← Chapters

အခန်း (၉၀)

Vol. 6 Ch. 90

အခန်း (၉၀)

Vol. 6 Ch. 90

ဟင်လင်းပြင်ဓားနယ်မြေ၏ ထောက်ပံ့ပေးမှုအောက်တွင် အစောပိုင်းမူလဘုရင်အဆင့် ပျော်ရွှင်ခြင်းဘုရင် တစ်ခဏသာတောင့်ခံနိုင်ခဲ့၏။

အသက်ရှုကြိမ်အနည်းငယ်အတွင်း ချမ်းသာခြင်းနန်းတော် ပျက်စီးသွားချေပြီ။

စစ်ထူချင်၏ နှလုံးသား အပြင်းအထန်ခုန်ပေါက်နေ၏။ သူမ၏ ဆရာအစွမ်းထက်မှန်းသိထားသော်လည်း ဘုရင်အဆင့်တစ်ယောက်အား အလွယ်တကူသတ်နိုင်သည်ထိအစွမ်းထက်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ဘုရင်အဆင့်နှစ်ယောက်က၏ တုန်လှုပ်မှုကလည်း စစ်ထူအောက်မလျော့ပေ။

ရွှမ်ယီ၏ အသက်အရွယ်ဖြင့် လက်ရှိကျင့်ကြံဆင့်အပါအ၀င် အဆင့်(၃)ဓားရည်ရွည်ချက်အား နားလည်ထားခြင်းက အလွန်းအမင်းပါရမီရှိနေချေပြီ။ သို့သော် ရွှမ်ယီက နယ်မြေတစ်ခုကိုပါနားလည်ထားလိမ့်မည်ဟု လုံး၀ထင်မှတ်ထားခဲ့ခြင်းမရှိပေ။

သူတို့သာ ရွှမ်ယီ၏ ကျင့်ကြံဆင့်အစစ်အမှန်ကိုမသိထားပါက ရုပ်ဖျက်ထားသည့် ဘုရင်အဆင့်၏ အထင်မှားမိနေကြပေလိမ့်မည်။

“ တကယ့် ဘုရင်အဆင့်တစ်ယောက်နဲ့ မခြားနားပါဘူး…”

ဘုရင်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် တံတွေးမြိုချမိလိုက်ကြ၏။

ပျော်ရွှင်ခြင်းဘုရင်နေရာတွင် သူတို့ဖြစ်နေလျှင်ပင် သိပ်ထူးခြားမည်မဟုတ်ချေ။

ရွှမ်ယီအား အကြည့်သောအကြည့်များတွင် ပို၍ လေးစားဟန်များ ပါ၀င်လာခဲ့၏။

“ သွားကြစို့.. ဒီမှာဘာမှလုပ်စရာမရှိတော့ဘူး.. အဇူရာနယ်မြေကိုပြန်ကြမယ်…”

ရွှမ်ယီက ပြုံးလျက် ဘုရင်နှစ်ယောက်အားကြည့်ကာ ပြောလိုက်သည်။

…………..

ရက်အနည်းငယ်အကြာတွင် အဇူရာဒေသ နယ်နိမိတ်သို့ ရောက်လာခဲ့ကြ၏။

ရွှမ်ယီ၏ အတန်းငယ်အလှမ်းဝေးသော အဇူရာ‌ဒေသ အလယ်ဗဟိုရှိ အဇူရာအင်ပါယာမြို့သို့ လှမ်းမျှော်ကြည့်လိုက်သည်။

အဇူရာဒေသ မဟာပြိုင်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ရုန်းရင်းဆန်ခတ် တိုက်ပွဲ ပြသနာများ သူ့ မျက်လုံးထဲတွင် ပြန်လည်မြင်ယောင်လာ၏။

ထိုနေ့က နှင်းဘုရင်ပြောသည့် ထိုလူများအား တိုက်ခိုက်ပေးလျှင် အဇူရာဒေသမဟာပြိုင်ပွဲ၏ ချန်ပီယံဆုအား ပေးမည်ဟူသည့် စကားကို ပြန်လည်ကြားယောင်မိသွားသည်။

“ ဟင်းဟင်း.. မိုချန်ကို အနိုင်ယူပေးရင် ချန်ပီယံဆုပေးမယ်ဆိုတဲ့ နှင်းဘုရင်ရဲ့ ကတိကို မှတ်မိပါသေးတယ်….”

