← Chapters

ဘုရင်အဆင့်နှင့် တိုက်ပွဲ

Vol. 6 Ch. 76

ဘုရင်အဆင့်နှင့် တိုက်ပွဲ

Vol. 6 Ch. 76

အဇူရာနယ်မြေတစ်ခုလုံး သေမင်းနယ်မြေတစ်ခုအလား တိတ်ဆိတ်သွားခဲ့၏။

ဘုရင်အဆင့်တစ်ယောက်ဖြစ်သည့် မေ့ပျောက်ဘုရင်နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်နေရခြင်းဖြစ်လေသည်။

လူတိုင်း၏ နှလုံးသားများ ချောက်နက်ထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။

“ လူတိုင်း… ကျုပ်နောက်လိုက်ခဲ့ကြ.. ဟွမ်ဖူမိသားစုက အပြာရောင်ဘုရင်နဲ့ ရှန်းမိသားစုက ရှန်းဘုရင်တို့လည်း ဒီကိုရောက်နေကြပြီ.. ကျုပ်တို့ မေ့ပျောက်ဘုရင်ကို ခဏတားထားနိုင်ဖို့ပဲလိုတယ်.. ဟူးးး…”

ထိုစကားအားပြောလိုက်သူမှာ အဇူရာနဂါးဖြစ်လေသည်။ မေ့ပျောက်ဘုရင်အား တားဆီးရန်အတွက် ဘုရင်တစ်၀က်အဆင့်များအား သွေးဆောင်လိုက်၏။ သို့သော် သူ၏ စကားမဆုံးခင်မှပင် သက်ပြင်းချလိုက်မိသည်။

သူ့စကားအား သူပင် မယုံကြည်ချေ။

ဘုရင်တစ်၀က်အဆင့်တွေက ဘုရင်တစ်ယောက်ကို တားဆီချင်တာလား…

ဘယ်လိုဖြစ်နိုင်ပါ့မလဲ…

တစ်ယောက်နှစ်ယောက်အား ထားလိုက်ဦးတော့.. ဘုရင်တစ်၀က်အဆင့် ဒါဇင်နှင့်ချီရှိလျှင်ပင် ဘုရင်အဆင့်တစ်ယောက်ရှေ့တွင် ‌ပုရွက်ဆိတ်များထက်မပိုပေ။

“ အပြာရောင်ဘုရင်နဲ့ ရှန်းဘုရင်တဲ့လား.. လက်ရှိအချိန်မှ သူတို့ကိုယ် သူတို့တောင်ကာကွယ်နိုင်ပါ့မလား.. ဘာတွေမျှော်လင့်နေတာလဲ…”

မေ့ပျောက်ဘုရင်က ရက်စက်လိုဟန်ဖြင့်ပြုံးလိုက်ပြီး ရွှမ်ယီအား ငုံ့ကြည့်လိုက်၏။

“ ကဲ.. အခုတော့ မင်းကို ဘယ်သူကာကွယ်ပေးနိုင်မလဲ ကြည့်ရအောင်…”

“ ခွေးကောင်လေး.. မင်း အခုနောင်တရနေပြီလား.. ဟားဟား.. ငါပြောတာကို သဘောမတူတဲ့အတွက် မင်း‌ နောင်တရသွားစေရမယ်…”

“ ဟီးဟီ.. မောင်ငယ်လေး.. မင်းက စောနက အရမ်းရက်စက်တာပဲ.. အစ်မကြီးက အရမ်းကြောက်သွားတာ.. ဟောဒီက အစ်မကြီးကို ရှေ့တက်လာဖို့မပြောတော့ဘူးလား.. အခု အစ်မကြီးရှေ့ထွက်လာပြီလေ.. ‌မောင်လေး လုပ်ချင်တာလုပ်လို့ရပြီ…”

အစောပိုင်းက ရွှမ်ယီအား ကြောက်လန့်နေသည့် လှပသော အနက်၀တ်အမျိူးသမီးက လက်ရှိအခြေအနေအားမြင်လျှင် ရှေ့ထွက်လာပြီး လှောင်ပြောင်လိုက်၏။

ဘန်း.!

