အနန္တ မိုင်ချီ စာကြည့်တိုက်
Vol. 81 Ch. 1121
အနန္တ မိုင်ချီ စာကြည့်တိုက်မှာ ချောင်စွေ့ဖုန်း ရှင်းပြခဲ့သည့် အတိုင်း အတိအကျပင် ဖြစ်ကာ တံခါးကို ဖြတ်သန်းလိုက်သည်နှင့် တစ်ပြိုင်နက် လွတ်လပ်သည့် ဟင်းလင်းပြင်ကျယ် တစ်ခု အတွင်း သူတို့ ေရာက်ရှိ သွားခဲ့သည်။ သို့သော်လည်း အခြား အာကာသ ဝင်ပေါက်များ၊ တံခါးပေါက်များနှင့် ခြားနားစွာပင် ထိုခံစားချက်က အလွန် သိမ်မွေ့ကာ သတိထားမိရန်ပင် ခက်ခဲလွန်းလှသည်။
ပုံမှန် အခြေအနေတွင်သာ တစ်စုံတစ်ယောက်က စာကြည့်တိုက်၏ အတွင်းနှင့် အပြင်မှာ မတူညီသည့် ဟင်းလင်းပြင်များတွင် တည်ရှိနေသည်ဟု ဆိုပါက ဝေ့ဝူယင် ယုံကြည်ဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ခရာတိုကတော့ ထူးခြားချက်ကို ချက်ချင်းပင် သတိပြုမိခဲ့ပေသည်။ စာကြည့်တိုက် အတွင်းသို့ ဝင်ဝင်ချင်းပင် ၎င်းထံမှ ဟိန်းဟောက်သံ တစ်ခုကို ဝေ့ဝူယင် ကြားရသည်။ ၎င်းက မတွေ့မကြုံဖူးသည့် နေရာ အသစ် တစ်ခုကို လေ့လာစူးစမ်းခွင့် ရခဲ့သည့် ခရီးသွား တစ်ယောက်၏ အာမေဍိတ်သံမျိုးပင်။
“ဒီနေရာမှာ ရှိတဲ့ လောကက ဆက်စပ် မနေဘူး... အထီးကျန်ပြီး ထူးဆန်းတယ်... နေရာတိုင်းလိုလိုမှာ ကွဲလွဲမှုတွေ ရှိနေပေမဲ့ ဖရိုဖရဲ ဖြစ်မနေဘူး”
ခရာတို၏ စကားလုံးများက ခါတိုင်းလိုပင် ဆန်းကြယ်မှုများနှင့် ပြည့်နှက် နေ၏။ ၎င်းတို့၏ အတိမ်အနက်ကို လိုက်လံ ဖမ်းဆုပ်ဖို့ ကြိုးပမ်းပါက ဝေ့ဝူယင် ကိုယ်တိုင်ပင် ရူးသွပ်သွားလိမ့်မည် ဖြစ်ပေသည်။
မည်သို့ပင် ဆိုစေကာမူ... စာကြည့်တိုက် တည်ဆောက်ရာတွင် အသုံးပြုထားသည့် အာကာသနှင့် နေရာလွတ် ပေါင်းစပ်မှုတို့က အလွန် နက်နဲလှကြောင်းကိုတော့ ဝေ့ဝူယင် ကောက်ချက် ချနိုင်ခဲ့ပေသည်။
မဟာ ပေါင်းစည်းခြင်း အကာသ ပဲ့တင်သံလှိုင်း၊ အာကာသ ဥပဒေသ မျိုးစေ့နှင့် အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ဝေ့ဝူယင်ထံတွင် အာကာက အသွင် သဏ္ဌာန် အမျိုးမျိုး အကြောင်း ဉာဏ်အလင်းများစွာ ရှိပေသည်။
အလားတူပင် လျူစုယင်မှာလည်း အာကာသ တာအို နက်ရှိုင်းစွာ နားလည်ထားသူ တစ်ယောက် ဖြစ်လေရာ တံခါးကို ကြည့်ကာ ခွဲခြမ်းစိတ်ဖြာရင်း မျက်လုံးများ တဖျပ်ဖျပ် တောက်ပနေခဲ့သည်။ သူမက အလွန်ပင် စိတ်လှုပ်ရှား နေလေရာ အခြားလူ တစ်ယောက်ကို ဝင်တိုက်လုနီးပါး အထိပင် ဖြစ်သွားခဲ့သည်။
