← Chapters

စစ်ထူချင်၏ အခက်အခဲ

Vol. 6 Ch. 86

စစ်ထူချင်၏ အခက်အခဲ

Vol. 6 Ch. 86

တစ်‌ခဏအကြာတွင် အသက်မဲ့နေသော မျက်၀န်းများဖြင့် စစ်ထူချင်တစ်ယောက် အစည်းအဝေးခန်းမထဲရောက်လာခဲ့သည်။

အတိတ်တွင်မူ ဤအစည်းအဝေးခန်းထဲသို့ သူမစိတ်ရှိသလို ၀င်ထွက်နိုင်၏။ သို့သော် လက်ရှိတွင် သူမက စစ်ထူမိသားစု၏ လှောင်ရယ်စရာတစ်ခုဖြစ်နေခဲ့ပြီး အ၀တ်လျှော်ရသော အဆင့်သို့ ကျဆင်းနေခဲ့ချေပြီ။

သဘာ၀ကျကျပြောရလျှင် သူမအနေအထားဖြင့် အစည်းအဝေးခန်းထဲသို့ ၀င်ခွင့်မရှိတော့ပေ။ သို့သော် ယနေ့ ဘာတွေဖြစ်နေသနည်း။

“ စစ်ထူချင် ရောက်လာပြီ…”

မိသားစုခေါင်းဆောင်က ပြုံးလျက် စိုက်ကြည့်နေ၏။

မိသားစုခေါင်းဆောင်၏ အကြည့်က ယခင်ကဲ့သို့မဟုတ်ဘဲ သူမအား ရတနာတစ်ခုခဲ့သို့ အမြတ်တနိုးကြည့်နေခြင်းဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ…

စစ်ထူချင်၏ နှလုံးသား ရုတ်ချည်းတင်းကြပ်လာခဲ့၏။

စစ်ထူမိသားစု၌ ဆက်ဆံရေးအားလုံး အကျိုးအမြတ်ပေါ်တွင်သာ အခြေခံထားသည်။ သူမအနေဖြင့် အသုံးမ၀င်တော့လျှင် သူတို့က အလွယ်တကူ စွန့်ပစ်ပေလိမ့်မည်။

လက်ရှိသူမ၏ အနေအထားဖြင့်ဆိုလျှင်

မိသားစုခေါင်းဆောင်၏ နွေးထွေးသော အကြည့်က ဘာသဘောနည်း။

အစည်းအဝေးအခန်းတွင်းမှ လူတိုင်း သူမကို နွေးထွေးစွာပြုံးလျက်ကြည့်နေကြ၏။ အထူးသဖြင့် စစ်ထူညီနောင်၏ မျက်နှာတွင် လှောင်ပြောင်လိုဟန်များ တစ်စွန်းတစ်စပါ၀င်နေသည်။

“ ချင်အာ.. မင်းလည်း ကိုယ့်အခြေအနေကိုယ်သိပါတယ်..”

“ စစ်ထူမိသားစုထဲမှာ ဆက်နေတာက အရင်းအမြစ်တွေကို သက်သက်ဖြုန်းတီးနေတာပဲ…”

“ ပြီးရင်.. အရင်နှစ်‌တွေတစ်လျှောက်လုံး မင်းအပေါ်မှာ ဘယ်လိုထောက်ပံ့ခဲ့တယ်ဆိုတာ မင်းလည်း အသိဆုံးပဲလေ….”

မိသားစုခေါင်းဆောင်က နံဘေးမှ လက်ဖက်ရည်ခွက်အား ကောက်ယူပြီး ရေနွေးငွေ့များ မှုတ်ထုတ်လိုက်သည်။ သို့သော် သူ၏ စကားများမှာမူ အေးစက်၍နေ၏။

“ ဒီတော့ မင်းကိုငါ ချမ်းသာခြင်းနန်းတော်က သခင်လေးဇောင်နဲ့ လက်ဆက်ပေးဖို့ စီစဉ်ထားတယ်… ဒီနေ့ကစပြီး မင်းက စစ်ထူမိသားစုနဲ့ သက်ဆိုင်ခြင်းမရှိတော့ဘူး… ဇောင်မိသားစုထဲက တစ်ယောက်ဖြစ်သွားလိမ့်မယ်.. မမေ့ပါနဲ့.. သခင်လေးဇောင်ကို ကောင်းကောင်း ခစားပါ…တကယ်လို့ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့.. ဟမ့်…”

စစ်ထူချင်က ထိုစကားအားကြားလျှင် တုန်ယင်သွားပြီးခေါင်းမော့ကြည့်လိုက်၏။ လူတိုင်း၏ စေတနာများနှင့်ပြည့်နေသော အပြုံးများမှာ နတ်ဆိုးအပြုံးများကဲ့သို့ဖြစ်သွားခဲ့ရသည်။

