← Chapters

ကျန်းကျဲဝူရှု (၂)

Vol. 81 Ch. 1123

ကျန်းကျဲဝူရှု (၂)

Vol. 81 Ch. 1123

စာကြည့်တိုက်မှူး မိန်းကလေး၏ စိတ်ရှည်လက်ရှည် ရှင်းပြမှု အပြီးတွင် ဝေ့ဝူယင်မှာ အဂ္ဂိရတ် ထုတ်ကုန်များ အတွက် အကြမ်းဖျဉ်း လဲလှယ်နှုန်းကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ အဆင့်ကိုး အဆင့်နိမ့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ် အဆင့် ထုတ်ကုန်များ အတွက် ပုံသေ သတ်မှတ် စျေးနှုန်းများမှာ တစ်မှတ်၊ ငါးမှတ်နှင့် နှစ်ဆယ့် ငါးမှတ်တို့ ဖြစ်သည်။ ထို့နောက်တွင်တော့ အရည်အသွေး အလိုက် ထိုအမှတ်များကို ဆတိုး မြှောက်ပေးသည်။ အဆင့်မြင့် အရည်အသွေး အတွက် ဆတိုးဂဏန်းက ငါး ဖြစ်ကာ အထွတ်အထိပ် အဆင့် အရည်အသွေး အတွက်တော့ တစ်ဆယ် ဖြစ်သည်။ သာလွန်ခြင်း အဆင့် အရည်အသွေးများကိုတော့ တစ်ရာဖြင့် မြှောက်ပေးပေသည်။

ထိုနည်းဖြင့် သာလွန်ခြင်း အဆင့် အရည်အသွေးကို ပိုင်ဆိုင်ထားသည့် အဆင့်ကိုး အဆင့်နိမ့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုမှာ အနန္တ အမှတ် ၁၀၀ တန်လာလိမ့်မည် ဖြစ်ကာ အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ တန်ဖိုးက ၂၅၀၀ အထိ ဖြစ်လာလိမ့်မည် ဖြစ်သည်။

အဆင့်ခုနစ်နှင့် အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်များ၏ တန်ဖိုးကတော့ ဆိုဖွယ်ရာ မရှိအောင် နိမ့်ပါး လှပေသည်။ အဆင့်ခုနစ် အဆင့်နိမ့်၊ အရည်အသွေးနိမ့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဆိုလျှင် ၀.၀၀၁ သာ တန်ဖိုး ရှိသည်။ ထိုအဆင့် ဆေးလုံး တစ်ထောင်ပေါင်းမှ အဆင့်ကိုး အဆင့်နိမ့် အရည်အသွေးနိမ့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုနှင့် ယှဉ်နိုင်လိမ့်မည် ဖြစ်သည်။

လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ အတွက်တော့ မြေကြီး အဆင့်နိမ့်၊ အရည်အသွေးနိမ့် ထုတ်ကုန် တစ်ခုမှာ အနန္တ အမှတ် ၁၀၀၀ တန်ပေသည်။ အဆင့်မြင့်နှင့် အထွတ်အထိပ် အဆင့်များကတော့ ၅၀၀၀ နှင့် ၅၀၀၀၀ အသီးသီး တန်ဖိုး ရှိကြပေသည်။ ထို့အပြင် အဆင့်မြင့်နှင့် အထွတ်အထိပ် အဆင့် အရည်အသွေးများ ရှိလျှင် ဆယ်ဆ၊ နှစ်ဆယ့်ငါးဆဖြင့် မြှောက်ပေးသည်။ ဥပမာ အားဖြင့် အရည်အသွေး အထွတ်အထိပ် အဆင့် ရှိသည့် မြေကြီး အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု အတွက် တန်ဖိုးမှာ အနန္တ အမှတ်ပေါင်း ၁၂၅၀၀၀၀ အထိ ရှိလိမ့်မည် ဖြစ်သည်။

“စိတ်ဝင်စားစရာပဲ...”

