စစ်ထူမိသားစုမှ တတိယသခင်မလေး
Vol. 6 Ch. 84
ကိုင်တွယ်စရာကိစ္စများအားလုံး ဖြေရှင်းခဲ့ပြီးနောက် ရွှမ်ယီက နက်နဲဓားဂိုဏ်းခွဲအား ဆီးနှင်းဘုရင်နှင့် မုန်ညင်းဘုရင်တို့ထံ လွှဲပြောင်းပေးခဲ့သည်။ သူတို့နှစ်ဦးတွင် တစ်ယောက်က အလွန်အေးစက်သော မျက်နှာထားနှင့်ဖြစ်ပြီး နောက်တစ်ယောက်ကမူ အပြုံးမျက်နှာကျား နှင့် တူညီပေသည်။ ထိုနှစ်ယောက်က အလွန်လိုက်ဖက်လှသည့် တွဲဖက်လည်းဖြစ်၏။
ထို့နောက် ရွှမ်ယီက ဆေဘာဘုရင်နှင့် ရွှေဘုရင်တို့အားခေါ်ကာ ထိုနေရာမှ တိတ်တဆိတ်ထွက်လာခဲ့သည်။
ဂိုဏ်းတစ်ဂိုဏ်းအား စီမံခန့်ခွဲရသည်ထက် အေးဆေးကျင့်ကြံနေခြင်းက ပို၍ လွယ်ကူပေသည်။
ကြက်သွေးနတ်ဆိုးဒေသနှင့် အဇူရာဒေသမှာ နယ်မြေချင်းထိစပ်လျက်ရှိနေခြင်းဖြစ်သည်။ ဘုရင်တစ်ယောက်၏ စွမ်းအားဖြင့် လေဟာနယ်အား ခွဲဖွင့်ကာ ခုန်ကူးသွားလျှင် တစ်ခဏအတွင်း ရောက်သွားနိုင်၏။
သို့သော် ရွှမ်ယီက အဇူရာဒေသသို့ ချက်ချင်းပြန်လိုခြင်းမရှိသေးချေ။
“ သွားကြစို့.. ကြက်သွေးနတ်ဆိုးဒေသကို နည်းနည်းလျှောက်ကြည့်ကြတာပေါ့...”
ကြက်သွေးနတ်ဆိုးဒေသက အဇူရာဒေသထက်ပိုကြီးသလို အင်အားလည်း ပိုကောင်းပေသည်။ ထို့ကြောင့် ရွှမ်ယီက ဤနယ်မြေအသစ်အား လျှောက်ကြည့်ရန် အလွန် စိတ်အားထက်သန်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် မေ့ပျောက်နတ်ဆိုးနန်းတော်ပျက်စီးသွားသည့် သတင်းက ကြက်သွေးနတ်ဆိုးဒေသတစ်ခုလုံး ပျံ့နှံ့သွားခဲ့၏။ အသစ်တည်ထောင်လိုက်သည့် နက်နဲဓားဂိုဏ်းဟုသော အမည်ကလည်း လူတိုင်း၏နားထဲသို့ ရောက်သွားခဲ့လေသည်။
ကြက်သွေးနတ်ဆိုးဒေသတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်နေချေပြီ။
လူတိုင်းက ရွှမ်ယီဆိုသူအား တွေ့မြင်ချင်နေကြပြီး မည်မျှကြီးကျယ်ခမ်းနားသနည်းဆိုသည်ကို သိချင်နေကြလေသည်။
လက်ရှိအချိန်တွင် ရွှမ်ယီက ဘုရင်နှစ်ယောက်နှင့်အတူ ကြက်သွေးနတ်ဆိုးဒေသ၏ တောင်ဘက်ပိုင်းရှိ ကျောက်တုံးနတ်ဆိုးမြို့သို့ ရောက်ရှိနေခဲ့သည်။
“ သခင်လေးရွှမ်ယီ.. ဒီ ကျောက်တုံးနတ်ဆိုးမြို့က အတော်လေးချမ်းသာကြွယ်၀တဲ့မြို့တစ်မြို့ပဲ...”
