← Chapters

သေမျိုးပျက်သုဉ်းခြင်း

Vol. 81 Ch. 1128

သေမျိုးပျက်သုဉ်းခြင်း

Vol. 81 Ch. 1128

“နောက်ဆုံးတော့ သေမျိုး ပျက်သုဉ်းခြင်းနဲ့ ပတ်သက်နေသမျှ အားလုံးကို ငါနားလည် စစ်ထုတ်နိုင်ခဲ့ပြီ...”

ဒုတိယမြောက်စိတ်က စိတ်လှုပ်ရှားစွာ အပျင်းဆန့် လိုက်၏။ သူ၏ လက်ထဲတွင်တော့ စာအုပ် အထူကြီး တစ်အုပ် ရှိနေခဲ့လေသည်။ လွန်ခဲ့သည့် တစ်လမျှ အချိန် အတွင်း သူက များလှစွာသော စာအုပ်များ၊ ပုရပိုက်များ ဝိညာဉ် ကျောက်စိမ်းများကို အကိုးအကား ပြုကာ သေမျိုး ပျက်သုဉ်းခြင်း စွမ်းအင် အကြောင်း အနှစ်သာရများကို စာအုပ် တစ်အုပ် အဖြစ် စစ်ထုတ်ထားခြင်းဖြစ်လေသည်။

ဟူး... ဟူး...

ဒုတိယမြောက်စိတ်က ခြေဖနှောင့်ကို တစ်ချက် ဆောင့်ကာ စိတ်စွမ်းအင် လှိုင်းများကို ဧဒင်၏ အမြစ်များ အတွင်း ပို့လွှတ်လိုက်သည်။ ဧဒင်က အချက်အလက်များကို နာရီပိုင်းမျှ ကြာအောင် ထပ်ဆင့် စစ်ဆေးလိုက်ပြီးနောက် မလိုအပ်သည့် အပိုင်းများကို ရိတ်ပယ်ကာ မူလစိတ်ထံ ပို့လွှတ်လိုက်သည်။ ထိုနှစ်ယောက်၏ အားထုတ်မှုက သေမျိုး ပျက်သုဉ်းခြင်း စွမ်းအင်နှင့် ပတ်သက်သည့် ပြီးပြည့်စုံသော တည်ဖြတ်ဗားရှင်းကို ရစေခဲ့လေသည်။

“သေမျိုး ပျက်သုဉ်းခြင်း... ‌ေရးသားသူ ဝေ့ဝူယင်...”

စာအုပ်၏ ရိုးရှင်းသည့် ခေါင်းစဉ်ကို ကြည့်ကာ ဝေ့ဝူယင် အနည်းငယ် ရယ်မောလိုက်မိ၏။ အတွေးတစ်ချက်ဖြင့်ပင် သူ ထိုစာသားများကို ပြောင်းလဲ လိုက်သည်။

“သေမျိုး ပျက်သုဉ်းခြင်း အဂ္ဂိရတ် အမတေ... နက်နဲသော အမှန်တရား... ‌ေရးသားသူ... အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်”

ကျေနပ်စွာ ခေါင်းတစ်ချက် ညိတ်လိုက်ပြီး နောက်တွင်တော့ ဝေ့ဝူယင်က အသိပညာ ဗဟုသုတများကို စတင်ကာ စုပ်ယူလိုက်လေတော့သည်။ သေမျိုး ပျက်သုဉ်းခြင်း ဆိုသည်က အဘယ်နည်း။

၎င်းမှာ နာမည်ဖြင့်ပင် အစွန်း‌ေရာက်အောင် လန်လိုပုံ ရသည်။ အမှန်တကယ်‌ေရာ ရန်လိုခြင်း ရှိသလော။ အမှန်အတိုင်း ဝန်ခံရပါက ၎င်းမှာ ရန်လိုရုံမျှသာ မက ကောင်းကင်ကိုပါ ဆန့်ကျင်နိုင်သည့် ဖြစ်တည်မှု တစ်ခု ဖြစ်ပေသည်။ လောကတွင် ကြမ်းတမ်း ခက်ထန်သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များထံမှ ဆင်းသက်လာသည့် သေမျိုး ပျက်သုဉ်းခြင်း အမွေအနှစ်များစွာ ရှိသည်။ ထိုအမွေအနှစ် အားလုံး နီးပါးက အခြားလူများအား ဖျက်ဆီးခဲ့ခြင်းများနှင့် ဆက်နွယ်နေသည့် အသေးစိတ် အချက်အလက်များ ဖြစ်သည်။

