အချိန်လေပွေ
Vol. 81 Ch. 1134
အချက်အလက်နှင့် မှတ်တမ်းများ အရ ဆိုလျှင် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့်က ပျက်စီးသွားခဲ့သော အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ရွက်ဆစ်မှာ ပထမဆုံး တရားဝင် ပျက်စီးသွားခဲ့သည့် ရွက်ဆစ်ပင် ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း သောင်းဂဏန်း အတွင်း ဖြစ်ပွားခဲ့သည့် အစစ်အမှန် မွေးဖွားခြင်း၏ တိုက်ခိုက်မှု တစ်ချင်းစီတိုင်းမှာ အဆုံးမဲ့ ခရီးသွား နယ်မြေထံ ကြိုတင် ခန့်မှန်းဖို့ မဖြစ်နိုင်သည့် အပြောင်းအလဲ များစွာကို ယူဆောင်လာခဲ့သည်။
၎င်းတို့မှာ မြို့တွင်း မြို့ပြင်ရှိ အသက်ပေါင်းများစွာကို နှုတ်ယူခဲ့ကြကာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် လောကကပ်ဘေးများ အဖြစ်ပင် တင်စား ခဲ့ကြသည်။ ကာကွယ်သူ မြို့တော်၊ အဆုံးမဲ့ မြို့တော်နှင့် ခရီးသွား မြို့တော်၏ နေထိုင်သူများစွာမှာ အစစ်အမှန် မွေးဖွားခြင်း၏ အကြမ်းဖက်မှုများကို အတိုင်းအတာ တစ်ခု အထိ သိထားကြပေသည်။
သို့သော်လည်း... ရွက်ဆစ် တစ်ခု ဖျက်ဆီးခံရခြင်းကတော့ အားလုံးထဲတွင် အဆိုးရွားဆုံးပင် ဖြစ်သည်။ ၎င်း၏ အကျိုးဆက်က အလွန်ပင် ပြင်းထန်လွန်းလှကာ အဆုံးမဲ့ ခရီးသွား နယ်မြေ အပေါ် အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ချန်းရှန်းဟယ်၏ မှတ်ဉာဏ်များ အရ... မြို့တော် သုံးခု၏ ထိပ်တန်း ပညာရှင် များစွာမှာ ရွက်ဆစ် ဖျက်ဆီးခံရမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို တားဆီးရန် ကြိုးပမ်းရင်း သေဆုံး ခဲ့ကြရသည်။ ထိုမျှမက... အဆုံးမဲ့ ခရီးသွား နယ်မြေ၏ ပတ်ဝန်းကျင် အရည်အသွေးမှာလည်း ဆယ်ပုံ တစ်ပုံမျှ အထိ လျှော့ချ ခံခဲ့ရသည်။
ထိုအကြောင်းအရာများ အပြင်... ဝေ့ဝူယင် သတင်း အချက်အလက် တစ်ခုကိုလည်း အတည်ပြုနိုင်ခဲ့သည်။ ယင်းကား... ကြယ်တာရာ ဝါးမြိုသူ ထန်ဂူမှာ ၎င်းတို့ ထိတ်လန့်နေသည့် သတ္တဝါ မဟုတ်ခြင်းပင်။ ခန့်မှန်းခြေအားဖြင့်... ထန်ဂူမှာ သူတို့ ဖော်ပြထားကြသည့် ရွက်ဆစ် ဆိုသည့် အရာများကို တစ်ချက်တည်းဖြင့် ဖျက်ဆီး ပစ်နိုင်စွမ်း ရှိသည်။ ထန်ဂူသာ ချိပ်ပိတ် နယ်မြေ အတွင်းမှ ထွက်ခွာချင်ပါက ဘယ်သူမှ တားဆီးနိုင်လိမ့်မည် မထင်ချေ။ ဝေ့ဝူယင်၏ အတွေး မှားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း... အဆုံးမဲ့ ခရီးသွား နယ်မြေအတွင်းရှိ လျှို့ဝှက် အာဏာရှင် အဆင့်များကတော့ ချိပ်ပိတ် နယ်မြေ အတွင်း ထန်ဂူ ရှိနေတာကို သိဖို့ ကျိန်းသေပေသည်။ ဤနေရာတွင် ဆန်းကြယ်သည့် ကိစ္စ တစ်ခုက ဧရာမ သတ္တဝါကြီး တစ်ကောင် နေကြယ်များကို ဝါးမြိုကာ ချိပ်ပိတ် အစီအရင်၏ တစ်စိတ်တစ်ပိုင်းအား ဖျက်ဆီးဖို့ အလားအလာရှိနေခြင်းကိုတော့ ဘယ်သူမှ တားဆီးဖို့ မကြိုးစားကြခြင်း ဖြစ်လေသည်။ သူတို့က မည်ကဲ့သို့ တွေးတော နေကြသနည်း။