ချမ်းသာခြင်းနန်းတော်မှ သခင်လေးဇောင်က ရက်စက်ဆိုးသွမ်းမှုများနှင့် အလွန်ကျော်ကြား၏။ အထူးသဖြင့် အမျိုးသမီးများနှင့် ပတ်သက်‌၍ဖြစ်သည်။

သူမ၏ လက်ရှိအချိန်အားမပြောနှင့် အထွတ်အထိပ်အချိန်သို့ရောက်နေလျှင်ပက် သခင်လေးဇောင်က သူမအား သဘောကျသွားလျှင် လွန်ဆန်နိုင်စွမ်းမရှိချေ။

စစ်ထူမိသားစုကား အလွန်အမင်းနှလုံးသားကင်းမဲ့လှသည်။

“ ပြင်ဆင်ထားပါ.. ဒီနေ့ကစပြီး မင်း သခင်လေးဇောင်နောက်ကို လိုက်သွားရမယ်…”

“ လက်မခံနိုင်ဘူး.. ကျွန်မငြင်းတယ်…”

စစ်ထူချင်မှာ နဂိုကတည်းက ခေါင်းမာသူဖြစ်၏။ သူမ၏ ခံစားချက်များ ပို၍ အေးစက်လာခဲ့သည်။

သူမ၏ အသံကကျယ်လောင်လှခြင်းမရှိသော်လည်း ပြတ်သားမှုအပြည့်နှင့်ဖြစ်ကာ ဟောခန်းအတွင်းမှ လူတိုင်းကြားရန် လုံလောက်သည်။

“ မင်း ဘာပြောလိုက်တာလဲ…”

မိသားစုခေါင်းဆောင်၏ မျက်လုံးများမှေးကျဉ်းသွားခဲ့သည်။ သူ၏ အသံမှာ သတိပေးမှု အပြည့်နှင့်ဖြစ်၏။

ဘန်း..!

မိသားစုခေါင်းဆောင်ထံမှ ပြင်းထန်လှသော ဖိအားများထွက်ပေါ်လာပြီး စစ်ထူချင်အပေါ် တိုက်ရိုက်ကျသွားခဲ့သည်။

“ မဟုတ်ဘူး…”

စစ်ထူချင် မျက်နှာကဖြူဖျော့သွားခဲ့၏။ သို့သော် ခေါင်းမငုံ့ဘဲ ခေါင်းဆောင်အား အေးစက်စွာ မော့ကြည့်နေခဲ့သည်။

အရင်တုံးကဆိုလျှင် သူမက မိသားစု၏ ရတနာလေးဖြစ်ခဲ့သည်။ သို့သော် ယခုတွင် အခြားတစ်ယောက်၏ လိင်ကျွန်ဖြစ်ရမည်တဲ့လား။

ဒါက ဘာကိုဆိုလိုတာလဲ…

သူမ၏ ဆန္ဒကိုပင် မေးမြန်းခြင်းမရှိကြချေ။

“ မင်းက မောက်မာလွန်းတယ်.. ဘာလဲ.. မင်း ဆန္ဒမရှိဘူးလား…”

ခေါင်းဆောင်ဘာမှမပြောခင် အကြီးအကဲတစ်ယောက်က ရယ်မောလျက် ၀င်ပြောလိုက်၏။

“ မင်းကိုယ်မင်း အရင်ကလို ပါရမီရှင် တစ်ယောက် ဖြစ်နေတုံးပဲလို့ ထင်နေတာလား..”

“ အိမ်မက်ကနေ နိုးထလိုက်တော့..မင်းက အခုဆိုရင် အမှိုက်တစ်စသာသာပဲ.. မင်း ငါတို့စီစဉ်တာကို သဘောမတူဘူးဆိုရင် မင်းအပေါ် အသုံးပြုခဲ့တဲ့အရင်းအမြစ်တွေအတွက် ဘယ်လိုပြန်ပေးဆပ်မလဲ.. ငါတို့ စစ်ထူမိသားစုမှာ အသုံးမ၀င်တဲ့လူမရှိဘူး…”

ထိုစကားများအားကြားလျှင် လူတိုင်း ခေါင်းညိတ်သဘောတူလိုက်ကြ၏။

ဤနေ့မတိုင်ခင်အထိ စစ်ထူချင်အပေါ် အသုံးပြုခဲ့သည့်အရင်းအမြစ်များ အဆုံးသတ်သွားပြီဟု ထင်ခဲ့ကြသည်။ သို့သော် မမျှော်လင့်ထားသောအရာက သခင်လေးဇောင်က သူတို့မြို့အား ဖြတ်သွားမည်ဖြစ်၏။