သေမျိုး ပျက်သုဉ်းခြင်း ဆိုသည်ကို စွမ်းအင် တစ်ခု ရှိသည်ဟု ယူဆ နိုင်ကာ ထိုစွမ်းအင်မှာ ကျင့်ကြံသူ တစ်ယောက်၏ ဝိညာဉ် အတွင်းရှိ သေမျိုး ဆန္ဒကို သက်‌ေရာက် ပြောင်းလဲနိုင်စွမ်း ရှိသည်။ အကျိုးဆက်က အဆုံးစွန်သော ပျက်သုဉ်းခြင်းပင် ဖြစ်လေသည်။

သေမျိုး ပျက်သုဉ်းခြင်းဖြင့် ဖျက်ဆီးခံလိုက်ရပါက မည်သူမဆို ပတ်ဝန်းကျင်နှင့် သဟဇာတ ကင်းမဲ့ သွားလိမ့်မည် ဖြစ်သည်။ သင်၏ ဝိညာဉ်အော်ရာကို သေမျိုး တာအိုမှ လက်ခံတော့မည် မဟုတ်ချေ။ ငြင်းပယ်ခံရလိမ့်မည် ဖြစ်သည်။

ထို့အပြင် လောကအတွင်းရှိ သေမျိုး အဆင့် အမတေ မှန်သမျှ သင့်ဆန္ဒကို နာခံတော့မည် မဟုတ်ချေ။ သင့်ထံတွင် ၎င်းတို့ကို စုစည်း၍ သန့်စင်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

သင်၏ သေမျိုး တာအို ကျင့်ကြံခြင်း လမ်းစဉ် အဆင့်သုံးခု ဖြစ်သည့် အခြေခံ တည်ဆောက်ခြင်း အဆင့်၊ ချီပျစ်ခဲခြင်း အဆင့်၊ ကြယ်တာရာ အမြုတေ အဆင့်တို့ကိုပင် သင် ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။ သင်၏ ကျင့်ကြံခြင်းက ထိုနေရာတွင် ရပ်တန့်သွားလိမ့်မည် ဖြစ်သည်။ ကြယ်တာရာ ကပ်ဘေးများမှာလည်း ဆင်းသက်လာမှာ မဟုတ်တော့။ အကယ်၍ အသက်ဆက်လက် ရှင်သန်နေလျှင်ပင် သင်၏ ဘဝက လမ်းလျှောက်နေသည့် အလောင်းကောင် တစ်ကောင်နှင့် မခြားနားတော့ချေ။

သေမျိုး ပျက်သုဉ်းခြင်း၏ အကျိုးဆက်များကာ အမှတ်တကယ် ကျောချမ်းစရာ ကောင်းလွန်းလှသည်။ ၎င်း၏ စွမ်းအားကို ခုခံနိုင်သည့် အင်အား မရှိပါချေ။ ထို့ကြောင့်ပင် အဆိုးရွားဆုံး၊ ရန်အလိုဆုံး စွမ်းအင် အမျိုးအစား အဖြစ် တင်စားကြခြင်း ဖြစ်သည်။

ငြင်းပယ်ခြင်း...