ချောင်စွေ့ဖုန်းက ကျေနပ်စွာဖြင့် ပြုံးလိုက်၏။ အနန္တ မိုင်ချီ စာကြည့်တိုက်မှာ ကာကွယ်သူ မြို့တော် အတွင်းရှိ အဆန်းကျယ်ဆုံး နေရာများထဲတွင် တစ်ခု အပါအဝင် ဖြစ်လေသည်။ တော်ရုံတန်ရုံ ဟင်းလင်းပြင် အစီအရင်များ ပင်လျှင် အနန္တ မိုင်ချီ ဝင်္ကပါများ၏ နက်ရှိုင်းပုံကို လိုက်မှီဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။ ၎င်းမှာ အနန္တ အသွင်ပြောင်းခြင်း ခရီးသွား အကယ်ဒမီ၏ ဂုဏ်အယူရဆုံး ပိုင်ဆိုင်မှုများထဲမှ တစ်ခု ဖြစ်သည်။
သို့သော်လည်း... ချောင်စွေ့ဖုန်း၏ အပြုံးက ကြာရှည် မခံပါချေ။ ဝေ့ဝူယင်မှာ စာကြည့်တိုက် ကောင်တာနားသို့ ခပ်မြန်မြန်ပင် ေရာက်ရှိသွား၏။ ကောင်တာ၏ နောက်တွင်တော့ မျက်စိတစ်ဆုံး မိုင်ပေါင်းများစွာ ဆန့်တန်းနေသည့် စာအုပ်စင်ကြီးများ ရှိနေပေသည်။ ထိုစာအုပ်စင်များထက်တွင်တော့ ရှင်းလင်းစွာ စီတန်းထားသော စာအုပ်များ၊ ပုရပိုက်များစွာ ရှိနေခဲ့ပေသည်။ တစ်ချို့ နေရာများ၌ ဝိညာဉ် ကျောက်စိမ်းများနှင့် ချိတ်ဆက်ထားသည့် စင်မြင့်ငယ်များ ရှိနေခဲ့သည်။ ၎င်းတို့မှာ ကြားခံ ယန္တရားများ သဖွယ် ဖြစ်ကာ အပေါ်ကို တက်လိုက်သည်နှင့် ပုံရိပ်၊ အသံ စသည်ဖြင့် အတွေ့အကြုံများကိုပါ ပေးစွမ်းနိုင်စွမ်း ရှိသည်။
စာကြည့်တိုက် အတွင်းရှိ ဝိညာဉ် ကျောက်စိမ်း အများစုမှာ အကယ်ဒမီ အတွင်းရှိ နာမည်ကျော် ပုဂ္ဂိုလ်ကြီးများ၏ တာအို ပို့ချမှုများကို မှတ်တမ်းယူထားခြင်း ဖြစ်သည်။ ထိုပို့ချမှုများကို ချမှတ် ေရးသားထားသည့် မှတ်တမ်းများလည်း သပ်သပ် ရှိပေသေးသည်။ သို့သော်လည်း... ပို့ချမှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရခြင်းနှင့် စာအုပ်မှ ဖတ်ရှုရခြင်းတို့ အကြားတွင် ကြီးမားသည့် ကွာခြားမှုများ ရှိပေသည်။
ကောင်တာစားပွဲတွင်တော့ ရင့်ကျက်စွာ လှပနေသည့် စာကြည့်တိုက်မှူး မိန်းကလေး တစ်ဦး ထိုင်နေခဲ့သည်။ သူမက မျက်မှန် အဝိုင်း တပ်ဆင်ထားကာ ဆံပင်ကို နောက်တွင် ပွန်နီတေး သဏ္ဌာန် စုစည်း ထားသည်။ သူမက လက်ထဲရှိ စာအုပ် အထူကြီး တစ်အုပ်ကို ဖတ်ရှု နေခဲ့ခြင်း ဖြစ်ကာ စကားလုံးများမှာ သူမ၏ မျက်မှန်များပေါ်တွင် ေရာင်ပြန်ဟပ် နေခဲ့သည်။
ဖျပ်...