ရွှမ်ယီက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

ယခုတွင် သူက မိုချန်အား အနိုင်ယူရုံသာမက မေ့ပျောက်နတ်ဆိုးနန်းတော်ကိုပင် ဖျက်ဆီးခဲ့သေးသည်။ ချန်ပီယံဆုက သူ့အိတ်ကပ်ထဲမှ ပြေးမလွတ်တော့ချေ။

“ ကောင်းပြီ.. ရွှေဘုရင်နဲ့ ဆေဘာဘုရင်.. ခင်ဗျားတို့က နက်နဲဓားဂိုဏ်းရဲ့ အကြီးအကဲတွေအဖြစ် သဘောတူခဲ့ကြတယ်နော်…”

ရွှမ်ယီ ရုတ်တရက် ရပ်တန့်လိုက်သည်ကိုမြင်လျှင် နောက်မှ ဘုရင်နှစ်ယောက်လည်း ချက်ခြင်းရပ်တန့်လိုက်ကြ၏။

ထိုအချိန်တွင် ရွှမ်ယီ၏ စကားအားကြားလိုက်လျှင်

“ ဟုတ်ပါတယ် သခင်လေး.. နက်နဲဓားဂိုဏ်းရဲ့ အကြီးအကဲတွေအဖြစ် တာ၀န်ယူရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါ….”

ထိုနှစ်ယောက်က အလွန်ရိုကျိုးနေပြီး မောက်မာမှု တစ်စုံတစ်ရာ မပြသဝံ့ကြချေ။ သူတို့က ရွှမ်ယီ၏ ခွန်အားကို မျက်မြင်ကြုံဖူးထားကြ၏။

ရွှမ်ယီသာအလိုရှိလျှင် သူတို့နှစ်ယောက်အား အလွယ်တကူသတ်ဖြတ်နိုင်စွမ်းရှိသည်။ ထို့အပြင် သူတို့၏ စိတ်ဝိညာဉ်ကိုလည်း ရွှမ်ယီက ထိန်းချုပ်ထားသေး၏။

ထိုမျှသာမက ရွှမ်ယီ၏ နောက်တွင် ဘုရင်အဆင့်များအား ကြက်သတ်သလိုသတ်နိုင်သော အလွန်အစွမ်းထက်သည့် အမျိုးသမီးတစ်ဦးလည်းရှိနေသေးသည်။

“ အင်း.. ကြက်သွေးနတ်ဆိုးဒေသက နက်နဲဓားဂိုဏ်းဆိုတာ ဂိုဏ်းခွဲတစ်ခုပဲ.. ကျုပ်တို့ရဲ့ ပင်မဂိုဏ်းက အဇူရာဒေသမှာရှိတယ်… အဲ့ဒီနေရာက ကျုပ်စတင်ပြီးကျင့်ကြံခဲ့တဲ့နေရာပေါ့…”

ရွှမ်ယီက ခေတ္တရပ်ကာစဉ်းစားလိုက်ပြီး

“ ခင်ဗျားတို့နှစ်ယောက် ပင်မဂိုဏ်းကိုတိုက်ရိုက်သွားပြီးတော့ ဂိုဏ်းချုပ်ကိုအကြောင်းစုံရှင်းပြလိုက်.. ပြီးရင် အဲ့ဒီနေရာကို အန္တရာယ်ကင်းအောင် အကောင်းဆုံးကာကွယ်ထားပါ….”

“ ဂိုဏ်းချုပ်ရှေ့မှာ လုံး၀မမောက်မာမိဖို့ သတိရပါ…”

ထိုစကားအားပြောချိန်တွင် ရွှမ်ယီ၏ လေသံက လေးနက်နေပြီး ဘုရင်နှစ်ယောက်အား စိုက်ကြည့်လိုက်သည်။

အဇူရာဒေသမှ နက်နဲဓားဂိုဏ်းမှာ ဂိုဏ်း၏ ပင်မနေရာဖြစ်ပြီး ယနေ့အချိန်ထိ ရွှမ်ယီကျင့်ကြံလာခဲ့သော နေရာလည်းဖြစ်၏။ ထို့ကြောင့် ထိုနေရာတွင် မည်သည့်ပြသနာမျှမဖြစ်စေလိုပါ။ ဘုရင်အဆင့်နှစ်ယောက်အား အစောင့်အရှောက်အဖြစ်ထားခြင်းဖြင့် အဇူရာဒေသတွင် မည်သူမှ လာရောက်စော်ကားတော့မည်မဟုတ်ချေ။