ဝေ့ဝူယင်က ညင်သာစွာ မှတ်ချက် ချလိုက်၏။ အချိန်ကြာလာသည်နှင့် အမျှ လူအုပ် အတွင်းရှိ မွမ်းကြပ်ဖွယ် အခြေအနေများက ပြေလျော့သွားကာ အဂ္ဂိရတ် ကဏ္ဍ၏ မယုံကြည်နိုင်လောက်သော တန်ဖိုးကို စတင် ဆွေးနွေး လာကြသည်။ အဂ္ဂိရတ် ကဏ္ဍပင်လျှင် ထိုမျှ အဖိုးတန်လျှင် အခြား ကဏ္ဍများမှာလည်း အလားတူ စျေးနှုန်း မြင့်မားမှာ ကျိန်းသေပေသည်။

ကျောင်းတော်သားကတော့ မူလနေရာတွင်ပင် တွေဝေရင်း ‌ငေးကြောင်ကြောင်ဖြစ်လေရာ စာကြည့်တိုက်၏ တာဝန်ရှိသူများက အပြင်ဘက်သို့ ပြန်လည် ဆွဲခေါ် သွားကြတော့သည်။ သူ့အနေဖြင့် ပြန်လည် ကောင်းမွန်မည် ဆိုလျှင်ပင် ပုံမှန် အခြေအနေအထိ ပြန်လည် ‌ေရာက်ရှိရန် လနှင့်ချီ ဆေးကုသဖို့ လိုအပ်လိမ့်မည် ဖြစ်သည်။

အခြားတစ်ဖက်၌... လျူစုယင်မှာ ဝေ့ဝူယင်ကို တိတ်တဆိတ် စောင့်ကြည့် နေခဲ့၏။ ထိုလူငယ်လေးမှာ အဆုံးမဲ့ အာကာသ တံတားကိုပင် နှိုးထစေနိုင်ခဲ့သည့် အစစ်အမှန် ဟင်းလင်းပြင် ခရီးသည် ဖြစ်ပေသည်။ သူက ‌ေရာက်ရှိသည့် နေရာတိုင်းတွင် အောင်မြင်မှုများကို ဆွတ်ခူးနိုင်ခဲ့ကာ ထျန်း‌ေရှာင်လော့လို လူမျိုးကိုပင် အနိုင်ယူ နိုင်ခဲ့သည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း မကြာခင်... ချောက်ချားဖွယ် ဖြစ်ရပ် တစ်ခု ပေါ်ပေါက် လာတော့မလို သူမ ခံစားနေရသည်။

“ကျုပ် ဝယ်မယ်...”

ရုတ်တရက် ဝေ့ဝူယင်က ပြောလိုက်၏။ ချောင်စွေ့ဖုန်း၊ လျူစုယင်နှင့် စာကြည့်တိုက်မှူးတို့ အပါအဝင် ဆွေးနွေး နေကြသည့် လူအားလုံး၏ အကြည့်များမှာ လူငယ် တာအို လမ်းညွှန်သူလေးရှိရာဘက်သို့ စုပြုံ ကျ‌ေရာက် သွားကြသည်။ သူတို့၏ မျက်လုံးများက ဝေ့ဝူယင် ကိုင်ဆောင်ထားသည့် ဗန်းငယ်လေး အပေါ် အာရုံစိုက် လိုက်ကြ၏။

ဝေ့ဝူယင် ဗန်းငယ်လေးကို လျှင်မြန်စွာ စစ်ဆေး လိုက်သည်။ ၎င်းမှာ ရှန့်ထို လက်စွပ် တစ်ကွင်းနှင့် ဆင်တူသည့် သွင်ပြင် လက္ခဏာများကို ပိုင်ဆိုင်ထားကာ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ တိုက်ရိုက် လွှဲပြောင်းပေးလို့ ရပေသည်။ သဘောသဘာဝကို နားလည် သွားသည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင်၏ ရှန့်ထို လက်စွပ်က ခပ်ဖျော့ဖျော့ အလင်းတန်းနှင့် အတူ စတင် လင်းလက် လာခဲ့၏။

ထို့နောက်တွင်တော့ ဗန်းငယ်၏ အပေါ်၌ လင်းလက်နေသည့် “၀” ဆိုသည့် ဂဏန်းမှာ စတင်ကာ ပြောင်းလဲ လာခဲ့တော့သည်။

“၁...”

“၁၁...”

“၁၁၁...”

“၁၃၁၈၃...”

အစကတည်းကပင် ဒိုင်ခွက်တစ်ခုလိုမျိုး ၎င်းက အလွန် လျှင်မြန်သည့် နှုန်းထားဖြင့် မြင့်တက် လာနေခဲ့သည်။

“၄၂၃၀၁...”

အရှိန်ရလာသည်နှင့် အမျှ မြင့်တက်နှုန်းက ပိုမို မြန်ဆန်လာ၏။

“၁၀၃၈၀၁...”

ပို၍ပင် မြန်လာသည်။

“၈၃၀၁၀၈...”

