ဆရာက အရမ်းအစွမ်းထက်တယ်
Vol. 6 Ch. 89
စစ်ထူချင်အား တပည့်လက်ခံပြီးနောက် သူမတို့ မောင်နှစ်မအားခေါ်ဆောင်လာခဲ့ပြီး ကျောက်တုံးနတ်ဆိုးမြို့အပြင်၌ ရပ်စောင့်နေခဲ့သည်။
တစ်ခဏမျှအကြာတွင် ပုံရိပ်တစ်ခု ရွှမ်ယီတို့အဖွဲ့ရှိရာဆီသို့ ပျံသန်းရောက်ရှိလာ၏။
ထိုလူက အခြားမဟုတ် ဆေဘာဘုရင်ဖြစ်သည်။ သူက ရောက်သည်နှင့် ရွှမ်ယီအား ပြုံးပြလိုက်၏။ ဆေဘာရည်ရွယ်ချက်က သူ၏ မျက်လုံးများအတွင်း၌ တောက်ပနေဆဲပင်။
“ ဆရာ..”
စစ်ထူချင်က ဆေဘာဘုရင်အား ရှုပ်ထွေးနေသည့် မျက်လုံးများဖြင့်ကြည့်လိုက်သည်။ သူမက တုံးအသူမဟုတ်ပေ။ အဘယ်ကြောင့် ဆေဘာဘုရင်ခြေတစ်လှမ်းနောက်ကျနေကြောင်း သဘာ၀ကျစွာ နားလည်ထား၏။
ထို့ကြောင့် သူမ၏ စိတ်များအနည်းငယ်ရှုပ်ထွေးသွားခဲ့ရသည်။
ထိုနေရာ၌ သူမ ဘ၀တစ်လျှောက်လုံးနေလာခဲ့ခြင်းဖြစ်၏။ သို့သော် စစ်ထူမိသားစုက အလွန်ရက်စက်လွန်းလှသည်။ အခုတော့ပျက်စီးသွားချေပြီ။
ထားလိုက်ပါ.. ပျက်စီးသွားပြီးပဲကို…
“ ပြင်ဆင်စရာရှိတာပြင်ဆင်ကြတာပေါ့…”
ရွှမ်ယီက အနည်းငယ်ပြုံးလိုက်ပြီး သိုလှောင်လက်စွပ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် တောက်ပနေသည့် တံဆိပ်ပြားတစ်ခုထုတ်ပြီး စစ်ထူဘိုင်အားပေးလိုက်သည်။
“ ဒါကိုယူပြီး နက်နဲဓားဂိုဏ်းကို သွားလိုက်ပါ…”
ဆေဘာဘုရင်နှင့် ရွှေဘုရင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် ပြုံးလိုက်ကြ၏။
စစ်ထူဘိုင်က ထိုအထောက်အထားတံဆိပ်ပြားကို စိတ်အားထက်သန်စွာယူလိုက်သည်။
ထို့နောက် သူတို့မောင်နှမ နှစ်ယောက် တစ်ခဏကြာအောင် တီးတိုးစကားပြောလိုက်ပြီးနောက် လူတိုင်းကို နှုတ်ဆက်ကာထွက်ခွာသွားတော့သည်။
သူ၏ ဦးတည်ရာက ကြက်သွေးနတ်ဆိုးဒေသမှ နက်နဲဓားဂိုဏ်းခွဲထံသို့ဖြစ်၏။
“ မင်းရဲ့ မောင်လေး… သူ ဂိုဏ်းမှာကျင့်ကြံတာပြီးဆုံးသွားရင် မင်းတို့ပြန်တွေ့ရမှာပါ…”
ရွှမ်ယီက စစ်ထူချင်အားပြောလိုက်သည်။
စစ်ထူဘိုင်၏ နောက်ကျောအားငေးကြည့်နေသည့် စစ်ထူချင်က ရွှမ်ယီ၏ စကားအားကြားလျှင် ခေါင်းညိမ့်လိုက်၏။
ဆရာပြောတာမှန်တယ်.. ကျင့်ကြံတာပြီးသွားရင် တစ်နေ့ကျ ပြန်တွေ့ရမှာပဲလေ..
