ရှာဖွေ တွေ့ရှိမှုများ
Vol. 81 Ch. 1127
“သေမျိုး ပျက်သုဉ်းခြင်း...”
ဝေ့ဝူယင်၏ စိတ်နှင့် နှလုံးသားမှာ တုန်လှုပ် သွားခဲ့၏။ နာမည် တစ်ခုတည်းကပင် သူ့ ဝိညာဉ်ထံမှ ပြင်းထန်သော အာရုံတစ်ခုကို လှုပ်နှိုး နေခဲံပြီ ဖြစ်သည်။
“စိတ်သိပ် မလှုပ်ရှားပါနဲ့... အဂ္ဂိရတ် တာအိုရဲ့ ဆန္ဒက အန္တရာယ် ကင်းတယ်... ငါတို့မှာ ဘယ်လို စွမ်းအင်တွေပဲ ရှိရှိ အဂ္ဂိရတ် တာအိုရဲ့ စွမ်းအားက အခြားလူ တစ်ယောက်ကို ဘယ်တော့မှ တိုက်ရိုက် ထိခိုက်အောင် မလုပ်ဘူး... ဒါကြောင့်ပဲ အဲဒီ စွမ်းအားကို ငါတို့က အဂ္ဂိရတ် တာအိုရဲ့ အစွမ်း အထက်ဆုံး တိုက်ခိုက်ေရး စွမ်းအား အစား ရန်အလိုဆုံး စွမ်းအား အဖြစ် ရည်ညွှန်းကြတာ”
ကျိုးယွင်မှာ စာဖတ်သူ၏ ခံစားချက်နှင့် အတွေးများကို ချက်ချင်းပင် တွေးမိပုံ ရသည်။ သူက ၎င်းတို့ကို တဒင်္ဂ အတွင်း ပြန်လည် ပြင်ဆင် ပေးနိုင်စွမ်း ရှိပေသည်။
“သေမျိုးကို ပျက်သုဉ်းစေခြင်း... အဲဒါက ဘာကို ဆိုလိုတာလဲ... အဂ္ဂိရတ် တာအိုက ဘာလို့ အဲဒီလို နည်းလမ်းမျိုးကို ပိုင်ဆိုင်တာလဲ... နောက်ပြီး သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေက အဂ္ဂိရတ် တာအိုရဲ့ ချီးမြှင့်မှုနဲ့ အတူ ဘာလို့ အဲဒီလို ခွန်အားမျိုးကို ပိုင်ဆိုင်နိုင်တာလဲ... ငါ အဲဒါတွေကို ရှာဖွေဖို့၊ ရှာဖွေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ခုထက်ထိ မတွေ့ခဲ့ရသေးဘူး... မင်းကတော့ ရှာတွေ့ကောင်း တွေ့မှာပါ... ကဲပါလေ... စလိုက်ရအောင်”
ကျိုးယွင်က ဆက်လက်၍ ေရးသားထားသော်လည်း ထိေရာက် နက်နဲသည့် ပဟေဠိ ဆန်ဆန် အဓိပ္ပာယ် ဖွင့်ဆိုချက်များကတော့ ထိုနေရာတွင် ရပ်တန့် သွားခဲ့သည်။ နောက်ထပ် အပိုင်းများတွင်တော့ ကျိုးယွင်မှာ သေမျိုး အာဏာရှင် ချိတ်ဆက်မှုများ၊ အဂ္ဂိရတ် တာအို၏ ဆန္ဒ၊ သေမျိုး ဝိညာဉ်စွမ်းအင် ချိတ်ဆက်မှုတို့နှင့် ပတ်သက်နေသည့် သူ့ အတွေးများ၊ သီအိုရီများ၊ အခြားလူများ စူးစမ်း ရှာဖွေထားသည့် ဖြစ်နိုင်ချေများကို ေရးသားထားပေသည်။
“အဂ္ဂိရတ် တာအိုရဲ့ လျှို့ဝှက် ဆန်းကြယ်မှုတွေက အံ့မခန်းပဲ...”
