အဂ္ဂိရတ် တာအိုရဲ့ ဆန္ဒ
Vol. 81 Ch. 1125
“အဂ္ဂိရတ် တာအိုဆိုတာ ဘာလဲ... ငါတို့ ကျောင်းတော်သားတွေဟာ သူ့ရဲ့ နောက်ကို အရူးအမူး လိုက်ကြတယ်... သူ့ရဲ့ ကောင်းချီးကို မက်မောကြတယ်... မာနတရားနဲ့ အတူ အကျိုးအမြတ်တွေကို တူးဖော်ကြတယ်... ဒါပေမဲ့ ငါတို့ သူ့ကို နားလည်ကြရဲ့လား... သူ့ရဲ့ ရည်ရွယ်ချက်ကို သိကြရဲ့လား... သူ့ရဲ့ ဆန္ဒကေရာ... ဆိုတော့ ငါ မင်းကို မေးမယ်... အဂ္ဂိရတ် တာအိုဆိုတာာ ဘာလဲ”
လောကအလင်း အဂ္ဂိရတ် ရှန့်ထိုမှာ စာအုပ်၏ ပထမဆုံးသော မိတ်ဆက် စာကြောင်းကို စာဖတ်သူအား လေးနက်သည့် အတွေးတစ်ရပ် ပေးနိုင်သည့် မေးခွန်း တစ်ရပ်ဖြင့် ဖွင့်လှစ်ထားသည်။ ၎င်းမှာ အဂ္ဂိရတ် လမ်းစဉ် လိုက်စားသူတိုင်း ရှာဖွေ နေကြသည့် အခြေခံ မေးခွန်း ဖြစ်သော်လည်း အမှန်တကယ် ဖြေဆိုနိုင်သူကတော့ အနည်းငယ်သာ ရှိသည်။
ပြင်းထန်သည့် ပလိပ်ေရာဂါ တစ်ခုအလား ထိုစကားလုံးများက ဝေ့ဝူယင်၏ အတွေးကို ကူးစက်သွားကာ ငွေေရာက် မျက်လုံးများကို ဖြည်းညင်းစွာ သုန်မှုန် သွားစေခဲ့သည်။ တစ်နာရီမျှ ကြာအောင် ဝေ့ဝူယင် ထိုမေးခွန်းကို တွေးတော နေမိခဲ့သည်။ သို့သော်လည်း... နောက်ဆုံးသော ရလဒ်ကတော့ သုညသာလျှင် ဖြစ်ပေသည်။ ကြည့်ရသည်က သူ့ထံတွင် အဂ္ဂိရတ် တာအိုက အကြောင်း တွေးတော အဖြေရှာနိုင်သည့် စွမ်းရည် မရှိသေးပုံ ပေါ်သည်။
ဝေ့ဝူယင် ဒုတိယမြောက် စာကြောင်းကို ဆက်လက် ဖတ်လိုက်၏။ ချက်ချင်းပင် သူ့ မျက်လုံးများက ထူးဆန်းသော အလင်းတန်းများနှင့် တောက်ပသွားသည်။
“အကယ်၍ မင်းသာ အဖြေကို ရှာတွေ့ခဲ့တယ် ဆိုရင် ဒီစာအုပ်ကို ဖတ်နေတာ ရပ်လိုက်ပါ... မဟုတ်ရင် မင်းရဲ့ လမ်းကြောင်းက ပျောက်ဆုံး သွားလိမ့်မယ်”
ထိုစာကြောင်းကို စိတ်ခံစားချက်များစွာ ပြည့်နှက်နေသည့် ပြင်းထန်သော အင်အား တစ်ခုဖြင့် ေရးသားထား၏။ စာကြောင်း၏ အဆုံးသတ်တွင်တော့ ကျရှုံးများစွာကို ကြုံတွေ့ခဲ့ရသော အဂ္ဂိရတ် သမားအိုကြီး တစ်ယောက်၏ သက်ပြင်းချသံ သဲ့သဲ့ကို ဝေ့ဝူယင် ကြားယောင် လိုက်မိသည်။
“အဖြေကို မရှာနိုင်တဲ့ လူတွေ အတွက်တော့ တစ်ခုတည်းသော အဖြေကို ငါပေးမယ်... မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ...”