ထိုစွမ်းအား တစ်ခုတည်းဖြင့်ပင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို ကြောက်မက်ဖွယ် တည်ရှိမှုများ အဖြစ် ရည်ညွှန်းဖို့ ထိုက်တိုက်ပေသည်။

အပေါ်ယံအားဖြင့် ကြည့်လျှင်တော့ သေမျိုး ပျက်သုဉ်းခြင်းမှာ လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် ရင်ဆိုင်ချိန်တွင် သိပ်အသုံမဝင်လှပုံ မပေါ်ချေ။ သို့သော်လည်း... ဝမ်ယုထျန်းတို့လို လျှို့ဝှက် တာအိုကို ခြေချပြီး ဖြစ်သည့် လျှို့ဝှက် အာဏာရှင်များမှာ အဘယ်ကြောင့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို ကြောက်မက်ဖွယ် တည်ရှိမှုများ အဖြစ် ရည်ညွှန်းခဲ့ကြသနည်း။

ရန်သူ...

စကားသုံး တစ်လုံးတည်းသာ ဖြစ်သည့်တိုင် ၎င်းကို သင့်ဝိညာဉ်အသွင်း ငုပ်လျှိုးနေသည့် သေမျိုး တာအို၏ဆန္ဒ အတွင်း ထည့်သွင်းလိုက်သော အခါတွင်တော့ အကျိုးဆက်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။သေမျိုး တာအို၏ ရန်သူ အဖြစ် ခေါင်းစဉ်တပ်ခံရခြင်း...။

ထိုစွမ်းအင် အကြောင်း အကြီးကျယ်ဆုံးသော မှတ်တမ်းမှာ ဝေ့ဝူယင် ယုံကြည်ထားသည်ထက်ပင် အဆပေါင်း များစွာ ကျော်လွန်နေခဲ့သည်။ မှတ်တမ်းတွင် ဖော်ပြထားချက် အရ ဆိုလျှင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်မှာ ထိုစွမ်းအင်ကို လျှို့ဝှက် ဝိညာဉ် အဆင့် လျှို့ဝှက် အာဏာရှင် တစ်ယောက် အပေါ်၌ သုံးခဲ့သည်။ ထို့နောက်တွင် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ အမှောင် အာကာသထဲမှ တိုးထွက်လာသည့် အလား ကြယ်တာရာ သခင် အဆင့် မ‌ေရမတွက်နိုင်လောက်အောင် ပေါ်လာကာ ထိုကျင့်ကြံသူကို ဝန်းရံ တိုက်ခိုက် ခဲ့ကြသည်။ နောက်ဆုံး၌ လျှို့ဝှက် ဝိညာဉ် အဆင့်မှာ ဖိအားဒဏ်ကို မခံနိုင်တော့ပဲ ပေါက်ကွဲ သေဆုံးခြင်းဖြင့် အဆုံးသတ် သွားခဲ့ဖူးသည်။

ထိုစွမ်းအင်နှင့် ပတ်သက်၍ နောက်ထပ် မှတ်တမ်းတစ်ခုလည်း ရှိပေသေးသည်။ ဟိုးယခင် နှစ်ပေါင်းများစွာက သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ကို ဓားပြတိုက်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် အဂ္ဂိရတ် အာဏာရှင် သေမျိုး ပျက်သုဉ်းခြင်း စွမ်းအင်နှင့် ရည်ရွယ်ချက် ရှိရှိ ဖော်စပ်ထားသည့် ဆေးကို စားခဲ့မိသည်။

မှတ်တမ်းများ အရဆိုလျှင်... ထိုသေမျိုးတစ်ပိုင်း အရှင် အဆင့်မှာ နှစ်သောင်းပေါင်းများစွာ ကြာအောင် ကြယ်ကွင်းပြင် များစွာကို ဖြတ်သန်း၍ မန်နာနှင့် သေမျိုး စွမ်းအင်များ၏ လိုက်လံ သုတ်သင်မှုတို့မှ ပြေးခဲ့ရသည်ဟု ဆိုသည်။ နောက်ဆုံး မီးစာ ကုန်ဆုံးသွားခဲ့သည့် အချိန် အထိ သူက တစ်ခါမှ ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရချေ။ သူ သေဆုံးသွားချိန်တွင်ပင် မန်နာနှင့် အမတေများမှာ သူ့ အလောင်းကို မမှတ်မိသည် အထိ ဖျက်ဆီးပစ်ခဲ့ကြသည်။

