စောင့်မနေနဲ့တော့.. သူတို့အားလုံး သေပြီ
Vol. 6 Ch. 80
ဆွစ်ရှ်..
ဆွစ်ရှ်..
ဆွစ်ရှ်..
မေ့ပျောက်နတ်ဆိုးနန်းတော် အထက်ကောင်းကင်ထက်တွင် အလင်းတန်း(၃)ခု ရောက်ရှိလာခဲ့၏။ အားလုံးထံမှ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင် အတက်အကျများထွက်ပေါ်နေပြီး သံသယရှိစရာမလိုအောင် ဘုရင်အဆင့်(၃)ဦးဖြစ်သည်။
“ ကောင်းကင်ဆုပ်ကိုင်ခြင်းဘုရင်..”
“ မြေမိစ္ဆာဘုရင်..”
“ ယင်နတ်ဆိုးဘုရင်..”
ငရဲမိစ္ဆာဘုရင်နှင့်ပေါင်းလိုက်လျှင် ဘုရင်အဆင့်(၄)ယောက်ရှိနေပြီဖြစ်၏။
ရင်ပြင်ပေါ်၌ စုရုံးနေသည့်လူတိုင်းက ထိုဘုရင်(၄)ဦးအား ကြည့်လိုက်ပြီးနောက် ရွှမ်ယီနှင့် ရေခဲငှက်တို့ကို ကြည့်လိုက်ကြသည်။ သူတို့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ အထင်းသားပေါ်လွင်နေ၏။
“ အဲ့နှစ်ယောက်က ဘယ်သူတွေများလဲ.. ကြည့်ရတာ ဟိုမိန်းကလေးက ဘုရင်အဆင့်တစ်ယောက်ဖြစ်မယ်.. ဒါပေမယ့် သူတို့က ဘယ်လိုဖြစ်ပြီး မေ့ပျောက်နတ်ဆိုးနန်းတော်ကို လာစိန်ခေါ်ရဲတာလဲ…”
“ သူတို့နှစ်ယောက်တော့ ဇာတ်သိမ်းတော့မယ်…”
ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးက အခြားနေရာများတွင် လွှမ်းမိုးနိုင်စွမ်းရှိသော်လည်း မေ့ပျောက်နတ်ဆိုးနန်းတော်တွင် ထိုသို့မဟုတ်တော့ပေ။
မေ့ပျောက်နတ်ဆိုးနန်းတော်ဆိုသည်မှာ ကြက်သွေးနတ်ဆိုးဒေသ၏ အကြွင်းမဲ့ နံပါတ်(၁) အင်အားစုကြီးဖြစ်သည်။
သူတို့ထံမှ ဘုရင်အဆင့်ကျွမ်းကျင်သူအများစု အဇူရာဒေသသို့ထွက်ခွာသွားသော်လည်း မေ့ပျောက်နတ်ဆိုးနန်းတော်အား စော်ကားရန်မဖြစ်နိုင်သေးပေ။
ထို နှစ်ယောက် တစ်ခုခုအမှားလုပ်မိတာများလား…
“ ကျွတ်ကျွတ်.. ဘယ်လိုတောင်သနားဖို့ကောင်းလိုက်လဲ…”
အားလုံး ရယ်မောလိုက်ကြ၏။
ဤသည်မှာ ကြက်သွေးနတ်ဆိုးဒေသဖြစ်ပြီး ထိုလူများ စော်ကားနိုင်သည့်နေရာမဟုတ်ချေ။
ထိုနှစ်ယောက် ဘာမှလုပ်နိုင်စွမ်းရှိမည်မဟုတ်ဟု လူတိုင်း တစ်ထစ်ချယုံကြည်ထားကြ၏။ ဆံနီနတ်ဆိုးက ရေခဲငှက်မွေး၏ မှင်သက်ဖွယ်ကောင်းသော အလှအပအားငေးကြည့်လျက် သူ၏ မျက်လုံးများတောက်ပလာခဲ့သည်။
တစ်ခါကြည့်မိရုံဖြင့် သူမထံမှ အကြည့်ပင်မခွာနိုင်တော့ချေ။
“ ဟေး…ကောင်မလေး.. မင်းက ဘာလို့ ကိုယ့်သေတွင်းကိုယ်တူးနေရတာလဲ.. လက်လျှော့လိုက်ပြီးတော့ ငါ့ကို သခင်အဖြစ်အသိအမှတ်ပြုစမ်းပါ.. ဟောဒီက ဆံနီနတ်ဆိုးက မင်း အသက်ရှင်အောင် ကူညီပေးမယ်…”
ထိုလူ၏ စကားဆုံးလျှင် ရွှမ်ယီ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရသည်။ ထိုလူအားကြည့်လိုက်လျှင် ၎င်း၏ အရှိန်အဝါအရ ဘုရင်တစ်၀က်အဆင့်သာဖြစ်ကြောင်း သိလိုက်ရ၏။
‘ ကြက်သွေးနတ်ဆိုးဒေသက တောင့်တင်းတဲ့ အခြေခံအုတ်မြစ်ရှိတာပဲ..’
