Chapters

မင်း၊ သူလား သူမလား

Vol. 71 Ch. 1402

မင်း၊ သူလား သူမလား

Vol. 71 Ch. 1402

ပေထင်းဟွမ်သည် တုန်ယင်လုနီးပါးဖြစ်နေသောလက်များဖြင့် အင်္ကျီကို ထိတွေလိုက်သည်။ သူမ၏လက်ချောင်းများသည် ယောက်ယက်ခတ်နေသော အရာဝတ္ထုကိုထိလိုက်ချိန်တွင် တစ်ကိုယ်လုံးသိမ့်သိမ့်တုန်သွားလေသည်။ နွေးထွေးပြီးနူးညံ့သောတစ်စုံတစ်ရာသည် သူမ၏ခန္ဓာကိုယ်အရေပြားကို ထိ လိုက်သလိုခံစားလိုက်ရလေသည်။

ဘာမှမစဉ်းစားတော့ဘဲ ပေထင်းဟွမ်သည် ထိုကောင်လေး၏ ဆံပင်ကို ဆွဲကာ ထုတ်လိုက်သည်။ မျက်လုံးချင်းဆုံသောအခါ ပေထင်းဟွမ်၏မျက်လုံး နက်နက်များသည် ထိုကောင်လေး၏ ခရမ်းရောင်မျက်အိမ်များဖြင့် ရောင်ပြန် ဟပ်ကာ ခရမ်းရောင်စပျစ်သီးသည် အရောင်လက်လေသည်။

“မင်း သူား သူမလား” ပေထင်းဟွမ်သည် ရေရွတ်လိုက်သည်။ သူမသည် လက်ဖဝါးထက်မကြီးသော အမွေးပွလုံးလေးကို လွှတ်ပေးချင်ပုံမပေါ်ပေ။ သူမ သည် လက်နှစ်ဖက်ဖြင့် ကောက်ယူပြီး ညင်သာစွာပွေ့ဖက်လိုက်သည်။

ပေထင်းဟွမ်၏မျက်နှာသည် အမွေးပွလုံးလေး၏ဆံပင်တွင် တွယ်ကပ် နေသည်။ ကော်ငလေးသည် ဆံပင်နက်နက်၊ တိုတောင်းသောခြေလက်များ၊ အနောက်တွင် တွဲလောင်းကျနေသည့် အမြီးလေး၊ လက်ချောင်းအရွယ်အစားရှိ သော နားရွက်နှစ်ခုရှိသည်။ ပေထင်းဟွမ်၏ ရေရွတ်သံကိုကြားပြီးနောက် အနည်းငယ် လှုပ်ခါလေသည်။

ပေထင်းဟွမ်သည် ထိုအမွေးပွလုံးလေး၏မျက်လုံးထဲမှ စိတ်အားငယ်မှုကို မသိပေ။ ကောင်လေးသည် ခန္ဓာကိုယ်ကို နူးညံ့စွာလှည့်လိုက်ကာ ပေထင်းဟွမ် ၏မျက်နှာကို သေးငယ်သောလက်များဖြင့် ကိုင်ကာ နူးညံ့သောလျှာလေးဖြင့် ပေထင်းဟွမ်၏ မျက်လုံးကို ပွတ်သပ်လေသည်။ ထို့နောက် စပျစ်သီးနှင့်တူ သော ခရမ်းရောင်မျက်လုံးများဖြင့် သူမအား ကြည့်လေသည်။

၎င်းသည် ပေထင်းဟွမ်အား အံ့အားသင့်စေသည်။ သူမသည် ထို အကောင်လေး၏နားရွက်ကို ဆွဲကာပြုံးပြီးပြောလိုက်သည် “ဟား ဟား မင်းက သူဟုတ်ဟုတ် မဟုတ်ဟုတ် ငါ့ကို အဲဒီခရမ်းရောင်မျက်လုံးတွေနဲ့ကြည့်တာနဲ့ တင် မင်းကိုခေါ်မှာပါ”

