← Chapters

ဘုရင်အဆင့်အား သတ်ဖြတ်ခြင်း

Vol. 6 Ch. 77

ဘုရင်အဆင့်အား သတ်ဖြတ်ခြင်း

Vol. 6 Ch. 77

စိတ်ဝိညာဉ်စွမ်းအင် ဖိအားက ပတ်၀န်းကျင်မှ လူတိုင်းအား အသက်ရှုကြပ်သွားစေခဲ့သည်။

မေ့ပျောက်ဘုရင်နှင့် ရင်ဆိုင်တော့မည့် ရွှမ်ယီအား အဇူရာနဂါးကဲ့သို့ ဘုရင်တစ်၀က်အဆင့်များက သွားရောက်ကူညီလိုကြသော်လည်း လက်ရှိတိုက်ပွဲအား သူတို့အဆင့်ဖြင့် ၀င်ပါနိုင်စွမ်းမရှိချေ။

ထိုမှ ထွက်လာသော စွမ်းအင်လှိုင်းလုံးတစ်လုံးက သူတို့အား သတ်ပစ်လိုက်နိုင်စွမ်းရှိသည်။

စစ်မှန်သော ဘုရင်အဆင့်တစ်ယောက်ရှေ့တွင် ဘုရင်တစ်၀က်အဆင့်များက တစ်ချက်ပင် ခံနိုင်စွမ်းမရှိပေ။

ဘုရင်အဆင့်အောက်မှလူများအားလုံး ပုရွတ်ဆိတ်များသာ။

မေ့ပျောက်ဘုရင်၏ အရှိန်အဝါက အထွတ်အထိပ်သို့ရောက်ရှိနေချေပြီ။

‘ ဒီတိုက်ပွဲကို မြန်မြန်အဆုံးသတ်ရမယ်..’

ရွှမ်ယီ တစ်ခဏမျှ တွေးလိုက်လိုက်၏။

ဟင်းလင်းပြင်ဓားနယ်မြေ၏ ထောက်ပံ့မှုဖြင့် သူက ဘုရင်အဆင့်တစ်ယောက်အား တိုက်ခိုက်နိုင်စွမ်းရှိသွားသော်လည်း လက်ရှိအခြေအနေက ရေရှည်မခံပေ။

ဟင်းလင်းပြင်ဓားနယ်မြေက သံသယရှိစရာမလိုအောင် အစွမ်းထက်လွန်းလှ၏။

သို့သော် ၎င်းက စွမ်းအားကောင်းသလောက် စိတ်ဝိညာဉ်စွမ်းအားသုံးစွဲမှုကလည်း အလွန်ကောင်းလွန်းပေသည်။

ဟင်းလင်းပြင်ဓားနယ်မြေအား အသက်သွင်းပြီးနောက် ရွှမ်ယီ၏ စိတ်ဝိညာဉ်စွမ်းအားများ အလျင်အမြန်ကုန်ဆုံးလာခဲ့၏။

လက်ရှိတိုက်ပွဲအား အချိန်တိုအတွင်း အဆုံးမသတ်နိုင်ပါက သူ၏ စိတ်ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားချိန်တွင် သူ့အား စောင့်ကြိုနေသည်မှာ သေခြင်းတရားပင်ဖြစ်သည်။

“ ဓားထိန်းချုပ်ခြင်းပညာရပ်…”

ထိုသို့ တွေးမိသည်နှင့် ရွှမ်ယီက သူ၏ အစွမ်းထက်ဆုံးသိုင်းကွက်အား တန်းသုံးလိုက်၏။

ဘုန်း..

လေထဲတွင် အနက်ရောင်‌ဓားတစ်ချောင်းထွက်ပေါ်လာပြီး မေ့ပျောက်ဘုရင်ထံသို့ လျင်မြန်စွာရောက်ရှိသွားခဲ့သည်။

ဟင်းလင်းပြင်ဓားနယ်မြေ၏ စွမ်းအားမြှင့်တင်ပေးမှုနှင့် ထိုတိုက်ခိုက်မှုက ယခင်ထက် အဆများစွာ ပြင်းထန်သွားလေသည်။

သို့သော် ထိုတိုက်ခိုက်မှုအား မေ့ပျောက်ဘုရင်က ရယ်မောလျက် လက်တစ်ချက်ဝှေ့ယမ်းကာ အသာအယာပင်ဖျက်ဆီးလိုက်၏။

ဘန်း..!