သာမန်အချိန်ဆိုလျှင် စစ်ထူမိသား၏အနေဖြင့် ချမ်းသာခြင်းနန်းတော်နှင့် ပတ်သက်နိုင်စရာမရှိပေ။ ယခု အခွင့်ကောင်းတစ်ခုရောက်လာပြီဖြစ်ရာ မည်ကဲ့သို့ လက်လွှတ်ခံနိုင်မည်နည်း။

သခင်လေးဇောင်အား စိတ်ကျေနပ်စေနိုင်သ၍ သူ့ထံမှ စကားတစ်ခွန်းက စစ်ထူမိသားစုအား ကျောက်တုံးနတ်ဆိုးမြို့တွင် ဆယ်နှစ်လောက် စော်ကားမည့်လူမရှိသော အခြေအနေသို့ ပို့ပေးနိုင်စွမ်းရှိသည်။

ဤသည်မှာ စစ်ထူမိသားစုမြင့်တက်လာနိုင်သည့် အခွင့်အရေးကြီးတစ်ခုဖြစ်၏။

သူတို့လုပ်ရပ်က အနည်းငယ်အရှက်ကွဲနိုင်သောလည်း အကျိုးအမြတ်နှင့်ယှဉ်လျှင် ဘာမှမဟုတ်ချေ။

စစ်ထူချင်လား..

သူမ၏ အတွေးဆန္ဒများကို မည်သူက ဂရုစိုက်နေမည်နည်း။

လက်ရှိအချိန်မပြောနှင့် သူမ ပါရမီရှင်တစ်ယောက်ဖြစ်နေလျှင်ပင် စစ်ထူ မိသားစုက အကျိုးအမြတ်အတွက်ဆိုလျှင် သူမအား စွန့်လွှတ်နိုင်သည်။

မိသားစုခေါင်းဆောင်က အေးစက်စွာပြောလိုက်၏။

“ တော်လောက်ပြီ.. ဒီနေ့ မင်း ဆန္ဒရှိရှိမရှိရှိ သဘောတူကို တူရမယ်… မင်းမလာခင်ကပဲ သခင်လေးဇောင်ဆီကို လူလွှတ်ဆက်သွယ်ပြီးသွားပြီ.. ကောင်းကောင်းနာခံပါ.. မဟုတ်ရင် မင်းမောင်လေး….”

ဤသည်ကိုကြားလျှင် စစ်ထူချင်၏ အမူအရာက သိသိသာသာပြောင်းလဲသွားခဲ့သည်။

သူမက တစ်ချိန်က အလွန်ထူးချွန်ခဲ့သော်လည်း သူမ မောင်လေးကမူ သာမန်သာဖြစ်၏။ အရမ်းကေားတယ်ဟုပြော၍မရသလို အရမ်းဆိုးသည်ဟုလည်း မပြောနိုင်ပေ။ စစ်ထူချင်နှင့် သူမ၏မောင် စစ်ထူဘိုင်တို့က အလွန်ကောင်းမွန်းသော ဆက်ဆံရေးရှိသည်။

လက်ရှိအခြေအနေက စစ်ထူဘိုင်အား ရိုက်ခတ်လာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါ။

မိသားစုခေါင်းဆောင်အား စိုက်ကြည့်နေပြီး သူမ၏ ခန္ဓာကိုယ်လေး တုန်ယင်သွားခဲ့ရသည်။

“ အိုး.. ဒါကမှ တကယ့်အလှတရားပဲ.. မင်းအခုလို ငိုနေတာလေးကို ငါအရမ်းကြိုက်တယ်…”

ထိုအခိုက်တန့်တွင် ၀င်ပေါက်မှ ဖမ်းစားနိုင်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူတိုင်း၏ အကြည့်က အသံလာရာဆီသို့ ရောက်သွားခဲ့၏။ ကောက်ကျစ်ကာ ဆိုးသွမ်းသော အပြုံးတစ်ခု မျက်နှာထင် ဆင်မြန်းထားသည့် ပန်းနုရောင်၀တ် လူငယ်တစ်ဦး တံခါး၀တွင် ရှိနေခဲ့သည်။ သူက ခေါက်ယပ်တောင်အား ကိုင်ကာ တစ်ဖျတ်ဖျတ်ခတ်လျက် အစည်းအဝေးအခန်းတွင်းသို့ ၀င်လာခဲ့၏။