ရွှမ်ယီ၏ အကြည့်က ရင်ပြင်တစ်ခုလုံးဖြတ်သန်းသွားပြီး ရေရွတ်လိုက်သည်။ ရင်ပြင်ထက်တွင် ဘုရင်အဆင့်အနည်းငယ်နှင့် ဘုရင်တစ်၀က်အဆင့်များစွာကို တွေ့မြင်ခဲ့ရ၏။
ထို့ကြောင့် ထိုလူက ယုံကြည်ချက်ပြင်းထန်နေပြီး ရေခဲငှက်မွေးအား စနောက်ရဲဟန်ရသည်။
ဒီလူ အသက်ရှင်ရတာ ပင်ပန်းနေတာပဲဖြစ်မယ်….
“ မြန်မြန်အညံ့ခံလိုက်တော့.. ဒီနေရာကို ဘာများမှတ်နေလဲ.. မင်းတို့နှစ်ယောက် တော်တော်တုံးအကြတာပဲကွ….”
ဆံနီနတ်ဆိုးက အားရပါးရရယ်မောလိုက်၏။ သူ၏ မျက်လုံးများက မထိန်းနိုင်သိမ်းနိုင်ဖြစ်နေခဲ့ပြီး လက်နှစ်ဖက်အား ပွတ်သပ်နေလေသည်။
“ မင်း ငါ့ကို သတ်နိုင်စွမ်းရှိရင် သတ်လိုက်စမ်းပါ…”
စကားဆုံးသည်နှင့် အားလုံး တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြ၏။
မေ့ပျောက်နတ်ဆိုးနန်းတော်သို့ ရုတ်တရက်ရောက်လာသည့် ထိုနှစ်ယောက်မှာ မိတ်ဆွေဖြစ်မည်ထက် ရန်သူဖြစ်နိုင်ချေက ပိုများပေသည်။ နန်းတော်အတွင်းမှာ ဘုရင်အဆင့်(၃)ယောက် ထပ်ထွက်လာသည်အားကြည့်လျှင် တွေ့နိုင်သည်။
မေ့ပျောက်နတ်ဆိုးနန်းတော်အနေဖြင့် သူတို့အား လာစော်ကားသည့်လူများအား ဤအတိုင်းလွှတ်ပေးလိုက်ရန်မဖြစ်နိုင်ချေ။
တစ်ဖက်က ဘုရင်တစ်ယောက်ဖြစ်နေလျှင်တောင် မရပေ။
မဟုတ်လျှင် သူတို့ မျက်နှာပျက်သွားပေလိမ့်မည်။
ယခုကဲ့သို့ ၀င်ရောက် အာချောင်လိုက်ခြင်းဖြင့် နဂိုက အလွန်လေးစားခဲ့ဖူးသည့် ဘုရင်အဆင့်တစ်ယောက်အား စော်ကားနိုင်မည်ဖြစ်သည့်အပြင် မေ့ပျောက်နတ်ဆိုး နန်းတော်ထံတွင်လည်း အမြင်ကောင်း ရရှိပေလိမ့်မည်။
အဇူရာဒေသအား သိမ်းပိုက်ပြီးလျှင် ကောင်းမွန်သော ဆုလာဘ်များ ရနိုင်ချေရှိသည်။
ဆံနီနတ်ဆိုး အလွန်စိတ်လှုပ်ရှားနေခဲ့၏။
“ ခင်ဗျားက တော်တော်ရိုင်းဝာာပဲ..”
ရွှမ်ယီက မျက်စိမှေးလျက် ထိုလူအား သေလူတစ်ယောက်အလားကြည့်လိုက်သည်။
ဘုန်း..!