ထိုရှာဖွေ တွေ့ရှိမှုက ဝေ့ဝူယင် စိတ်အတွင်း မေးခွန်းတစ်ခုကိုလည်း ယူဆောင်လာခဲ့သည်။ ထန်ဂူ သတ္တဝါက ဘာကို လိုချင်နေသနည်း။ အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသနည်း။
ကြယ်တာရာ ဝါးမြိုသူမှာ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေကြောင်းကိုတော့ သူ သေချာခဲ့ပြီး ဖြစ်သည်။ သူ ကျော်ဖြတ်ခဲ့ရသည့် ဝိညာဉ် ဆင်းတု ကပ်ဘေးက သူမအား ဖိတ်ခေါ်သလို ဖြစ်ခဲ့ခြင်းမှာလည်း ထင်ရှားလှသည်။
တွေးရင်းတွေးရင်း ဝေ့ဝူယင် မျက်မှောင်များကို နက်ရှိုင်းစွာ ကြုတ်လိုက်မိ၏။ ကြည့်ရသည်က ထန်ဂူ၏ တည်ရှိမှု အပေါ် လျှို့ဝှက်ချက်များမှာ ပိုမို၍ တိုးလာနေခဲ့ပုံ ရလေသည်။
“အစစ်အမှန် မွေးဖွားခြင်းက ငါထင်ထားတာထက် အများကြီး ပိုကြီးကျယ်တယ်”
ဝေ့ဝူယင် အတွေးများကို နိဂုံးချုပ်လိုက်၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာတုန်း အစစ်အမှန် မွေးဖွားခြင်း ဆိုသည်မှာ မိစ္ဆာ နည်းလမ်းများ၊ အောက်လမ်း ကျင့်စဉ်များကို သုံး၍ ကျင့်ကြံနေသည့် အဖွဲ့အစည်း တစ်ခုဟု သူ သိထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ ၎င်းမှာ အဆုံးမဲ့ ခရီးသွား နယ်မြေ အတွက် နှစ်ပေါင်း သောင်းနှင့်ချီ တည်တံ့ နေခဲ့သော ပြဿနာ တစ်ခု ဖြစ်နေခဲ့သည့်ပုံ ပေါ်သည်။
ထို့အပြင် ပြဿနာက ထိုမျှ မရိုးရှင်းသေးချေ။ ကံမကောင်းစွာပင်... ချန်းရှန်းဟယ် သိထားသမျှကတော့ ထိုမျှ အကုန် ဖြစ်သည်။
အဆုံးမဲ့ ခရီးသွား နယ်မြေ အတွင်းရှိ ဖိုးသက်ရှည် မြေကြီး ရှန့်ထို တစ်ယောက်၏ မှတ်ဉာဏ်များကို ရှာဖွေနိုင်လျှင်တော့ ချိပ်ပိတ် နယ်မြေ၏ လျှို့ဝှက် အလုံးစုံကို သိရှိကောင်း သိရှိလာနိုင်ပေသည်။ သေမျိုး တစ်ယောက် ဖြစ်နေရတာ ဘယ်လောက် ကံဆိုးလိုက်သနည်း။ မဟုတ်ပါက... လျှို့ဝှက် တာအို အစိုးရသည့် အရာများကိုပါ သူ နားလည်နိုင်စွမ်း ရှိလာလိမ့်မည် ဖြစ်သည်။
အလွန် ကြာမြင့်စွာ တိတ်ဆိတ်ပြီးသည့် နောက်တွင်တော့ ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
“ချိပ်ပိတ် အစီအရင်ကို ဖျက်ဆီးချင်နေတဲ့ အဖွဲ့အစည်းကိုမှ ငါက သွားပြီး စစ်ကြေညာမိတာပဲ”
