← Chapters

တစ်ကြိမ်တည်း စီးပွားရေး

Vol. 9 Ch. 135

တစ်ကြိမ်တည်း စီးပွားရေး

Vol. 9 Ch. 135

ခမဲသာမာဆော ဖုန်းယွီကို တွေ့သည် အခိုက် အတန့်တွင် ခမဲသာက ဖုန်းယွီကို ၉၀ ဒီဂရီ ဦးညွှတ်လေသည်။ ထိုအရာက ဖုန်းယွီကို မြန်မြန်ဆန်ဆန်နှင့် လက်ခံစေကာ ပြန်လက်ဆွဲ နှုတ်ဆက်မည် ဖြစ်သည်။

“မစ္စတာ ဖုန်း ကျွန်တော်တို့ရဲ့ ကုမ္ပဏီက တကယ်ကို စိတ်ရောကိုယ်ပါ လုပ်ကိုင်ချင်တာပါ ပြီးတော့ ကျွန်တော်တို့ အနေနဲ့ ရောင်းရတဲ့ ရေနွေးငွေ့စက်တိုင်းမှာ လိုင်စင်ကြေး ၁၀ဒေါ်လာ ပေးပါမယ်။ ဒါက တကယ်ကို အရမ်းများတဲ့ ပမာဏပါ။ ဂျပန်ဈေးကွက်က အရမ်းလည်း မကြီးပါဘူး”

“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ အဲတာက အဓိက ပြဿနာ မဟုတ်ဘူး။ အရေးကြီးဆုံး အချက်က ခင်ဗျားက မူပိုင်ခွင့်ကာလ အတိုင်း လုပ်ပိုင်ခွင့် လွဲအပ်ခြင်းကို ဝယ်ယူနေတာ။ ပြီးတော့ ခင်ဗျား အနေနဲ့ လုပ်ပိုင်ခွင့်လွဲအပ်ခြင်း ငွေကို တစ်ခါတည်း ပေးဖို့ လိုတယ်။”

နောက်တစ်နှစ်တွင် ဂျပန်၌ ငွေရေးကြေးရေး အကြပ်အတည်း ပေါ်ပေါက်လာမည် ဖြစ်ကာ များစွာသော ဂျပန် ကုမ္ပဏီများသည် ဒေဝါလီ ခံကြရသည်။ Black Dragonကုမ္ပဏီသည် ကံဆိုးသည့် ကုမ္ပဏီ တစ်ခု ဖြစ်နေမည်လောဆိုသည်ကို မည်သူက သိမည်နညး်။

မူပိုင်ခွင့် လွဲအပ်ခြင်းငွေကို မျှော်မှန်းထားသည်ထက် နည်းသည့်တိုင် ယခုကတည်းက ကောက်ထားရမည် ဖြစ်သည်။ အကယ်၍ အခကြေးငွေကကို တစ်နှစ်ပြီး တစ်နှစ်သာ ကောက်ပါက ဖုန်းယွီအနေဖြင့် ဒုတိယမြောက်နှစ်တွင် ငွေရမည်လားဆိုသည်ကို မည်သူက သိမည်နည်း။ သို့သော် ယခု ဖုန်းယွီအနေဖြင့် နောက်ထပ် ၁၀နှစ်စာ အတွက် ကောက်ခံ ရရှိရန်က သေချာနေပြီ ဖြစ်သည်။

သို့သော် ဖုန်းယွီအတွက် အန္တရာယ်ကလည်း များလှပေသည်။ ပြီးနောက် သူအနေဖြင့်လည်း အရဲ မစွန့်စားရဲပေ။ အကယ်၍ သူလက်ရှိတွင် ဒေါလာ ၅၀ လုပ်နိုင်ခဲ့ပါက အဘယ်တွက် ၁၀နှစ်အတွက် ဒေါ်လာ ၁၀၀ကို စောင့်နေဦးမည်နည်း။ အကယ်၍ ဖုန်းယွီသာ လက်ရှိတွင် ဒေါ်လာ ၅၀ ရင်းနှီးမြှပ်နှံပါက ယခုနှစ်တွင် ထိုငွေ၏ နှစ်ဆ ရမည် ဖြစ်သည်။

