← Chapters

ချမ်းသာခြင်းနန်းတော်

Vol. 6 Ch. 85

ချမ်းသာခြင်းနန်းတော်

Vol. 6 Ch. 85

“ စစ်ထူချင်…”

စားပွဲထိုးအားမေးခဲ့ပြီးနောက် ရွှမ်ယီက ထိုမိန်းကလေး၏ အမည်နှင့် အဆင့်အတန်းကို သိရှိခဲ့ရသည်။

“ သခင်လေး.. စစ်ထူမိသားစုဆိုတာ ကျောက်တုံးနတ်ဆိုးမြို့က အဓိကအင်အားစုကြီးသုံးခုထဲက တစ်ခုပဲ…”

ရွှေဘုရင်က စစ်ထူမိသားစုအကြောင်း ရွှမ်ယီအား ရှင်းပြလိုက်သည်။

ထိုစစ်ထူမိသားစုမှာ ကျောက်တုံးနတ်ဆိုးမြို့ထဲတွင် အထွတ်အထိပ်အဆင့်များဖြစ်သော်လည်း ဘုရင်အဆင့်တစ်ယောက်၏ မျက်လုံးထဲတွင် ပမွှားလေးမျှသာ။

“ တတိယသခင်မလေး စစ်ထူ…”

ရွှမ်ယီက အေးစက်စက် ပြုံးလျက်ရေရွတ်လိုက်သည်။

သူမျှော်လင့်ထားသည့်အတိုင်းပင်။ ထိုမိန်းကလေး၏ အခြေအနေမှာ ကျောက်တုံးနတ်ဆိုးမြို့၌ အကောင်းဘက်တွင်မရှိပေ။

သူမသည် တစ်ချိန်က စစ်ထူမိသားစုမှ တတိယသခင်မလေးဖြစ်ခဲ့သော်လည်း ဝိညာဥ်အမြစ်နှင့်သွေး အပြင်းအထန်ဒဏ်ရာရသွားပြီးနောက် စိတ်ဝိညာဉ်စွမ်းအားကို ဆက်လက်စုပ်ယူနိုင်ခြင်းမရှိတော့ချေ။ ထိုနေ့မှစကာ စစ်ထူမိသားစု၌အမှိုက်လုံးလုံး ဖြစ်သွားခဲ့ရတော့သည်။

စစ်ထူမိသားစုက သာမန်မိသားစုတစ်စုဆိုလျှင် ထိုမျှကိစ္စမရှိပေ။ သို့သော် ကျောက်တုံးနတ်ဆိုးမြို့ရှိ အင်အားစုကြီး သုံးခုထဲမှ တစ်ခုဖြစ်ရာ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းကို လူပေါင်းများစွာ စောင့်ကြည့်နေကြ၏။

စစ်ထူမိသားစုမှ သခင်မလေးက လုံး၀မကျင့်နိုင်တော့သောသူဖြစ်သွားခဲ့ရာ အခြားမိသားစုကြီး နှစ်ခုနှင့်ယှဉ်လိုက်လျှင် နိမ့်ကျသွားခဲ့ရသည်။ သူမက စစ်ထူမိသားစုတစ်ခုလုံးအား အရှက်ရစေသည့် အမှိုက်တစ်စပမာဖြစ်သွားခဲ့ရ၏။

ဤသည်မှာ ရက်စက်လှသော ကျင့်ကြံခြင်းကမ္ဘာကြီး၏ သရုပ်အမှန်ဖြစ်ပေသည်။ သယံဇာတ အရင်းအမြစ်များအားလုံးက သန်မာသည့် လူများလက်ထဲ၌သာရှိပြီး အားနည်းနေလျှင် အကြွင်းအကျန်သာရပေလိမ့်မည်။

အဇူရာဒေသတွင် ဤသို့ကိစ္စများ အတန်ငယ်နည်းပါးသည်။ သို့သော် ကြက်သွေးနတ်ဆိုးဒေသတွင်မူ ပြိုင်ဆိုင်မှုများ ပို၍ ရက်စက်ပြင်းထန်လှ၏။ ခွန်အား ၊ အရင်းအမြစ် စသည့်အရာများနှင့်ယှဉ်လာလျှင် မိသားစုဆက်ဆံရေးမှာ တန်ဖိုးမရှိတော့ချေ။