အစစ်အမှန် မွေးဖွားခြင်းမှာ လောကရှန့်ထိုများ အုပ်စိုးသည့် မြို့တော်သုံးခုကိုပင် ဆန့်ကျင် တိုက်ခိုက်နေသည့် အဖွဲ့အစည်း ဖြစ်သည်။ အမှန်အတိုင်း ဝန်ခံရပါက သူတို့၏ အင်အားအပေါ် ဝေ့ဝူယင် အဆပေါင်းများစွာ လျှော့တွက်ခဲ့မိတာ အမှန်တကယ်ပင် ဖြစ်သည်။
ကံကောင်းထောက်မစွာပင် သူက နောင်တရတတ်သည့် လူစားမျိုး မဟုတ်ချေ။ သူက ကိုယ်ပိုင် စည်းမျဉ်းများနှင့် ရှင်သန်နေသူ တစ်ယောက် ဖြစ်သည်။ ယွီစွန်းလီကို လိုက်ရန် ဆုံးဖြတ်ခဲ့ပြီး နောက်တွင် သူမကို ဘယ်သူ့လက်ထဲမှ ဖြစ်ဖြစ် သူ ရအောင် ကယ်မည် ဖြစ်သည်။ ထန်ဂူက သူမကို စားချင်သည် ဆိုလျှင်ပင် သူ ထိုသတ္တဝါကို တိုက်ခိုက်လိမ့်မည် ဖြစ်သည်။ ကျရှုံးခဲ့မည် ဆိုလျှင်ပင် သူ စွန့်စားဦးမည် ဖြစ်သည်။
အတွေးများအား စုစည်းပြီးနောက်တွင် ဝေ့ဝူယင်၏ မျက်လုံးများက ပိုမို၍ ကြည်လင် လာခဲ့သည်။ သူက ချန်းရှန်းဟယ်၏ မှတ်ဉာဏ်များကို စုစည်းကာ ဧဒင် နန်းတော် အတွင်း ပို့လွှတ် လိုက်၏။ ဒုတိယမြောက်စိတ်မှာ ၎င်းတို့ကို နောက်တစ်ကြိမ် ပိုက်စိပ်တိုက် ပြန်လည် ရှာဖွေလိမ့်မည် ဖြစ်ကာ မူလစိတ် လွဲချော်ခဲ့သော အပိုင်းများကို စစ်ထုတ်ပေးပေလိမ့်မည်။
“အချိန်လေပွေ...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်ရင်း အရှေ့ရှိ အပျက်အစီး လောကီ စွမ်းအားများကို ကြည့်လိုက်၏။ လွန်ခဲ့သည့် တစ်လကျော်ခန့်တုန်းက လျူစုယင်မှာ သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ဖူးပေသည်။
လျူစုယင်...
အကယ်ဒမီ တည်ရှိရာ အရပ်ကို လှမ်းကြည့်ရင်း ဝေ့ဝူယင်၏ မျက်ဝန်းများက အနည်းငယ် မှေးမှိန်သွား၏။ ချောင်စွေ့ဖုန်းထံတွင် လျှို့ဝှက် ဆန်းကြယ်သည့် ရည်ရွယ်ချက်များ ရှိသော်လည်း လျူစုယင်၏ ပေးဆပ်မှုကတော့ သူမ၏ အနက်ရှိုင်းဆုံးသော ခံစားချက်များကို ကိုယ်စားပြုနေပေသည်။ ခပ်ဖွဖွ သက်ပြင်း တစ်ချက် ချရင်း လျူစုယင်၏ အရေးကို နှလုံးသား၏ ချောင်တစ်ခုထံ သူ တွန်းပို့ လိုက်သည်။ မိန်းကလေးနှင့် ပတ်သက်၍ ဒုတိယ အကြိမ်မြောက် အခွင့်အရေး ရှိလာဖို့ကိုသာ ဝေ့ဝူယင် တိတ်တခိုး ဆုတောင်းလိုက်မိသည်။
“မင်း...”
ရုတ်တရက် အသံ တစ်ခုမှာ ဝေ့ဝူယင်၏ နောက်ကျောဘက်မှ ထွက်ပေါ်လာ၏။ နောက်သို့ လှည့်ကြည့်စရာ မလိုပါပဲ အချိန်လေပွေ စောင့်ရှောက်သူ၏ အသံ ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။ သူ အနည်းငယ် ပြုံးလိုက်၏။ ထို့နောက် ရှေ့ကို ခြေတစ်လှမ်း တိုးကာ အပျက်အစီး အချိန် စီးကြောင်း အတွင်း ခုန်ချလိုက်လေတော့သည်။
“နောက်ထပ် အရူးတစ်ကောင်ပဲ...”
