်သည်။
ကြော်ငြာဘက်ဂျက် ငါးသန်းသည် သန်းပေါင်းများစွာသော အမြတ်ကို ယူဆောင်လာနိုင်သည်။ ထိုအရာသည် လေနှင့်မိုး အမှတ်တံဆိပ်က ဈေးကွက်ဝေစုကို ပြိုင်ဘက်များကို ချိုးဖျက်ကာ အလျှင်အမြန်နှင့် ရယူနိုင်မည်ဖြစ်သည်။
ဖုန်းယွီသည် လာမည့်နှစ်တွင် ရတူအမှတ်တံဆိပ် ရေနွေးငွေ့စက် မိတ်ဆက်မည်ကို သိသည်။ အကယ်၍သူက နောက်နှစ်အထိ စောင့်ပါက ရတူနှင့်ခေါင်းချင်းဆိုင် ပြိုင်ဆိုင်ရမည်ဖြစ်သည်။
ရတူသည် ပုံမှန်လေထု သန့်စင်စက်ဖြစ်သည်။ အကယ်၍ သူတို့ကောင်းကောင်း မလုပ်ပါက ဖုန်းယွီသည် ထိုနည်းပညာကို နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ၏ လက်ထဲမရောက်ခင် ကမ္ဘာအဆင့်မှီ ရေနွေးငွေ့စက် ထုတ်လုပ်သူအား ဝယ်ယူပါက စိတ်ထဲရှိမည် မဟုတ်ပေ။
ပြည်တွင်းထုတ် ရေနွေးငွေ့စက် ဈေးကွက်တွင် ပထမဦးဆုံးအကြိမ်ဖြင့် ဂုဏ်ဒြပ်မော်ဒယ်သည် မြင့်မြတ်သောမော်ဒယ်ကို ကျော်သွားခဲ့သည်။ ထိုအရာက ကြော်ငြာ၏ ပေါက်ကွဲမှုအားကြောင့်ဖြစ်ပြီး အထူးသဖြင့် ရှန်းလီ၏ဗားရှင်းကြောင့် ဖြစ်သည်။
အစပိုင်းတွင် ရေနွေးငွေ့စက်၏ ရောင်းအားများက မဆိုးပေ။ ရေနွေးငွေ့စက်တစ်ခု၏ အမြတ်မှာ ယွမ်တစ်ရာခန့်ဖြစ်သည်။ သို့သော် ထိုအခြေအနေဖြင့် ရောင်းပါက သူတို့တစ်လလျှင်တောင် အများဆုံး အခုရေနှစ်သောင်းသာ ရောင်းချနိုင်သည်။ ဖုန်းယွီက ဤရောင်းချသည့် အခုရေကို စိတ်တိုင်းမကျပေ။
လက်ရှိတွင် ထိုအရာက ကွဲပြားခြားနားပြီဖြစ်သည်။ များပြားသည့် ကြော်ငြာများကို ထည့်ပြီးနောက် ပထမအပတ်တွင်တောင် ရောင်းအားမှာ အခုရေသုံးသောင်း ကျော်သွားပြီဖြစ်သည်။ ရောင်းချသူများ အားလုံးသည် သူတို့၏လက်များကိုယမ်းကာ ပြန်လာကြပြီး အော်ဒါများ ထပ်မှာကြသည်။ လီရှစ်ယုံနှင့် ဟိုဟိုက်ထောင် နှစ်ယောက်လုံးက အပြုံးများဖြင့် ရှိနေကြသည်။ လက်ရှိတွင် လီရှစ်ယုံနှင့် ဟိုဟိုက်ထောင်တို့တွင် အတွေးတစ်ခုသာ ရှိတော့သည်။ ကြော်ငြာစရိတ်က သုံးစွဲသည်မှာ ထိုက်တန်ပေသည်။