“ သခင်လေးရွှမ်ယီ.. စစ်ထူချင် ထွက်သွားပြီနဲ့တူတယ်…”

ရွှေဘုရင်က ရွှမ်ယီတစ်ယောက် အဘယ်ကြောင့် ထို မသန်မစွမ်းမိန်းကလေးအား ဤမျှဂရုစိုက်နေကြောင်း လုံး၀နားမလည်နိုင်ခဲ့ပေ။ ရွှမ်ယီ၏ စွမ်းအား ၊ အရှိန်အဝါများနှင့်ဆိုလျှင် ပါးစပ်တစ်ချက်လှုက်လိုက်ရုံနှင့် တပည့်ဖြစ်လိုသည့် ပါရမီရှင်များတန်းစီနေကြပေလိမ့်မည်။

“ သွားကြစို့… လိုက်ကြည့်ကြတာပေါ့…”

ရွှမ်ယီက ရှေ့ဆုံးမှထရပ်လျက် စစ်ထူမိသားစုထံသို့ ပြန်သွားနေသည့် စစ်ထူချင်နောက်မှ လိုက်သွားခဲ့သည်။

ထိုအချိန်တွင် စစ်ထူမိသားစု၌ အစည်းအဝေးပွဲတစ်ခု ကျင်းပနေ၏။

ထိုခန်းမထဲတွင်

အသက်နည်းနည်းပိုကြီးပြီး ကောက်ကျစ်ဟန်ရသည့် လူငယ်တစ်ယောက်က စကားအနည်းငယ်တီးတိုးပြောလိုက်သည်။ ထို့နောက် သူ့ဘေးမှ အနည်းငယ် ငယ်ဟန်ရသည့် လူငယ်အားကြည့်ကာ နှစ်ယောက်သား ပြိုင်တူရယ်မောလိုက်ကြ၏။

ယခုတစ်ကြိမ် စစ်ထူမိသားစု၌ အစည်းအဝေးပွဲကျင်းပနေရသည့် အကြောင်းအရင်းမှာ ထုံးစံအတိုင်း နေ့စဉ်နိစ္စဒ၀ကိစ္စရပ်များနှင့် စီးပွာရေးကိစ္စများအပြင် နောက်ထပ်အရေးကြီးသည့် ကိစ္စတစ်ခုရှိသေးသည်။ ၎င်းက မသန်မစွမ်းဖြစ်နေပြီဖြစ်သော စစ်ထူချင်အကြောင်းဖြစ်၏။

ထိုတီးတိုးပြောနေသည့် လူငယ်နှစ်ယောက်က စစ်ထူမိသားစု၏ အကြီးဆုံးသားနှင့် ဒုတိယသားဖြစ်ပြီး စစ်တူဖုန်း နှင့် စစ်ထူဟန်ဟု ခေါ်ပေသည်။ သူတို့နှစ်ယောက်က စစ်ထူချင်၏ အစ်ကိုများဖြစ်ကြသည်။

ယခင်က စစ်ထူမိသားစုတစ်ခုလုံးမှ အရင်းအမြစ်များ စစ်ထူချင်ထံသို့သာ ရောက်သွားခဲ့သည်။ သူတို့အားလုံး စစ်ထူချင်အား အများကြီးမျှော်လင့်ထားခဲ့ကြ၏။ စစ်ထူချင်ကလည်း သူတို့၏ မျှော်လင့်ချက်များနှင့် လျော်ညီအောင် အလွန်ပါရမီထူးချွန်ခဲ့သည်။

စစ်ထူဖန်း နှင့် စစ်ထူဟန်တို့က စစ်ထူချင်၏ အစ်ကိုများဖြစ်သော်လည်း သူမနှင့်ယှဉ်လျှင် အလွန်ဖျင်းလွန်းလှ၏။

ဂုဏ်သိက္ခာရှိသော အကြီးဆုံးသားနှင့် ဒုတိယသားက စစ်ထူချင်၏ တောက်ပလွန်းသော အလင်းတန်းများကြောင့် အမှောင်ထဲရောက်နေခဲ့ကြသည်။ စစ်ထူမိသားစုက လူငယ်များအကြောင်းပြောကြလျှင် ပါရမီရှင် စစ်ထူချင်အကြောင်းသာဖြစ်နေခဲ့ပြီး သူတို့နှစ်ယောက်အား လူပင်မသိကြချေ။