လူအုပ် အတွင်းမှ အာမေဋိတ်သံများ၊ ထိတ်လန့်သံများ ထွက်ပေါ်လာခဲ့၏။ သူတို့ အားလုံး၏ မျက်ဝန်းများကား မယုံကြည်နိုင်မှုများနှင့် အတူ ပြူးကျယ် နေခဲ့ပြီ ဖြစ်သည်။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။

"၁၂၀၂၈၂၂...”

ဘယ်လို ငရဲမျိုးနည်း။ ဝေ့ဝူယင်ကတော့ အခြားလူများ၏ တုန့်ပြန်မှုများကို ဂရုမစိုက်အားပါချေ။ သူက ဗန်းအတွင်းရှိ နေရာလွတ်ထဲကို အဂ္ဂိရတ် ထုတ်ကုန်များ လွှဲပြောင်းပေးရန်သာ အာရုံစိုက် နေခဲ့သည်။ စောစောပိုင်းက သူ အချိန် အကြာကြီး တိတ်ဆိတ် နေရသည့် အကြောင်းရင်းမှာ သူ့ အဂ္ဂိရတ် ပိုင်ဆိုင်မှုများကို ဤနေရာတွင် ထုတ်‌ဖော်သင့်၊ မဖော်သင့် ချိန်ဆ နေခြင်းသာ ဖြစ်သည်။

ပုံမှန်အားဖြင့် သူက လူသတိမထားမိအောင် နှိမ့်ချ နေတတ်သူ တစ်ယောက်ဖြစ်ကာ အဂ္ဂိရတ် ကဏ္ဍအတွက် ထိုမျှ များပြားသည့် အဂ္ဂိရတ် ထုတ်ကုန်များကို မသုံးဖို့ ပိုများပေသည်။ သို့သော်လည်း ထျန်း‌ေရှာင်လော့ အတွက် စာကြည့်တိုက် အတွင်း တည်ရှိနေနိုင်သည့် ကမ္မ အခွင့်အ‌ေရး၊ ကြောင်လက်သည်ဖွက်ထားသည့် ပညာရှင်တို့ အပြင် နောင်တစ်ချိန် အလွှာကြားက လောကကို ပြန်မလာဖြစ်ဖို့ များသည့် အကြောင်းရင်း တို့ကြောင့် ဘာကိုမှ ထိန်ချန် မထားတော့ဖို့ ဆုံးဖြတ်ခဲ့သည်။

“၁၃၃၄၂၀...”

“၂၀၀၁၉၃၈...”

“၂၉၉၉၉၉၉...”

“ဘုရား‌ေရ... သုံးသန်းပြည့်တော့မယ်ဟ...”

ဗလတောင့်တောင့်၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများနှင့် ကျင့်ကြံသူ တစ်‌ယောက်က မယုံကြည်နိုင်စွာဖြင့် အကျယ်ကြီး အော်ဟစ်လိုက်၏။ သူ၏ အသံက ချက်ချင်းပင် စာကြည့်တိုက် တစ်ခုလုံး၏ အာရုံများကို ဖမ်းစားသွားကာ မျက်လုံးများကို လည်လာစေခဲ့သည်။ ချက်ချင်းပင် လူအုပ်မှာ စတင်ကာ စုစည်း လာခဲ့ကြ၏။

သုံးစက္ကန့်မျှ ကြာမြင့်ပြီးနောက် ဝေ့ဝူယင်က ဗန်းငယ် အတွင်း နှစ်ထားသည့် လက်ကို ပြန်လည် ဆွဲထုတ်လိုက်၏။

၃၉၂၆၈၈၆....

စုစုပေါင်း ၃၉၂၆၈၈၆ ပြည့်သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ ငွေ‌ေရာင် မျက်ဝန်းများက ကျေနပ် နှစ်သိမ့်သည့် အလင်းတန်းများနှင့် ပြည့်နှက် နေ၏။

“အဲဒါက...”

လျူစုယင်၏ အေးစက်စက် မျက်နှာပေးက လုံးဝ ပြိုကွဲ သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်ဝန်းများက မယုံကြည်နိုင်သည့် အငွေ့အသက်များနှင့် လေးသန်းနီးပါးသော ဂဏန်းကို စိုက်ကြည့် နေခဲ့သည်။

"အတိအကျပဲ... အဂ္ဂိရတ် ကဏ္ဍ တစ်ခုလုံးကို ဝယ်ဖို့ လုံးဝ အတိအကျပဲ”

ချောင်စွေ့ဖုန်းက အသက်ရှူ မှားနေသည့် လေသံမျိုးဖြင့် ‌ေရရွတ် လိုက်သည်။ ဝေ့ဝူယင်က အသာယာ ပြုံးလိုက်ရင်း ဘေးနား၌ ဝိုင်းအုံ့နေသည့် လူအုပ်ကြီးကို ဝှေ့ကြည့်လိုက်မိသည်။