နာရီပေါင်းများစွာ ကြာအောင် ဆာလင် မွတ်သိပ်စွာ ဖတ်ရှုပြီး နောက်ဆုံးတွင် ဝေ့ဝူယင်က စာအုပ်ကို ပိတ်လိုက်သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော အခိုက်၌ ဧဒင် နန်းတော် အတွင်းရှိ ဉာဏ်အလင်း မြူနှင်းများမှာ ပိုမို၍ ထူထဲ လာနေသည်ကို တွေ့လိုက်ရသည်။
ဝေ့ဝူယင်က ဖြည်းညင်းစွာပင် စာအုပ်ကို စင်ပေါ် ပြန်လည် နေရာ ချထားလိုက်၏။ ထို့နောက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အဝေးရှိ ပုရပိုက် တစ်ခုက သူ့လက်ပေါ် ပျံသန်း ေရာက်ရှိ လာခဲ့သည်။
မူလစိတ်က စာအုပ်များကို အားချင်း ကူးယူနေစဉ်တွင် ဝေ့ဝူယင်၏ ဒုတိယမြောက် စိတ်မှာ (အထူးသဖြင့်) သေမျိုး အဂ္ဂိရတ် အာဏာရှင်တို့၏ စွမ်းအင်များ အကြောင်း ေရးသားထားသည့် စာအုပ်များ၊ ပုရပိုက်များကို တစ်ခုပြီး တစ်ခု ဖတ်ရှု နေခဲ့သည်။
စက္ကန့်နှင့် အမျှ ဒုတိယမြောက်စိတ်၏ အသိပညာ ဗဟုသုတများမှာ တရိပ်ရိပ် တိုးတက်လာနေခဲ့သော်လည်း ဘေးထွက်ဆိုးကျိုး တစ်ချို့လည်း ပါဝင် နေခဲ့ပေသည်။ အဘယ်ကြောင့် ဆိုသော် သေမျိုး အဂ္ဂိရတ် အာဏာရှင် များစွာ ချန်ရစ်ခဲ့သည့် စာအုပ်များ၊ ပုရပိုက်များစွာထဲတွင် ထပ်တလဲလဲ ဖြစ်နေသည့်၊ မဆီလျော်သည့်၊ အပို သတင်း အချက်အလက် များစွာ ပါဝင် နေသောကြောင့် ဖြစ်သည်။ ရံဖန်ရံခါ စာေရးသူ၏ ဉာဏ်မဲ့စွာ ထည့်သွင်းထားသော မှတ်ချက်များပင် ပါဝင်နေသည်။ ၎င်းတို့က ဒုတိယမြောက်စိတ်၏ မှတ်ဉာဏ်များထဲတွင် အမှိုက်များလို စုပြုံ၍ လာနေခဲ့၏။
ဘာတတ်နိုင်မည်နည်း။ အကိုးအကား ရယူရန် သူ ၎င်းတို့ကို ဆက်လက် ဖတ်ရှုရဦးမည် ဖြစ်သည်။
သို့သော်လည်း... ဒုတိယမြောက်စိတ်မှာ သူ ဖတ်ရှုထားသမျှ သတင်းအချက်အလက် အားလုံးကို မူလစိတ်ထံ ပို့ဆောင်ရန် ရည်ရွယ်ထားခြင်း မရှိပါချေ။ သူက အဓိက အချက်အလက်များကိုသာ စစ်ထုတ်ကာ ကိုယ်ပိုင် နားလည်မှုဖြင့် ပြန်လည် မွမ်းမံဖို့ ဆုံးဖြတ်ထားသည်။
ဥပမာအားဖြင့် အဂ္ဂိရတ် ကြယ်တာရာများတွင် အဓိက စွမ်းအား သုံးခုနှင့် သာမည စွမ်းအား လေးခု ရှိကြောင်း ကျယ်ပြန့်စွာ ယုံကြည်ထားကြပေသည်။အဓိက စွမ်းအား သုံးခုမှာ သေမျိုး ဝိညာဉ် ပုံသွင်းခြင်း၊ ကျိုးပဲ့ ဝိညာဉ် ဖန်တီးခြင်း၊ သေမျိုး ပျက်သုဉ်းခြင်းတို့ ဖြစ်သည်။ သာမည စွမ်းအင် လေးခုကတော့ အဂ္ဂိရတ် ကြယ်တာရာ ပေါင်းဆုံခြင်း၊ ဖော်စပ် ရပ်နားခြင်း၊ ပုံရိပ်ယောင် ဖြစ်စဉ်နှင့် အဂ္ဂိရတ် ကြယ်တာရာ ကျိန်စာတို့ ဖြစ်ကြသည်။