၎င်းက အလွန် ကြောက်စရာ ကောင်းလှသည့် ကံကြမ္မာမျိုးပင် ဖြစ်လေသည်။

ထိုအချိန်မှ စ၍ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ကို မည်သူမှ ရန်မစရတော့သလို သူတို့၏ ထုတ်ကုန်များကိုလည်း ဘယ်သူမှ လက်လွတ်စပယ် မခိုးရဲတော့ချေ။

“တကယ်ပဲ အဲဒီလို လျှို့ဝှက် စွမ်းအင်မျိုး ရှိတာလား...”

ဉာဏ်အလင်းများကို စုပ်ယူပြီးနောက် ဝေ့ဝူယင် စိတ်လှုပ်ရှားစွာဖြင့် ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ နောက်ဆုံး၌... အိပ်မက်သဖွယ် ဖြစ်ခဲ့ရသော အမွေအနှစ်များက သူ့လက်ချောင်းထိပ်၌ ‌ေရာက်ရှိ လာခဲ့ပြီ ဖြစ်သည်။ ထိုအမွေအနှစ်များနှင့် အတူ အနာဂတ်တွင် အဂ္ဂိရတ် အဖွဲ့အစည်း တစ်ခု တည်ထောင်ဖို့ လွယ်ကူ သွားခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်၏ အမူအရာက ဖြူ‌ေရာ်နေကာ စိတ်စွမ်းအင် အားဖြည့်ဆေးများကို ထုတ်ယူ၍ သောက်သုံးလိုက်၏။ ထိုဆေးတစ်လုံးချင်းစီမှာ နဝမ အဆင့်၌ ရှိနေကာ အရည်အသွေးမှာလည်း အထွတ်အထိပ် အဆင့် ဖြစ်သည်။ ထိုထုတ်ကုန်များကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင်မှာ စိတ်စွမ်းအင် ကုန်ခမ်းမှုများကြောင့် လဲပြိုနေလောက်ပြီ ဖြစ်လေသည်။

မိုင်ပေါင်းများစွာ ရှည်လျား‌သော စာအုပ်စင်များထက်မှ မ‌ေရမတွက်နိုင်သော စာအုပ်များ၊ ပုရပိုက်မျာ၊ ဝိညာဉ် ကျောက်စိမ်းများကို ကူးယူရသည်မှာ လွယ်ကူသည့် အလုပ် တစ်ခု မဟုတ်ချေ။ ရှစ်ဆယ့်တစ် စင်တီမီတာ ကြီးမားသည့် ကြယ်တာရာ အမြုတေများ၊ အထူးသဖြင့် ဧဒင်၏ အဂ္ဂိရတ် အင်အားကြောင့်သာ မဟုတ်ပါက သူ ထိုမျှ စွန့်စားရဲလိမ့်မည် မဟုတ်ချေ။ မည်သို့ပင် ဆိုစေ... အကျိုးအမြတ်ကတော့ အပင်ပန်း ခံရသည်နှင့် ထိုက်တန်ပေသည်။ ဝေ့ဝူယင် မျက်လုံးများကို မှိတ်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ တစ်ချိန်တည်း၌ အသိစိတ် ပင်လယ် အတွင်းတွင် သူ၏ ဒုတိယမြောက်စိတ်ကတော့ အပြည့်အဝပင် အလုပ်လုပ် နေပေသည်။

မိန်းကလေး သုံးယောက်မှာ ဝေ့ဝူယင်၏ နဖူးထက်၌ ထောင်ထနေသည့် သွေးကြောများကို တွေ့မြင် နေရ၏။ သူ၏ အသက်ရှူသံများက မုန်တိုင်းတစ်ခုလိုမျိုး ပြင်းထန်ပေသည်။ ဝေ့ဝူယင်မှာ လွန်ခဲ့သည့် တစ်လကျော် အတွင်း အနန္တ မိုင်ချီ စာကြည့်တိုက်၊ အဂ္ဂိရတ် ခန်းမ အတွင်းရှိ အရာအားလုံးကို ထိတွေ့ခဲ့ကြောင်း သူတို့ မြင်ခဲ့ရသည်။

“သူ လိုချင်နေတာကို ရှာတွေ့ခဲ့ရဲ့လား...”