နတ်မိမယ် တမျှ ချောမောလှသည့် အလှပဂေး သုံးယောက် သူ့ဘေးနား ဝန်းရံနေသည့်တိုင် မည်သူမှ သူတို့ကို စိတ်မဝင်စားကြပုံ ရသည်။ ထိုအခိုက်၌... အားလုံး၏ မျက်ဝန်းများက နေမင်းအလား တောက်ပနေသည့် ဝိညာဉ် ကိန်းဂဏန်းများ အပေါ်တွင်သာ စုပြုံ ကျ‌ေရာက် နေခဲ့ကြ၏။

“ကျုပ် ဘယ်နေရာကို သွားရမလဲဗျ...”

ဝေ့ဝူယင်က ကောင်တာ စားပွဲကို အနည်းငယ် ခေါက်ရင်း မေးလိုက်သည်။ ထိုအခါတွင်မှ စာကြည့်တိုက်မှူး မိန်းမလှလေးမှာ သတိပြန်လည် လာကာ သက်ပြင်း တစ်ချက် ချလိုက်သည်။ အခြားလူများနှင့် ခြားနားစွာပင် သူမမှာ ဝေ့ဝူယင် လွှဲပြောင်းလိုက်သည့် အရာများကို တိုက်ရိုက် မြင်တွေ့နေရသူ ဖြစ်သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် မည်သည့် လှည့်ကွက်ကိုမှ မသုံးခဲ့ကြောင်းနှင့် အစစ်အမှန် အစစ်အမှန် အဂ္ဂိရတ် ထုတ်ကုန်များကိုသာ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိထားပေသည်။

“နတ်မိမယ်လေး...”

ဝေ့ဝူယင်က စားပွဲကို ခပ်ပြင်းပြင်းလေး ခေါက်လိုက်၏။ အသံကြောင့် စာကြည့်တိုက်မှူး မိန်းကလေးမှာ နောက်တစ်ကြိမ် တွေဝေနေမိကြောင်း သတိရသွားကာ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သူမက ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ထိုလူငယ်က မည်သူ ဖြစ်ကြောင်း၊ မည်ကဲ့သို့သော လူများနှင့် ပတ်သက်နေကြောင်း သူမ သိလို နေခဲ့ပြီ ဖြစ်သည်။

"ကျွန်မ နာမည်က ကျန်းကျဲဝူရှုပါ...”

မိန်းကလေးက လျှို့ဝှက် ဝိညာဉ် လွှဲပြောင်းမှု နည်းလမ်း တစ်မျိုးဖြင့် ပြောလိုက်၏။ သူမ၏ စကားလုံးများကို လျှို့ဝှက် အာဏာရှင် အဆင့်များပင် ကြားဖြတ် နားထောင်နိုင်လိမ့်မည် မဟုတ်ပါချေ။ ထို့နောက်တွင်တော့ သူမက ပုံမှန် လေသံဖြင့် ထပ်ပြောလိုက်၏။

“ရှင် ကျွန်မကို လီပင်းလို့ ခေါ်လို့ ရပါတယ်”

ထိုအချက်က မိန်းကလေးမှာ အစစ်အမှန် နာမည်ကို လျှို့ဝှက် ထားကြောင်း ထင်ရှားပေသည်။ သူမ ဝေ့ဝူယင်ကို မလိမ်ခဲ့ခြင်းကတော့ လေးစားသည့် လက္ခဏာ တစ်ခုပင် ဖြစ်သည်။

ဝေ့ဝူယင်ကလည်း အံ့အားသင့်သည့် လက္ခဏာ မပြပါချေ။ သူက အပြုံးနှင့် အတူ ခေါင်တစ်ချက် ညိတ်လိုက်သည်။

“နတ်မိမယ်လီ... နာမည်နဲ့ လူနဲ့က ကောင်းကင်က သတ်မှတ်ထားသလိုမျိုး လိုက်ဖက်ပါတယ်ဗျာ”

ကျန်းကျဲဝူရှုက အပြုံးဖြင့်သာ တုန့်ပြန်လိုက်၏။ လီပင်း ဆိုသော နာမည်မှာ သေမျိုး ဘာသာဖြင့် “လှပသော ကျောက်စိမ်း” ဟု အဓိပ္ပာယ် ရပေသည်။ ကျန်းကျဲဝူရှုထံတွင် ဒဏ္ဍာရီထဲမှ နတ်မိမယ်များ အလား ကျောက်စိမ်းလို အသားအ‌ေရ မရှိသည့်တိုင်အောင် သူမက မယုံကြည်နိုင်လောက်အောင် လှပသူကလေး ဖြစ်သည်။