ရွှေဘုရင်က ပြုံးလျက် သူတို့ရှေ့မှ မြို့အကြောင်း ရွှမ်ယီအား ရှင်းပြလိုက်၏။
“ ဒီမြို့ကနေပြီးတော့ ကြက်သွေးနတ်ဆိုးဒေသရဲ့ မှော်လက်နက်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မြေဝိညာဉ်ပုတီးစေ့ ထွက်တယ်.. ဒါပေမယ့် တစ်ချို့လူတွေကတော့ ဒီမြို့ရဲ့ အကြီးကျယ်ဆုံးအရာကို ကျောက်တုံးသိုးလို့ သတ်မှတ်ထားကြတယ်... ကျောက်တုံးသိုးရဲ့အသားက စိတ်ဝိညာဉ်စွမ်းအင်ကြွယ်၀ပြီး အဆီအနှစ်အပြည့်နဲ့ အရမ်းစားလို့ကောင်းတယ်.. ဝိုင်ပြင်းပြင်းလေးနဲ့ တွဲပြီးစားလိုက်ရင် အကောင်းဆုံးပဲ...”
ရွှမ်ယီက ခေါင်းညိတ်ပြလိုက်၏။ ရွှေဘုရင်၏ အကြံပေးမှုကို လက်ခံကာ သုံးယောက်လုံး ကျောက်တုံးမြို့အတွင်းသို့ ၀င်လာခဲ့ကြသည်။
သူတို့က မြစ်အား မျက်နှာမူကာ တည်ဆောက်ထားသည့် စားသောက်ဆိုင်တစ်ဆိုင်အားရွေးကာ ရှုခင်းကောင်းသော နေရာတစ်ခု၌ ၀င်ထိုင်လိုက်ကြ၏။ ထို့နောက် သုံးယောက်သား ခွက်ချင်းတိုက်လိုက်ကြသည်။
“ ကျောက်တုံးသိုးသားက ကောင်းသားပဲ...”
ရွှေဘုရင်အကြုံပြုသည့် အစားစာအား မြည်းကြည့်လိုက်ပြီးနောက် ရွှမ်ယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
ဤကျောက်တုံးနတ်ဆိုးမြို့ကား ကျောက်တုံးများဖြင့်တည်ဆောက်ထားခြင်းဖြစ်၏။ မြေအောက်တွင်လည်း ကျောက်သားများ အလုံပိတ်ဖြစ်နေကာ မြို့၌ ရေမရပေ။ အဇူရာဒေသတွင် ဤကဲ့သို့ နေရာမျိုး လုံး၀မတွေ့နိုင်ချေ။
ရွှမ်ယီက မူလက မည်သည့်မျှော်လင့်ချက်မှမရှိခဲ့သော်လည်း အလွန်ကြီးမားသည့် ကံကောင်းမှုကြီးတစ်ခု သူ့ထံသို့ ခြေထောက်ပေါက်ကာ ရောက်ချလာခဲ့သည်။
“ အမ်...”
ရွှမ်ယီက ပြတင်းပေါက်အပြင်ဘက်မှ မြစ်အား ရှုစားနေချိန်တွင် တစ်စုံတစ်ခုအားမြင်တွေ့လိုက်ရပြီး မျက်ခုံးပင့်လိုက်မိ၏။
“ သခင်လေး ရွှမ်ယီ..”
ဘုရင်နှစ်ယောက်ကလည်း ရွှမ်ယီ၏ အသံကြောင့် လုပ်လက်စများအား ရပ်တန့်လိုက်ပြီး ရွှမ်ယီကြည့်နေရာသို့ အကြည့်ရောက်သွားခဲ့ကြသည်။
ထိုအခါ ကျောက်တုံးနတ်ဆိုးမြို့မှ တစ်တည်းသောမြစ်၏ ကမ်းစပ်နံဘေးတွင် အ၀တ်လျှော်ရန်လာကြသည့် မိန်းကလေးတစ်စု ရန်ဖြစ်ကြသည်အား တွေ့လိုက်ရ၏။
ရွှမ်ယီ၏ အကြည့်က အနည်းငယ်ပိန်သော ပုံရိပ်လေးတစ်အပေါ်သို့ ရောက်ရှိနေခဲ့သည်။
ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မေးငေါ့ပြလိုက်ကြ၏။ သူတို့နှစ်ယောက်လုံး ရွှမ်ယီ ဘာလိုချင်သည်အား နားမလည်ကြပေ။
ထိုပိန်ပါးသောမိန်းမငယ်လေးမှာ (၁၅)နှစ် (၁၆)နှစ် ၀န်းကျင်ခန့်ဖြစ်ပြီး သူမထံမှ စိတ်ဝိညာဉ်စွမ်းအင် အတက်အကျများကိုလည်း ခံစားရခြင်းမရှိချေ။ ယခုအသက်အရွယ်ထိ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်တောင် မရောက်သေးလျှင် သူမ၏ ပါရမီမှာလည်း လုံး၀နိမ့်ကျပေလိမ့်မည်။
ရုပ်ရည်အရဆိုလျှင်တော့ သူမက အတော်လေး လှပပေသည်။ သူမ၏ အသွင်သဏ္ဌာန်မှာ ခေါင်းမာသော သစ်ခွပန်းလေးတစ်ပွင့်အလားပင်။ ယေဘုယျအားဖြင့်ပြောရမည်ဆိုလျှင် ဤကဲ့သို့ ကြမ်းတမ်းလှသည့် ပတ်၀န်းကျင်၌ ထိုမျှ လှပသည့်အလှလေးမှာ ရှားပါးလွန်းလှ၏။
“ သခင်လေးက အဲ့ဒီကောင်မလေးကို သဘောကျလို့လား...”