အချိန်လေပွေ စောင့်ရှောက်သူက ခေါင်းကို ခါယမ်းလိုက်၏။ သို့သော်လည်း... သူ၏ အသံက ဝမ်းနည်းမှုတို့ ကင်းမဲ့နေသည်။ မည်မျှ များပြားသော ကျင့်ကြံသူများမှာ သူတို့၏ အသက်များကို အချိန်လေပွေ အတွင်း အဆုံးသတ်ခဲ့ကြ ပြီးပြီနည်း။
အချို့သော လူများဆိုလျှင် အချိန်ကို နောက်ပြန်ဆုတ်ကာ သူတို့၏ အငယ်ရွယ်ဆုံးသော နေ့ရက်များထံ ပြန်သွားချင်ခဲ့ကြသည်။ နောင်တရစရာ ကိစ္စရပ်များကို ပြန်လည် ပြုပြင်ချင်ခဲ့ကြသည်။ သူတို့မှာ နှစ်သောင်းပေါင်း များစွာ ပျံ့နှံ့နေခဲ့သည့် ဒဏ္ဍာရီများ၊ ပုံပြင်များကို ယုံကြည်ကာ ပိုးဖလံများလို မီးပုံအတွင်း ဇွတ်ခုန်ဆင်းခဲ့ကြသည်။ သို့သော်လည်း... ထိုအရာအားလုံးမှာ အခြေအမြစ် မရှိသည့် ယုံတမ်း ပုံပြင်များသာ ဖြစ်ကြပေသည်။
စောင့်ရှောက်သူက နောက်ပြန်လှည့်ကာ ထွက်ခွာဖို့ ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် ဆယ်ချီသော အော်ရာများမှာ ထိုနေရာထံ ဆင်းသက်လာခဲ့ကြတော့သည်။ စောင့်ရှောက်သူ၏ မျက်လုံးများမှာ အပ်ပေါက်များလို ကျဉ်းမြောင်းသွားခဲ့လေ၏။
သူက ချက်ချင်းပင် အလွန် ပြင်းထန်သည့် လျှို့ဝှက် အော်ရာများကို ထုတ်ဖော်ကာ အသစ် ရောက်ရှိသူများကို ကြည့်လိုက်သည်။ ထို့နောက် အလွန် အေးစက်သည့် လေသံဖြင့် ပြောလိုက်၏။
“ထွက်သွားကြစမ်း... ဒီနေရာက ရှန့်ထိုတွေကို မကြိုဆိုဘူး...”
ကြီးကျယ် မြင့်မြတ်သည့် စောင့်ရှောက်သူ အနေဖြင့် အချိန်လေပွေ အတွင်း သူ၏ သြဇာအာဏာက အမြင့်မားဆုံး အဆင့်၌ ရှိနေပေသည်။
ဝှစ်... ဝှစ်...
သူ အေးစက်စွာ ကြည့်နေစဉ်မှာပင် ပုံရိပ်များမှာ တစ်ခုပြီး တစ်ခု ပေါ်လာခဲ့၏။
“စိတ်လျှော့ပါ... စောင့်ရှောက်သူ”
ကျန်းကျဲဝူရှု၏ ပုံရိပ်က ရှေ့ဆုံးမှ ပေါ်လာကာ စောင့်ရှောက်သူထံ လျှောက်လာခဲ့သည်။ သို့သော်လည်း... စောင့်ရှောက်သူ၏ အမူအရာက အပြောင်းအလဲ မရှိပါချေ။
“ခင်ဗျားလည်း ဒီနေရာကို လာဖို့ အခွင့် မရှိဘူး... ထွက်သွားပေးပါ... ကျုပ် ခင်ဗျားတို့ကို အချိန် ငါးစက္ကန့်ပေးမယ်... ခုစရေပြီ”
“ငါး...”
“လေး...”
စောင့်ရှောက်သူ၏ လေသံက ကြောက်မက်ဖွယ် ခံစားချက်တို့နှင့် ပြည့်နှက်နေကာ အကယ်၍ မလိုက်နာပါက မည်သည့် အရာကို မဆို လုပ်ဆောင်ရဲတာ ရှင်းလင်းလှသည်။
ဆယ်နှင့်ချီသည့် ပုံရိပ်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ စောင့်ရှောက်သူကို မကြောက်လျှင်ပင် အချိန်လေပွေအား ကျူးကျော်မိသည့် အကျိုးဆက်ကို သူတို့ သိရှိထားကြပြီး ဖြစ်သည်။ အလွှာကြားက လောက အတွင်းရှိ အဖွဲ့အစည်းတိုင်းတွင် ချိုးဖောက်၍ မရနိုင်သည့် စည်းများ ရှိပေသည်။
“သုံး...”
“နှစ်...”
ပုံရိပ်များမှာ လျှို့ဝှက် ဆန်းကြယ်စွာပင် တစ်ခုပြီး တစ်ခု ပျောက်ကွယ်သွားခဲ့ကြ၏။ တစ်ဦးတည်း ကျန်ခဲ့သည့် ပုဂ္ဂိုလ်ကတော့ ကျန်းကျဲဝူရှုပင် ဖြစ်လေသည်။ သူမက ထူးမခြားနား အမူအရာဖြင့်ပင် စောင့်ရှောက်သူကို ကြည့်လိုက်၏။
“ဆက်ရေစမ်း... ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့”
“...”
စောင့်ရှောက်သူမှာ ရပ်တန့်သွားကာ ကျန်းကျဲဝူရှုကို အချိန် အတန်ကြာ စိုက်ကြည့်လိုက်သည်။ အဆုံးတွင်တော့ သူက အံကိုသာ တင်းတင်းကြိတ်လိုက်၏။
“ခင်ဗျား ဘာလိုချင်လို့လဲ...”
***