ထိုမေးခွန်းမှာ မိန်းကလေး သုံးယောက်၏ စိတ်တွင်သာ မက ရာပေါင်းများစွာသော အခြားလူများ၏ စိတ်ထဲတွင်မှာပါ နေရာယူ နေသည်။ အဂ္ဂိရတ် ခန်းမ၏ အပြင်ဘက်နားတွင် များစွာသော သာမန် ကျောင်းတော်သားများမှာ ဝေ့ဝူယင်ကို စောင့်ကြည့် နေကြကာ လျှို့ဝှက် သတင်းစကားများကို အဆက်မပြတ် ပေးပို့ နေကြပေသည်။ သူတို့က အမျိုးမျိုးသော အင်အားစုများမှ သူလျှိုများ ဖြစ်ကြပေသည်။

ဝေ့ဝူယင်မှာ အကယ်ဒမီ အတွင်း ရုတ်တရက် ‌ေရာက်ရှိလာခဲ့ကာ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ဖော်စပ်ပြခဲ့သည်။ ထို့နောက် လွန်ခဲ့သည့် တစ်လကျော်ခန့်တွင် အနန္တ မိုင်ချီ၊ အဂ္ဂိရတ် ခန်းမ တစ်ခုလုံးကို ဝယ်ယူခဲ့သည်။ ပထမတုန်းက ဝေ့ဝူယင်၏ ရည်ရွယ်ချက်ကို သူတို့ ခန့်မှန်းရ ခက်ခဲခဲ့သည်။ သူက အဘယ်ကြောင့် ဒီလောက် များများ ဝယ်ရသနည်း။ နည်းနည်းချင်းစီ ဝယ်ယူလို့ မရသည်လား။

အဆုံးမဲ့ မြို့တော် သခင်မ၏ လက်ချက်ဟု သူတို့ အစောပိုင်းက တွေးမိခဲ့သေးသော်လည်း ပြန်လည် စဉ်းစားကြည့်မိတော့ လျူယင်လန်းမှာ သေမျိုး တစ်ယောက်ကို အဂ္ဂိရတ် ကဏ္ဍ တစ်ခုလုံးကို လေ့လာသင်ယူဖို့ တာဝန်ပေးလိမ့်မည် မဟုတ်ချေ။ စျေးနှုန်းက အပျော် ဆော့ကစားဖို့ အလွန် မြင့်မားလှသည့် အပြင် အဂ္ဂိရတ် ကဏ္ဍ အတွင်းရှိ အဖိုးတန် ပစ္စည်း အများစုမှာ လျှို့ဝှက် ဘာသာစကားဖြင့် ‌ေရးသားထားသည့် ရတနာများ ဖြစ်လေရာ ပို၍ပင် မဖြစ်နိုင်သေးချေ။

ထို့အပြင်... လျှို့ဝှက် ကျိန်စာအရ ဝေ့ဝူယင်မှာ သင်ယူ၍သာ ရနိုင်လိမ့်မည် ဖြစ်သည်။ မိတ္တူကူးခွင့် မရှိချေ။ ဤသို့ဆိုလျှင်... သူ၏ ရည်ရွယ်ချက်က အဘယ်နည်း။

သို့သော်လည်း... ဝေ့ဝူယင် စာအုပ်စင်တိုင်း၊ စာအုပ်တိုင်း၊ ပုရပိုက်တိုင်း၊ ဝိညာဉ် ကျောက်စိမ်းတိုင်းကို မွှေနှောက်နေတာ မြင်ရသော အခိုက်တွင်တော့ သူတို့ အားလုံး၏ သံသယများက ရှင်းလင်း သွားတော့သည်။ လူငယ်မှာ တစ်ခုခုကို ရှာဖွေနေခြင်းဖြစ်သည်။ ထိုအရာကသာလျှင် အဓိပ္ပာယ် အရှိဆုံး သုံးသပ်ချက် ဖြစ်သည်။