ရွှမ်ယီ၏ အကြည့်က ထိုကောင်မလေးထံသို့ စူးစိုက်ကျရောက်နေသည်အားမြင်လျှင် ရွှေဘုရင်က စူးစမ်းသည့်အနေဖြင့် မေးလိုက်၏။
ယခုတွင် မြစ်ကမ်းနံဘေးမှရန်ပွဲမှာလည်း ပြီးဆုံးသွားပြီဖြစ်သည်။ ထို လှပသော ကောင်မလေးက တစ်ယောက်တည်းသာဖြစ်ပြီး တစ်ဖက်မှ လေးငါးယောက်ဖြစ်နေသည့်တိုင် သူမက အလျှော့မပေးခဲ့ချေ။ သူမ၏ ခန္ဓာကိုယ်က ကျန်မိန်းကလေးများနှင့်ယှဉ်လျှင် ပိန်ပါးနူးညံ့သည်ဖြစ်ရာ ထိုလူအုပ်အား ယှဉ်နိုင်စွမ်းမရှိပေ။ ထို သုံးလေးယောက်အဖွဲ့က သူမအား တွန်းလှဲလိုက်ကြပြီး ရယ်မောနေခဲ့ကြသည်။
“ အင်း.. ခင်ဗျား မှန်တယ်...”
ရွှမ်ယီက ဝိုင်တစ်ငုံသောက်ကာ အရသာခံလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
သူ့တွင် ကုယီယီစိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် တိုက်ခိုက်နိုင်စွမ်းရှိသွားစဉ်က ပြီးမြောက်သွားခဲ့သည့် အဓိကတာ၀န်နေရာတွင် အသစ်ပေါ်လာခဲ့သော အဓိကတာ၀န်အသစ်အား သတိရသွားခဲ့သည်။
ထိုတာ၀န်မှာ ပါရမီအမှတ်(၃၀၀)ကျော်ရှိသည့် တပည့်တစ်ဦးလက်ခံရန်ဖြစ်၏။ တာ၀န်၏ဆုလာဘ်ကမူ နောက်ထပ်နယ်မြေတစ်ခုဖြစ်သည့် မိစ္ဆာမီးလျှံနယ်မြေဖြစ်လေသည်။
ဟင်းလင်းပြင်ဓားနယ်မြေက ရွှမ်ယီအား အလွန်အမင်းစိတ်ကျေနပ်စေခဲ့သည်။ ထို့ကြောင့် မိစ္ဆာမီးလျှံနယ်မြေကလည်း သူ့လည်း စိတ်ပျက်စေလိမ့်မည်မဟုတ်ပေ။
“ သခင်လေး.. သူမက ဒဏ်ရာအပြင်းအထန်ရထားပုံပဲ.. ကျုပ်ရဲ့ အတွေ့အကြုံအရဆိုရင် သူမရဲ့ ဝိညာဉ်အမြစ်က ကျိုးပျက်နေပြီး သွေးမျိုးဆက်ကလည်း ပျက်စီးနေပြီ.. ပြောရမယ်ဆိုရင် သူမက မသန်မစွမ်းတစ်ယောက်ဖြစ်နေခဲ့ပြီ....”
