← Chapters

မေ့ပျောက်နတ်ဆိုးနန်းတော်၏ အဆုံးသတ်

Vol. 6 Ch. 81

မေ့ပျောက်နတ်ဆိုးနန်းတော်၏ အဆုံးသတ်

Vol. 6 Ch. 81

“ ဘယ်လိုတောင် အဓိပ္ပါယ်မရှိလိုက်လဲ..”

မြေမိစ္ဆာဘုရင်က အော်ဟစ်လိုက်၏။

နတ်ဆိုးဘုရင်တို့အဖွဲ့ သေဆုံးသွားပြီ‌ဆိုသော စကားကိုသူမယုံပေ။ ဘုရင်အဆင့်ကျွမ်းကျင်သူ (၁၂)ယောက်အား မည်သူက အချိန်တိုအတွင်းသတ်နိုင်မည်နည်း။

အဇူရာဒေသတွင် ထိုသို့ စွမ်းဆောင်နိုင်သူမရှိပေ။

တစ်ဖက်မှ အမျိုးသမီးက အလွန်အစွမ်းထက်ဟန်ရသော်လည်း အမြင့်ဆုံးရှိမှ နှောင်းပိုင်းမူလဘုရင်တစ်ယောက်သာ ဖြစ်နိုင်ပေသည်။

နတ်ဆိုးရင်တို့အဖွဲ့ပူးပေါင်းတိုက်လျှင် ဘယ်လိုမှ အားလုံးသတ်နိုင်ရန်မဖြစ်နိုင်ချေ။

“ ငါမင်းကို မျက်နှာသာပေးခဲ့တောင် မင်းက ဂရုမစိုက်ဘူးပဲ…”

ငရဲမိစ္ဘာဘုရင်‌က အေးစက်စွာ အော်ဟစ်လိုက်၏။ ထို့နောက် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ ကြမ်းတမ်းစွာမြင့်တက်လာပြီး တိုက်ရိုက်တိုက်ခိုက်လိုက်လေသည်။

လက်ရှိအခြေအနေက အဆင်ပြေရန်မျှော်လင့်၍ မရနိုင်တော့သောကြောင့် လက်ဦးမှုယူကာ တိုက်ခိုက်ပြီး တစ်ဖက်၏ စွမ်းအားကို စမ်းသပ်ရပေမည်။

မေ့ပျောက်နတ်ဆိုးနန်းတော်အနေဖြင့် ကြက်သွေးနတ်ဆိုးဒေသ၏ အကြွင်းမဲ့ အာဏာရှင်များအဖြစ်ဆက်လက် နေထိုင်နိုင်ရန် ၎င်းတို့၏ ခွန်အားကို ပြသရန်လိုအပ်သည်။

ရွှစ်ရှ်…!

ငရဲမိစ္ဆာဘုရင်က ၎င်း၏ လက်ဖဝါးကိုရှေ့သို့ဆန့်တန်းထားပြီး အနက်ရောင်စိတ်ဝိညာဉ်ချီစွမ်းအင်များ လက်ဖဝါးရှေ့တွင် မြှားများအဖြစ်စုစည်းလာခဲ့သည်။

ပတ်၀န်းကျင်တစ်ခုလုံး အေးစိမ့်သောလေများတိုက်ခတ်သွားခဲ့ပြီး လူတိုင်း ကြက်သီးထသွားခဲ့၏။

ထို အနက်ရောင်ချီစွမ်းအင်က ရေခဲစွမ်းအား မဟုတ်သော်လည်း စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးအပိုင်းထိ အေးစက်စေသော ဂုဏ်သတ္တိများပါ၀င်နေသည်။

“ ‌ကြက်‌သွေးနတ်ဆိုးဒေသရဲ့ အုပ်စိုးရှင်တွေ ဆိုတဲ့အတိုင်း တော်တော်အစွမ်းထက်တာပဲ…”