၎င်းကိုမြင်လျှင် ရွှမ်ယီက ပြုံးလိုက်၏။ ထို့နောက် တစ်စုံတစ်ခုအားတွေးမိလိုက်သကဲ့သို့ သူ၏ အပြုံးက ပို၍ တောက်ပသွားခဲ့သည်။
“ သွားကြစို့ ငါတို့မှာ နှုတ်ဖို့လိုနေတဲ့ စူးတစ်ချောင်း ကျန်သေးတယ်…”
“ အဲ့ဒီ ချမ်းသာခြင်းနန်းတော်ဆိုတာ ကောင်းတဲ့နေရာမဟုတ်လောက်ဘူး.. အဆုံးသတ်ပေးဖို့ သွားကြစို့…”
ရွှမ်ယီက စစ်ထူချင်အားခေါ်လျက် ဘုရင်နှစ်ယောက်အား လမ်းညွှန်ခိုင်းလိုက်သည်။
သူက ချမ်းသာခြင်းနန်းတော်မှ သခင်လေးကို သတ်ဖြတ်ခြင်းအား ပုံမှန်ဆိုလျှင် ခေါင်းထဲ၌ပင်မရှိချေ။ သို့သော် စစ်ထူဘိုင်က ကြက်သွေးနတ်ဆိုးဒေသ၌သာ ရှိနေသေး၏။ ဤအတိုင်းထားခဲ့ပါက ပြသနာကူးစက်သွားနိုင်သည်။
ချမ်းသားခြင်းနန်းတော်လား…
ရွှမ်ယီ၏ မျက်လုံးထဲသို့၀င်နိုင်သောအဆင့်မရှိချေ။
“ ဆရာ အဲ့လိုမလုပ်ပါနဲ့…”
ရွှမ်ယီ၏ စကားအားကြားလျှင် စစ်ထူချင်စိုးရိမ်သွားခဲ့၏။
သူမသည် လက်ရှိမကျင့်ကြံနိုင်သော်လည်း ယခင်က ကျင့်ကြံခဲ့ဖူးသည်။ ကျင့်ကြံခြင်းအဆင့်များအကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းသိ၏။
စစ်ထူမိသားစု အစည်းအဝေးခန်းမထဲတွင် ချမ်းသာခြင်းနန်းတော် အလွန်အစွမ်းထက်ကြောင်း ကြားခဲ့ရသည်။ ၎င်းတို့ထံ၌ ဘုရင်အဆင့်ကျင့်ကြံသူရှိသည်ဟုပင် ဆိုကြ၏။
ဘုရင်အဆင့်ဆိုသည်မှာအဘယ်နည်း။
တောင်ပိုင်းနယ်မြေအား ဖျက်ဆီးပစ်လိုက်နိုင်သည့် တည်ရှိမှုမျိုးဖြစ်၏။
မိုးနှင့်လေကို ဆင့်ခေါ်နိုင်ပြီး လေဟာနယ်ကို ခွဲထုတ်နိုင်စွမ်းရှိသည်။
သူမ၏ ဆရာအလွန်သန်မာကြောင်း သူမနားလည်ပေသည်။ သို့သော် အခြေတည်ဝိညာဉ်အဆင့်ဆိုသည်မှာ ဘုရင်အဆင့်နှင့် နှိုင်းယှဉ်နိုင်သော အရာမျိုးမဟုတ်ပေ။
သူမ၏ဆရာ ချမ်းသာခြင်းနန်းတော်ထံသို့ သွားလိုသည်မှာ နောက်ဆက်တွဲပြသနာများအား ဖြေရှင်းရန်အတွက် ဖြစ်ဟန်ရသည်။ စစ်ထူချင်က ရွှမ်ယီအား ထိုသို့မလုပ်ရန် အစွမ်းကုန်ဖြောင်းဖြချင်နေ၏။
ဆရာက သူမအပေါ် ကျေးဇူးကြွေးအများကြီးတင်နေခဲ့ပြီးဖြစ်သည်။ ထပ်ပြီး အသက်အန္တာရာယ်ရှိသည့် ကိစ္စမျိုးလုပ်ရန် သူမ မလိုလားပေ။
“ ဆရာ.. ချမ်းသာခြင်းနန်းတော်က ပျော်ရွှင်ခြင်းဘုရင်က ဘုရင်အဆင့်ရောက်နေတာကြာပြီလို့ပြောသံကြားတယ်.. သူက အရမ်းအစွမ်းထက်တယ်…”
သူမက ရွှမ်ယီအား အဆက်မပြတ်ပြောကာ ဖြောင်းဖြလိုသော်လည်း စဉ်းစားနေရသဖြင့် စကားများထပ်၍ ထွက်မလာတော့ပေ။
ရွှမ်ယီက ထိုစကားအားကြားလျှင် ရွှမ်ယီက အနည်းငယ်ပြုံးလိုက်ပြီး ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့အား ကြည့်လိုက်မိသည်။
“ အိုး.. သူက အရမ်းစွမ်းထက်တယ်လို့ မင်းထင်တယ်ပေါ့….”