မိန်းကလေးက သူမ၏ ပိန်သွယ်သော လက်ချောင်းကလေးများနှင့် စာရွက်ကို လှန်လိုက်သည်။ ထို့နောက် နှောက်ယှက်လာသူများကို အာရုံခံမိသည့် အလား မျက်မှန်ကို လက်တစ်ဖက်ဖြင့် မတင်ကာ အပေါ်သို့ မော့ကြည့် လိုက်၏။ ထိုအခါ... တွေ့မြင်လိုက်ရသူက တောင့်တင်း ခိုင်မာသည့် ကြွက်သားများနှင့် ချောမောလှသည့် လူငယ်လေး တစ်ယောက် ဖြစ်လေရာ မိန်းကလေး၏ မဲနယ်ေရာင် မျက်ဝန်းများမှာ အနည်းငယ် ပြူးကျယ် သွားခဲ့သည်။
လူငယ်၏ ငွေေရာင် မျက်ဝန်းများမှာ အလွန်ပင် လှပလှကာ တည်ရှိမှုတိုင်း၏ အာရုံများကို ကောင်းကင် နတ်သား တစ်ပါးလို ဖမ်းစားနိုင်စွမ်း ရှိသည်။ ထိုမျက်ဝန်း တစ်ဖက်ချင်းစီ၌ ေရာင်စုံ ကြယ်တာရာ ခုနစ်ခုမှာ လှပစွာ တဖိတ်ဖိတ် တောက်ပ ကခုန်နေသည်။ ထိုသင်္ကေတတို့က လူငယ်မှာ အကယ်ဒမီ အတွင်း ဂုဏ်သိက္ခာ အင်မတန် ကြီးမားသည့် တာအို လမ်းညွှန်သူ တစ်ယောက် ဖြစ်ကြောင်း ညွှန်ပြနေပေသည်။
ဝေ့ဝူယင်၏ အမူအရာက ေရပြင်တစ်ခုလို တည်ကြည် ငြိမ်သက်နေ၏။ သို့သော်လည်း သူ၏ မနောစိတ် အာရုံကတော့ ဉာဏ်အလင်း မြူနှင်းများနှင့် အတူ ထူးဆန်းစွာ တုန်လှုပ်နေခဲ့သည်။ ဧဒင် နန်းတော်ကို ပိုင်ဆိုင်ခဲ့ပြီး နောက်တွင် သူ့ အသိစိတ် ပင်လယ်၏ ဉာဏ်အလင်း မြူနှင်း ထုတ်လုပ်မှုများမှာ ပိုမို၍ မြင့်မား လာခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ထူးဆန်းစွာ တုန့်ပြန်သည်ကတော့ ပထမဆုံး အကြိမ် ဖြစ်လေသည်။
လွန်ခဲ့သည့် ရက်ပိုင်းခန့်က ဝေ့ဝူယင်မှာ အဂ္ဂိရတ် တိုက်ပွဲ ကျင်းပရာ ကွင်းပြင်ထံသို့ သွားေရာက်ခဲ့ကာ တာအို လမ်းညွှန်သူ အဆင့် ရှိသည့် ကျောင်းတော်သားများစွာနှင့် တွေ့ဆုံခဲ့သည်။ သို့သော်လည်း... ထိုကဲ့သို့ တုန့်ပြန်မှုမျိုး တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ခဲ့ပါချေ။