ရင်ပြင်ထက်ရှိ လူအုပ်ထဲမှ တစ်ယောက်က မနေနိုင်ဘဲ ဖွင့်ဟချီးကျူးလိုက်၏။ သူ၏ အမြင်တွင် ငရဲမိစ္ဆာဘုရင်က အလွန်အစွမ်းထက်လှသည်။

သို့သော် ရေခဲငှက်မွေးကမူ ထိုတိုက်ကွက်အား ကာကွယ်ရန်အတွက် ပြင်ဆင်မှု တစ်ခုမျှပင်မလုပ်ခဲ့ချေ။

ငရဲမိစ္ဆာဘုရင်၏ မျက်နှာထက်တွင် ဂုဏ်ယူမှုများ ပြည့်နှက်နေ၏။

သူ့မျက်လုံးများက အနည်းငယ်နက်မှောင်နေပြီး နတ်သမီးတစ်ပါးအလားလှပလွန်းသည့် ရေခဲငှက်မွေးအားကြည့်လျက် အေးစက်စွာ အော်ဟစ်လိုက်‌သည်။

“ မင်းက ငါ့ကိုလျှော့တွက်နေတာပဲ.. အဲ့ဒီအတွက် နောင်တရသွားစေရမယ်…”

သူမအနေဖြင့် လူသားဘုရင်တစ်ယောက်ဖြစ်နေလျှင်တောင် သူ၏ တိုက်ခိုက်မှုအား မကာကွယ်ပါက ဒဏ်ရာအပြင်းအထန်ရသွားနိုင်သည်။ ရေခဲငှက်မွေးက ထီမထင်သည့်ဟန်ကြောင့် ငရဲမိစ္ဆာဘုရင် အလွန်ဒေါသထွက်လာခဲ့၏။

ဝုန်း…!

အလွန်များပြားလှသည့် ယင်စွမ်းအင်မြှားများ ရေခဲငှက်မွေးဆီသို့ တစ်မုဟုတ်ချင်း ရောက်ရှိသွားခဲ့သည်။ သို့သော် ရေခဲငှက်မွေးက လက်တစ်ချက်သာ ဝှေ့ယမ်းလိုက်၏။ ယင်ကောင်များအား မောင်းထုတ်နေသည့်အလားပင်။

ထိုအချင်းအရာအားမြင်လျှင် ယင်နတ်ဆိုးဘုရင်က ပြုံးလိုက်ပြီး

“ လုပ်နေလိုက်အဲ့လို.. မကြာခင် မင်း တန်ဖိုးကြီးကြီးပေးဆပ်ရလိမ့်မယ်…”

ဘုန်း..!

သို့သော် သူ၏အပြုံးက ချက်ချင်းပျောက်ကွယ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ‌အလွန်များပြားသည့် ယင်မြှားများက လက်တစ်ချက် အဝှေ့တွင် အားလုံး ပေါက်ကွဲသွားပြီး အမှုန်အမွှားလေးများအဖြစ် ရောက်ရှိသွားသောကြောင့်ဖြစ်သည်။

“ မဖြစ်နိုင်ဘူး..”

ငရဲဘုရင်တစ်ယောက် မျက်လုံးပြူးသွားခဲ့၏။ သွေးများ ဆောင့်တိုးကာ မေ့လဲမတတ်ပင် ဖြစ်သွားခဲ့ရသည်။ ထို့နောက် လက်ရှိနေရာမှ ချက်ချင်းထွက်ပြေးရန် ကြံရွယ်လိုက်၏။

ဆွစ်ရှ်…!

သို့သော် ရေခဲငှက်မွေးက အဘယ်ကြောင့် သူ့ကို အခွင့်အရေးပေးရမည်နည်း။

သူမ၏ လက်ကိုဝှေ့ယမ်းလိုက်ပြီး တစ်စစီပေါက်ကွဲသွားသည့် အမှုန်အမွှားလေးများအား အတုံးလေးများသဏ္ဌာန် စုစည်းလိုက်ပြီး လာတုံးကထက် အဆများစွာမြန်သည့် အရှိန်နှင့် ချက်ချင်းပစ်လွှတ်လိုက်၏။

“ မဟုတ်ဘူး……..”