ကြောက်မက်ဖွယ်စွမ်းအားတစ်ခုက အနက်ရောင်စိတ်ဝိညာဉ်ဓားအား အပိုင်းပိုင်းအစစဖြစ်သွားစေခဲ့သည်။

“ ပိုးကောင်လေး…..”

မေ့ပျောက်ဘုရင် စကားပင်ဆုံးအောင်မပြောနိုင်လိုက်ချေ။ သူ၏ ပတ်၀န်းကျင် တစ်ခုလုံး မှောင်မဲသွားသည်ကိုတွေ့လိုက်ရ၏။

သူ့အား သောင်းနှင့်ချီသော အနက်ရောင် စိတ်ဝိညာဉ်စွမ်းအားဓားများ ၀န်းရံထားလေသည်။

ဓားများမှာ ကြက်သီးထစရာကောင်းလောက်အောင် အထပ်ထပ်ဖြစ်နေခဲ့သည်။

“ ပိုးကောင်လေးတဲ့လား.. ဟီးဟီး.. ကျုပ်ဆီမှာ အတိုက်ခိုက်ခံလိုက်ရကတည်းက ခင်ဗျား စကားပြောဖို့ နောက်ကျသွားပြီ…’

စကားဆုံးသည်နှင့် ရွှမ်ယီက စိတ်ထဲမှနေ၍ အမိန့်တစ်ချက်ပေးလိုက်၏။

……

ဟင်းလင်းပြင်ဓားနယ်မြေအတွင်း၌ ဖြစ်ပေါ်နေသည့် သောင်းနှင့်ချီသော စိတ်ဝိညာဉ်စွမ်းအင်ဓားနက်များ မေ့ပျောက်ဘုရင်ရှိရာဆီသို့ ဝိုင်းအုံလျက်၀င်ရောက်သွားခဲ့သည်။

မေ့ပျောက်ဘုရင်ထံသို့ သောင်းနှင့်ချီသည့်ဓားများ ၀င်ရောက်သွားသည်မှာ ဥက္ကာခဲများ ကြွေကျနေသကဲ့သို့ပင်။

ထိုမြင်ကွင်းက အဝေးမှကြည့်လျှင် ခမ်းနားလွန်းလှ၏။

ထိုအချိန်တွင် ဓားတစ်သောင်းတိုက်ကွက်၏ အလည်၌ ရှိသော မေ့ပျောက်ဘုရင်ကမူ မနားမနေအလုပ်ရှုပ်နေပေသည်။ သူ့ထံသို့ အဆင့်မပြတ်၀င်လာနေသည့် အနက်ရောင်ဓားများအား ဆက်တိုက်ကာကွယ်နေရ၏။

ဟင်းလင်းပြင်ဓားနယ်မြေ၏ စွမ်းအားမြှင့်တင်မှုအောက်တွင် ထိုဓားတစ်ချောင်းချင်းစီ၌ ကြောက်မက်ဖွယ်စွမ်းအားများ ပါ၀င်နေ၏။

အရေအတွက်များလာသည့်အခါ မေ့ပျောက်ဘုရင်အား ဒဏ်ရာရစေနိုင်စွမ်းရှိသည်။

“ ကြက်သွေး‌နတ်ဆိုး လက်သီး…”

“ နတ်ဆိုး ပေါက်ကွဲခြင်း…”

သိုင်းကွက်မျိုးစုံသုံးလျက် ခုခံကာကွယ်ခဲ့သော်လည်း အဆက်မပြတ်၀င်ရောက်လာနေသည့် စိတ်ဝိညာဉ်စွမ်းအင်ဓားများမှာ များပြားလွန်းလှသည်။

အလွန်လျင်မြန်သည့် ဓားများအောက်တွင် မေ့ပျောက်နတ်ဆိုးဘုရင်၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။

နောက်ဆုံးတွင်..