ဉာဏ်အလင်း မြူနှင်းများနှင့် အသန့်စင်ဆုံး အဂ္ဂိရတ် မြူနှင်းများထံတွင် တူညီသည့် ဝိသေသ လက္ခဏာများ ရှိသည် ဆိုလျှင် ၎င်းတို့မှာ ကျင့်ကြံသူ၏ အသိပညာနှင့် ဗဟုသုတ နက်ရှိုင်းမှုများမှ တစ်ဆင့် ပေါက်ဖွားလာခြင်း ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့ ဆိုလျှင်.. အမျိုးသမီးမှာ သူနှင့် တန်းတူသည့် သို့မဟုတ် သူ့ထက်ပင် ပိုမို သာလွန်သည့် အသိပညာ ဗဟုသုတများနှင့် ရှုပ်ထွေး လေးနက်သော အခြေခံမူများကို နားလည်ထားသူ ဖြစ်ရပေမည်။ သူမက လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်သော်လည်း အစစ်အမှန် ကျင့်ကြံခြင်း အခြေခံကိုတော့ ဖုံးကွယ်ခြင်း အစီအရင် တစ်ချို့ဖြင့် လွှမ်းခြုံထားပေသည်။ ကောင်းကင်ဘုံ နတ်မျက်လုံးများ ပင်လျှင် ၎င်းကို ဖြတ်သန်း၍ မြင်နိုင်စွမ်း မရှိပါချေ။
“နင်က သေမျိုးလား...”
မိန်းကလေးက ဝေ့ဝူယင်ကို ကြည့်ရင်း မေးလိုက်၏။ အမှန်တကယ် ဆိုလျှင် ၎င်းက ဖြေရန် မလိုအပ်သော မေးခွန်း ဖြစ်ပေသည်။ ဝေ့ဝူယင်ထံမှ ဖြာထွက်နေသည့် သိသာ ထင်ရှားသော အော်ရာမှာ ထိုအချက်ကို အတည်ပြုခဲ့ပြီး ဖြစ်သည်။ မည်သို့ပင် ဆိုစေ ဝေ့ဝူယင်က ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
ချောင်စွေ့ဖုန်းက ကောင်တာေရှ့နားသို့ လမ်းလျှောက်လာကာ ဝေ့ဝူယင် နံဘေးတွင် ရပ်လိုက်သည်။ စာကြည့်တိုက်မှူးကို မြင်သော အခိုက်၌ သူမ၏ မျက်ဝန်းများက ကောင်းကင်ရှန့်ထိုများပင် သတိထားမိရန် ခက်ခဲသည့် နှုန်းထားဖြင့် ဖျပ်ခနဲ တောက်ပသွားခဲ့သည်။
သို့သော်လည်း... ဝေ့ဝူယင်မှာ စိတ်တာအိုကို ကျင့်ကြံနေသူ ဖြစ်လေရာ စိတ်စွမ်းအား အတက်အကျနှင့် အလွန် အကျွမ်းဝင်သူ ဖြစ်သည်။ ထို့ကြောင့်ပင် ချောင်စွေ့ဖုန်း၏ အပြောင်းအလဲကို တဒင်္ဂ အတွင်း ဖမ်းမိလိုက်ပေသည်။
“နောက်ထပ် ထို့ပိဟန် တစ်ယောက်လား...”