ရွှမ်ယီက အပြုံးတစ်ခုဖြင့် ငြင်းဆိုလိုက်ပြီး စစ်ထူချင်၏ မျက်လုံးထဲ၌ သေမင်းလမ်းဟု မြင်နေသည့် ခရီးအား ဆက်လက်လျှောက်လှမ်းလာခဲ့သည်။
“ လူတော်တော်များများက သူ့ကို အစွမ်းထက်တယ်လို့ပြောကြတာ သူ တကယ်အစွမ်းထက်တာပဲဖြစ်မယ်…”
စစ်ထူချင်က မကျေနပ်သေးပဲ ဆက်ပြောလိုက်၏။
“ ဒါဆို စွမ်းအားကြီးတဲ့လူနဲ့တွေ့ရင် ကြောက်ရမှာလား…”
ရွှမ်ယီက စစ်ထူချင်အား ခေါ်ဆောင်လျက် ချမ်းသာခြင်းနန်းတော်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ဘုန်း…!
မြေပြင်ပေါ်သို့ရောက်သည်နှင့် ရွှမ်ယီက သူ၏ တည်ရှိမှုအား ဖုံးကွယ်ထားရန်စိတ်ကူးမရှိချေ။ သူ၏ အရှိန်အဝါကို အဆုံးအစွန်ထိမြှင့်တင်၍ ဖိအားများထုတ်လွှတ်လိုက်သည်။ ချမ်းသာခြင်းနန်းတော်အတွင်းမှလူတိုင်း နှလုံးသားများ တုန်ယင်သွားခဲ့ကြ၏။
“ ဒီလောက်တောင် မောက်မာနေတာ ဘယ်ကကောင်လဲကွ…”
“ မင်းဘယ်သူလဲ.. ဘာလို့ ငါတို့ ချမ်းသာခြင်းနန်းတော်ကို ပြသနာလာရှာတာလဲ…”
“ ကျေးဇူးပြုပြီး မင်းဘယ်သူလဲနဲ့ ဘယ်ကလာတယ်ဆိုတာပြောပါ.. မဟုတ်ရင် ချမ်းသာခြင်းနန်းတော်က ဘုရင်တစ်၀က်အဆင့်(၃)ယောက်နဲ့ အခြေတည်ဝိညာဉ်အဆင့်တွေအားလုံး ဆက်ပြီး ယဉ်ကျေးနေတော့မှာမဟုတ်ဘူးနော်….”