သို့သော် ဂိုဏ်းချုပ် ကျန်းနန်ထျန်၏ စွမ်းအားမှာ အတော်လေးနိမ့်ကျ၍နေသည်။ ထို့ကြောင့် ထိုနှစ်ယောက်အား မလေးမစားမပြုရန် အလေးအနက် မှာကြားလိုက်ခြင်း‌ဖြစ်၏။

ရွှေဘုရင်နှင့် ဆေဘာဘုရင်က လုံး၀မောက်မာလိုခြင်းမရှိချေ။ သခင်လေး ရွှမ်ယီ ဘ၀‌တစ်လျှောက်လုံး နေလာခဲ့သည့်နေရာဟု ကြားရုံဖြင့် ထိုနေရာတွင် အကောင်းဆုံးပြုမူနေထိုင်ရမည်ဟု ရင်ထဲတေးမှတ်ထားလိုက်၏။

“ ကောင်းပြီ.. ဘာမှပြောစရာမရှိတော့ရင် ခင်ဗျားတို့ သွားလို့ရပြီ…”

ရွှမ်ယီက ထူးမခြားနားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

ရွှမ်ယီထံမှ ခွင့်ပြုချက်ရသည်နှင့် ဘုရင်နှစ်ယောက်က ဦးညွှတ်လိုက်ပြီး လေဟာနယ်အားခွဲကာ ထိုနေရာမှ ချက်ချင်းထွက်လာခဲ့လိုက်ကြသည်။

အစောပိုင်း မူလဘုရင်အဆင့်များအနေဖြင့် လေဟာနယ်အားဖြတ်သန်းရာတွင် အနည်းငယ်ချောမွေ့မှုမရှိသေးချေ။ လိုရင်းသို့ရောက်ရန် အချိန်အနည်းငယ်‌ပို၍ပေးရန်လိုအပ်၏။

အချိန်အတန်ကြာပြီးနောက် သူတို့နှစ်ယောက် နက်နဲဓားဂိုဏ်း၏ အထက် ကောင်းကင်ယံ၌ ထွက်ပေါ်လာခဲ့ကြသည်။

ဝှရှ်…

ပြင်းထန်သော စွမ်းအင်အတက်အကျများကြောင့် သူတို့နှစ်ယောက်အား လူအများသတိထားမိသွားခဲ့ကြ၏။

ဂိုဏ်းမှ လူတိုင်း ထိုလူနှစ်ယောက်အားမြင်ဖူးခြင်းမရှိသလို ဘုရင်အဆင့်များကိုလည်း မြင်ဖူးခြင်းမရှိချေ။

ကောင်းသောရည်ရွယ်ချက်နှင့်လာမှန်း မကောင်းသောရည်ရွယ်ချက်နှင့်လာမှန်း တိတိကျကျမသိကြသဖြင့် ဂိုဏ်းတစ်ခုလုံး အချက်ပေးသံများ ညံသွားခဲ့၏။

“ ခင်ဗျားတို့နှစ်ယောက်က ဘယ်သူတွေလဲ…”

“ ‌ဒီနေရာက အကြီးအကဲရွှမ်ယီ ကျင့်ကြံတဲ့နေရာပဲ.. ခင်ဗျားတို့နှစ်ယောက် ဘာလိုချင်လို့လဲ…”

ဝှစ်ရှ်.. ဝှစ်ရှ်.. ဝှစ်ရှ်

မရေမတွက်နိုင်သော လူများလက်နက်များစွဲကိုင်ကာရောက်ရှိလာခဲ့ကြ၏။ သို့သော် လေပေါ်မှ နှစ်ယောက်အားမြင်လျှင် ဓားကိုင်ထားသော လက်များပင် တုန်ယင်သွားခဲ့ရ၏။

လေဟာနယ်ကို ဖြတ်သန်းလာပြီး လေပေါ်မှာပျံနေတယ်…….?