အချိန်မည်မျှ ကုန်သွားပြီမှန်းမသိပေ။ သောင်းနှင့်ချီသော စိတ်ဝိညာဉ်စွမ်းအင်ဓားများမှာ ကုန်ဆုံးလုနီးပါဖြစ်လာချေပြီ။

ထိုအချိန်တွင် မေ့ပျောက်နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်က ပြန်လည်ထွက်ပေါ်လာခဲ့တော့သည်။

“ မေ့ပျောက်ဘုရင်…”

ခန္ဓာကိုယ်တွင်ပြတ်ရှရာများအပြည့်နှင့် အသားစများ ဖွာလန်ကြဲကာ စုတ်ပြတ်သတ်နေသည့် မေ့ပျောက်ဘုရင်အားကြည့်ကာ မိုထန်တို့တစ်ဖွဲ့လုံး မျက်စိများ ပြူးကျယ်သွားခဲ့ကြ၏။

ဒါ.. ဒါက မေ့ပျောက်ဘုရင်လား…

လက်ရှိအချိန်တွင် သူ၏ပုံစံမှန် အတော်လေးစုတ်ပြတ်သတ်နေရုံသာမက အရှိန်အဝါမှာလည်း အလွန်အမင်းဖျော့တော့နေချေပြီ။

မေ့ပျောက်ဘုရင်.. သူ.. သူရှုံးသွားပြီ…!

ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် မေ့ပျောက်ဘုရင် ရှုံးနိမ့်သွားခဲ့သည်။ ထို့ပြင် သူက တခြားဘုရင်အဆင့်တစ်ယောက်ထံတွင် ရှုံးနိမ့်ခြင်းမဟုတ်ဘဲ အခြေတည်ဝိညာဉ်အဆင့်(၇) တစ်ယောက်ထံတွင် ရှုံးနိမ့်သွားခြင်းဖြစ်၏။

ကိုယ်တိုင်မမြင်ရလျှင် မည်သူမှ ယုံကြမည်မဟုတ်ချေ။

ဤသည်က ဘုရင်အဆင့်ကျင့်ကြံသူဖြစ်သည်။

ဘုရင်တစ်၀က်အဆင့်မဟုတ်ပေ။

လူတိုင်း၏ နှလုံးသားထဲ၌ ခံစားနေရသည့် ထိတ်လန့်အံ့ဩမှုမှာ တိုင်းတာ၍ပင်မရချေ။

“ ဟင်းလင်းပြင်ဓားနယ်မြေက တော်တော်ကြောက်ဖို့ကောင်းတာပဲ…”

လက်ရှိအချိန်တွင် ရွှမ်ယီကိုယ်တိုင်ပင် ဟင်လင်းပြင်ဓားနယ်မြေ၏ ကြောက်မက်ဖွယ်စွမ်းအားကြောင့် အလွန်ထိတ်လန့်နေခဲ့သည်။

ရွှမ်ယီက ဟင်းလင်းပြင်‌ဓားနယ်မြေ၏ စွမ်းအားကို အလွန်အမင်းမြင့်မားစွာ တွက်ဆထားခဲ့ပြီးဖြစ်သော်လည်း ယခုတွင် သူက ၎င်းကို လျှော့တွက်မိနေဆဲဖြစ်ကြောင်း နားလည်သွားခဲ့၏။

မေ့ပျောက်ဘုရင်အား အနိုင်ယူရန် မဟာအင်ပါယာဓား အကွက်ကိုပင် အသုံးမပြုခဲ့ရပေ။

ရွှမ်ယီက မတိုက်ခိုက်ခင် တွေးထားသည်မှာ ဓားတစ်သောင်းအကွက်အား သုံးကာ မေ့ပျောက်ဘုရင်၏ ဟာကွက်ကိုအရင်ရှာမည်ဖြစ်ပြီး ထို့နောက်မှ မဟာအင်ပါယာဓားကို အသုံးပြုကာ အဆုံးသတ်မည်ဖြစ်သည်။

သိုသော် သူအတွေးလွန်နေခဲ့မှန်း နားလည်သွားခဲ့သည်။

မေ့ပျောက်ဘုရင်အား အနိုင်ယူရန် မဟာအင်ပါယာဓားကို အသုံးပြုရန်ပင်မလိုခဲ့ချေ။ ဓားတစ်သောင်းတိုက်ကွက်က လုံလောက်နေပြီဖြစ်၏။

“ အခြေတည်ဝိညာဉ်အဆင့်က ဘုရင်အဆင့်တစ်ယောက်ကို အနိုင်ယူခဲ့တယ်..”