ကျိုးယွင်၏ မှတ်တမ်းမှာ ပြင်းထန်သည့် မေးခွန်းများ၊ ထိုးထွင်း သိမြင်မှုများနှင့် ပြည့်နှက်နေကာ စာဖတ်သူ၏ စိတ်နှလုံးထံ အဆုံးမဲ့ တုန်ခါမှုများ ပေးဆောင်ဖို့ မပျက်ကွက်ခဲ့ပါချေ။
ဝေ့ဝူယင်သည်လည်းပဲ ချွင်းချက် မဟုတ်ချေ။ သူ့ အတွေးများက မေးခွန်း တစ်ခုတည်း အပေါ်တွင်သာ အာရုံစိုက် နေခဲ့၏။ သူ၏ ရည်ရွယ်ချက်က အဘယ်နည်း။ ၎င်းက အဖြေမရှိသည့် မေးခွန်း တစ်ခုလိုပင်။ သိချင်စိတ် ပြင်းပြစွာပင် ထိုမေးခွန်း အတွက် အဖြေကို ေရးသားထားလေသလား ဝေ့ဝူယင် ရှာဖွေ လိုက်သည်။ သို့သော်လည်း... ထိုစာကြောင်းမှာ ပထမဆုံး စာမျက်နှာတွင် နောက်ဆုံးသော စာကြောင်း ဖြစ်သည်။
ဝေ့ဝူယင် နောက်တစ်မျက်နှာကို လှန်ဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း အံ့အားသင့်စရာပင် စာရွက်ဖို့ လှန်ဖို့ အတွက် အလွန် ခက်ခဲနေကြောင်း တွေ့လိုက်ရသည်။
ဝေ့ဝူယင် ကျိုးယွမ်၏ ရည်ရွယ်ချက်ကို သဘောပေါက် သွား၏။ ထို့ကြောင့်ပင် သူ အတွေး၊ မှတ်ဉာဏ်၊ ယုံကြည်ချက်နှင့် နှလုံးသားတို့ကို ပေါင်းစည်းကာ လက်ရှိ ရည်ရွယ်ချက်ကို ရှာဖွေဖို့ ကြိုးပမ်း လိုက်သည်။
အတွေးရထားကို စတင်လိုက်သည်နှင့် တစ်ပြိုင်နက် နေ့တစ်နေ့က ဝေ့ဝူယင် အတွေးအတွင်း အလျင်ဦးစွာ ပေါ်ထွက်လာခဲ့သည်။ ထိုနေ့က သူ့ဘဝ တစ်ခုလုံးကို တစ်ဆစ်ချိုး ပြောင်းလဲ စေခဲ့သည့်နေ့ ဖြစ်သည်။ တစ်ခါမှ မမြင်ဖူးသည့် လူတစ်ယောက်၏ လက်တွင် ဘာမှန်း မသိရသည့် အကြောင်းချက် တစ်ခုကြောင့် အသတ်ခံရမည် ဖြစ်ကြောင်း စတင် သိခဲ့ရသည့်နေ့ ဖြစ်သည်။ ကောင်းကင်တာအို၊ ပထမဆုံး အပြစ်သား၊ ကမ္မ ကံကောင်းမှု၊ ကမ္မ အပြစ်၊ ငရဲကြီး ဆယ့်ရှစ်ထပ်၊ သူတော်စင်တို့၏ အလွှာနှင့် လောကကြီး၏ အပြောကျယ်မှုတို့ကို ပထမဆုံး စတင် ကြားဖူးခဲ့သည့် နေ့လည်း ဖြစ်သည်။
ထိုနေ့တွင်ပင် အနက်ေရာင် အရိုးစုက သေမျိုး တစ်ယောက် အနေဖြင့် သူ မလွတ်မြောက်နိုင်တော့သည့် ကျိန်စာ အကြောင်းကို ပြောပြခဲ့သည်။ ၎င်းတွင် ကျရှုံးခဲ့ပါက သူ၏ ဝိညာဉ်မှာ သန့်စင် ခံရလိမ့်မည် ဖြစ်ကာ သူ့ အသက်မှာလည်း ပယ်ဖျက်ခံရပေလိမ့်မည်။