ရွှမ်ယီက ၎င်းတို့ထံမှာ အသံများအား လျစ်လျူရှုထားခဲ့ပြီး စစ်ထူချင်ဘက်သို့လှည့်ကာ ပြုံးလျက်မေးလိုက်၏။
“ ဘယ်လိုလဲ.. မင်းကြောက်နေလား…”
စစ်ထူချင်က ချမ်းသာခြင်းနန်းတော်မှ လူတစ်ရာ၀န်းကျင်အားကြည့်လိုက်၏။ ၎င်းတို့အထဲမှ တစ်ယောက်ချင်းစီက သူမတို့မိသားစုမှ လူတိုင်းထက်အစွမ်းထပ်ပေသည်။ မိသားစုခေါင်းဆောင်ပင်လျှင် ထိုလူများထက် များစွာနိမ့်ကျပေသည်။
ပထမတွင် သူမ တုန်လှုပ်သွားခဲ့သော်လည်း ရွှမ်ယီ၏ အေးဆေးနေသည့် အမူအရာအားကြည့်ပြီး ခုန်နေသည့်နှလုံး တဖြည်းဖြည်းနှင့် ပြန်လည်ငြိမ်သက်သွားခဲ့၏။
သူမ၏ မျက်လုံးများအား မှိတ်ချလိုက်ပြီး တစ်ခဏအကြာတွင် ပြန်ဖွင့်လိုက်သည်။
“ ဆရာ အနားမှာရှိနေရင် ကျွန်မ မကြောက်ဘူး…”
……..
“ ခွေးကောင် မင်း အရမ်းမောက်မာလှချည်လား..”
“ မင်းကတော်တော်မိုက်ရိုင်းတာပဲ.. မေးနေတာ မကြားဘူးလား…”
ဝှစ်ရှ်…
ရွှမ်ယီက အခြေတည်ဝိညာဉ်အဆင့်(၈) စွမ်းအားနှင့်အတူ ဓားရည်ရွယ်ချက်အဆင့်(၃) အထွတ်အထိပ်အား အသုံးပြုကာ လက်တစ်ချက်ဝှေ့ယမ်းလိုက်၏။
ထို့နောက် ကမ္ဘာကြီးပင်တုန်ခါသွားစေနိုင်သည့် စွမ်းအားမျိုးထွက်ပေါ်လာခဲ့လေသည်။
ဘုန်း..!ဘုန်း..! ဘုန်း…!
သူ့အား အာကျယ်အာကျယ်နှင့် ဆဲဆိုနေခဲ့သည့် အကောင်များ သွေးမှုန်များဘ၀ပြောင်းသွားခဲ့၏။
ရွှမ်ယီက ခြေသို့ တစ်လှမ်းပြီးတစ်လှမ်း ဆက်လျှောက်သွားနေသည်။ သူသွားသည့်လမ်းတစ်လျှောက် သူ့ထံတိုက်ခိုက်ရန်၀င်လာသည့် လူတိုင်း ပေါက်ကွဲထွက်ကုန်ကြ၏။ သူက နှေးကွေးစွာလျှောက်လှမ်းနေပြီး နံဘေးတွင် သွေးမိုးများရွာနေသည့်တိုင် သူ၏ အဖြူရောင်၀တ်စုံက စွန်းထင်းခြင်းမရှိချေ။
“ မင်းက ဘယ်သူလဲ.. ဘာလို့ ငါတို့ ချမ်းသာခြင်းနန်းတော်ကို ပြသနာလာရှာတာလဲ…”
ထိုအချိန်တွင် အနက်ရောင်၀တ်စုံအား၀တ်ဆင်ထားပြီး မျက်နှာထက်တွင် ပါးနီများ ခြယ်သထားသည့် ခပ်ပိန်ပိန်အမျိုးသားတစ်ဦး နန်းတော်အတွင်းပိုင်းမှ ထွက်လာခဲ့သည်။ သူက ရွှမ်ယီအား ဒေါသထွက်နေသည့်အမူအရာဖြင့် စိုက်ကြည့်နေ၏။
ချမ်းသာခြင်းနန်းတော်သခင် ပျော်ရွှင်ခြင်းဘုရင်…..