“မစ္စတာ ဖုန်း ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ တစ်ခါတည်း ပေးရမယ်ဆိုရင်တော့ ဒါက ကြီးမားတဲ့ ဖိအား တစ်ခုပဲ။ ဒါအပြင်က ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ အခုရေ ၁သန်းရောင်းချဖို့ ဆိုတာက တော်တော်လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး။”

ဖုန်းယွီက ခေါင်းခါသည့် အမူအရာ လုပ်ပြလိုက်ကာ

“အဲတာက မဖြစ်နိုင်ဘူး။ ခမဲသာ နောက်ဆုံးတစ်ခေါက် ခင်ဗျားပြောတာက ဂျပန်မှာ လူဦးရေ သန်းတစ်ရာကျော် ရှိတယ်။ ပြီးတော့ အဲထဲက သန်းနှစ်ဆယ်က ကြွယ်ဝ ချမ်းသာတဲ့ သူတွေ ဖြစ်ကြတယ်။ မိသားစုဝင်တွေနဲ့ ရုံးတွေကို ပေါင်းလိုက်မယ်ဆိုရင် နောက်ထပ် ၁၀နှစ်အတွင်း အနည်းဆုံး အခုရေ ၁သန်းက ရောင်းနိုင်မှာပဲ။ ဒီစကားလုံးတွေက ခင်ဗျား ပြောခဲ့တဲ့ အတိုင်းပဲနော်”

ခမဲသာမာဆောသည် ခါးသက်သည့် သွင်ပြင်မျိုး ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူက ဂျပန်၏ ဈေးကွက်ကို ချဲ့ကားပြောခဲ့တာ ဖြစ်ကာ ထိုအရာများ အားလုံးသည် ဖုန်းယွီ၏ မူပိုင်ခွင့်ကြေးကို လျော့ချရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

“မစ္စတာဖုန်း အဲကိန်းဂဏန်းတွေက ခန့်မှန်းခြေပဲ ပြီးတော့ အဲတာက အကောင်းဆုံး အခြေအနေလေ။ ဒါပေမဲ့ ဈေးကွက်က အံ့ဩမှုတွေ အပြည့်နဲ့ ပြီးတော့ ကျွန်တော်တို့ အနေနဲ့ ဘယ်လောက် ရောင်းရမလဲဆိုတာ သေသေချာချာ ဘယ်လိုလုပ် သိနိုင်မှာလဲ။ ကျွန်တော်တို့တွေ အခုရေ ၂သိန်း ဒါမှမဟုတ် ၁သိန်းပဲ ရောင်းရရင် ဘယ်လိုလုပ်မလဲ။”

နောက်ဆုံးတွင် ခမဲသာက ကောင်းမွန်သည့် အကြောင်းပြချက် တစ်ခုကို ရှာလိုက်ကာ သိုသိုဝှက်ဝှက်ဖြင့် ထုတ်ဖော်လိုက်သည်။

“အဲလိုလား မဖြစ်နိုင်ဘူးလား။ ခင်ဗျားရဲ့ ကုမ္ပဏီက အရမ်းကို အားနည်းတယ် ဆိုမှတော့ ဘာကြောင့် ခင်ဗျားရဲ့ ကုမ္ပဏီကို ဘာလို့ ကျွန်တော်က လုပ်ပိုင်ခွင့်ကို ပေးရမှာလဲ။ ကျွန်တော် အနေနဲ့ ခင်ဗျားရဲ့ ကုမ္ပဏီကို တင်ပို့ဖို့ ဆိုတာလည်း ကျွန်တော်ပဲ ရွေးချယ်နိုင်တာ ဒါမှ မဟုတ် ပိုကောင်းတဲ့ ကုမ္ပဏီ တစ်ခုကို ရှာနိုင်တယ်။ ဉပမာ Shark, Panasonicကုမ္ပဏီတွေနဲ့ အလုပ် တွဲလုပ်လို့ ရတယ်။ အဲကုမ္ပဏီက ကျွန်တော်တို့ရဲ့ နိုင်ငံခြား ကုမ္ပဏီ ရုံးခွဲကို ဆက်သွယ်တာ တစ်ကြိမ်မကတော့ဘူး။”