ရွှမ်ယီထံမှ ထက်ရှသော ‌ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအမျိုးသမီးထံပြေး၀င်သွားခဲ့သည်။

စွမ်းအားကောင်းသော ဓားရည်ရွယ်ချက်က သူမအား လှုပ်မရအောင် ထိန်းချုပ်ထားခဲ့၏။

“ ဒီဘုရင်ရဲ့ရှေ့မှာ မင်းက ငါ့လူတွေကို ထိရဲတာလား… မင်းကို အဲ့လိုသတ္တိမျိုး ဘယ်သူက ပေးလိုက်တာလဲ..”

မေ့ပျောက်ဘုရင်က ရွှမ်ယီ၏ ရည်ရွယ်ချက် အောင်မြင်သွားစေရန် ခွင့်မပြုနိုင်ချေ။ သူ၏ ရှေ့တွင် သူ့လူများအားသတ်မည်ကို မည်သို့လက်ခံနိုင်မည်နည်း။

မေ့ပျောက်ဘုရင်က လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ဓားစွမ်းအင်များကို လွင့်ပျယ်သွားစေခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ မေ့ပျောက်ဘုရင်ရှေ့တွင် လှပသော အနက်၀တ်အမျိုးသမီးအား သတ်ရန် ဘယ်လိုမှမဖြစ်နိုင်ချေ။

“ ဟိုးဟိုး.. အရမ်းကြောက်ဖို့ကောင်းတာပဲ.. ငါ့နှလုံးသားလေးတောင် ခုန်နေတာ ရပ်သွားမတတ်ပဲ…”

ရွှမ်ယီက သူမအား သတ်လိုသော်လည်း မသတ်နိုင်သည်အားမြင်လျှင် အနက်၀တ်အမျိုးသမီးက ပို၍ပင် ၀မ်းမြောက်သွားခဲ့သည်။

“ ကောင်းပြီလေ.. ဒါဆိုလည်း ခင်ဗျားကို အရင်သတ်ရတာပေါ့…”

ရွှမ်ယီက အနက်၀တ်အမျိုးသမီးအား သတ်ရန် စိတ်ကူးကိုစွန့်လွှတ်လိုက်ပြီး မေ့ပျောက်ဘုရင်အား စိုက်ကြည့်လိုက်၏။

ရွှမ်ယီ၏ လေထဲသို့ မြောက်တက်သွားပြီး သူလက်တွင်း၌ ဓားတစ်ချောင်း ကိုင်ဆွဲထားလေသည်။ ထို့နောက် စကားလုံးသုံးလုံး သူ၏ နှုတ်ဖျားမှ ထွက်လာခဲ့သည်။

“ ဟင်းလင်းပြင်ဓား နယ်မြေ…”

ဘန်း…!

ရွှမ်ယီ၏ စကားသံဆုံးသွားသည်နှင့် အနက်ရောင်စွမ်းအင် နယ်ပယ်တစ်ခု ရွှမ်ယီအား ဗဟိုပြုပြီး ပျံ့နှံ့သွားလေသည်။

“ ဒါက ဘာကြီးလဲ…”

မရေမတွက်နိုင်သည့်လူများ ထို ရုန်းရင်းကြမ်းတမ်းသော စွမ်းအားများဖြင့် ပြန့်နှံ့လာသည့် အနက်ရောင်စွမ်းအင် နယ်မြေအား ကြည့်ပြီး ပဟေဠိဖြစ်သွားခဲ့ကြသည်။

၎င်းတို့က စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း နှင့် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများသာဖြစ်၍ ဘုရင်အဆင့်အကြောင်းပင် သိပ်မသိရာ နယ်မြေအကြောင်းကို သိရန်မဖြစ်နိုင်ချေ။

နယ်မြေစွမ်းအားက သူတို့နှင့် အလှမ်းဝေးလွန်းလှသည်။ ၎င်းမှာ ဘုရင်အဆင့်များပင် နားလည်ရန် ခဲယဉ်းသည့် စွမ်းအားမျိုးဖြစ်၏။