ငရဲနတ်ဆိုးဘုရင် မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ထံသို့လာနေသည့် အဆုံးမရှိသော သေခြင်းအငွေ့အသက်ကို ခံစားလိုက်ရသည်။

သူ့ထံသို့ လာနေသည့် အတုံးလေးများအား ကာဆီးရန် သူတတ်သမျှ သိုင်းကွက်မျိုးစုံ အသုံးပြုလိုက်၏။ သို့သော် လုံး၀ ကာကွယ်နိုင်စွမ်းမရှိချေ။

ဘုန်း…!

ကြီးမြတ်သည့် ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ငရဲနတ်ဆိုးဘုရင် အဆုံးသတ်သွားချေပြီ။

ထိုမြင်ကွင်းက လူတိုင်းကို မှင်သက်သွားစေခဲ့သည်။

အားလုံးက ငရဲနတ်ဆိုးဘုရင်အား လျှော့တွက်နေသည့် ထိုအမျိုးသမီး ဒုက္ခရောက်တော့မည်ဟု တွေးနေခဲ့ကြခြင်းဖြစ်သည်။

သို့သော် ဖြစ်ပေါ်လာသည့်မြင်ကွင်းက သူတို့၏ ဦးနှောက်များကို ဗလာဖြစ်သွားစေခဲ့သည်။

“ မေ့ပျောက်နတ်ဆိုးနန်းတော်က ကျန်တဲ့ဘုရင်သုံးယောက်က ဘာလို့ မလှုပ်ရှားတာလဲ…”

တစ်ချို့လူများ ပဟေဠိဖြစ်သွားခဲ့ရသည်။

ထို ဘုရင်သုံးယောက်အား သူတို့လှမ်းကြည့်လိုက်လျှင် တစ်စုံတစ်ရာက သူတို့အား ချုပ်နှောင်ထားသည့်အလား တောင့်တောင့်ကြီးဖြစ်နေကြပြီး မျက်လုံးများ နီရဲနေသည်ကို တွေ့လိုက်ရ၏။

ဝှစ်ရှ်….!

ရေခဲငှက်မွေးက ရှေ့သို့ တစ်လှမ်းတိုးပြီး သူမ၏ လက်အား ဒုတိယတစ်ကြိမ်‌ ဝှေ့ယမ်းလိုက်လေသည်။

ဘုရင်အဆင့်များမှာ သူတို့အတွက် အလွန်အစွမ်းထက်လှသော်လည်း ထို နတ်သမီးအလား လှပါသည့် အမျိုးသမီး၏ ရှေ့တွင် အလွယ်တကူခွဲနိုင်သည့် ဖရဲသီးများအလားပင်။

ဘန်း..!

ကောင်ကင်ဆုပ်ကိုင်ခြင်းဘုရင် သေဆုံးသွားခဲ့ချေပြီ…!

မြေမိစ္ဆာဘုရင်တစ်ယောက် နှဖူးမှ ချွေးများစီးကျနေပြီ တစ်ကိုယ်လုံးတုန်ယင်နေ၏။ သူက တောင်းပန်ချင်နေသော်လည်း တစ်လက်မမျှ လှုပ်ရှားနိုင်ခြင်းမရှိချေ။ မျက်လုံးများဖြင့် အသနားခံယုံသာ တတ်နိုင်၏။

ကောင်းကင်ဆုပ်ကိုင်ခြင်းဘုရင်လည်း တစ်ချက်တည်းအဆုံးသတ်သွားခဲ့သဖြင့် သူ့အတွက်လည်း တိုးထူးမည်မဟုတ်ပေ။

ယခုအခြေအနေထိရောက်အောင် ကျင့်ကြံခဲ့ရသည်မှာ လုံး၀မလွယ်ကူခဲ့ချေ။ သူ လုံး၀မသေချင်သေးပါ။

သို့သော် ရေခဲငှက်မွေး၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။

ဘုန်း…!