ဟင်းလင်ပြင်ဓားနယ်မြေက ချက်ချင်းဖြစ်ပေါ်လာခဲ့ပြီး ဓားအလင်းတန်းတစ်ခု ပြေးထွက်သွားလေသည်။ ထို့နောက် အလွန်အမင်းထက်ရှကာ အစွမ်းထက်လှသည့် ဓားချီက ရွှီးခနဲ မြည်သံနှင့်အတူ ထိုလူအား အပိုင်းပိုင်း ပိုင်းဖြတ်သွားခဲ့၏။
ဆံနီနတ်ဆိုးဘေးမှလူတိုင်း အလွန်ထိတ်လန့်သွားခဲ့ကြ၏။ အားလုံး မျက်စိများပြူးကျယ်လျက် ရွှမ်ယီအား ကြည့်နေကြလေသည်။
ထိုကောင်လေးက အခြေတည်ဝိညာဉ်အဆင့်သာရှိသေး၏။ သူက ဆံနီနတ်ဆိုးအား အဘယ်ကြောင့် တစ်ချက်တည်းဖြင့် သတ်နိုင်ခဲ့သနည်း။ ထိုသို့ဖြစ်နိုင်စရာ အကြောင်းမရှိပေ။
ထို့အပြင် မေ့ပျောက်နတ်ဆိုးနန်းတော်မှ ဘုရင်အဆင့်များက အဘယ်ကြောင့် မတားဆီးခဲ့ရသနည်း။
ထိုအထဲတွင် ငရဲမိစ္ဆာဘုရင်က ဒေါသအထွက်ဆုံးဖြစ်၏။ သူ့မျက်နှာမှာ မဲမှောင်လျက်ရှိနေပြီး ၎င်း၏ ပတ်၀န်းကျင်တစ်ခုလုံး စိတ်ဝိညာဉ်စွမ်းအင်များကြောင့် အေးခဲသွားလေသည်။
“ မေ့ပျောက်နတ်ဆိုးနန်းတော်ရှေ့မှာ လူတစ်ယောက်ကို ဘယ်လိုတောင်သတ်ရဲတာလဲ.. မင်းက ငါတို့မေ့ပျောက်နတ်ဆိုးနန်းတော်ကို မျက်လုံးထဲမထည့်တာလား…”
ငရဲမိစ္ဆာဘုရင်က ရွှမ်ယီအား စိုက်ကြည့်လျက် အေးစက်စွာပြောလိုက်သည်။ သို့သော် သူ၏ စိတ်အာရုံကမူ ရေခဲငှက်မွေးထံ၌ တစ်ချိန်လုံး ရှိနေခဲ့၏။
အစောပိုင်း ရွှမ်ယီ တိုက်ခိုက်လိုက်ချိန်တွင် သူတားဆီးရန် ပြုလုပ်ခဲ့သေးသည်။ သို့သော် ထိုဓားချက်အား တားဆီးလျှင် အန္တရာယ်ဖြစ်လိမ့်မည်ဟု မသိစိတ်က အချက်ပေးနေခဲ့သည်။
တစ်ချိန်တည်းမှာပင် မိုက်ခနဲဖြစ်သွားပြီး သူ့အသိစိတ်တစ်ခုလုံး ခေတ္တအမှောင်ကျသွားခဲ့၏။
သူ့အား ခေတ္တအသိစိတ်ပျောက်သွားစေခဲ့သည့် ဖိအားတွင် ကျက်သရေရှိသည့် အငွေ့အသက်တစ်ခုပါ၀င်နေပြီး သမုဒ္ဒရာကြီးတစ်ခုအလား ကျယ်ပြောလှသည်။ ရုတ်တရက် လုံး၀ လှုပ်ရှားမရ ဖြစ်သွားခဲ့၏။ သူ အသိပြန်၀င်လာချိန်တွင် ဆံနီနတ်ဆိုးက မရှိတော့ချေ။
“ အဲ့ကောင်က အမှိုက်ပဲ.. ကျုပ်ဆီမှာ တစ်ချက်တောင်မခံနိုင်ဘူး..”
ရွှမ်ယီက ထီမထင်ဟန်ဖြင့်ပြောလိုက်၏။
ငရဲမိစ္ဆာဘုရင်၏ မျက်နှာမှာ အလွန်ပျက်ယွင်းနေခဲ့သည်။ သူက ကျန်ဘုရင်သုံးယောက်နှင့် အကြည့်ချင်းဖလှယ်ခဲ့ပြီး သူတို့အားလုံး လေးနက်နေခဲ့ကြသည်။
ထို အမျိုးသားနှင့် အမျိုးသမီးစုံတွဲက လုံး၀မရိုးရှင်းချေ။ အခြေတည်ဝိညာဉ်အဆင့်တစ်ယောက်က ဘုရင်တစ်၀က်အဆင့်အား အလွယ်တကူသတ်ဖြတ်နိုင်နေသည်။ ထိုအရာမှာ အလွန်အံ့ဖွယ်တစ်ခုဖြစ်နေခဲ့ပြီး ဘုရင်အဆင့် အမျိုးသမီးကလည်း ပို၍ အားကောင်းနေမည်မှာ မြေကြီးလက်ခတ်မလွဲချေ။
ထိုကဲ့သို့ ဖြစ်တည်မှုတစ်ခုအား သွားစနောက်နေသည့် ဆံနီနတ်ဆိုး၏ သေဆုံးခြင်းက ထူးဆန်းသည်မဟုတ်ပေ။