တစ်ချိန်တည်း၌ အားလုံး၏ အကြည့်များက ဝေ့ဝူယင်ထံသို့ ‌‌ေရွ့လျား လာခဲ့သည်။ ထိုလူငယ်မှာ အနန္တ မိုင်ချီ စာကြည့်တိုက် အဂ္ဂိရတ် ကဏ္ဍတစ်ခုလုံးကို လက်မတွန့်ပဲ ဝယ်ယူလိုက်သူ ဖြစ်သည်။ သို့သော်လည်း သူက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ တာအို လမ်းညွှန်သူ တစ်ယောက် ဆိုလျှင်ပင် ထိုမျှလောက် ကြွယ်ဝ ချမ်းသာဖို့က မဖြစ်နိုင်သော ကိစ္စတစ်ရပ် ဖြစ်သည်။ ထိုလူငယ်၏ နောက်ကွယ်တွင် တစ်ခုခုတော့ ရှိနေတာ သေချာနေလေပြီ။

အားလုံး၏ မျက်လုံးများက ဝေ့ဝူယင် ဘေးနားရှိ အလှပဂေးများထံ ကျ‌ေရာက် သွားကြ၏။ ပထမ တစ်ယောက်က ချောင်စွေ့ဖုန်း... သူမက တာအို လက်ထောက် တစ်ယောက် ဖြစ်သည်။ သူမ၏ နောက်ခံက ရှင်းလင်းလှပေသည်။

သို့သော်လည်း ငွေ‌ေရာက် ဝတ်စုံနှင့် မိန်းကလေးကတော့ လုံးဝ သာမန် မဟုတ်ပါချေ။ စက္ကန့် အနည်းငယ် အတွင်းမှာပင် သူမ မည်သူ ဖြစ်သည်ကို သူတို့ မှတ်မိသွားကြ၏။

အဆုံးမဲ့ မြို့တော် တမန်တော်...

များမကြာခင်မှာပင် အမျိုးမျိုးသော ဝေဖန်မှုများ၊ အကဲဖြတ်မှုများမှာ တစ်စတစ်စ ကူးစက် ပြန့်ပွားလာခဲ့၏။ အဆုံးမဲ့ မြို့တော် သခင်က ထိုလူငယ်လေးကို လွှတ်ကာ အနန္တ မိုင်ချီ စာကြည့်တိုက်၏ အဂ္ဂိရတ် ကဏ္ဍကို ဝယ်ယူခိုင်းလိုက်သည်လား။ ပိုပြီးတော့ တွေးလေလေ ထိုအရာက သူတို့ အတွက် ပိုပြီးတော့ ယုတ္တိရှိလာလေလေ ဖြစ်သည်။

ဤသို့ဆိုလျှင် အဂ္ဂိရတ် ကဏ္ဍကို ဝယ်ယူလိုက်သူက လူငယ်လေး မဟုတ်ပဲ အဆုံးမဲ့ မြို့တော် သခင် ဖြစ်နေသည်ပေါ့။ သို့သော်လည်း... တစ်ခုခုက ဟုတ်တော့ မဟုတ်သေးချေ။

ကျန်းကျဲဝူရှုကတော့ အားလုံး၏ သံသယ အကြည့်များကို လျစ်လျူကာ “ခေတ္တပိတ်သည်” ဆိုသည့် ဆိုင်းပုဒ်ကို ထောင်လိုက်၏။ ထို့နောက် သူမက ဝေ့ဝူယင်ကို နောက်မှ လိုက်လာရန် အချက်ပြ လိုက်လေသည်။ ဝေ့ဝူယင်က မတုန့်မဆိုင်းပင် စတင်ကာ လှုပ်ရှားလိုက်၏။ မိန်းကလေး နှစ်ယောက်မှာလည်း နောက်မှ ကပ်၍ လိုက်ပါ လာခဲ့သည်။

ထို့နောက် မကြာခင်မှာပင် သူတို့ လေးယောက်မှာ နေရာ‌ေရွှ့ပြောင်းခြင်း ဝင်္ကပါ အတွင်း ဝင်‌ေရာက်ကာ အလွန် လျှင်မြန်သည့် နှုန်းထားဖြင့် ပျောက်ကွယ် သွားကြတော့သည်။

***

All Chapters