မည်သူမှ ထိုအရာကိုမသိကြသော်လည်း အားလုံးထဲတွင် သိသူတစ်ယောက်ရှိနေသည်။

မှန်ပေသည်။ ထိုလူက မေ့ပျောက်ဘုရင်ဖြစ်၏။

ဘုရင်အဆင့်တစ်ယောက်အနေဖြင့် နယ်မြေစွမ်းအားကို မသိစရာအကြောင်းမရှိချေ။

သူ၏ လေသံမှာ မယုံနိုင်စရာတစ်ခုအား တွေ့လိုက်ရသကဲ့သို့ တုန်ယင်နေလေသည်။

“ ဒါ.. ဒါက နယ်.. နယ်မြေပဲ…”

သူ့အသံတွင် ‌ခြောက်ခြားနေမှုများ အတိုင်းသားပါ၀င်နေ၏။

သူမမှားချေ။

၎င်းမှာ နယ်မြေတစ်ခုဖြစ်သည်။

အခြေတည်ဝိညာဉ်အဆင့်(၇) တစ်ယောက်က ဘုရင်များပင်နားမလည်နိုင်သည့် နယ်မြေစွမ်းအားကို နားလည်ထားခဲ့သည်။

ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..

နယ်မြေတစ်ခုက ဘယ်တုန်းက ဒီလောက် နားလည်ရလွယ်သွားတာလဲ…

ဘုရင်အဆင့်တစ်ယောက်ဖြစ်နေသည့်တိုင်အောင် မေ့ပျောက်ဘုရင်တစ်ယောက် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။

အသက် (၂၄) (၂၅) ၀န်းကျင်ဖြင့် ထိုကောင်လေးက အခြေတည်ဝိညာဉ်အဆင့်(၇) သို့ရောက်ရှိနေခဲ့၏။ ထို့အပြင် ဓားရည်ရွယ်ချက်ကိုလည်း နားလည်ထားသေးသည်။

ထိုမျှလောက်က သူလက်ခံနိုင်သေးသည်။

သို့သော် နယ်မြေတစ်ခုအား နားလည်ထားခြင်းကိုမူ လုံး၀လက်မခံနိုင်ပေ။

“ လေလျှပ်စီးဓား…”

နယ်မြေအား အသုံးပြုလိုက်ပြီးသည်နှင့် ရွှမ်ယီက စတင်တိုက်ခိုက်လိုက်၏။

လေလျှပ်စီးဓားချက်က မေ့ပျောက်ဘုရင်ရှိရာဆီသို့ ၀င်ရောက်သွားလေသည်။

ဟင်းလင်းပြင်ဓားနယ်မြေထဲတွင် ရွှမ်ယီသုံးလိုက်သည့် လေလျှပ်စီးဓားချက်က ၎င်း၏ မူလအရှိန်ထက် များစွာလျင်မြန်သွားသည့်အပြင် သတ်ဖြတ်မှုစွမ်းအားလည်း ပို၍ တိုးလာခဲ့လေသည်။

ရွှမ်ယီအနေဖြင့် ဟင်းလင်းပြင်ဓားနယ်မြေအား အသုံးမပြုရသေးခင် ဓားရည်ရွယ်ချက် အဆင့်(၂) အသုံးပြုခဲ့သည့်တိုင်အောင် မေ့ပျောက်ဘုရင်အား အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ချေ။

သို့သော် ဟင်းလင်းပြင်‌ဓားနယ်မြေအား အသုံးပြုလိုက်ချိန်တွင် ရွှမ်ယီ၏ စွမ်းအားများက ဘုရင်အဆင့်တစ်ယောက်အား ခြိမ်းခြောက်နိုင်သည်အထ် တိုးတက်သွားခဲ့၏။

မေ့ပျောက်ဘုရင်ကိုယ်တိုင်လည်း ၎င်းကို နားလည်သည်အတွက် ထို တိုက်ခိုက်မှုအား ထိပ်တိုက်ရင်ဆိုင်ဝံ့ခြင်းမရှိချေ။