“ ကျုပ်တို့က မေ့ပျောက်နတ်ဆိုးနန်းတော်ကပါ.. ခင်ဗျားတို့နှစ်ယောက်က ဘာများအလိုရှိလို့လဲ မသိဘူး…”
ငရဲမိစ္ဆာဘုရင်က သူ၏ ဒေါသများနှင့် သတ်ဖြတ်လိုစိတ်များကို ခေတ္တဖိနှိပ်ထားလိုက်ပြီး ရှေ့တစ်လှမ်းတိုးကာ ရင်ဘတ်ရှေ့၌ လက်သီးဆုပ်လျက် မေးလိုက်၏။
လက်ရှိ အချိန်က အဇူရာဒေသကို သိမ်းပိုက်တော့မည်အချိန်ဖြစ်သည်။
မေ့ပျောက်နတ်ဆိုးနန်းတော်မှ ဘုရင်အဆင့်(၁၂)ယောက်က အဇူရာဒေသသို့သွားကြသည်။ မေ့ပျောက်နတ်ဆိုးနန်းတော်၌ သူတို့လေးဦးသာ ကျန်ခဲ့ခြင်းဖြစ်၏။
မကြာခင် ကျန်သောဘုရင်များ ပြန်လာကြပေလိမ့်မည်။ ထိုအခါ သူတို့၏ ပြိုင်ဘက်က နှောင်းပိုင်း မူလဘုရင်အဆင့်တစ်ယောက်ဖြစ်နေလျှင်ပင် သူတို့ မရှုံးနိမ့်နိုင်ပေ။
ထိုအမျိုးသမီးအား ကြည့်ရသည်မှာ လွယ်ကူဟန်မရသောကြောင့် သူ့အနေဖြင့် အချိန်ဆွဲရပေလိမ့်မည်။
ငရဲနတ်ဆိုးဘုရင်က နှလုံးသားအတွင်း၌ ငြီးတွားလိုက်ပြီး အဇူရာဒေသသို့သွားသည့် ဘုရင်များထံ လျှို့ဝှက်အချက်ပြမှု ပေးပို့လိုက်လေသည်။ ၎င်းတို့ထဲမှ တစ်၀က်ခန့် ပြန်ရောက်လာလျှင်ပင် ထိုအမျိုးသမီးအား ကိုင်တွယ်နိုင်ပေလိမ့်မည်။
သူတို့က မေ့ပျောက်နတ်ဆိုး နန်းတော်ကို အနိုင်ကျင့်ဖို့ လွယ်တယ်များ ထင်နေကြတာလား…..
“ ခင်ဗျားက နတ်ဆိုးဘုရင်တို့အဖွဲ့ ပြန်လာဖို့ မျှော်လင့်နေတာလား….”
ငရဲမိစ္ဆာဘုရင်အားကြည့်နေသည့် ရွှမ်ယီ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားခဲ့သည်။
ငရဲမိစ္ဆာဘုရင်က အစောပိုင်းတွင် သူ၏ ဒေါသများကို မြိုသိပ်ထားခဲ့ပြီး ထိုငတိလေးအား သတ်ဖြတ်ရန် မစောင့်နိုင်အောင်ပင် ဖြစ်နေခဲ့၏။
ရင်ထဲ၌ အလွန်အမင်းဒေါသထွက်နေခဲ့သည်။
သို့သော် ရွှမ်ယီ၏ စကားအားကြားလျှင် သူ၏ နှလုံးသားတစ်ခုလုံး တင်းကြပ်သွား၏။ သူက အခြား ဘုရင်သုံးယောက်နှင့် အကြည့်ချင်းဖလှယ်လိုက်သော်လည်း မည်သည့်အဖြေမှမရခဲ့ချေ။
လက်ရှိအခြေအနေအား အချိန်ဆွဲထားပြီး နတ်ဆိုးဘုရင်ထံ ဆက်သွယ်ခဲ့သည်။ သို့သော် မည်သည့် သတင်းအချက်အလက်မှ ပြန်လည်ရောက်မလာခဲ့ပေ။
ရွှမ်ယီ၏ ယုံကြည်မှုအပြည့်နှင့် ပုံစံအားကြည့်ပြီး တစ်စုံတစ်ခုအား ယောင်ဝါးဝါးခံစားလာမိခဲ့သည်။
“ စောင့်မနေနဲ့တော့.. သူတို့အားလုံး သေပြီ…”
ဘုန်း..!
ရွှမ်ယီ၏ မျက်လုံးများက အေးစက်နေပြီး အချိန်ဆက်ဖြုန်းလိုစိတ်မရှိတော့ချေ။
သူ၏ စကားအဆုံးတွင် မေ့ပျောက်နတ်ဆိုးနန်းတော် တစ်ခွင်လုံးမှ လူတိုင်း၏ နှလုံးသားများ အမှောင်အတိဖုံးလွှမ်းသွားခဲ့ရသည်။
လူအုပ်ကြီးတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားခဲ့၏။