ဝေ့ဝူယင် အံ့သြစွာ တွေးလိုက်မိ၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက အနန္တ ဧကရာဇ်ဂိုဏ်း ခေါင်းဆောင် ထို့ပိဟန်မှာ လူတကာ ဝင်ေရာက်နေကြသည့ အဂ္ဂိရတ် တာအို နန်းတော်ထဲတွင် စာကြည့်တိုက်မှူး တစ်ယောက် အဖြစ် ရှိနေခဲ့ဖူးပေသည်။ ဝေ့ဝူယင်မှာ သူနှင့် အမှတ်မထင် တွေ့ရှိခဲ့ကာ ကောင်းကင်နိုဘယ် တပည့် အဆင့်မှ ကောင်းကင် ဧကရာဇ် အဆင့် အဖြစ် တိုးမြှင့်ခြင်း ခံခဲ့ရသည်။ ၎င်က ကောင်းကင်တာအို ဖန်တီးသည့် အခွင့်အေရး တစ်ခု ဖြစ်ကာ သူ့ကို ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ်ဆီသို့ ဦးတည် သွားစေခဲ့ဖူးပေသည်။
ကြည့်ရသည်က ထျန်းေရှာင်လော့သည်လည်း အလားတူ လမ်းကြောင်း အတွင်း သွားနေသည့်ပုံ ရသည်။ ထိုအတိုင်းသာ ဆိုလျှင် ဉာဏ်ပညာ အမွေခံ သင်္ကေတကို လက်ခံပြီးသည်နှင့် ထျန်းေရှာင်လော့မှာ အနန္တ မိုင်ချီ စာကြည့်တိုက်ကို လာကို လာလိမ့်မည် ဖြစ်သည်။ ထို့နောက် ဤမိန်းကလေးနှင့် တွေ့ဆုံကာ နောက်ထပ် ကံကြမ္မာ အခွင့်အေရး တစ်ခုကို ထပ်မံ ရရှိမည့်ပုံ ရသည်။
ထိုသီအိုရီ မှန် မမှန် စမ်းသပ်ရန် ဆုံးဖြတ်လိုက်ရင်း ဝေ့ဝူယင်က အပြစ်ကင်းစင်သည့် ကလေးငယ် တစ်ယောက်လို လေသံမျိုးဖြင့်...
“ခင်ဗျားက ဒီမှာ အသစ်လား...”
“...”
ထိုမေးခွန်းက လှပသည့် စာကြည့်တိုက်မှူး မိန်းကလေးနှင့် ချောင်စွေ့ဖုန်းတို့ နှစ်ယောက် စလုံးကို အံ့အားသင့် သွားစေခဲ့သည်။ ချောင်စွေ့ဖုန်း ဆိုလျှင် ဝေ့ဝူယင်၏ အကဲခတ်နိုင်စွမ်း အပေါ် စိတ်ထဲမှ အလွန်ပင် တုန်လှုပ် သွားခဲ့၏။
“နင် ဘယ်လိုသိတာလဲ...”
အချိန် အတန်ကြာ တိတ်ဆိတ် နေပြီးနောက်၌ စာကြည့်တိုက်မှူးက မေးလိုက်၏။ သူမ၏ လေသံက သိမ်မွေ့ခြင်း မရှိသလို ကြမ်းတမ်းခြင်းလည်း မရှိပါချေ။ တိတ်ဆိတ်မှု၊ သက်တောင့်သက်သာ ရှိမှု စသည်ဖြင့် ထူးဆန်းသည့် ခံစားချက် တစ်ရပ်ကို သယ်ဆောင်ထား၏။
မိန်းကလေးမျာ သာမန်လူ တစ်ယောက် မဟုတ်နိုင်ကြောင်း ဝေ့ဝူယင် ပိုမို၍ သေချာလာခဲ့သည်။ သူ ကြားဖူးသလောက် ဆိုလျှင် အကယ်ဒမီ၏ ကျောင်းအုပ်မျာလည်း အမျိုးသမီး တစ်ယောက်ပင် ဖြစ်သည်။ သူမက လျှို့ဝှက်စွာ နေတတ်သူ တစ်ယောက် ဖြစ်ကာ အကယ်ဒမီ၏ ထိပ်တန်း ပုဂ္ဂိုလ်များသာလျှင် သူမကို မြင်ဖူးကြပေသည်။ ဤမိန်းကလေးက သူမ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သို့မဟုတ်ပါကလည်း တူညီသည့် အဆင့်အတန်း ရှိသူ တစ်ဦး ဖြစ်နိုင်သည်။
“ကျုပ် အနားေရာက်လာတဲ့ အချိန်အထိ ခင်ဗျား တုန့်ပြန်တဲ့ပုံက နည်းနည်း နှေးတယ်လေ... အဲဒါကြောင့်ပါ”
ဝေ့ဝူယင်က ကျိုးကြောင်း ဆီလျော်စွာ ရှင်းပြလိုက်၏။ သို့သော်လည်း စိတ်အတွင်းပိုင်းတွင်တော့ ထျန်းေရှာင်လော့၏ နောက်ထပ် အခွင့်အေရးက ဘာဖြစ်မည်၊ ၎င်းအား မည်ကဲ့သို့ လုယူကောင်း လုယူနိုင်မည်ကို တွေးတော နေမိသည်။
အခြားတစ်ဖက်တွင်တော့ မိန်းကလေး နှစ်ယောက်မှာ ဝေ့ဝူယင်၏ အကြောင်းပြချက်က ယုတ္တိရှိကြောင်း တွေးလိုက်မိ၏။ ထို့ကြောင့်... သူတို့ နှစ်ယောက်စလုံးက များများစားစား မတွေးတော့ပဲ လက်ခံလိုက်သည်။
“ကြည့်ရတာ ကျွန်မကိုယ် ကျွန်မ ရှက်ရတော့မယ့်ပုံပဲ တာအို လမ်းညွှန်သူ...”