ရွှေဘုရင်က မျက်မှောင်ကြုတ်ပြီး ခေါင်းယမ်းကာ သက်ပြင်းချလျက်ပြောလိုက်သည်။
ပထမအကြည့်တစ်ချက်တွင် ထိုမိန်းကလေးထံမှ စိတ်ဝိညာဉ်စွမ်းအား အတက်အကျများကို ခံစားခဲ့ရခြင်းမရှိပေ။ သို့သော် သေချာအာရုံစိုက်ကာကြည့်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်အတွင်းတွင် စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်ရှိနေကြောင်း တွေ့လိုက်ရ၏။ သို့သော် လုံ၀မရှိဟု ပြော၍ရနိုင်လုနီးပါး နည်းပါးလွန်းလှပြီး မကြာမီ ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။
“ မသန်မစွမ်းတစ်ယောက်လား...”
ရွှမ်ယီက ဘာမှပြန်မပြောဘဲ ပြုံးရုံသာပြုံးလိုက်၏။
စနစ်၏ ဖော်ပြချက်အရ ထိုမိန်းကလေး၏ သွေးမျိုးဆက်မှာ အလွန်ကျဲပါးနေပြီဖြစ်ပြီး ဝိညာဉ်အမြစ်ကလည်း ကျိုးပဲ့နေလေသည်။ ကျောက်တုံးနတ်ဆိုးမြို့တွင်သာမက ကြက်သွေးနတ်ဆိုး ဒေသတစ်ခုလုံးအတွင်ပါ သူမက မသန်မစွမ်းတစ်ယောက်ဖြစ်နေပြီဖြစ်၏။
“ ပါရမီ...... ၃၈၈ မှတ်...”
အစပိုင်းတွင် ရွှမ်ယီက သူအမြင်မှားနေသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
မြစ်ဘေးမှာ အ၀တ်ထိုင်လျှော်နေတဲ့မိန်းကလေးတောင် ဒီလောက် ပါရမီရှိနေပြီတဲ့လား....?
သို့သော် သူမ၏ ပါရမီအမှတ်နောက်တွင် မှတ်ချက်တစ်ခုလည်းရှိနေခဲ့၏။
----သူမသာ အချိန်မတိုင်မီ သေဆုံးခဲ့ခြင်းမရှိလျှင် အင်ပါယာအဆင့်သို့ သေချာပေါက်ရောက်ရှိနိုင်သည်။ လက်ရှိတွင် သူမ၏ အင်ပါယာခန္ဓာကိုယ်က ဝိညာဉ်အမြစ်နှင့် သွေးမျိုးဆက် အပြင်းအထန်ဒဏ်ရာရထားပြီး အမြန်ဆုံးကုသရန်လိုအပ်နေသည်။ ကုသပြီးလျှင် သူမ၏ ကျင့်ကြံအဆင့်က အလျင်အမြန်တိုးတက်လာမည်ဖြစ်ပြီး ဘုရင်အဆင့်သို့ ပိတ်ဆို့ခြင်းမရှိ ကျော်ဖြတ်နိုင်လိမ့်မည်------
ဝိညာဉ်အမြစ်နှင့် သွေးမျိုးဆက်ရှိနေလျှင် ထိုလူအား အထက်အဆင့်ပါရမီရှိသည်ဟု ခေါ်ဆိုနိုင်သည်။ ဝိညာဉ်အမြစ်နှင့် သွေးမျိုးဆက် နှစ်မျိုးလုံး တစ်ပြိုင်တည်းရှိနေပါက စိတ်ဝိညာဉ်ခန္ဓာကိုယ်ကိုလည်း ဖွဲ့စည်းနိုင်ပေလိမ့်မည်။
ကုယီယီတွင်လည်း စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုရှိပြီး လက်ရှိ သူ့ရှေ့မှ မိန်းကလေးကမူ ပါရမီအမှတ် (၃၈၈)မှတ်ရှိသဖြင့် သူမ၏ စိတ်ဝိညာဥ်ခန္ဓာကိုယ်က ကုယီယီထက် ပို၍သန်မာမည်မှာ တွေးကြည့်ရာပင်မလိုချေ။
[ ကုသရန်နည်းလမ်း- စိတ်ဝိညာဉ်မြက် သို့မဟုတ် ကမ္ဘာကြီး၏ ဥပဒေသများပါ၀င်နေသော သင့်တော်သည့်ဆေးလုံး ]
သူမတွင် အလွန်အားကောင်းသည့် စိတ်ဝိညာဉ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော်လည်း လက်ရှိ ရရှိထားသည့် အလွန်ပြင်းထန်လှသော ဒဏ်ရာအား မြန်မြန်မကုသလျှင် သေဆုံးသွားပေတော့မည်။ လက်ရှိတွင် အ၀တ်လာလျှော်သည့် မိန်းကလေးအနည်းငယ်ထံ၌ပင် အနိုင်ကျင့်ခံရသည့် အနေအထားဖြစ်နေခဲ့သည်။
သို့သော် သူမ၏ အင်ပါယာခန္ဓာကိုယ်အား ပြန်လည်ပြုပြင်ပြီးပါက အလွန်ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာပေလိမ့်မည်။
ရွှမ်ယီ၏ စနစ်က တပည့်လက်ခံခြင်းစနစ်ဖြစ်သည်။ ပို၍ အားကောင်းသော တပည့်များ ပြုစုပျိုးထောင်နိုင်လေ သူပို၍ အစွမ်းထက်လေဖြစ်၏။
“ ကျုပ် သူ့ကို တပည့်အဖြစ်လက်ခံမယ်...”