ကောင်းကင်ဆုပ်ကိုင်ခြင်းဘုရင် သေဆုံးသွားပြန်သည်။

တစ်ဖက်တွင် ယင်နတ်ဆိုးဘုရင်၏ မျက်နှာတွင် သွေးများပေကျံနေပြီး မျက်လုံးမှိတ်ထားခဲ့သည်။ သူ့အနေဖြင့် လက်ရှိအခြေအနေအား ပြောင်းလဲနိုင်ခြင်းမရှိပေရာ လက်ခံလိုက်ရုံမှလွဲ၍ အခြားမရှိပေ။

တိုက်လည်းမတိုက်ခိုက်နိုင်သလို ထိုအမျိုသမီးထံမှ လွတ်မြောက်နိုင်စွမ်းလည်းမရှိချေ။

ဘန်း…!

မေ့ပျောက်နတ်ဆိုးနန်းတော်၏ နောက်ဆုံး ဘုရင်တစ်ယောက် သေဆုံးသွားချေပြီ။

ရေခဲငှက်မွေးရှေ့မှောက်တွင် ထို ဘုရင်အဆင့်များက ပုရွတ်ဆိတ်များပမာဖြစ်နေသည်။

လက်ရှိအချိန်တွင် မေ့ပျောက်နတ်ဆိုးနန်းတော် အဆုံးသတ်သွားပြီဖြစ်၏။ ရင်ပြင်ထက်၌ ရှိနေသူအားလုံး တုန်လှုပ်သွားခဲ့ကြသည်။ သူတို့၏ ခေါင်းထဲတွင် အတွေးတစ်ခုက စိုးမိုးနေ၏။ မေ့ပျောက်နတ်ဆိုးနန်းတော် ပျက်စီးသွားပြီ ကြက်သွေးနတ်ဆိုးဒေသ၏ အုပ်စိုးရှင် ပြောင်းလဲတော့မည်။

“ အသက်ရှုသုံးကြိမ်ပြီးလို့ အညံ့မခံတဲ့လူတွေအားလုံး သေရမယ်…”

ရွှမ်ယီက အေးစက်စွာပြောလိုက်၏။ စိတ်ဝိညာဉ်စွမ်းအား၏ ထောက်ပံ့မှုအောက်တွင် သူ၏အသံက ရင်ပြင်တစ်ခုလုံး မိုးခြိမ်းသံအလား ပျံ့နှံ့သွားခဲ့သည်။

‌မေ့ပျောက်နတ်ဆိုးနန်းတော်တွင် ဘုရင်အဆင့်ကျင့်ကြံသူများမရှိတော့သော်လည်း ဘုရင်တစ်၀က်အဆင့်နှင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူများစွာ ကျန်ရှိနေသေးသည်။

ထိုလူများအနေဖြင့် လက်ရှိအခြေအနေအား နားလည်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ထိုသို့မဟုတ်လျှင်………

ရေခဲငှက်မွေး၏ အမူအရာက လုံး၀ပြောင်းလဲခြင်းမရှိချေ။ အသက်သုံးကြိမ်ရှုစာပြီးလျှင် သူမတိုက်ခိုက်ပေတော့မည်။

သူမတွင် အကြာကြီးရပ်စောင့်နေရန် အချိန်များစွာမရှိချေ။ ဘုရင်လေးယောက်အား တစ်ခဏအချိန်အတွင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အသက်သုံးကြိမ်ရှုစာလောက်တော့ အေးဆေး စောင့်နိုင်သေးသည်။

အသက်ရှု သုံးကြိမ်စာ ကုန်ဆုံးသွားချေပြီ။

တစ်ချို့ပါးနပ်သော သူများက ဒူးထောက်လျက် မလှုပ်မရှားရှိနေကြသည်။

သို့သော် တစ်ချို့က ထိုကဲ့သို့ မဟုတ်ခဲ့ချေ။ မောက်မာစွာမတ်တပ်ရပ်နေကြပြီးလျှင်

“ ထစမ်းပါ.. မင်းတို့က အမှိုက်တွေပဲ.. ဘာလုပ်နေကြတာလဲ…”

