← Chapters

စွမ်းအား သုံးခု

Vol. 81 Ch. 1126

စွမ်းအား သုံးခု

Vol. 81 Ch. 1126

“ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတွေ...”

ဝေ့ဝူယင် ခပ်တိုးတိုး ‌‌ေရရွတ်လိုက်၏။ ထိုအရာက ဝမ်ယုထျန်း သူ့ကို ပြောခဲ့ဖူးသည့် စကား ဖြစ်သည်။ ထိုမျှမက... များလှစွာသော မှတ်တမ်း၊ စာအုပ်များတွင်လည်း သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို ထိုကဲ့သို့ ခိုင်းနှိုင်းထားကြောင်း ဝေ့ဝူယင် တွေ့မြင်ဖူးပေသည်။

ဝေ့ဝူယင် နောက်ထပ် စာမျက်နှာကို ထပ်လှန်လိုက်၏။

“အမှန်ပဲ... ငါတို့တွေက ‌ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတွေ... အဖြေက ရှင်းပါတယ်... သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေဟာ အစွမ်း မထက်ဘူး ဆိုရင်တောင် ‌ကြောက်စရာ ကောင်းတယ်... အကြောင်းပြချက်က အဂ္ဂိရတ် တာအိုရဲ့ ဆန္ဒ‌ပဲ...”

ကျိုးယွင်မှာ စာဖတ်သူကို အချက်တစ်ခုထံ မောင်းနှင်ရန် ကြိုးပမ်းနေကြောင်း ဝေ့ဝူယင် ခံစား နေမိခဲ့သည်။ တစ်ချိန်တည်း၌ သူ၏ ‌ေရးသားပုံက ပဟေဠိ ဆန်လွန်းလှသည်။ လှည့်စားနေတာကို ရပ်တန့်ကာ လိုရင်းကို ‌ေရးသားဖို့ ဝေ့ဝူယင် အော်ဟစ်ချင်နေခဲ့ပြီ ဖြစ်သည်။

“အဂ္ဂိရတ် တာအိုရဲ့ ဆန္ဒက ငါတို့ရဲ့ မျက်လုံးတွေထဲမှာ ကြယ်ခုနစ်ပွင့် အဖြစ် ထွန်းလင်းတယ်... ခုနစ်ပွင့် အတိအကျပဲ... မင်းမှာ မျက်လုံး နှစ်လုံးပဲ ရှိရှိ၊ သုံးလုံးပဲ ရှိရှိ၊ ခုနစ်လုံးပဲ ရှိရှိ သူတို့တွေက တူညီတဲ့ ဆန္ဒ အတိုင်းပဲ ‌ေရာင်ပြန်ဟပ်လိမ့်မယ်... နောက်ပြီး အဲဒီ ကြယ်တာရာတွေကပဲ သေမျိုး တာအို ဝိညာဉ်တွေ အပေါ် သက်‌ေရာက်နိုင်တဲ့ စွမ်းအားကို ချမှတ်ပေးလိမ့်မယ်”

“ငါတို့က အဲဒီ ဝိညာဉ်ကို ထိုးထွင်း သိမြင်မှုနဲ့ အတူ အဂ္ဂိရတ် ဝိညာဉ် အကြွင်းအကျန်တွေလို့ ခေါ်ကြတယ်... အဲဒါဟာ အဂ္ဂိရတ် လမ်းစဉ်က ထုတ်လုပ်ပေးတဲ့ မသန့်စင်တဲ့ အထိန်းအကွပ်မဲ့ သေမျိုးတာအို အကြွင်းအကျန်တွေပဲ... သေမျိုး အဂ္ဂိရတ် ကြယ်တာရာတွေလို့ ငါတို့ ခေါ်တဲ့ အရာက လမ်းစဉ် ခုနစ်ခုကို ဖြတ်သန်းပြီး အဲဒီ အဂ္ဂိရတ် ဝိညာဉ် အကြွင်းအကျန်တွေနဲ့ ချိတ်ဆက် စေနိုင်စွမ်း ရှိတယ်... အဲဒါဟာ သေမျိုး အဂ္ဂိရတ် ကြယ်တာရာတွေရဲ့ အဓိက စွမ်းအား သုံးခုထဲက တစ်ခု ဖြစ်တဲ့ သေမျိုးဝိညာဉ် ပုံသွင်းခြင်းပဲ”

"မင်း အဲဒါကို ထုတ်ယူလို့ ရတယ်... ထိန်းသိမ်းလို့ ရတယ်... သန်စင်လို့ ရတယ်... ဒါမှမဟုတ်လည်း ပေါင်းစပ်လို့ ရတယ်”

ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ သို့သော်လည်း သူက စာကို ပြီးဆုံးအောင် ဆက်ဖတ် လိုက်သည်။