သို့သော်လည်း... သူက မည်သည့် အရာကို ရှာဖွေ နေသနည်း။ အဂ္ဂိရတ် ကျင့်စဉ် တစ်ခုလော။ ထိပ်သီး ကျင့်ကြံသူ တစ်ယောက်၏ မှတ်တမ်းလော။ သို့သော်လည်း... ဝေ့ဝူယင်မှာ မည်သည့် ပစ္စည်းကို မဆို လိုခြင်း၊ ပိုခြင်း မရှိပဲ သာတူညီမျှသာ ကိုင်တွယ်သွားကြောင်း သူတို့ တွေ့ခဲ့ရသည်။ ယိုပေါက် ဟူ၍ မတွေ့ရသလောက်ပင်။ သို့တည်းမဟုတ်... သူက လိုချင်သည့် ပစ္စည်းကို ရှာမတွေ့သေးတာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

မကြာခင်မှာပင် သူတို့၏ သီအိုရီကို ပိုမို သေချာစေသည့် သတင်းအပိုင်းအစ တစ်ချို့ ‌ေရာက်ရှိလာခဲ့သည်။ ၎င်းကား... အထွတ်အမြတ် စာကြည်တိုက်တွင်လည်း လူငယ်မှာ အလားတူ လုပ်ဆောင် သွားခဲ့သည် ဆိုခြင်းပင်။ အနန္တ မိုင်ချီကိုပါ ဆက်လက်ချီတက်လာခြင်းအား ထောက်ချင့်ရပါက အထွတ်အမြတ် စာကြည့်တိုက်တွင် သူက ဘာကိုမှ မရရှိခဲ့ပုံ ပေါ်သည်။

ထိုအရာများမှာ... ဝေ့ဝူယင်၏ လုပ်ရပ်များကို သုံးသပ်ကာ ပေါ်ထွက်လာသည့် သီအိုရီများပင် ဖြစ်လေသည်။ သို့သော်လည်း... လူငယ်၏ ရည်ရွယ်ချက် အမှန်ကိုတော့ မည်သူမှ မမြင်နိုင်ခဲ့ပါချေ။ သေမျိုး တစ်ယောက်က အသိစိတ် ပင်လယ် အတွင်းတွင် စာကြည့်တိုက်ကြီး တစ်ခု တည်ဆောက်ထားလိမ့်မည်ဟု မည်သူက ထင်မိလိမ့်မည်နည်း။

တစ်လ အတွင်း၌ များစွာသော အထောက်အထားများမှာ တစ်ခုပြီး တစ်ခု ထွက်ပေါ် လာနေခဲ့သည်။ လူငယ်မှာ အာကာသ ဝေဟင်ဂိုဏ်း၏ အစစ်အမှန် ‌ကံကြမ္မာ ခရီးသည်လည်း ဖြစ်ကြောင်း သိရှိသွားချိန်တွင်တော့ အားလုံးမှာ မထိတ်လန့်ပဲ မနေနိုင်အောင် ဖြစ်သွားကြတော့သည်။ တစ်ချိန်တည်း၌ သူတို့၏ စိတ်ဝင်စားမှု၊ စူးစမ်းလိုမှုတို့မှာလည်း ပိုမို၍ တိုးလာ နေခဲ့သည်။

ထိုလူငယ်မှာ ဘယ်သူနည်း။ သူက ဘာကို လိုချင်သနည်း။ အဆုံးမဲ့ မြို့တော် သခင်မှာ မည်သည့် အရာများကို စီစဉ်နေသနည်း။ မ‌ေရမတွက်နိုင်သည့် လူများ၏ မျက်လုံးများက အဆုံးမဲ့ မြို့တော်ထံ ဦးတည် ကျ‌‌ေရာက်သွားကြ၏။

***

All Chapters