“ ဒါက.. ဟိုးရှေးကတည်းက သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်လိုက်တာပဲ….”

ဘုရင်အဆင့် မည်မျှ အစွမ်းထက်ကြောင်းကို လူတိုင်း နားလည်ထားကြသည်။

ဘုရင်တစ်၀က်အဆင့် နှင့် ဘုရင်အဆင့်ကြားမှ ကွားခြားချက်မှာ အလွန်ကြီးမားလွန်းလှ၏။

အခြေတည်ဝိညာဉ်အဆင့်နှင့် ဘုရင်တစ်၀က်အဆင့် ကျင့်ကြံသူများ မည်မျှပင် အစွမ်းထက်စေကာမူ ဘုရင်အဆင့်တစ်ယောက်အား အနိုင်ယူရန် ဘယ်လိုမှ မဖြစ်နိုင်ချေ။

ထိုအရာက ပုံမှန်ကန့်သတ်ချက်တစ်ခုဖြစ်သည်။

သို့သော် ယနေ့တွင် ရွှမ်ယီက အခြေတည်ဝိညာဉ်အဆင့် နှင့် ဘုရင်အဆင့်ကြားမှ ကွာခြားချက်မှာ အမြဲတမ်း ပုံသေဖြစ်မနေနိုင်ကြောင်း လူတိုင်းကို ပြသခဲ့လေသည်။

သမိုင်းထဲတွင် မည်သူမျှ မလုပ်နိုင်ခဲ့သောကြောင့် မလုပ်နိုင်ဟုမဆိုလိုပေ။

ယခု ရွှမ်ယီက လုပ်ပြခဲ့ချေပြီ။

လူတိုင်း၏ နားလည်မှု သဘောတရားများ အားလုံးကို ရိုက်ချိုးခဲ့လေသည်။

“ ရွှပ်…”

ဓားရည်ရွယ်ချက် အဆင့်(၂) အထွတ်အထိပ်စွမ်းအားနှင့် ဟင်းလင်ပြင်‌ဓားနယ်မြေ၏ စွမ်းအင်မြှင့်တင်ပေးမှုအောက်တွင် အလွန်အစွမ်းထက်လှသည့် ဓားချက်တစ်ချက်က မေ့ပျောက်ဘုရင်ထံသို့ ၀င်ရောက်သွားခဲ့၏။

ထို့နောက် မေ့ပျောက်ဘုရင်၏ ပုံရိပ်အား ဓားအလင်းက ဖုံးလွှမ်းသွားခဲ့လေသည်။

မေ့ပျောက်ဘုရင်….!

သူ.. သေသွားပြီ…!

ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး ဇာတ်သိမ်းသွားချေပြီ။

လူတိုင်းက ဝတ်စုံဖြူနှင့် လူငယ်လေးအားကြည့်ကာ သက်ပြင်းများ ချလိုက်ကြသည်။

မေ့ပျောက်ဘုရင်အား သတ်ပြီးနောက် ရွှမ်ယီ၏ အကြည့်က မိုထန်တို့ အဖွဲ့ပေါ်သို့ ရောက်ရှိသွားလေသည်။

အတိအကျပြောရလျှင် လှပသော အနက်၀တ်အမျိုးသမီးထံသို့ဖြစ်၏။

မကြာသေးမီအချိန်တွင် ထိုအမျိုးသမီးက မေ့ပျောက်ဘုရင်၏ နောက်ခံဖြင့် သူ့အား ခြိမ်းခြောက် လှောင်ပြောင်ခဲ့ပေသည်။

ယခု မေ့ပျောက်ဘုရင်သေဆုံးသွားပြီဖြစ်ရာ သူမ ဘာဆက်လုပ်မည်နည်းဆိုသည်ကို ရွှမ်ယီ သိချင်နေမိ၏။

“ ငါ မင်းကို သတ်ဖို့ လာတော့မယ်…”

ရွှမ်ယီ၏ အသံက ငရဲမှလာသော အသံကဲ့သို့ဖြစ်နေ၏။

All Chapters