ထိုရေနွေးငွေ့စက်နှင့် အလုပ်လုပ်မှုကို ရပ်တန့်လိုက်သည့် အချို့သော ရောင်းချသူများသည် ထိုက်ဟွကုန်သွယ်ရေးနှင့် ပြန်အလုပ် လုပ်ချင်ကြသည့်အတွက် ပြန်လာကြသည်။ သို့သော်သူတို့က ဖုန်းယွီ၏ ညွှန်ကြားချက်အတိုင်း ဝူကျီကန်း၏ မောင်းထုတ်မှုကို ခံလိုက်ရသည်။ ထိုက်ဟွကုန်သွယ်ရေးသည် သူတို့၏ အဓိကစံသတ်မှတ်ချက်ကို လက်ကိုင်ထားဆဲဖြစ်သည်။ ထိုစံသတ်မှတ်ချက်က မာနထောင်လွှားခြင်းပင် ဖြစ်သည်။
ယင်းက ထိုရောင်းချသူများကို သူတို့အနေဖြင့် ထိုက်ဟွကုန်သွယ်ရေးဖြင့် အလုပ်လုပ်ကိုင်ပါက သူတို့သည် စားသောက်ရန်အတွက် အသားတောင် ရမည်ဖြစ်သည်။ ထုက်ဟွကုန်သွယ်ရေးကို သစ္စာဖောက်သူများကို စွပ်ပြုတ်တစ်စက်တောင် ရမည်မဟုတ်ပေ။
ကံအဆိုးဆုံးသူများသည် လေနှင့်မိုး ရေနွေးငွေ့စက်များကို တုပထုတ်လုပ်သည့် စက်ရုံများ ဖြစ်ကြသည်။ သူတို့၏ ထုတ်လုပ်စရိတ်ထက် လျော့ကာရောင်းသည့်တိုင်အောင် မည်သူမှ သူတို့၏ ရေနွေးငွေ့စက်ကို မဝယ်ကြပေ။ သူတို့၏ ရေနွေးငွေ့စက်များသည် ကွန်ပရေတာဆိုင်ကြီးများ၏ ထောင့်စွန်းတွင်သာ ထားခံရပြီး မည်သည့်ရောင်းချသူမှ ထိုပစ္စည်းများကို မျက်တောင်တစ်ချက် လှည့်တောင်မခတ်ပေ။
အကယ်၍ ဖုန်းယွီသာ ထိုအရာကို မြင်ခဲ့လျှင်သူသည် ထိုစက်ရုံ၏ ခေါင်းဆောင်များကို သေချာပေါက် အပစ်တင်မည်ဖြစ်သည်။ သူတို့က အတုအပ ပစ္စည်းများကိုတောင် ဘယ်လိုရောင်းရမည် ဆိုသည်ကို မသိပေ။ သူတို့ရေနွေးငွေ့စက်၏ တန်ဖိုးသည် လေနှင့်မိုး ရေနွေးငွေ့စက်ထက် နည်းသည်ဆိုလျှင်တောင် သူတို့အနေဖြင့် ဝယ်ယူသူများကို မည်သို့ဆွဲဆောင်မည်နည်း။ ရေနွေးငွေ့စက်သည် ဆန်းသစ်သည့် ထုတ်ကုန်တစ်ခုဖြစ်ကာ ရေဒီယို သို့မဟုတ် ရုပ်မြင်သံကြား စက်များကဲ့သို့ အိမ်သုံးကုန်ပစ္စည်းမျိုး မရှိကြပေ။ ထိုရေဒီယိုနှင့် TVစက်များကို မိသားစုတိုင်းနီးပါက ဝယ်ယူကြသည်။ ချမ်းသာကြွယ်ဝသည့် လူများသာလျှင် ရေနွေးငွေ့စက်ကို ဝယ်နိုင်မည်ဖြစ်ပေသည်။
အကယ်၍ ထိုသူသည် ဖုန်းယွီသာဖြစ်ပါက သူသည် ထိုတုပသည့် ထုတ်ကုန်များ၏ ဈေးနှုန်းကို မြင့်တင်မည်ဖြစ်ပြီး အကယ်၍ ရောင်းမကောင်းလျှင်တောင် အနည်းဆုံးတော့ အကျိုးအမြတ်သည် အနည်းငယ်များမည်ဖြစ်ပြီး သူ့အနေဖြင့် ထုတ်လုပ်သည့် စရိတ်ကိုလည်း ပြန်လည်ရနိုင်သည်။ ထို့ပြင်သူသည် ထိုအတုအပ ပစ္စည်းများကို ဆက်သွယ်ရေးနည်းပါးသည့် နေရာများသို့ သွားရောက် ရောင်းချနိုင်သည်။ သူတို့အနေဖြင့် လေနှင့်မိုးကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန် အင်အားရှိသည်လော။ သူတို့တွင် ကြော်ငြာအား ကောင်းအောင် လုပ်နိုင်သည်လော။ သူတို့တွင် လှပစွာ ဖန်တီးတတ်သည့် ဒီဇိုင်နာရှိသည်လော။ သူတို့တွင် အဆင့်မြင့်နည်းပညာ ရှိသည်လော။ ထိုစက်ရုံများက တစ်ခုမှ မရှိပေ။ ပြီးနောက် ထိုအရာက ထိုစက်ရုံများ ပိုက်ဆံဆုံးရှုံးသည်က သာမာန် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပေသည်။
သို့သော် ဟိုဟိုက်ထောင်က အနည်းငယ် နောင်တရနေသည်။ ထိုရေနွေးငွေ့ စက်ရုံသည် လေယာဉ်ထုတ်လုပ်သည့် စက်ရုံမှ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပြီး အဘယ့်ကြောင့် လီရှစ်ယုံက TVမှာပါပြီး သူကျမပါရသနည်း။
ဖုန်းယွီကသူ့အား နောက်တစ်ခေါက် နောက်တစ်ခေါက်ဟု နှစ်သိမ့်ရုံသာ တက်နိုင်သည်။
လက်ရှိတွင် လေနှင့်မိုး ရေနွေးငွေ့စက်သည် ဈေးကွက်တွင် အုပ်မိုးရန်အတွက် အဆင်သင့် အနေအထားတွင် ရှိနေသည်။ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်တွင်လည်း ဖြစ်သည်။ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတွင်လည်း ရေနွေးငွေ့စက်များ ရှိပေသည်။ သို့သော် ထိုအရာများသည်လည်း စက်မှုလုပ်ငန်းသုံး အတွက်သာ ဖြစ်ပေသည်။ အိမ်သုံးရေနွေးငွေ့ စက်များသည် ရေနွေးအပူပေးသည့် နည်းစနစ်သာ ဖြစ်ပေသည်။
သူတို့တွင် အက်ထရာစောနစ် နည်းပညာရှိလျှင်တောင် သူတို့သည် ဖုန်းယွီကဲ့သို့ အက်ထရာစောနစ် ရေနွေးငွေ့စက်များကို ထုတ်လုပ်နိုင်စွမ်း မရှိတော့ပေ။ အကြောင်းမှာ ဖုန်းယွီသည် ထိုနည်းပညာအတွက် မူပိုင်ခွင့်အား လက်ဝယ်ကိုင်ဆောင်ထားပြီး မည်သူကိုမှ တူညီသည့်ထုတ်ကုန် ရေနွေးငွေ့စက်ကို ထုတ်လုပ်ခွင့် မပြုထားသည့်အတွက်ပင်။ အကယ်၍ သူတို့သည် ပိုအဆင့်မြင့်သည့် ရေနွေးငွေ့စက်ကို ထုတ်ချင်သည်လော။ ထိုအရာက မဖြစ်နိုင်ပေ။ နောက်ထပ် မျိုးဆက်နည်းပညာသည် နှစ်ထောင်ပြည်နှစ် နောက်ပိုင်းမှသာ တီထွင်နိုင်မည်ဖြစ်ကာ ထိုအရာသည် အလွန်ဈေးကြီးပေ၏။ ထိုနည်းပညာကို အိမ်သုံးရေနွေးငွေ့စက်များတွင် မည်သို့ အသုံးပြုနိုင်မည်နည်း။