စစ်ထူဖန်းနှင့် စစ်ထူဟန်တို့ အလွန်မနာလိုဖြစ်ခဲ့ကြပြီး စစ်ထူချင်အား တစ်လျှောက်လုံး မုန်းတီးနေခဲ့ကြသည်။

မှန်ပေသည်။ လက်ရှိအချိန်တွင် အခြေအနေက ကွာခြားသွားပြီဖြစ်၏။

စစ်ထူမိသားစုမှ အလွန်ကျော်ကြားသော ပါရမီရှင်သခင်မလေး အမှိုက်ဘ၀ရောက်သွားခဲ့ချေပြီ။

ထိုကဲ့သို့ ပါရမီရှင်တစ်ဦး တစ်နေ့ အမှိုက်ဘ၀ ရောက်သွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြချေ။ သူမက စိတ်ဝိညာဉ်စွမ်းအင်များ ဆက်လက်မစုပ်ယူနိုင်တော့ရုံသာမက ရှိရင်းစွဲ ကျင့်ကြံဆင့်ပင် လျော့ကျသွားခဲ့ရသည်။

သူတို့ နှစ်ယောက်က စစ်ထူချင်အား စမ်းသပ်ရန် လူများစေလွှတ်ခဲ့၏။ သူမ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းနိုင်ခြင်းပင်မရှိတော့ပဲ အမှန်တကယ် မသန်မစွမ်းဖြစ်သွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

စစ်ထူမိသားစု၏ စည်းမျဉ်းများကြောင့် မကျင့်ကြံနိုင်သောသူအနေနှင့် မိသားစုထံမှ အရင်းအမြစ်များ လုံး၀အသုံးပြုခွင့်မရှိတော့ချေ။

ထို့ကြောင့် ယခင်က စစ်ထူချင်ရခဲ့သော အရင်းအမြစ်များအားလုံး သူတို့ညီအစ်ကိုထံသို့ ရောက်လာခဲ့တော့သည်။ ဤသို့ဖြင့် သူတို့နှစ်ဦး အတော်လေးအဆင်ပြေသွားခဲ့၏။

သို့သော် သူတို့နှစ်ယောက် ဤမျှဖြင့် ကျေနပ်နိုင်ခြင်းမရှိသေးပေ။

စစ်ထူဖန်းက ရင်ဘတ်ရှေ့၌ လက်သီးဆုပ်လျက် အလွန်ရိုသေသော ဟန်ပန်ဖြင့် ရှေ့သို့တိုးသွားပြီးလျှင်

“ မိသားစုခေါင်းဆောင် .. ညီမလေး ချင်အာက မသန်မစွမ်းဖြစ်နေပြီ.. ပြီးတော့ အဲ့တာက ‌ကျောက်တုံးနတ်ဆိုးမြို့မှာ ကျွန်တော်တို့မိသားစုကို လူအများလှောင်ရယ်စရာတစ်ခုဖြစ်နေခဲ့တယ်… နေ့တိုင်း လူဘယ်လောက်များများ သူမကို လှောင်ရယ်နေခဲ့လဲ မသိနိုင်ဘူး.. ဒီတော့ ကျွန်တော့် အနေနဲ့ ရွေးချယ်စရာမရှိတော့ဘဲ ဒီကိစ္စကို ဖြေရှင်းဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်…”

“ ဟုတ်ပါတယ်…”

စစ်ထူဟန်ကလည်း စစ်ထူဖန်းနည်းတူ ပြုမူပြီး ရှေ့တိုးသွားခဲ့၏။

“ မကြာခင် ချမ်းသာခြင်းနန်းတော်က လူငယ် သခင်လေး ကျောက်တုံးနတ်ဆိုးမြို့ကို ဖြတ်သွားမယ်လို့ သတင်းရထားတယ်… ချမ်းသာခြင်းနန်းတော်က ဘုရင်အဆင့်ကျွမ်းကျင်သူ စောင့်ရှောက်ထားတဲ့ အင်အားစုတစ်ခုပဲ.. သူ့ဆီကစကားတစ်ခွန်းက ကျောက်တုံးနတ်ဆိုးမြို့ကို လှုပ်ခါနှိုင်စွမ်းရှိတယ်.. မရေမတွက်နိုင်တဲ့လူတွေက ချမ်းသာခြင်းနန်းတော်က လူငယ်သခင်လေးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်ကြတယ်….”