ရွှမ်ယီ၏ မျက်လုံးများက ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် တစ်ချက် လက်သွားခဲ့သော်လည်း ထိုကိစ္စအား အလျင်မလိုပေ။ သူမ၏ အပြုအမူ အကျင့်စရိုက်များအား ခေတ္တစောင့်ကြည့်ရဦးမည်ဖြစ်သည်။
“ ဒါဆို.. ဟောဒီက လူအိုကြီး သူ့ကို သွားပြီးဖမ်းခေါ်လာခဲ့ရမလား...”
နံဘေးတွင်ထိုင်နေသည့် ဆေဘာဘုရင်ကမေးလိုက်၏။ ရွှမ်ယီအား စိတ်ကျေနပ်စေမည့် မည်သည့်ကိစ္စမျိုးမဆို လက်လွတ်မခံနိုင်ချေ။
သူ၏ စုံစမ်းစစ်ဆေးနိုင်စွမ်းများက ရွှေဘုရင်နှင့်ယှဉ်လျှင် နိမ့်ကျသော်လည်း လျင်မြန်မှုတွင်မူ သူက အမြန်ဆုံးဖြစ်သည်။
စကားဆုံးသည်နှင့် ဆေဘာဘုရင်က ချက်ချင်းထရပ်လိုက်၏။
“ အလျင်မလိုပါနဲ့ဦး.. အေးဆေးပေါ့..”
ရွှမ်ယီက လက်ဝှေ့ယမ်းပြီး ထိုသို့မလုပ်ရန် တားလိုက်သည်။
“ စားပွဲထိုး.. ဒီကိုခဏလာပါဦး...”
ရွှမ်ယီက စားပွဲထိုးအား လှမ်းခေါ်လိုက်၏။
“ ဂုဏ်သရေရှိ လူကြီးမင်းက ဘာများအလိုရှိလို့ပါလဲ ခင်ဗျ...”
“ ဟို မြစ်ဘေးနားက ကောင်မလေးတွေ့လား.. ငါ့ကို သူ့အကြောင်းပြောပြပေးလို့ရမလား...”
စားပွဲထိုးက အနည်းငယ်ပြုံးလိုက်ပြီး
“ ဪ.. လူကြီးမင်းက အမှိုက်ကောင်မလေးကို ပြောနေတာပဲ.. သူမ၏ စစ်ထူမိသားစုရဲ့ တတိယသခင်မလေးဖြစ်ပြီး တစ်ချိန်က ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ.. ဒါပေမယ့် စိတ်မကောင်းစရာက နတ်ဆိုးသားရဲတွေ ကျူးကျော်တိုက်ခိုက်တာမှာ သူမရဲ့ သွေးမျိုးဆက်ကို ဆုံးရှုံးလိုက်ရပြီး ဝိညာဉ်အမြစ်လည်း ကျိုးပဲ့သွားခဲ့တယ်လေ... ဒီလိုနဲ့ ကျောက်တုံးနတ်ဆိုးမြို့မှာ စစ်ထူမိသားစုရဲ့ အမှိုက်ဖြစ်သွားတော့တာပဲ...”
“ သူမက ဒီကျောက်တုံးနတ်ဆိုးမြို့မှာပဲ ဆက်နေပြီး စစ်ထူမိသားစုဆီမှာ နေ့တိုင်း အရှက်ခွဲခံနေခဲ့ရတယ်....”