ဝေ့ဝူယင် ကြောက်ရွံ့ထိတ်လန့်စွာပင် လောကကြီးမှ ပျောက်ကွယ် မသွားခင် အချိန်အတွင်း ဘာအကျိုးဆက်ကိုမှ မတွေးပြ ဘဝကို စိတ်တိုင်းကျ ပျော်ရွှင်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ ခရီးတွေ ထွက်ခဲ့ကာ များလှစွာသော ရှုခင်းများကို ကြည့်ရှုခဲ့သည်။ ေရကန်တစ်ခုကို မြင်နိုင်ရန် အတွက် မြို့တစ်မြို့၏ အကာအကွယ် ဂိတ်တံခါးကို ဖျက်ဆီးခဲ့သည်။ လှပသည့် မိန်းကလေး တစ်ယောက်ကို ကယ်တင်ခဲ့သည်။ နတ်မိမယ် နှစ်ပါးနှင့် တစ်ပြိုင်နက်တည်း ပျော်ပါးခဲ့သည်။
ထို့နောက်တွင်တော့ နှလုံးသား မရှိသည့် အလား သူတို့ကို ချန်ထားခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင်ထံတွင် အမှန်တကယ် နှလုံးသား မရှိခြင်း ဖြစ်လေသည်။
ထိုအခိုက်၌ ကျင့်ကြံရန် သူ့ နှလုံးသားက သေဆုံးခဲ့ပြီး ဖြစ်သည်။ စက္ကန့်များ တဖြည်းဖြည်း ပိုမို နီးကပ်လာသည်နှင့် အမျှ ရှင်သန်လိုသည့် သူ့ဆန္ဒကလည်း ပိုမို၍ မှေးမှိန်လာခဲ့သည်။ အရာအားလုံးကို အဆုံးသတ်ပစ်ရန်မှ တစ်ပါး သူ လိုချင်သည့် အခြားအရာ မရှိတော့ချေ။
သို့သော်လည်း တစ်နေ့တွင်တော့ ကြယ်တာရာ ကပ်ဘေးကို အကြောက်အလန့် ကင်းမဲ့စွာ ဖြတ်ကျော် နေခဲ့သည့် မိစ္ဆာ ကျင့်ကြံသူ တစ်ယောက်ကို သူ တွေ့ခဲ့သည်။ ကြယ်တာရာ ကပ်ဘေးအား စိန်ခေါ်နေခဲ့သည့် ထိုမိစ္ဆာအိုကြီး၏ စကားလုံးများကို သူ ယနေ့တိုင် မှတ်မိနေသေးဆဲ ဖြစ်သည်။
“ငါက သောက်သုံးမကျဘူးလို့ မင်းက ထင်နေတာလား... ဟား ဟား ဟား... ငါက မိစ္ဆာ ကျင့်ကြံသူပဲ မင်းနားလည်ရဲ့လား... ငါတို့က ကံကြမ္မာကို ဆန့်ကျင်ပြီး တိုက်ခိုက်တယ်... အခြားလူတွေရဲ့ အလောင်းတွေနဲ့ ကိုယ်ပိုင် လမ်းစဉ်ကို ထုဆစ်တယ်... ငါ ဒီနေ့ ကျရှုံးမှာ မဟုတ်ဘူး... မင်းပဲ ရှုံးနိမ့်ရလိမ့်မယ်”
သို့သော်လည်း... နည်းလမ်း အားလုံး ကုန်ဆုံးသွားခဲ့သော အခါတွင်တော့ မိစ္ဆာအိုကြီး၏ မျက်လုံးများမှာ မျှော်လင့်ချက် ကင်းမဲ့မှု၊ ကြောက်ရွံ့မှုများနှင့် ပြည့်နှက် လာခဲ့သည်။ သူ့အတွက် သေခြင်းတရားက အလွန် မြန်ဆန်းလွန်းသည်ဟု ဆိုနိုင်ပေသည်။ အံ့သြ ထိတ်လန့်ဖို့ ကောင်းတာ တစ်ခုက သူ့ထံတွင် နောင်တတရား မရှိခဲ့။
ထိုအခိုက်၌ သူ့ အတွေးများက ရှင်းလင်းပေသည်။ အနည်းဆုံးတော့ ထိုကပ်ဘေးအား ရင်ဆိုင်ရန် သူ့ဘဝ တစ်လျှောက်လုံး အသည်းအသန် ကြိုးပမ်း ခဲ့ပေသည်။ ထိုရည်မှန်းချက် အတွက် သူ့ထံတွင် ထိန်ချန်ထားခဲ့တာ တစ်ခုမှ မရှိခဲ့။