“တကယ်လို့ မင်းသာ စာကို သေချာဖတ်နေမယ် ဆိုရင်... ဒါမှမဟုတ်လည်း မင်းရဲ့ စာဖတ် စွမ်းရည်က တိကျမယ် ဆိုရင် စာရင်းထဲမှာ ဖန်တီးခြင်း ပျောက်ဆုံးနေတယ် ဆိုတာ သတိပြုမိလိမ့်မယ်... ဘာကြောင့်လဲ ဆိုရင် သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ ဖော်စပ်နိုင်ခဲ့တဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေဟာ အခြား အဆင့်နိမ့် အဂ္ဂိရတ် ပညာရှင်တွေရဲ့ ထုတ်ကုန်တွေထက် အဂ္ဂိရတ် ဝိညာဉ် အကြွင်းအကျန်တွေ ပိုပြီး ပါဝင်နေလို့ပဲ... အဲဒါကို အဂ္ဂိရတ် တာအိုရဲ့ ဆန္ဒ အတွက် စွမ်းအား တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ယူဆကြည့်လိုက်ရအောင်”

ဝေ့ဝူယင်၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာ၏။ ခန္ဓာကိုယ် အတွင်း တည်ရှိနေသည့် အဂ္ဂိရတ် ဝိညာဉ် အကြွင်းအကျန်များကို ထုတ်ယူ အသုံးပြုလို့ ရနိုင်သလော။ သို့သော်လည်း... အဓိပ္ပာယ်တော့ မရှိလှချေ။ အဂ္ဂိရတ် ဝိညာဉ် အကြွင်းအကျန်များမှာ အဂ္ဂိရတ် ထုတ်ကုန်များ၏ မသန့်စင်ရသေးသော အစိတ်အပိုင်းများ ဖြစ်ကြသည်. တစ်နည်းအားဖြင့်... ခန္ဓာကိုယ်က လုံးလုံးလျားလျား သန့်စင်ရန် စွမ်းဆောင်ရည် မရှိသောကြောင့် မထိမတွေ့ ကျန်ရှိနေသည့် အရာများ ဖြစ်ကြသည်။ ၎င်းတို့ကို ခန္ဓာကိုယ် အတွင်းမှ ထုတ်ယူရန် ဝေ့ဝူယင် သုတေသနများ ပြုလုပ်ခဲ့ဖူးပေသည်။ သို့သော်လည်း... အောင်မြင်ခြင်း မရှိခဲ့ပါချေ။

“အဲဒါဟာ သေမျိုး ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာတွေရဲ့ အားအနည်းဆုံး စွမ်းအင် ဖြစ်ပြီးတော့ အသုံးဝင်တဲ့ ဘယ်အရာကို မဆို ဖြုန်းတီးပစ်ဖို့ မလိုလား အဂ္ဂိရတ် တာအိုရဲ့ ဆန္ဒ သက်သက်လည်း ဖြစ်တယ်”

ကျိုးယွင်က ရှင်းပြရင်း တစ်ချိန်တည်းတွင်ပင် သူ့ စာအုပ်၏ အဓိက ရည်ရွယ်ချက်က စွမ်းအင် သုံးခု မဟုတ်ပဲ အဂ္ဂိရတ် တာအို၏ ဆန္ဒသာ ဖြစ်ကြောင်း ပြန်လည် သတိပေးလိုက်သည်။ ဝေ့ဝူယင် စိတ်ဝင်တစားပင် စာအုပ်ကို ဆက်လက် ဖတ်လိုက်၏။

“တကယ်လို့ မင်းသာ မှန်မှန်ကန်ကန် အသုံးပြုမယ် ဆိုရင် အဂ္ဂိရတ် ဝိညာဉ် အကြွင်းအကျန်တွေကို မင်းရဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေ မြှင့်တင်ဖို့၊ ကျင့်စဉ်တွေ မွမ်းမံဖို့ စသဖြင့် နည်းလမ်း ပေါင်းစုံနဲ့ အသုံးပြုလို့ ရတယ်... မှတ်ထားပါ... အဲဒါဟာ အားအနည်းဆုံး စွမ်းအင် ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ မှန်မှန်ကန်ကန် သုံးရင် ငါတို့ရဲ့ အစွမ်း အထက်ဆုံး စွမ်းရည်လည်း ဖြစ်နိုင်တယ်”

“သေမျိုး ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာတွေကို ဆုပ်ကိုင်ထားနိုင်တဲ့ ငါတို့ကို သေမျိုး အာဏာရှင်တွေလို့ ခေါ်ကြတယ်... ဘာလို့လဲ... အဖြေက ရှင်းပါတယ်... ငါတို့ဟာ သေမျိုးတာအို အပေါ် လွှမ်းမိုးနိုင်တဲ့ ကျင့်ကြံသူတွေ မွေးထုတ်ပေးနိုင်တဲ့ ထုတ်ကုန်တွေ ဖော်စပ် နိုင်ကြလို့ပဲ... အဲဒါဟာ အဂ္ဂိရတ် တာအိုရဲ့ ဆန္ဒလား ဆိုရင် မဟုတ်ဘူး... ငါတို့ကို သေမျိုး အာဏာရှင်တွေလို့ ရည်ညွှန်းကြတာဟာ ဝေါဟာရ တစ်ခုတည်းကြောင့်ပဲ... အဲဒါကို ဝိညာဉ်ပဲ”

“ဝိညာဉ်... ဝိညာဉ်... ဝိညာဉ်... ဝိညာဉ်ဆိုတာ ဘာလဲ မင်းသိလား...”