ဖုန်းယွီက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေကြားလိုက်သည်။

ထိုကုမ္ပဏီ နှစ်ခု အနေဖြင့် ဟောင်ကောင်မှာ ရှိသည့် ဖူကွမ်းကျန်းကုမ္ပဏီဆီ တကယ် ဆက်သွယ်ခဲ့သည်လား။ သို့သော် ပထမ အကြိမ် သူတို့ တွေ့ဆုံချိန်တွင် ညှို့နှိုင်းမှုသည် ပျက်ခဲ့ရသည်။ အကြောင်းမှာ ယင်းကုမ္ပဏီ နှစ်ခုသည် သူတို့ကို ဂျပန်ဈေးကွက်တွင်သာ ရောင်းရန် ခွင့်ပြုခြင်း ဖြစ်ကာ မူပိုင်ခွင့် ဈေးနှုန်းသည်လည်း အလွန်မြင့်မားနေသည့် အတွက်ပင် ဖြစ်၏။

သို့သော် Black Dragon ကုမ္ပဏီ လီမိတက်အနေဖြင့် ထိုအကြောင်းကို မသိသေးပေ။ ယင်းက ခမဲသာအား စိုးရိမ် ပူပန်သွားစေသည်။ အကယ်၍ သူအနေဖြင့် ယခု သဘောတူညီမှုကို မရယူနိုင်ပါက တရုတ်ပြည် ကိုယ်စားလှယ်ဟူသော ရာထူးသည် သူနှင့် လားလားမျှ သက်ဆိုင်တော့မည် မဟုတ်ကာ အလုပ်လည်း အထုတ်ခံရနိုင်သည်။

“မစ္စတာဖုန်း ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို ဦးစားပေး အနေနဲ့ ကျေးဇူးပြုပြီး စဉ်းစားပေးပါ။ ကျွန်တော်တိုက စိတ်ရင်းမှန် အတိုင်းပါ။”

ခမဲသာ မာဆောသည် ထရပ်လိုက်ကာ ဖုန်းယွီကို နောက်ထပ် ၉၀ဒီဂရီ ကိုင်းကာ ဦးညွှတ်လိုက်ပြန်သည်။

သူသည် တရုတ်ပြည်တွင် ၈နှစ်နီးပါး အခြေချပြီး များစွာသော တရုတ်လူမျိုးများနှင့် တွေ့ဆုံခဲ့သည်။ သူတို့က သူ့အား ရန်သူ တစ်ယောက်သို့မဟုတ် ငွေအရမ်းလိုချင်သည့် လူဟု ဆက်ဆံကြသည်။ ယခုအခေါက်တွင် သူ့ကို လုံးဝ လျစ်လျူရှုသည့် လူတစ်ယောက်ကို ပထမဆုံး အကြိမ် တွေ့ရခြင်း ဖြစ်ပေသည်။

ဖုန်းယွီက သူ့ကို ရှက်ရွံ့သည့် ခံစားချက်မျိုး ပေးနေသည်ဟုခံစားနေရသည်။ ထိုသူသည် လူငယ် တစ်ယောက် အစား အသက်လေးဆယ် ဝန်းကျင်ရှိ လူတစ်ယောက် ဖြစ်ပေသည်။ သို့သော် သူ ဦးညွှတ်နေသည့် သူက အထက်တန်း ကျောင်းသား အရွယ် လူငယ် တစ်ယောက် ဖြစ်သည်။