သူက မိသားစုခေါင်းဆောင်အား ပြုံးပြလိုက်ပြီး သူ၏ အကြည့်က စစ်ထူချင်အပေါ်သို့ ရောက်သွားခဲ့သည်။ ထိုနောက် မျက်လုံးအတွင်း၌ ဆိုးသွမ်းပြီး လောဘကြီးသည့် အကြည့်တစ်ခုဖြတ်ပြေးသွား၏။

“ မိသားစုခေါင်းဆောင်.. သူမက ခင်‌ဗျားကျုပ်ဆီပေးမယ်ဆိုတဲ့ တတိယသခင်မလေးမဟုတ်လား…”

ထိုလူငယ်ကား ချမ်းသာခြင်းနန်းတော်မှ သခင်လေးဇောင်ထိုင်ဖြစ်ပေသည်။

ဤအချိန်တွင် မိသားစုခေါင်းဆောင်အပါအ၀င် လူတိုင်း ဖော်ရွေသည့်အပြုံးများဆင်မြန်းလျှက် မတ်တပ်ရပ်လိုက်ကြ၏။ စစ်ထူဖန်းနှင့် စစ်ထူဟန်တို့ညီအစ်ကို ခါးကို (၉၀)ဒီဂရီ ညွှတ်၍ ရှေ့တိုးကာ သခင်လေးဇောင်အား ဖိတ်ခေါ်လိုက်ကြသည်။

“ ဟုတ်ပါတယ်..”

မိသားစုခေါင်းဆောင်က လက်ရှိနေရာမှ ဖယ်ပေးလိုက်သည်။ နဂိုက သူ၏ မျက်၀န်းများထဲ၌ ရှိနေသည့် ဒေါသများက ဖော်ရွေမှုများအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ အားရပါးရပြုံးထားသဖြင့် မျက်လုံးများပင် ပျောက်ကွယ်လုနီးပါး ဖြစ်နေချေပြီ။

လက်ရှိတွင် သူအလွန်ပျော်ရွှင်နေ၏။

သခင်လေးဇောင်က တကယ်ကြီးရောက်လာတာလား…

“ အိုး.. ဒါပေမယ့် သူမက ဆန္ဒမရှိသလိုပဲနော်.. ကြည့်ရတာ ကျုပ်က စစ်ထူမိသားစုကို အတင်းအကြပ်စေခိုင်းနေသလိုပဲ…”

ဇောင်ထိုင်က မျက်ခုံးပင့်ကာကြည့်လိုက်သည်။ သူမျက်နှာထက်တွင် အပြုံးတစ်ခုဆင်မြန်းထားပြီး အေးစက်စက်ဖြစ်နေ၏။

“ မဟုတ်ပါဘူး.. ကျုပ်တို့ မလုပ်ဝံ့ပါဘူး…”

ဇောင်ထိုင်၏ အေးစက်စက်အမူအရာကိုမြင်လျှင် မိသားစုခေါင်းဆောင်၏ နှလုံးသားတစ်ခုလုံး တင်းကြပ်သွားခဲ့သည်။

သူက စစ်ထူချင်အား ပြင်းထန်စွာစိုက်ကြည့်ပြီး နှလုံးသားထဲမှ ကျိန်ဆဲလိုက်၏။

“ သူမက စစ်ထူမိသားစု၀င်တစ်ယောက်ပဲ.. ဒီနှစ်တွေအတောအတွင်း သူမအပေါ်မှာ ရှိသမျှ အရင်းအမြစ်အားလုံး ပုံအောအသုံးပြုခဲ့တယ်.. ပြီးရင် ကျုပ်က စစ်ထူမိသားစုရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ.. သူမအတွက် သင့်တော်ဝာာကို စီမံပိုင်ခွင့်ရှိတယ်.. သခင်လေးဇောင် ဒီနေ့ကစပြီး သူမက သခင်လေးအပိုင်ပါ….”

“ အဲ့တာအပြင် တောင်ပိုင်းပြည်နယ်တစ်ခုလုံး သခင်လေးဇောင်ရဲ့ မြင့်မြတ်တဲ့နာမည်ကို မသိတဲ့လူတစ်ယောက်မှမရှိပါဘူး.. သခင်လေးဇောင်ရဲ့ အပိုင်ပစ္စည်းတစ်ခုကိ ဘယ်သူမှ ၀င်မစွက်ဖက်ရဲပါဘူး.. သူမက သခင်လေးရဲ့ မိန်းမဖြစ်သွားပြီဆိုတော့ စိတ်ရှိသလို ဆက်ဆံနိုင်ပါတယ်…”

ထိုစကားအားကြားလျှင် စစ်ထူချင်၏ နှလုံးသားတစ်ခုလုံး အေးခဲသွားခဲ့သည်။

All Chapters