ထိုနေ့၌ ညတစ္ဆေ၏ ကျင့်ကြံခြင်း နှလုံးသားမှာ ဝေ့ဝူယင် အပေါ် အကြီးအကျယ်ပင် သက်ေရာက်ခဲ့လေ၏။ ထိုနေ့တွင်ပင် ပိုင်ဆိုင်ထားသမျှ အရာအားလုံးနှင့် ရင်းနှီး၍ ငရဲ၏ ကပ်ဘေးများအား တိုက်ခိုက်ရန် ဝေ့ဝူယင် ဆုံးဖြတ်ခဲ့သည်။ အဆုံးသတ်၌ ဘာနောင်တကိုမှ သူ မချန်ထားခဲ့လိုခဲ့ချေ။ ညတစ္ဆေလို မားမားမတ်မတ်ရပ်ကာ ဂုဏ်ယူသော အပြုံးတစ်ခုနှင့် အတူ သူ သေဆုံးချင်ခဲ့သည်။
ဝေ့ဝူယင်၏ ငွေေရာင် မျက်ဝန်းများက တဖျပ်ဖျပ် တောက်ပလာခဲ့၏။
“ငါ့ရည်ရွယ်ချက်က ကျင့်ကြံဖို့ပဲ... ကျင့်ကြံရင်း တိုးတက်ဖို့ နေထိုင်ဖို့ပဲ”
ထိုစကားလုံးမှာ သူ့ နှလုံးသား အတွင်း ပဲ့တင်ထပ် လာခဲ့၏။ ကြယ်တာရာ ဝိညာဉ် လေးခုမှာ ပြင်းထန်သည့် ခံယူချက်တို့နှင့် အတူ တုန်ခါ လာခဲ့သည်။ အသိစိတ် ပင်လယ် အတွင်းတွင်တော့ ကောင်းကင် စစ်ဝိညာဉ်မှာ ထွန်းလင်း ဖြာထွက်နေခဲ့သည့် ဆန္ဒ၏ ခွန်အားကို ခံစားနေခဲ့ရ၏။ ထိုဆန္ဒက ဝေ့ဝူယင်၏ စိတ်စွမ်းအင် အားလုံး အပေါ် သက်ေရာက်နေကာ သူ့ ေရွှေရာင် အကာမှာ အနည်းငယ် တုန်ခါ လာနေခဲ့သည်။
အဝေးတစ်နေရတွင်တော့ ပိုင်ရှု၏ ငွေေရာင် မျက်ဝန်းများမှာ ဝိညာဉ် အလင်းတန်းများနှင့် လင်းလက် သွား၏။ လက်ရှိ၌ သူမမှာ ယင်ပေါင်းစည်းခြင်း အရိုး ဖွဲ့စည်းရန် ကူညီပေးနေခဲ့ခြင်း ဖြစ်ကာ သူမ၏ အေရှ့တွင်တော့ ချင်ကူးယဉ်နှင့် ထျန်းေရှာင်လော့တို့၏ ကိုယ်တုံးလုံး ခန္ဓာကိုယ်များက အလွန် ရင်းနှီးစွာ ေရာယှက် နေခဲ့သည်။ အခန်းအတွင်းတွင်တော့ တိုးတိုးတိတ်တိတ် ငြီးငြူသံများက ဂီတသံများလို ပျံ့လွင့် နေ၏။ ၎င်းတို့အား ကြားယောင်မိပါက မည်သည့် လိင်အမျိုးအစား မဆို ချက်ချင်းပင် သွေးများ ပွက်ပွက်ဆူလာမှာ ကျိန်းသေပေသည်။
ပိုင်ရှုက ဝေ့ဝူယင် ရှိသည့် ဘက်ကို လှမ်းကြည့်လိုက်၏။ ဝေ့ဝူယင်ထံမှ ဝိညာဉ် လှုပ်ရှားမှုကို သူမ ရှင်းလင်းစွာပင် ခံစားခဲ့ရပေသည်။ အပြုံးတစ်ခုမှာ ပိုင်ရှု၏ လှပသော ရုပ်လွှာထက်တွင် ဖြည်းညင်းစွာ ပွင့်လန်း လာခဲ့သည်။
“သူက ငါ့အတွက် တကယ့်ကို အကောင်းဆုံး သခင်ပဲ”
ဝေ့ဝူယင်ကတော့ သူ၏ ဉာဏ်အလင်း ပွင့်မှုမှာ အခြားလူ တစ်ယောက် အပေါ် သက်ေရာက်သွားကြောင်း သတိ မထားမိပါချေ။ နောက်ဆုံး၌ အဖြေကို တွေ့ရှိသွားခဲ့ပြီ ဖြစ်လေရာ သူက နောက်ထပ် စာမျက်နှာ တစ်ခုကို လှန်လိုက်၏။ ထိုစာမျက်နှာထက်တွင်တော့ စကားလုံး တစ်ခုတည်းသာ ရှိနေခဲ့ပေသည်။
ကျင့်ကြံခြင်း...