သူတို့က မာနကြီးတစ်ခွဲသားနှင့် ရပ်နေခဲ့ကြပြီး ချက်ချင်း အရှုံးပေးရန်စိတ်ကူးမရှိကြချေ။ သူတို့ မတတ်နိုင်သည့် အဆုံးပုံစံမျိုးဖြင့် အရှုံးပေးလိုကြ၏။ ထိုသို့ဖြင့် လူအများ၏ လေးစားမှုကို ရရှိနိုင်သည်။

သို့သော် သူတို့မသိလိုက်သည့်အရာတစ်ခုက ရေခဲငှက်မွေးတွင် ဖြုန်းစရာအချိန်မရှိပေ။

အသက်ရှုသုံးကြိမ်ပြီးလို့ အရှုံးမပေးကြသေးသူများအားလုံး တိုက်ရိုက်သုတ်သင်ခံရမည်ဖြစ်သည်။

ဘုန်း…ဘန်း…

ရင်ပြင်ပေါ်ရှိ လူအုပ်ကြီးကြားတွင် သွေးပန်းပွင့်များ ဆက်တိုက်ဖူးပွင့်နေ၏။

ရွှမ်ယီ၏ မေ့ပျောက်နတ်ဆိုးနန်းတော်၏ အထက်ကောင်းကင်ယံတွင် လက်နောက်ပစ်ကာရပ်နေသည်။ သူ၏ နောက်တွင် မေ့ပျောက်နတ်ဆိုးနန်းတော်မှ ဘုရင်လေးယောက်၏ ရုပ်အလောင်းများ ရှိနေ၏။

မောက်မာစွာရပ်နေသည့် လူများထဲမှ အသတ်မခံရသေးသူများအားလုံး သွေးမှုန်များအလယ်တွင် ချက်ချင်းဒူးထောက်လိုက်ကြသည်။

လူတိုင်းက ကောင်ကင်ထက်၌ ရပ်နေသည့် ရွှမ်ယီအားတွေ့မြင်နေရ၏။

“ သူက အ‌ခြေတည်ဝိညာဉ်အဆင့်(၇) လူငယ်လေးတစ်ယောက်ပါပဲ…”

တစ်စုံတစ်ယောက်က မနေနိုင်ဘဲ ငြီးငြူလိုက်သည်။ သူ၏ ယုံကြည်ချက်များ ပြင်းထန်စွာ ရိုက်ချိုးခြင်းခံခဲ့ရ၏။ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သည့် တာအိုနှလုံးသာပင် ထိုရိုက်ချက်အား ခံနိုင်စွမ်းမရှိချေ။

အချိန်တစ်ခဏလေးအတွင်းတွင် မေ့ပျောက်နတ်ဆိုးနန်းတော်မှ ဘုရင်အဆင့်များအားလုံး သေဆုံးသွားခဲ့ပြီး ကြက်သွေးနတ်ဆိုးဒေသ၏ အုပ်စိုးသူ မေ့ပျောက်နတ်ဆိုးနန်းတော် အဆုံးသတ်သွားခဲ့ရသည်။

“ သူက အခြေတည်ဝိညာဉ်အဆင့်ဆိုတာဟုတ်တယ်.. ‌ဒါပေမယ့် သူ့နောက်မှာ ဘုရင်အဆင့်တွေကို ကြက်သတ်သလိုသတ်နိုင်ခဲ့ ကျွမ်းကျင်သူတစ်ယောက်ရှိတယ်.. သူမ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ မင်း စိတ်ကူးတောင်ယဉ်နိုင်လို့လား…”

ထိုစကားအားကြားလျှင် လူတိုင်း၏ ခေါင်းထဲတွင် အချက်ပေးသံတစ်ခု မြည်သွားခဲ့ပြီး အားလုံး လေးနက်သွားခဲ့ကြ၏။

All Chapters