ကျိုးယွင်၏ အကျင့်က နောက်တစ်ကြိမ် ပြန်လည် ပေါ်လာပြန်၏။ ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ အနည်းငယ် စဉ်းစားလိုက်သည်။ ချီပျစ်ခဲခြင်း အဆင့်တွင် ဝိညာဉ် ဆက်သွယ်ခြင်း ဆိုသည့် ကျင့်ကြံခြင်း အဆင့် တစ်ခု ရှိသည်။ ထိုအဆင့်တွင် ချီနှလုံးသားကို ဇာတိဝိညာဉ် အဖြစ် အသွင်ပြောင်းကာ ပထမဆုံးသော ကျင့်ကြံခြင်း ဝိညာဉ်ကို စတင် နှိုးထရသည်။ ထိုအရာမှာ ဝိညာဉ် ကျင့်ကြံခြင်း၏ ပထမဆုံးသော ခြေလှမ်းပင် ဖြစ်လေသည်။

ဝေ့ဝူယင် စာကို ဆက်လက်၍ ဖတ်လိုက်သည်။

“အဂ္ဂိရတ် တာအိုရဲ့ ဒုတိယမြောက် စွမ်းအင်က ကျိုးပဲ့ ဝိညာဉ်တွေ ဖန်တီးခြင်းပဲ... တိတိကျကျ ပြောရမယ် ဆိုရင် သေမျိုး တာအိုရဲ့ ကန့်သတ်မှုနဲ့ အတူ အနိမ့်စား ဝိညာဉ်ကို ချီးမြှင့်ထားတဲ့ အတုအယောင် ဝိညာဉ်တွေကို ဖန်တီးနိုင်လို့ပဲ... တစ်ချို့ကတော့ သူတို့ကို အခြေတည် ဝိညာဉ်လို့ ခေါ်ကြတယ်”

“အခြေတည် ဝိညာဉ်...”

ဝေ့ဝူယင်၏ နှလုံးသားက တဒုန်းဒုန်း မြည်ဟီးသွား၏။ စစ်၊ ဒြပ်စင်တို့နှင့် ဖွဲ့စည်းထားသည့် သူ၏ ဆေဘာ အတွင်းရှိ ဇာတိဝိညာဉ်မှာ စတင်ကာ ဟိန်းဟောက် လာခဲ့သည်။ အဂ္ဂိရတ် ပညာရှင် တစ်ယောက်က ၎င်းကို ဖန်တီးခဲ့ခြင်းလော။

“ကောင်းကင်တွေဟာ သူတို့ရဲ့ ဝိညာဉ် ဖယ်ခွာခြင်းကြောင့် နာမည်ကြီးတယ်... သက်ရှိ မဟုတ်တဲ့ အရာတွေကို ဝိညာဉ် ချီးမြှင့်နိုင်တဲ့ စွမ်းအင်ကြောင့်၊ ဘာမှမဟုတ်တဲ့ အရာတွေကို အသက်ဓာတ် ပေးနိုင်ခြင်းကြောင့်ပေါ့လေ... ငါတို့ သေမျိုး အာဏာရှင်တွေဟာ သေမျိုး တာအိုကို ထိန်းချုပ်ပြီး အဲဒီ စွမ်းအင်နဲ့ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ကြတယ်”

“ကျိုးပဲ့ ဝိညာဉ်တွေ ဖန်တီးနိုင်ကြသလိုပဲ အဂ္ဂိရတ် တာအိုရဲ့ ဆန္ဒက ငါတို့ သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေကို ထုတ်ယူဖို့၊ ကြီးထွားဖို့၊ ထိန်းသိမ်းဖို့၊ သန့်စင်ဖို့၊ အသွင်ပြောင်းဖို့၊ ဆက်သွယ်ဖို့ စွမ်းအင်တွေ ချီးမြှင့်ထားတယ်... ငါတို့ဟာ ငါတို့ ဖန်တီးထားတဲ့ အရာတွေကို အစိုးရပြီး အနန္တ တာအိုရဲ့ စစ်မှန်တဲ့ အဂ္ဂိရတ် သူရဲကောင်းတွေ အဖြစ် ပြောင်းလဲ နိုင်ကြတယ်... ဒါပေမဲ့ ငါတို့ကို ကြောက်မက်ဖွယ် တည်ရှိမှုတွေ အဖြစ် ရည်ညွှန်းကြတဲ့ အကြောင်းရင်းက အဲဒါ မဟုတ်ဘူး...”

"သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ အတွက် အဂ္ဂိရတ် တာအို ချီးမြှင့်ထားတဲ့ တတိယမြောက်နဲ့ နောက်ဆုံး ကောင်းချီးကြောင့်ပဲ... အဲဒါကို သေမျိုး ပျက်သုဉ်းခြင်းလို့ ခေါ်တယ်... အဂ္ဂိရတ် တာအိုရဲ့ တစ်ခုတည်းသော ရန်လိုတဲ့ စွမ်းအားပဲ”

***

All Chapters