ဖုန်းယွီသည် မူပိုင်ခွင့်အတွက် ပိုင်ဆိုင်မှု အပြည့်အဝ ရှိပြီး ယင်းသည်လည်း အခြားသူ လိုချင်နေသည့် အရာဖြစ်သည်။ ထို့ပြင် ဖုန်းယွီသည် သူ့ရေနွေးငွေ့စက်များက တရုတ်ပြည်နှင့် နိုင်ငံတကာဈေးကွက်တွင် နာမည်ကျော်ကြားကြောင်း ပြသပြီး ဖြစ်သည်။ ထိုအရာက သူ၏ မူပိုင်ခွင့်ကို ပိုတန်ဖိုး ရှိစေသည်။

ဖုန်းယွီအနေဖြင့် Black Dragon ကုမ္ပဏီ လိမိတက်ကို လုပ်ပိုင်ခွင့် လွဲပြောင်းရန် မလိုအပ်တော့ကြောင်း ထိုအရာကက ရှင်းရှင်းလင်းလင်း ပြသနေပေသည်။ ဂျပန်ကို ဖုန်းယွီကိုယ်တိုင် ရေနွေးငွေ့စက် တင်ပို့က ပိုက်ဆံ ရှာနိုင်ပေသည်။

ခမဲသာ၏ သွင်ပြင်ကို ကြည့်ရင်း ဖုန်းယွီသည် သူ အောက်ဆုံးရောက်လု နီးပါး ဆွဲချလုနီးပါး ဖြစ်သွားကြောင်း သိလိုက်သည်။ သူက ဒေါ်သာ ၁၀သန်းကို တောင်းဆိုလိုင်ခြင်း ဖြစ်ကာ Black Dragonကုမ္ပဏီကဲသို့ ကုမ္ပဏီ သေးသေးလေးကိုမူ မဆိုထားနှင့် Sharpကဲ့သို့သော ကုမ္ပဏီ ကြီးများတောင် သူ့ကို ငြင်းမည် ဖြစ်သည်။

ဈေးကွက်အတွက် ဒေါ်လာ ၁၀သန်းဆိုသည့် ပမာဏက သိသာထင်ရှားစွာ များပြားနေသည့် ပမာဧ ဖြစ်ကာ သူတို့အနေဖြင့် ထို ဒေါ်လာ၁၀သန်းဖြင့် သူတို့၏ သုသေသန ဖွဲ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ရင်းနှီးမြှပ်နှံကာ ထုတ်ကုန် အသစ်များကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ဖုန်းယွီသည် ပိုက်ဆံများများ လိုချင်ရသည့် အကြောင်းအရင်းမှာ ယခုနှစ်နှောင်းပိုင်းတွင် စတင်မည် စတော့ဈေးကွက်တွင် ရင်းနှီးမြှပ်နှံ့သည့် အစီအစဉ်ကြောင့်သာ ဖြစ်သည်။ လက်ရှိတွင် သူ့အနေဖြင့် ခမဲသာကို လိုက်လျောရမည့် ပုံပေါက်သည်။

“ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ ခင်ဗျားအတွက် ခန့်မှန်းချေ အနေနဲ့ တစ်နှစ်ကို ရောင်းအားက အခုရေ တစ်သိန်း ဝန်းကျင် ပြီးတော့ အဲ့အတွက် ဒေါ်လာ ငါးသန်း။ မင်းက ငါ့ကို ငါးနှစ်စာအတွက် ဒေါ်လာ၅သန်းကို မူပိုင်ခွင့် အဖြစ်ပေးထားရမယ်။ ငါ့အနေနဲ့ မင်းကို အများကြီး လိုက်လျောပေးထားပြီးပြီ။ ဟုတ်တယ်မလား။”

“တစ်နှစ်အတွက် တစ်ခါတည်း ပေးဖို့က ကိစ္စသိပ်မရှိဘူး။ ဒါပေမဲ့ ၅နှစ်အတွက်က အရမ်းကို များလွန်းနေတယ်။”

ခမဲသာ၏ မျက်လုံးများက တောက်ပလာသည်။ ဖုန်းယွီ၏ အလျော့ပေးလိုက်ခြင်း အဓိပ္ပာယ်ကား သူ့အနေဖြင့် နောက်ပိုင်းတွင် ဆက်လက်ညှိနှုန်းရန် ဆန္ဒရှိသည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