မိသားစုခေါင်းဆောင်က ထိုနှစ်ယောက်အားကြည့်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

စစ်ထူမိသားစု၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ထိုနှစ်ယောက်၏ အတွေးအား အဘယ်မှာလျှင် ဖောက်မမြင်နိုင်ဘဲနေလိမ့်မည်နည်း။

ထို့အပြင် သူက မိသားစုအတွင်းမှ ကိစ္စအားလုံးကိုလည်း သိရှိထားပေသည်။

သူ့အနေဖြင့် စစ်ထူချင်တစ်ယောက် မြစ်နား အ၀တ်သွားလျှော်ရသည်ကအစ အနိုင်ကျင့် လှောင်‌ပြောင်ခံနေရသည့် ကိစ္စအားလုံး သိထားခဲ့၏။ သို့သော် တစ်ခုမှ ၀င်ရောက်တားဆီးဟန့်တားခြင်းမပြုခဲ့ချေ။

သူက စစ်ထူချင်အပေါ် မျှော်လင့်ချက်ဆက်ထားခဲ့သေးသည်။ သူမ ကျရှုံးမှုများမှတစ်ဆင့် ပြန်လည်မြင့်တက်လာနိုင်မလား စစ်ထူ မိသားစုတစ်ခုလုံးကို အံ့ဩစေမည်လား ဆိုသည်ကို သိချင်မိခဲ့၏။

သို့သော် မသန်မစွမ်းက မသန်မစွမ်းသာဖြစ်လေသည်။

“ ဒါဆိုလည်း မင်းတို့ စိတ်ကူးကိုပြောပြ…”

မိသားစုခေါင်းဆောင်၏ အကြည့်များက ထိုနှစ်ယောက်အပေါ်သို့ ရောက်သွားခဲ့သည်။

“ ခေါင်းဆောင်.. ချင်အာက အခုလက်ရှိမှာ မသန်မစွမ်းဖြစ်နေပေမယ့် တစ်ချိန်က ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့တယ်.. သူမခန္ဓာကိုယ်အတွင်းမှာ သန့်စင်တဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေရှိနေတုံးပဲ… အဲ့တာအပြင် ချင်အာရဲ့ ဝိညာဉ်အမြစ်ကပျက်စီးသွားပြီဖြစ်တဲ့အတွက် အဲ့တာတွေအားလုံး သူ့ခန္ဓာကိုယ်ထဲမှာ ပိုင်ရှင်မဲ့ပစ္စည်းတွေလို ဖြစ်နေခဲ့ပြီ.. အဲ့တာတွေကို ဝါးမြိုဖို့အတွက် နှစ်မွှာကျင့်ကြံတဲ့နည်းလမ်းက အကောင်းဆုံးပဲ…”

စစ်ထူဖုန်းက စကားပြောနေစဉ် ခါးကိုင်းလျက် လက်ယှက်ကာ ခေါင်းရှေ့သို့ဆန့်ထုတ်ထားခဲ့သည်။ မြေပြင်ဘက်သို့ မူထားသည့် မျက်နှာထက်တွင် ကောက်ကျစ်သည့် အေးစက်စက်အပြုံးတစ်ပွင့် ပေါ်ထွက်လာခဲ့၏။

စစ်ထူဟန်လည်း ပြုံးရွှင်လျက်ရှိပြီး မျက်လုံးများက တစ်ဖျတ်ဖျတ်တောက်ပနေသည်။

“ ခေါင်းဆောင်.. ချင်အာရဲ့ ရုပ်လေးက အရမ်းလှသလို ကိုယ်လုံးကိုယ်ပေါက်ကလည်း အပြစ်ပြောစရာမရှိဘူး.. သူ့ကို ဘာလို့ ချမ်းသာခြင်းနန်းတော်က သခင်လေးဆီ မပေးရမှာလဲ… အဲ့ဆိုရင် ချင်အာအတွက် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ရတဲ့ အရင်းအမြစ်တွေရဲ့ တန်ကြေးအဖြစ် ချမ်းသာခြင်းနန်းတော်ရဲ့ ပေါင်ကြီးကို ဖက်ထားနိုင်လိမ့်မယ်… အဲ့အချိန်ကျရင် ကျောက်တုံးနတ်ဆိုးမြို့မှာ စစ်ထူမိသားစုကို ဘယ်သူက စော်ကားဝံ့မှာလဲ….”