“ ဘာရယ်တော့မဟုတ်ပါဘူး.. ခင်ဗျားရဲ့သားကို ကျုပ်သတ်ခဲ့တယ်.. ခင်ဗျားတို့ ကျုပ်ကိုလိုက်ရှာပြီး ယင်ကောင်တွေလို စိတ်ဒုက္ခပေးနေမှာ မကြိုက်လို့ ကိုယ်တိုင်လာခဲ့တာပဲ…”
ရွှမ်ယီ၏ လေသံက ပေါ့ပေါ့ပါးပါးသာဖြစ်သော်လည်း သူ၏စကားများကြောင့် ပျော်ရွှင်ခြင်းဘုရင် ဒေါသထွက်လွန်း၍ ကတုန်ကယင်ပင်ဖြစ်သွားခဲ့၏။
“ ခွေးကောင်.. မင်းက သေချင်နေတာပဲ…”
ပျော်ရွှင်ခြင်းဘုရင်က အံကြိတ်လျက် အေးစက်စွာပြောလိုက်၏။
ရွှမ်ယီက ထီမထင်ဟန်ဖြင် သူ၏ဓားအား ချက်ချင်းထုတ်ယူလိုက်သည်။
ဘုန်း…!
အနက်ရောင် ဟင်းလင်ပြင်ဓားနယ်မြေက ရွှမ်ယီအား ဗဟိုပြုကာပြန့်ကားထွက်သွားပြီး ပျော်ရွှင်ခြင်းဘုရင်အပါအ၀င် ချမ်းသာခြင်းနန်းတော်မှ အသက်ရှင်နေသေးသည့် လူတိုင်းအား ဖုံးအုပ်သွားခဲ့သည်။
ထိုအချိန်တွင် ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့ မယုံကြည်နိုင်ဟန်များဖြင့် ရှေ့တစ်လှမ်းတိုးလိုက်မိကြ၏။
နယ်..နယ်မြေတစ်ခုလား….?
အသက်(၂၄)၀န်းကျင် လူငယ်လေးအနေဖြင့် အခြေတည်ဝိညာဉ်အဆင့်(၈)သို့ရောက်ပြီး ဓားရည်ရွယ်ချက်အဆင့်(၃)အား နားလည်ထားသည်ကပင် အလွန်အကျူးဖြစ်နေချေပြီ။
ယခုတွင် သူတို့ ဘာကိုမြင်လိုက်ရသနည်း…
နယ်မြေတစ်ခုတဲ့လား….
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…?
ထို့နောက် ကောင်းကင်ထက်တွင် အဖြူရောင်အရိပ်နှင့် အနက်ရောင်အရိပ်တို့ တိုက်ခိုက်လိုက်ကြသည်။ သို့သော် ခဏအကြာတွင် အနက်ရောင်အရိပ် ပျောက်ကွယ်သွားခဲ့၏။ လေထဲတွင် အဖြူရောင်ပုံရိပ်တစ်ခု ရပ်နေခဲ့ပြီး သူ၏ နှင်းဖြူရောင်အ၀တ်အစားက လေနှင့် တဖျတ်ဖျတ်လွင့်နေပေသည်။
“ ဒါ.. ဒါက ဘာလဲ.. ပျော်ရွှင်ခြင်းဘုရင်ကို ဆရာက အနိုင်ရသွားတာလား…”
စစ်ထူချင်၏ နှလုံးသားတစ်ခုလုံး အပျော်များဖြင့် ပြည့်နှက်သွားခဲ့၏။ တစ်ချိန်တည်းတွင် သူမ၏ ရင်အတွင်း၌ မာနတစ်ခုလည်း ဖြစ်တည်လာခဲ့သည်။
သူမ အနေဖြင့် နှစ်အတန်ကြာ မကျင့်ကြံနိုင်ပဲ မသန်မစွမ်းဖြစ်နေခဲ့၏။ တစ်နေ့တွင် ဤမျှစွမ်းအားကြီးသော ပညာရှင်တစ်ဦး၏ တပည့်တစ်ဦးဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ ဖြစ်နိုင်တာက.. မသန်မစွမ်းတစ်ယောက် အနေနဲ့ ငါ့ရဲ့ ကံကြမ္မာက တကယ်ပြောင်းလဲသွားခဲ့ပြီ…..”