ဖုန်းယွီက အနည်းငယ် ပြဿနာ ရှိသည့် ပုံ တစ်ချက် ပြလိုက်ပြီးနောက် ပြောလိုက်သည်။

“တစ်နှစ်အတွက်ပဲ ပေးတာက လုံးဝ အဆင်မပြေတဲ့ ကိစ္စပဲ။ ကျွန်တောရဲ့ ကုမ္ပဏီကိုတောင် အဖြေ ပြန်ပေးနိုင်မှာ မဟုတ်တော့ဘူး။ သုံးနှစ်ဆိုရင်ကော ဘယ်လိုလဲ။ သုံးနှစ်ပြီးတဲ့နောက် နှစ်စဉ် နှစ်တိုင်း ပေးရမယ်။ နှစ်တိုင်း နှစ်တိုင်း မင်းတို့ရဲ့ ကုမ္ပဏီက မင်းတို့ ထုတ်လုပ်တဲ့ အစီအရင်ခံစာကို ပေးရမယ်။ မင်းတို့ရဲ့ မူပိုင်ခွင့်အတွက် ပေးဖို့ လိုအပ်တယ်”

“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ အဲတာက ထုတ်လုပ်တဲ့ အစီအရင်ခံစာ မဟုတ်ဘူးလေ။ အဲတာက အရောင်းစာရင်း အစီအရင်ခံစာ မဟုတ်ဘား။”

ခမဲသာက ပြန်ပြောလိုက်သည်။ အစီအရင်ခံစာနှစ်ခုသည် ကြီးမားသည့် ကွာဟချက်များ ရှိနေသည်။

“ကောင်းပြီ။ အရောင်း အစီအရင်ခံစာ။ ငါအဲတာကို သဘောတူတယ်။ သုံးနှစ်အတွက် ဒေါ်လာသုံးသန်းကို တစ်ပတ်အတွင်း ငါ့ရဲ့ ဘဏ်အကောင့်ကို လွှဲထားပေး။ ပြဿနာရှိလား”

ဖုန်းယွီသည် သည်းမခံနိုင်သည့် ပုံ ဖြစ်နေသည်။ သို့သော် သူက ခမဲသာဆီမှာ သုံးနှစ်စာအတွက် မူပိုင်ခွင့် ကြေး ဒေါ်လာသုံးသန်းကို ရောင်းမည် ဖြစ်သည်။

ခမဲသာသည် တခဏကြာ တိတ်ဆိတ်နေပြီးနောက် အချိန်အကြာကြီး မပြောဘဲ နေနေသည်။

“မစ္စတာဖုန်းယွီ ကျွန်တော် အနေနဲ့ ဉက္ကဋ္ဌနဲ့ ပြောဖို့ လိုပါသေးတယ်။ ခင်ဗျားဆီ သဘက်ခါကျ ပြန်လာခဲ့ပေးမယ်။”

“မနက်ဖြန်။ တကယ်လို့ မင်းအနေနဲ့ မနက်ဖြန်မှာ အဖြေ ပြန်မပေးနိုင်ရင် နောက်ထပ် ထပ်ပြီး ဆွေးနွေးစရာ အကြောင်း မရှိတော့ဘူး။”

ဖုန်းယွီက ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

ခမဲသာ ထွက်သွားပြီးနောက် ဖုန်းယွီက ပျော်ရွင်စွာဖြင့် ထခုန်လိုက်သည်။ မူပိုင်ခွင့် ကြေးသည် ဒေါ်လာ၃၀မှ ၁၀ဒေါ်လာထိ နည်းသွားသော်ငြား ပေးရမည့် စနစ်သည် ခန့်မှန်းချေ ရောင်းအားနှုန်းဖြင့် သုံးနှစ်စာ တစ်ပြိုင်နက်တည်း ပေးချေရမည် ဖြစ်သည်။