အဂ္ဂိရတ် ကြယ်တာရာ ပေါင်းစုံခြင်းမှာ အလွန် ရှားပါးသည့် ဖြစ်စဉ် တစ်ခု ဖြစ်ကာ သတ်မှတ်ထားသည့် အချိန် အတွင်း၊ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အကြားတွင် သူတို့၏ အဂ္ဂိရတ် တာအို နားလည်မှုများကို မျှဝေနိုင်အောင် ကူညီပေးနိုင်စွမ်း ရှိသည်။ မဟာစက်ဝန်း ရှန့်ထို ညီလာခံတွင် ဝေ့ဝူယင်မှာ ထိုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရကာ နှစ်ပေါင်းသောင်းချီ အဂ္ဂိရတ် အတွေ့အကြုံများကို အချိန်တို အတွင်း စုပ်ယူနိုင်ခဲ့ပေသည်။ သို့သော်လည်း... ထိုဖြစ်စဉ် အတွက် တောင်းဆိုမှုက မြင့်မားလွန်းလှကာ သူ၏ ကျင့်ကြံခြင်း အခြေခံ ပင်လျှင် ခမ်းခြောက်လုနီးပါး အထိ ဖြစ်ခဲ့သည်။
စာအုပ်များအတွင်း ဖော်ပြထားသလောက် ဆိုလျှင် သေမျိုး အဂ္ဂိရတ် ကြယ်တာရာများ၏ စွမ်းအင်ခွဲ လေးခု စလုံးမှာ မယုံကြည်ရသည့်၊ အကန့်အသတ် များသည့် စွမ်းအင်များ ဖြစ်ကြသည်။ ဖော်စပ် ရပ်နားခြင်း စွမ်းအင် ဆိုလျှင် ကျင့်ကြံသူ၏ အသက် စွမ်းအင်ကို အသုံးချကာ အဂ္ဂိရတ် ဖော်စပ်မှုကို ယာယီ ရပ်တန့်ထားသည့် စွမ်းအင်မျိုး ဖြစ်သည်။ သို့သော်လည်း...ကုန်ကျစရိတ်က မြင့်မားလှသည့် အပြင် အမြင့်ဆုံး အကန့်အသတ်မှာ ခုနစ်ရက်မျှသာ ဖြစ်သည်။ ထို့အပြင်... လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန် ဖော်စပ်မှု အပေါ် အသုံးပြုဖို့ကလည်း မဖြစ်နိုင်သော အရာပင် ဖြစ်သည်။
ပုံရိပ်ယောင် ဖြစ်စဉ် စွမ်းအင်ကလည်း အသုံးမဝင်သလောက် ဖြစ်သည်။ ၎င်းမှာ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖော်စပ် အောင်မြင်သလို ပုံရိပ်ယောင်မျိုး ဖန်တီးနိုင်သည့် စွမ်းအင် ဖြစ်သည်။ သိ့သော်လည်း အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ ၎င်းကို လွယ်ကူစွာ ဖောက်ထွင်းနိုင်မြင်စွမ်း ရှိပေသည်။ ထုတ်ကုန် တစ်ခု အောင်မြင်သလို တုပခြင်းမှ တစ်ပါး ထိုစွမ်းအင်၏ အခြား ရည်ရွယ်ချက်ကို မည်သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်မှ ရှာမတွေ့ခဲ့ပါချေ။