အချက်တစ်ချင်းခြင်းစီက တစ်ဖက်လူ၏ အဆင့်အတန်းကို မီးမောင်းထိုးပြနေသည်။

ဤသည်မှာ ဘုရင်အဆင့်များ မဟုတ်ပေလော….

ဂိုဏ်းချုပ်ကျန်းနန်းထျန်က ရှေ့တစ်လှမ်းတိုးလိုက်၏။ သူက မျက်မှောင်ကြုတ်ထားပြီး ရှုပ်ထွေးနေဟန်ရသည်။

အဇူရာဒေသတွင် တိုးပွားလာခဲ့သော ရွှမ်ယီ၏ ဂုဏ်သတင်းများကြောင့် နက်နဲဓားဂိုဏ်း၏ ပုံရိပ်မှာ တဖြည်းဖြည်းမြင့်တက်လာခဲ့၏။ ယခုတွင် ကောင်းကင်လေတစ်နိုင်ငံလုံး၌ မြင့်မြတ်နယ်မြေ ဖြစ်နေချေပြီ။

မရေမတွက်နိုင်သောကျင့်ကြံသူများ နေ့စဉ်နှင့်အမျှ နက်နဲဓားဂိုဏ်းသို့ ‌၀င်ရောက်လိုနေကြပြီး လက်ရှိတွင် နက်နဲဓားဂိုဏ်း၌ အခြေတည်ဝိညာဉ်အဆင့် နောက်ထပ်(၃)ဦးရှိနေခဲ့ပြီဖြစ်သည်။

ကောင်းကင်လေနိုင်ငံတွင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူဆိုသည်မှာ အထွတ်အထိပ်အဆင့် တည်ရှိမှုများဖြစ်၏။

လက်ရှိ နက်နဲဓားဂိုဏ်းတွင် တိုးပွားလာခဲ့သော အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများ အရေအတွက်အရ မကြာမီတွင် နက်နဲဓားဂိုဏ်းက ကောင်းကင်လေနိုင်ငံ၏ အကြွင်းမဲ့ နံပါတ်(၁) ဖြစ်လာတော့မည်။

သို့သော် အခြေတည်ဝိညာဉ်အဆင့်များ မည်မျှ များပြားနေစေကာမူ ဘုရင်အဆင့်တစ်ယောက်၏ ပြိုင်ဘက် လုံး၀မဖြစ်နိုင်ပေ။

ဘုရင်အဆင့်တစ်ယောက် ဘယ်လောက်ကြောက်စရာကောင်းသလဲ…?

ဘုရင်အဆင့်သို့ရောက်ကာစလူတစ်ယောက်က နိုင်ငံ(၁၆)နိုင်ငံအား အလွယ်တကူဖျက်ဆီးခဲ့ဖူးသော မှတ်တမ်းများလည်းရှိ၏။

တစ်ချိန်က နက်နဲဓားဂိုဏ်းရင်ပြင်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲမှ ပင်းယု(ရေခဲငှက်မွေး)၏ ကြောက်မက်ဖွယ်အစွမ်းအား အမှတ်ရနေဆဲပင်။

“ ဘုရင်အဆင့်နှစ်ယောက် ကျုပ်တို့ နက်နဲ‌ဓားဂိုဏ်းကိုရောက်လာတယ်.. သူတို့က ရန်သူလား မိတ်ဆွေလား…”

မျက်လုံးများ မှေးကျဉ်းနေသည့် အကြီးအကဲတစ်ဦးက သူ၏ မုတ်ဆိတ်ဖြူများကိုဆွဲနှုတ်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။

“ ကျုပ်လည်းမသိဘူး.. သူတို့ရည်ရွယ်ချက်ကို အခုထိမသိရသေးဘူး…”

ကျန်းနန်ထျန်၏ အမူအရာက သတိအပြည့်နှင့်ဖြစ်သည်။

ထိုရောက်လာသူနှစ်ဦးမှာ ရွှမ်ယီနှင့် ပတ်သက်ရမည်ဟု စိတ်ထဲက ထင်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အဇူရာအင်ပါယာမြို့တော်မှ ရွှမ်ယီနှင့်ပတ်သက်သော သတင်းများကို သူကြားထားခဲ့ပြီး ထိုအဆင့်များနှင့် ပတ်သက်နိုင်စွမ်းရှိသူမှာ ရွှမ်ယီ တစ်ယောက်တည်းသာရှိ၏။

All Chapters