မိန်းကလေးက လက်ထဲမှ စာအုပ်ကို ပိတ်ကာ မတ်တပ်ထရပ်လိုက်ရင်း တောင်းပန်သည့် အပြုံးတစ်ခုကို ဆင်မြန်းလိုက်၏။
သူမ မတ်တပ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင်မှာ ရင်သပ်ရှုမောဖွယ် ကောင်းလှသည့် ကောက်ကြောင်းများကို ပထမဆုံး သတိထားမိလိုက်သည်။ ရင့်ကျက် တည်ငြိမ်ပုံ ပေါ်သည့်တိုင် မိန်းကလေးမှာ အလွန် ညှို့အား ပြင်းထန်လွန်းလှသည့် ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားပေသည်။ သူမကို တွေ့မြင်လိုက်ရသည်နှင့် မည်သည့် ပုရိသ မဆို ကိလေသာမီးတောက်များဖြင့် လောင်ကြွမ်း သွားပေလိမ့်မည်။
ဝေ့ဝူယင် နံဘေးသို့ ေရာက်ရှိလာသည့် လျူစုယင်မှာလည်း စာကြည့်တိုက်မှူး၏ အလှတရားကြောင့် ဆွံ့အ သွားခဲ့သည်။ ရုတ်တရက် ဆိုသလိုပင် မဟာစက်ဝန်း ရှန့်ထို ညီလာခံ၌ တွေ့ခဲ့ရသည့် အလှပဂေးများကို သူ ပြန်လည် သတိရလိုက်မိသည်။ သူမ ကြားသိခဲ့ရသလောက် ထိုမိန်းကလေးများမှာ ဝေ့ဝူယင်နှင့် တစ်နည်းတစ်ဖုံး ဆက်စပ်နေကြသူတွေချည်း ဖြစ်သည်။ ယခုတွင်လည်း နောက်ထပ် တစ်ယောက်နှင့် ထပ်မံ ဆုံတွေ့ပြန်ပြီ ဖြစ်သည်။ ထိုအရာက ကံကြမ္မာပဲလော။
“နည်းနည်းလောက်ပါပဲ...”
ဝေ့ဝူယင်က ပြုံးရင်း နောက်ပြောင်လိုက်၏။ သူ၏ တုန့်ပြန်ပုံက စာကြည့်တိုက်မှူးမလေး၏ အမူအရာကို အနည်းငယ် ထူးဆန်းသွားစေခဲ့သည်။
“ဒါနဲ့ စာအုပ်ဖတ်ဖို့ ကျုပ်ဘက်က ဘာကမ်းလှမ်းရမှာလဲ...”
သူက ချက်ချင်းပင် စကားလမ်းကြောင်းကို ပြောင်းလဲ လိုက်၏။ သူ၏ ငွေေရာင် မျက်ဝန်းများကတော့ မိုင်ပေါင်းများစွာ ရှည်လျားကာ အထပ်ထပ် အဆင့်ဆင့် ပါဝင်နေသည့် စာအုပ်စင်ကြီးများကို လှမ်းကြည့်လိုက်လေတော့သည်။
***