ထိုစကားအားကြားလျှင် မိသားစု ခေါင်းဆောင် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး အတန်ငယ်ငြိမ်သက်သွားခဲ့သည်။

ကုလားထိုင်အား လက်ဖြင့်ဆုပ်ကိုင်ထားပြီး သူ၏ မျက်လုံးများက အတွေးနက်နေဟန်ရသည်။

ချမ်းသာခြင်နန်းတော်တွင် မရေမတွက်နိုင်သည့် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများရှိသည့်အပြင် ဘုရင်တစ်၀က်အဆင့်များလည်း အတန်ငယ်ရှိပေသည်။

ဘုရင်အဆင့်တစ်ဦးရှိသည်ဟူ၍လည်း ကောလဟာလများထွက်ပေါ်နေခဲ့၏။

ကြက်သွေးနတ်ဆိုးဒေသ၏ တောင်ပိုင်းနယ်မြေတွင် ချမ်းသာခြင်းနန်းတော်က အကောင်းဆုံးများထဲတွင် ပါဝင်သည်။

အကယ်၍ သူသာ ထိုမျှကြီးမားသော ပေါင်ကြီးအား ဖက်ထားနိုင်ပါက အနာဂါတ်တွင် ကျောက်တုံးနတ်ဆိုးမြို့က စစ်ထူမိသားစုလက်အတွင်း သက်ဆင်းလာပေလိမ့်မည်။

၎င်းက အလွန်ကြီးမားသော သွေးဆောင်မှု တစ်ခုလည်းဖြစ်၏။

ထို့အပြင် စစ်ထူချင်က မသန်မစွမ်းဖြစ်နေခဲ့ချေပြီ။ နှစ်ပေါင်းများစွာကြာအောင် သူမ အသုံးပြုခဲ့သည့် အရင်းအမြစ်များက နှမျောစရာကောင်းလွန်းလှသည်။

တစ်ခဏအကြာတွင် မိသားစုခေါင်းဆောင်၏ မျက်လုံးများက တစ်ခုခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် ၀င်းလက်သွားခဲ့၏။ ထို့နောက် သူက အစောင့်ထံသို့ စာတစ်စောင်ပေးလိုက်ပြီး ချမ်းသာခြင်းနန်းတော်မှ သခင်လေးအား သွားပို့ရန် ညွှန်ကြားလိုက်သည်။

ထို့နောက် ကျယ်လောင်စွာပြောလိုက်၏။

“ စစ်ထူချင်ကို တစ်ယောက်ယောက်သွားခေါ်ချည်…”

နန်းတော် သခင်လေးရောက်လာလျှင် မလိုလားအပ်သော ပြသနာများဖြစ်မလာစေရန်အတွက် စစ်ထူချင်အား အရင်ခေါ်ကာ စကားအနည်းငယ်ပြောရပေလိမ့်မည်။

စစ်ထူဖန်းနှင့် စစ်ထူဟန်တို့ တစ်‌ယောက်ကိုတစ်‌ယောက်ကြည့်လျက် ကျေနပ်စွာပြုံးလိုက်ကြ၏။

ယခင်အချိန်များတွင် စစ်ထူချင်က အလွန်ထူးချွန်သည့် ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့သည်။ သူမ မသန်မစွမ်းဖြစ်သွားသော်လည်း တစ်နေ့ ပြန်ကျန်းမာလာပြီး လူတိုင်းအား အံ့အားသင့်သွားစေမည်ကို သူတို့ အလွန်စိုးရိမ်နေခဲ့ကြ၏။

သို့သော် ချမ်းသာခြင်းနန်းတော်မှ သခင်လေးလက်တွင်း ကျဆင်းသွားလျှင် သူမ လုံး၀ဇာတ်သိမ်းသွားပေလိမ့်မည်။

လုံး၀ မမျှော်လင့်ထားသည့် ကိစ္စတစ်ခုခုသာဖြစ်မလာလျှင် နဂိုအတိုင်း ဘယ်တော့မှ ပြန်ဖြစ်လာတော့မည်မဟုတ်ချေ။

………………………..

All Chapters