နောက်နှစ်ပေါင်း ဆယ်နှစ်အထိ လေနှင့်မိုးသည် ဈေးကွက်တွင် ဦးဆောင်နေပြီး အခြားသော ပူးပေါင်းဆောင်ရွက်မှုမျိုးက သူတို့ကို အန္တရာယ် မဖြစ်စေနိုင်ပေ။
ဖူကွမ်းကျန်းသည် ဖုန်းယွီအတွက် ကောင်းသည့်သတင်းများကိုလည်း ယူဆောင်လာခဲ့သည်။ ရေနွေးငွေ့စက်သည် အရှေ့တောင်အာရှ ဒေသတွင်လည်း ရောင်းအားကောင်းသည်။ ဖူမိသားစုသည် ထိုထုတ်ကုန်ကို ဇိမ်ခံထုတ်ကုန်အဖြစ်ထားကာ တန်ဖိုးကြီးပစ္စည်းများ ရောင်းချသည့် ကွန်ပရေတာ ဆိုင်ကြီးများတွင်သာ ရောင်းချသည်။ တရုတ်ပြည်နှင့် နှိုင်းယှဉ်ပါက အရေအတွက်သည် တရုတ်ပြည်ကို မယှဉ်နိုင်သည့်တိုင် လက်လီဈေးက အလွန်မြင့်သည်။
ဖုန်းယွီအတွက် ပိုအံ့အားသင့်စရာ ကောင်းသည့်သတင်းသည် ဥရောပနှင့် အမေရိကန်ပြည်ထောင်စု ဈေးကွက်များသည် တရုတ်နိုင်ငံ၏ ရောင်းရသည့် အရေအတွက်နှင့် အတူတူနီးပါး ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု ဈေးကွက်တွင်ဖြစ်သည်။ ထိုနေရာသည် ဖူကွမ်းကျန်းကို ဈေးနှုန်းမြင့်တင်ပေးရန် ဖုန်းယွီတောင်းဆိုခဲ့သည့် ဈေးကွက်ဖြစ်သည်။
ဖူကွမ်းကျန်းက ဖုန်းယွီသည် ရောင်းချသူများ၏စိတ်ကို တကယ်ဖတ်ရှု့နိုင်သည့် သူဖြစ်ကြောင်းကိုပါ ပြောလိုက်သေးသည်။ ထိုအမေရိကန်များသည် ဖုန်းယွီပြောသည့်အတိုင်း ဖြစ်သည်။ သူတို့သည် ဈေးအကြီးဆုံး ထုတ်ကုန်ကိုသာ ဝယ်ကြသည်။ သို့သော် ကောင်းသည့်ထုတ်ကုန်တော့ သိပ်မစဉ်းစားကြပေ။
အချို့သော ကုမ္မဏီများသည် ဖူမိသားစုထံ ချဉ်းကပ်ကာ သူတို့သည်လည်း ထိုမူပိုင်ခွင့်အတွက် စိတ်ဝင်စားကြောင်း ညွှန်ပြကြသည်။ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် သူတို့သည် ထိုမူပိုင်ခွင့်အတွက် တရားဝင် လုပ်ပိုင်ခွင့်ကိုတောင် ရချင်ကြသည်။
သို့သော် ဖုန်းယွီက ထိုတောင်းဆိုမှုများ အားလုံးကို ပယ်ချလိုက်သည်။
ယခုအချိန်သည် ဖုန်းယွီစိုက်ပျိုးထားသည့် အကျိုးအမြတ်များကို ရိတ်သိမ်းရန်ဖြစ်ပြီး သူ့အနေဖြင့် အခြားသောသူများအား တရားဝင်လုပ်ပိုင်ခွင့် လွှဲပြောင်းပေမည် မဟုတ်ပေ။ အကယ်၍ သူတို့သည် မိုးလောက်မြင့်သည့် ဈေးပေးရင်တောင် သူ့အနေဖြင့် မူပိုင်ခွင့်ကို တစ်ခြားသူများကို တရားဝင် လုပ်ကိုင်ခွင့် ပေးမည်မဟုတ်ပေ။ ယခုအချိန်သည် လေယာဉ်ထုတ်လုပ်သည့် စက်ရုံနှင့် ဆက်ဆံရေးကို