ဒေါ်လာသုံးသန်းနှင့် ထိုက်ဟွ ကုန်သွယ်ရေး ရန်ပုံငွေနှင့် ဆိုလျှင် ဖုန်းယွီအနေဖြင့် နောက်နှစ် စတော့ဈေးကွက်ကို သေချာပေါက် သတ်နိုင်မည် ဖြစ်သည်။ အမြတ်သည်လည်း လျှပ်စစ်ပန်ကာ နှင့် ရေနွေးငွေ့စက် ရောင်းရသည်ထက် များမည်ပင် ဖြစ်သည်။

နောက်တစ်နေ့တွင် ခမဲသာသည် ထိုက်ဟွ ကုန်သွယ်ရေးကို ပြန်လာခဲ့သည်။ သို့သော် သူတို့အနေဖြင့် သုံးနှစ်စာ တစ်ပြိုင်နက် ပေးရမည်ကို သဘောမတူပေ။ သူတို့က အထူးလုပ်ပိုင်ခွင့်အနေဖြင့် ဂျပန်ဈေးကွက်တွက် မူပိုင်ခွင့်ကို ဒေါ်လာငါးသန်းဖြင့် လိုချင်ခဲ့သည်။ ယင်းအဓိပ္ပာယ်ကား ထိုက်ဟွကုန်သွယ်ရေး အနေဖြင့် အခြားသော ဂျပန်ကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးနိုင်မည် မဟုတ်ကာ ဂျပန်ဈေးကွက်သို့ ရေနွေးငွေ့စက်များ တင်ပို့ရန်လည်း ခွင့်မပြုထားခြင်း ဖြစ်သည်။ ဂျပန်ဈေးကွက်အတွက် သူတို့ကိုယ်တိုင်သာ လုပ်ပိုင်ခွင့် ရှိမည်ကို ဆိုလိုခြင်း ဖြစ်သည်။

သူတို့ ဉက္ကဋ္ဌသည် မူပိုင်ခွင့် နည်းပညာအတွက် ဘဏ်မှ ချေးငွေကို ရယူခဲ့သည်။ သူ့အနေဖြင့် သုံနှစ်စာ အတွက် တစ်ပြိုင်နက် ငွေပေးချေရခြင်းထက် နောက်နှစ်များ အတွက် မူပိုင်ခွင့်ကြေးကို ပေးရခြင်းက ပိုတန်ကြောင်း ခံစားမိသည်။

ဒေါ်လာ ၅သန်းလား။ ဖုန်းယွီက တစ်ခဏကြာ တွန့်ဆုတ်နေလိုက်သော်လည်း လက်ခံလိုက်သည်။ ဖုန်းယွီအနေဖြင့် အရှုံးကို ပြုလုပ်လိုက်သည်ဟု ထင်ဖွယ်ရှိနိုင်သည်။ သို့သော် ဖုန်းယွီ၏ နောက်ထပ် ရေနွေးငွေ့စက် နည်းပညာကို နောက်ထပ် ၅နှစ်တွင် သေချာပေါက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်မည် ဖြစ်သည်။ ထိုအခါကျ Black Dragon ကုမ္ပဏီ၏ နည်းပညာသည် ခေတ်နောက်ကျသွားမည် ဖြစ်ကာ နောက်ထပ် နည်းပညာအား သူတို့ကို တစ်ဖန် ရောင်းချနိုင်မည် ဖြစ်သည်။

ထပ်ပြောရလျှင် ဂျပန်ဈေးကွက်အတွက် ရေနွေးငွေ့စက် ဈေးကွက်သည် အလွန်ပင် နည်းပါးသည်။ ပြီးနောက် ဖုန်းယွီအနေဖြင့် ဈေးကွက် ဆုံးရှုံးသည်ဟုလည်း မခံစားရပေ။ သူ့အား ဒေါ်လာ ၅သန်းပေးခြင်းက ပိုပြီးလက်တွေ့ကြပေသည်။ သူ့အနေဖြင့် ဒေါ်လာ ၅သန်းကို တစ်နှစ်အတွင်း ဒေါ်လာ ၁၀သန်း အဖြစ် ပြောင်းလဲအောင် လုပ်ဆောင်နိုင်ပေသည်။

All Chapters