နောက်ဆုံးသော စွမ်းအင်ကတော့ အလွန်ပင် ရက်စက် ကြမ်းကြုတ်ကာ အဂ္ဂိရတ် တာအို၏ ဒေါသကို သယ်ဆောင် ထားပေသည်။ အဂ္ဂိရတ် ကြယ်တာရာ ကျိန်စာမှာ ကျင့်ကြံသူ တစ်ယောက်၏ ခန္ဓာကိုယ် အတွင်း အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ခွန်အား တစ်ခု ထည့်သွင်းခြင်းမျိုး ဖြစ်သည်။ ၎င်းမှာ ထိုကျင့်ကြံသူ စားသုံးသည့် အဂ္ဂိရတ် ထုတ်ကုန်တိုင်း အတွက် ကျိန်စာ သဖွယ်ဖြစ်ကာ သက်ေရာက်မှုကို ထက်ဝက်မျှ လျှော့ချပစ်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ဖော်စပ် ရပ်နားခြင်း ကဲ့သို့ပင် အဂ္ဂိရတ် ကြယ်တာရာ ကျိန်စာကို အသုံးပြုရန် သက်တမ်း တစ်စိတ်တစ်ပိုင်းကို စတေးပစ်ဖို့ လိုအပ်ပေသည်။ ထို့အပြင်... ကျိန်စာမှာ လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ အပေါ်တွင်တော့ သက်ေရာက်မှု ရှိလိမ့်မည် မဟုတ်ပါချေ။
ဝေ့ဝူယင်မှ အဂ္ဂိရတ် ကြယ်တာရာ ကျိန်စာနှင့် ပတ်သက်သည့် အမွေအနှစ်ပေါင်း ဆယ့်တစ်ခုကို ဖတ်ရှုခဲ့ပြီး... ယင်းကျိန်စာ၏ နောက်ထပ် မြင့်မားသော အဆင့်တစ်ခုတွင် လျှို့ဝှက် အာဏာရှင် အဆင့်များ ပင်လျှင် ဖယ်ရှားပေးပါရန် ဒူးထောက် တောင်းပန်ရလိမ့်မည့် စွမ်းအင်များ တည်ရှိနေနိုင်ကြောင်း အဓိပ္ပာယ်မဲ့ မှတ်ချက် များစွာကို တွေ့ရှိခဲ့ရသည်။
မည်သို့ပင် ဆိုစေကာမူ... ထိုသာမည စွမ်းအင် လေးခုမှာ ကုန်ကျစရိတ် အလွန်မြင့်မားကာ လက်တွေ့ ဘဝတွင် သိပ်အသုံးမဝင်သည့် စွမ်းအင်များသာ ဖြစ်သည်။ ထို့အပြင်... ၎င်းတို့မှာ အဂ္ဂိရတ် တာအို၏ လမ်းစဉ် ခုနစ်ရပ် အပေါ် အာရုံစိုက်ခြင်း မရှိပဲ လွဲချော်သည့် လမ်းကြောင်းပေါ်၌သာ တည်ရှိနေသည်။
အချိန်တစ်လ ကုန်လွန် သွားခဲ့ပြီ ဖြစ်သည်။ စာအုပ် မိတ္တူ ကူးယူခြင်းနှင့် ပတ်သက်၍ ဝေ့ဝူယင်၏ အမြန်နှုန်းနှင့် လှုပ်ရှားမှုတို့မှာ မွန်းစတား ဆန်လွန်းလှ၏။ ထိုတစ်လ အတွင်းမှာပင် မိုင်ပေါင်းများစွာ ရှည်လျားသော စင်မြင့်များထက်မှ စာအုပ်များ၊ ပုရပိုက်များ၊ ဝိညာဉ် ကျောက်စိမ်းများ အားလုံးကို သူ ဧဒင် စာကြည့်တိုက် အတွင်းသို့ ကူးယူခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း... တစ်စုံတစ်ခုအား ရှာဖွေရန် အရူးအမူး ဖြစ်နေသလို သူ၏ လုပ်ဆောင်ချက်များက မိန်းကလေး သုံးယောက်၏ အမူအရာများကို ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်စေသည်။