၎င်းက စကားလုံး တစ်ခုတည်းသာ ဖြစ်သည့်တိုင် လူတစ်ဦး တစ်ယောက်ချင်းစီ အလိုက် များစွာသော အဓိပ္ပာယ်များ ရှိပေသည်။ ရုတ်တရက် တာအို၏ လျှို့ဝှက်ချက်ကို အနည်းငယ် ဖမ်းဆုပ်လာနိုင်သလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ တာအို၏ ရည်ရွယ်ချက်က ကျင့်ကြံဖို့လော။ တာအိုများ၏ ဆန္ဒက ကျင့်ကြံခံရန်လော။
“အဂ္ဂိရတ် တာအိုရဲ့ ဆန္ဒက သေမျိုး တာအိုနဲ့ ဝိညာဉ် အမတေတွေကို ကျော်လွန် ထိတွေ့နိုင်တယ်... ဝိညာဉ်တွေ ဆိုတာက ဘာလဲ... နောက်ထပ် မေးခွန်း တစ်ခုပဲ... ဒါပေမဲ့ ဒီအဖြေကိုတော့ ငါပဲ ပေးလိုက်မယ်... အဲဒါက အရာ အားလုံးပဲ...”
“အဂ္ဂိရတ် တာအိုက ငါတို့လို သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေကို သေမျိုး တာအို အကန့်အသတ် အတွင်းမှာ ရှိတဲ့ အရာအားလုံး အပေါ် သက်ေရာက်နိုင်တဲ့ ဆန္ဒတစ်ခု အတွက် အခွင့်အေရး ရှိစေခဲ့ပြီးပြီ... အဲဒါဟာ ကျင့်ကြံခြင်းရဲ့ ရလဒ် ဖြစ်ပြီးတော့ ငါတို့ အဂ္ဂိရတ် သမားတွေကို ထုတ်ယူမှု၊ ကြီးထွားမှု၊ ချုပ်ကိုင်မှု၊ သန့်စင်မှု၊ ဖန်တီးမှု၊ အသွင်ပြောင်းမှု၊ ပေါင်းစပ်မှု ဆိုတဲ့ အဂ္ဂိရတ် တာအိုရဲ့ နည်းလမ်း ခုနစ်ခုနဲ့ ထိတွေ့ခွင့် ပြုခဲ့ပြီးပြီ...”
“အဲဒါတွေကို ခဏ ဘေးဖယ်ပြီး တွေးကြည့်... အခြားလူတွေက သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေကို စကားလုံးတွေနဲ့ ရည်ညွှန်းတဲ့ အခါမှာ သူတို့တွေက ငါတို့ကို ဘာတွေနဲ့ နှိုင်းလေ့ ရှိလဲ”
ဝေ့ဝူယင် တွေးတော ကြည့်လိုက်၏။ ထိုကျိုးယွင်မှာ စာဖတ်သူများကို မေးခွန်းများနှင့် တွေးတောခိုင်းရတာ သဘောကျသည့်ပုံ ရသည်။ မသိပါက စာမျက်နှာများမှ တစ်ဆင့် တပည့် တစ်ယောက်ကို တိုက်ရိုက် လမ်းညွှန် နေသလိုပင်။ ထိုပုဂ္ဂိုလ်က လေးစားခံထိုက်သည်ဟု ဝေ့ဝူယင် တွေးလိုက်မိ၏။
စာအုပ်၏ ဖမ်းစားမှုကို ခံစားရပြီး ဖြစ်လေရာ... ဝေ့ဝူယင် ထံတွင် ပါဝင်ဖို့မှ တစ်ပါး အခြား ေရွးချယ်စရာ မရှိတော့ပြီ ဖြစ်လေသည်။
***