အညံ့အရမ်း မခံသင့်သည့်အချိန် ဖြစ်သည်။ အကယ်၍သူသည် အခြားကုမ္မဏီကို ရောင်းချခွင့်ပေးပါက ဖူမိသားစုကို အာခံရာရောက်ပေသည်။ ဖူမိသားစုသည် နိုင်ငံခြားဈေးကွက်တွင် တာဝန်ယူထားသူ ဖြစ်သည်။ ထိုနိုင်ငံခြားဈေးကွက်ကို သူတို့၏ အဓိက ဝင်ငွေလမ်းကြောင်းအဖြစ် စဉ်းစား၍ရပေသည်။ ဂျပန်ဈေးကွက်နှင့် မတူပေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက် အမြတ်များစွာရရှိသည့် ကာလရောက်လာမည်ဖြစ်သည်။ ထို့နောက် ဖုန်းယွီသည် လုပ်ပိုင်ခွင့်ကို ရောင်းချပြီး ရသည့်ငွေကြေးများကိုလည်း လေယာဉ်ထုတ်လုပ်သည့် စက်ရုံနှင့် စက်ပစ္စည်းစက်ရုံများကို လျော်ကြေးအချို့ ပေးခိုင်မည်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဖုန်းယွီသည် နိုင်ငံခြားသား ကုမ္မဏီများကို မူပိုင်ခွင့် လုပ်ပိုင်ခွင့်ပေးရန် ခွင့်မပြုထားကြောင်း စာချုပ်ထဲတွင် ဖော်ပြထားသည်။ ထိုအရာက ပြည်တွင်းကုမ္မဏီများကို လုပ်ပိုင်ခွင့် မပေးဟု တားမြစ်ထားသည့်ပုံ မပေါ်ပေ။
ဖုန်းယွီသည် လီရှစ်ယုံနှင့် ဟိုဟိုက်ထောင်တို့ကို နိုင်ငံခြား ရောင်းအားကို ပြသည့်အခါ သူတို့က မှင်သက်သွားကြသည်။ နိုင်ငံခြားရှိ ရောင်းအားသည် တရုတ်ဈေးကွက်ထက် နှစ်ဆခန့်ဖြစ်သည်။
ဖုန်းယွီသည် ထိုရေနွေးငွေ့စက်များ၏ ရောင်းအားသည် တရုတ်ပြည်နှင့် ယှဉ်လျှင် လွန်စွာများသည်ဟု ပြောခဲ့သည်လော။ ဥရောပသားများနှင့် အမေရိကန်သားများ အားလုံးက အလွန်ချမ်းသာသည်လော။ ပြီးခဲ့သည့်အခေါက်က ဖုန်းယွီသည် သူတို့အား ထုတ်လုပ်မှု မြင့်တင်ရန် လိုအပ်သည်ဟု ပြောခဲ့သည်။ သို့သော် လီရှစ်ယုံက မလိုအပ်ဟု ပြန်ပြောခဲ့သည်။ သို့သော် ရောင်းအားကို ကြည့်ပြီးနောက် လီရှစ်ယုံသည် ချက်ချင်းပင် စက်ရုံကို ပြန်သွားကာ ထုတ်ကုန်ကို တိုးမြင့်ရန်အတွက် လိုအပ်သည့် အစီအစဉ်များကို ချက်ချင်းလုပ်တော့သည်။ သူတို့အနေဖြင့် တင်ပို့ရာတွင် နောက်ကျမှုမရှိအောင် ဆောင်ရွက်ရမည်ပင်။ ပြည်ပသို့ တင်ပို့ခြင်းသည် ပြည်တွင်းဈေးကွက်ထက် ပိုရသည့်အတွက်ပင် ဖြစ်သည်။
လေနှင့်မိုး ရေနွေးငွေ့စက် အောင်မြင်ပြီးနောက် ခမဲသာသည် ထိုက်ဟွကုန်သွယ်ရေးသို့ တဖန်ပြန်လာခဲ့သည်။