လျူစုယင်တို့မှာ ဘေးနားတွင် တစ်ချိန်လုံး ထိုင်ကာ ဝေ့ဝူယင်ကို တိတ်တိတ် စောင့်ကြည့် နေခဲ့၏။ အချိန်နှင့် အမျှ သူတို့၏ မျက်လုံးများက ကွဲပြားသော ခံစားချက်များနှင့် ပြည့်နှက်နေသည်။ ကျန်းကျဲဝူရှု ပင်လျှင် ထွက်ခွာသွားခြင်း မရှိပဲ ဝေ့ဝူယင်၏ လုပ်ရပ်ကို လေ့လာ နေခဲ့သည်။ သူက ဘာလုပ်နေသနည်း။ မည်သည့် အရာကို ရှာဖွေ နေသနည်း။
အဂ္ဂိရတ် ကဏ္ဍ အတွင်း၌ ရှိနေသော ပစ္စည်းများမှာ အလွန်တရာ အမျိုးအစား စုံလင်လှကာ ၎င်းတို့ကို ချေဖျက်ရန် အတွက်ဆိုလျှင် နှစ်ပေါင်းများစွာတိုင် အချိန်ယူရလိမ့်မည် ဖြစ်သည်။ အလွန် လျှင်မြန်စွာ လှုပ်ရှားနေခြင်းကို ကြည့်ပါက ဝေ့ဝူယင်၏ ရည်ရွယ်ချက်မှာ အဂ္ဂိရတ် ကဏ္ဍတစ်ခုလုံး မဖြစ်နိုင်ပါချေ။
သူက အဂ္ဂိရတ် ဖော်စပ်သည့် အထူး နည်းလမ်း တစ်ခုကို ရှာဖွေနေသလော။ သို့တည်းမဟုတ်... အဂ္ဂိရတ် ပညာရှင် တစ်ယောက်၏ ထိုးထွင်း သိမြင်မှု တစ်ခုလော....။
သို့သော်လည်း... လျှို့ဝှက် အာဏာရှင် အဆင့်များ လျှို့ဝှက်စာဖြင့် ေရးသား ချန်ရစ်ခဲ့စည့် စာအုပ်၊ ပုရပိုက်များကိုပါ ကောက်ကိုင်နေတာ မြင်ရသော အခိုက်တွင်တော့ ကျန်းကျဲဝူရှုမှာ ပါးစပ် အဟောင်းသား ဖြစ်သွားရတော့သည်။
လျှို့ဝှက် ဘာသာစကား အကြောင်း သူမ ကောင်းစွာ သိရှိထားသည်။ ၎င်းမှာ သေမျိုး ဘာသာစကားနှင့် လုံးဝ ကွာခြားကာ တစ်ခါတစ်ရံ သေမျိုး မျက်လုံးများနှင့် မြင်နိုင်စွမ်းပင် မရှိပါချေ။ ဝေ့ဝူယင်က အဘယ်ကြောင့် ထိုကဲ့သို့ ပစ္စည်းများကို စစ်ဆေးနေရသနည်း။ ထို့အပြင် တစ်ခုတည်း မဟုတ်။ သူက အားလုံးကို တစ်ခုပြီး တစ်ခု နှံ့နှံ့စပ်စပ် စစ်ဆေး နေခဲ့ခြင်း ဖြစ်သည်။
ထိုလူငယ်က မည်သူနည်း။ လျူယင်လန်း တစ်ယောက် ဘာတွေ ကြံစည်နေသနည်း။ သူက မည်သည်တို့ကို ရှာဖွေ နေသနည်း။
တစ်ပတ်မျှ ကြာမြင့်ပြီး နောက်၌ ချောင်စွေ့ဖုန်းမှာ သိချင်စိတ်ကို ထိန်းမထားနိုင်တော့ချေ။ သူမက ညင်သာစွာပင် ဝေ့ဝူယင် အနားသို့ လျှောက်သွားလိုက်၏။ အစဉ်အမြဲ လှပ ကြော့ရှင်း နေတတ်သည့် ငွေေရာင် မျက်ဝန်းတို့ ရူးသွပ်စွာ ချင်းချင်းနီနေသည်ကို တွေ့မြင်ရသော အခိုက်တွင်တော့ ချောင်စွေ့ဖုန်းမှာ နှလုံးသား တစ်ခုလုံး တုန်လှုပ် သွားခဲ့လေသည်။
သူမက အခြား မိန်းကလေး နှစ်ယောက်ကို တစ်ချက် လှမ်းကြည့်ပြီးနောက် ဝေ့ဝူယင်ကို တုန့်ဆိုင်းစွာဖြင့် ပြောလိုက်လေ၏။
“တာအို လမ်းညွှန်သူဝေ့... တစ်ခုခုကို ရှာနေတယ် ဆိုရင် စာကြည့်တိုက်မှူးလီက ရှင့်ကို ကူညီနိုင်ပါတယ်... ကိုယ့်ကိုယ်ကိုတော့ ထိခိုက်အောင် မလုပ်ပါနဲ့”
“...”