ဘုရင်အဆင့်တစ်ယောက်၏ လျင်မြန်လှသော အရှိန်အား အသုံးပြုကာ တိုက်ခိုက်မှုလွတ်ကင်းရာ နေရာတစ်ခု၌ ပြန်ပေါ်လာခဲ့၏။

“ မေ့ပျောက်ဘုရင်.. သူ နောက်ဆုတ်သွားတာလား…”

လူတိုင်း မေ့ပျောက်ဘုရင် နောက်ဆုတ်သွားသည်အား မြင်လိုက်ပြီး ၎င်းတို့ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။

အခြေတည်ဝိညာဉ်အဆင့်(၇)က ဘုရင်အဆင့်တစ်ယောက်ကို နောက်ဆုတ်သွားစေခဲ့တာလား…

“ ဒီ ရွှမ်ယီက တော်တော်ထူးဆန်းတာပဲ..”

မိုထန်က ရွှမ်ယီအားကြည့်ရင်း ပြောလိုက်သည်။

မေ့ပျောက်ဘုရင်၏ ခွန်အားဖြင့် ထိုဓားချက်က သူ့အား ခြိမ်းခြောက်နိုင်စွမ်းမရှိလျှင် နောက်ဆုတ်သွားမည်မဟုတ်ချေ။

‌ယခု သူ နောက်ဆုတ်သွားခဲ့သည်ဆိုကတည်းက ထိုဓားချက်က သူ့အား ခြိမ်းခြောက်နိုင်စွမ်းရှိနေသည့် သဘောပင်။

ဒါပေမယ့်.. အဲ့တာက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…?

သူက ဘုရင်အဆင့် ကျင့်ကြံသူလေ…!

……………..

အခြေတည်ဝိညာဉ်အဆင့်(၇) တစ်ယောက်က ဘုရင်အဆင့်ကျင့်ကြံသူအား နောက်ဆုတ်သွားစေသည် ဟုပြောလျှင် ဤမြင်ကွင်းအား မမြင်ဖူးသူတိုင်း မည်သူမျှ ယုံမည်မဟုတ်ပေ။

ဤနေရာတွင်ရှိနေသော လူများအတွက်မူ သူတို့မယုံကြည်ချင်လျှင်တောင် ဖြစ်ရပ်မှန် အမှန်တရားက သူတို့၏ မျက်စိရှေ့တွင် ရှိနေပေသည်။

“ ခင်ဗျားက ပြန်တော့မလို့လား…”

ရွှမ်ယီက တစ်ချက် တိုက်ခိုက်လိုက်ပြီးနောက် အလွန်စိတ်ကျေနပ်နေခဲ့သည်။

ဟင်းလင်းပြင်‌ဓားနယ်မြေအား အသုံးပြုခြင်းမှာ ယခုမှ ပထမဆုံးအကြိမ်ဖြစ်၏။ သို့သော် ၎င်း၏ စွမ်းအားက ရွှမ်ယီကိုယ်တိုင်ပင် ထိတ်လန့်သွားခဲ့ရသည်။

ဟင်းလင်းပြင်ဓားနယ်မြေ အတွင်းတွင် သူ၏ အမြန်နှုန်း ၊ စွမ်းအား အရာအားလုံး အဆများစွာ တိုးလာခဲ့သည်။

“ ကောင်းလေး.. မင်း မာနကြီးနေတာ တော်လောက်ပြီ…”

မေ့ပျောက်ဘုရင် အလွန်ဒေါသထွက်နေလေသည်။ ရွှမ်ယီက နယ်မြေတစ်ခုအား ထိန်းချုပ်နိုင်သည်ဆိုတော့ကော ဘာဖြစ်သနည်း။ ထိုကောင်လေးက အခြေတည်ဝိညာဉ်အဆင့်(၇)သာရှိသေး၏။ သူက ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

မေ့ပျောက်ဘုရင်၏ ခန္ဓာကိုယ်ပတ်၀န်းကျင်၌ စိတ်ဝိညာဉ်စွမ်းအားများ အပြင်းအထန်လှုပ်ရှားလာခဲ့သည်။ ယခုတွင် သူ အလေးအနေထားကာ တိုက်ခိုက်ပေတော့မည်။

All Chapters