ဝေ့ဝူယင်က သူမဘက်ကို လှည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်၏။ သူ၏ ချင်းချင်းနီနေသည့် မျက်လုံးများက ပျောက်ကွယ်သွားကာ ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ ဝေ့ဝူယင်၏ မျက်ဝန်းများထဲမှ ဂရုစိုက်မှု၊ ကြင်နာမှုတို့ကို တွေ့မြင်လိုက်ရသော အခိုက်၌ ချောင်စွေ့ဖုန်းမှာ နှလုံးသား တစ်ခုလုံး အရည်ပျော်ကျသွားသလို ခံစားလိုက်ရသည်။
အကယ်၍ ဝေ့ဝူယင်သာ အံ့ဖွယ်သရဲ ပါရမီ မမြင့်မားပါက၊ နတ်ဒေဝါများလို ချောမောခြင်း မရှိပါက၊ လျှို့ဝှက် ဆန်းကြယ်သည့် နောက်ခံသမိုင်းမျိုး မရှိပါက အသက် တစ်ရာပင် မပြည့်သေးသည့် သေမျိုး တစ်ယောက်ကို သူမ လှည့်ကြည့်ချင်မှ ကြည့်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ ဝေ့ဝူယင်မှာ ထိုအချက် အားလုံး ပြည့်စုံနေလေရာ သူမ၏ စိတ်နှင့် ခန္ဓာ နှစ်ခုစလုံးက သဘာဝကျစွာ တုန့်ပြန် နေခဲ့ပေသည်။
အဂ္ဂိရတ် ကဏ္ဍ အတွင်းရှိ အရာအားလုံးကို ရရှိပြီးသွားခဲ့ပြီး နောက်တွင်တော့ ဝေ့ဝူယင်မှာ လေးပင်စွာပင် သက်ပြင်း တစ်ချက် ရှိုက်လိုက်မိတော့သည်။ အမှန်အတိုင်း ဝန်ခံရပါက လျှို့ဝှက် ဘာသာစကားကို အသိစိတ် ပင်လယ် အတွင်း ကူးယူရန် သူ့ထံတွင် စိတ်လေးပင်မှုများ ရှိခဲ့သည်။ မလိုလားအပ်သည့် အကျိုးသက်ေရာက်မှုများ ဖြစ်ပေါ်လာမှာ ကြောက်မိသေးသည်။ သို့သော်လည်း အံ့အားသင့်ဖို့ ကောင်းစွာပင် သူ၏ အသိစိတ် ပင်လယ်မှာ အနည်းငယ် လှုပ်ခတ်သွားရုံမှ အပ ခိုင်ခံ့ တည်ငြိမ်နေဆဲ ဖြစ်သည်။ လျှို့ဝှက် အဆင့် စာအုပ်များ၊ ပုရပိုက်များ၊ ဝိညာဉ် ကျောက်စိမ်းများ အားလုံးမှာ ဧဒင် စာကြည့်တိုက် အတွင်း နေရာတကျ သိမ်းဆည်းခဲ့ပြီး ဖြစ်ပေသည်။
ကောင်းကင် စစ်ဝိညာဉ်၏ အဆိုအရ ဆိုလျှင် ထိုအရာမှာ လျှို့ဝှက် အဆင့်နိမ့် အင်အားများဖြင့် သန့်စင်ခံထားရသည့် သူ၏ အသိစိတ် ပင်လယ် အတွင်းရှိ စိတ်စွမ်းအင်များကြောင့်ဟု ဆိုသည်။ လျှို့ဝှက် အဆင့်နိမ့် အင်အားမှာ ဧဒင် ကြယ်တာရာ အမြုတေများ အတွင်းရှိ လျှို့ဝှက် သင်္ကေတ မျိုးစေ့များထံမှ ဖြစ်တည် လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ထိုသင်္ကေမျိုးစေ့များကိုတော့ ဝေ့ဝူယင် ယခုတိုင် နားမလည်နိုင်ပါသေးချေ။
ဧဒင် စာကြည့်တိုက် အတွင်းတွင်တော့...
***