ပေထင်းဟွမ်ပြောပြီးနောက် အကောင်လေး၏ ဝမ်းဗိုက်ကို ပုတ်ပြီး ထို အကောင်လေး၏ စိတ်မချမ်းမြေ့မှုကို လှုံ့ဆော်လေသည်။ သူသည် ပေထင်းဟွမ်၏လက်ဖဝါးထဲတွင် လူးလှိမ့်ပြီး ပေထင်းဟွမ်၏တိုက်ခိုက်မှုကို ရှောင်ရှားကာ ပေထင်းဟွမ်အား ဒေါသထွက်နေသော ခရမ်းရောင်မျက်လုံးများ ဖြင့် စိုက်ကြည့်ကာ မကျေနပ်စွာဖြင့် ညည်းညူလေသည်။

“ဟုတ်ပြီ ငါ မင်းနဲ့ စကားမများတော့ဘူး၊ ငါတို့ထွက်သင့်ပြီ၊ ဒီနေ့ ရွှံ့နွံ ချောက်နက်ကိုသွားမှာ၊ အဲဒီကကိစ္စတွေပြီးရင် အမှောင်နတ်မိစ္ဆာဘုံကိုသွား မယ်” ပေထင်းဟွမ်သည် အမွေးပွလုံးလေးကို အလေးအနက်ပြောလေသည် “တစ်ရက်အချိန်ဖြုန်းလေ သူ တစ်ရက်ပိုခံစားရလေပဲ၊ သူ စိတ်ပျက်လက်ပျက် နဲ့မစောင့်စေချင်ဘူး”

ပေထင်းဟွမ်ပြောပြီးနောက် အမွေးပွလုံးလေးကို ရင်ခွင်ထဲထည့်ပြီး သူ ပေါ်လာခဲ့သည့်နေရာသို့ ပြန်ထားလေသည်။ သို့သော် ၎င်းကို အတွင်းခံအလွှာ ဖြင့်ပိုင်းခြားထားသည်။ သူမသည် ထိုအကောင်လေးကို သူမ၏ အရေပြားနှင့် မထိစေချင်တော့ပေ။ သူပြုလုပ်သည့်အပြုအမူတချို့သည် လက်မခံနိုင် လောက်စရာပင်။

ထင်ရှားစွာပင် အမွေးပွလုံးလေးသည် အနည်းငယ်တွန့်ဆုတ်စွာနှင့် ပေထင်းဟွမ်၏ရင်ဘတ်ထဲတွင် ညည်းညူသံပေးရင်း လူးလှိမ့်လေသည်။ တချို့ သောအကြောင်းအရင်းများကြောင့် ပေထင်းဟွမ်သည် ထိုအကောင်လေး ပုန်ကန်နေသည်ကို ကြားကာ ဝမ်းနည်းသောမျက်လုံးများဖြင့် ကြည့်နေသည် ကို ခံစားမိသည်။ သူမ၏စိတ်ထဲတွင် ထိုမျက်လုံးများသည် ရုတ်တရက် ယန်ယဲ့ ၏ယစ်မူးစေလောက်သည့်မျက်လုံးများအဖြစ် ပြောင်းသွားလေသည်။ ဇာမဏီ မျက်လုံးများဖြင့် ပေထင်းဟွမ်၏ မျက်နှာသည် ရှက်သွေးဖြန်းသွားသည်။

ပေထင်းဟွမ် မနေ့ညက ပြောခဲ့သည့်စကားများကို အခြေခံပြီး ချင်းယွိမှ လွဲပြီး နှင်းဝံပုလွေမှလူများသည် ရေနက်အဖွဲ့ဝင်များနှင့်အတူ မနက်ခင်း အစောကပင် ထွက်ခွာသွားပြီဖြစ်သည်။ ထိုအဖွဲ့နှစ်ဖွဲ့ တပ်ဆုပ်သွားသဖြင့် တခြားအဖွဲ့များလည်း စိတ်ပိုင်းဖြတ်ပြီးသားဖြစ်လိမ့်မည်။ ထိုက်ယိနန်းတော် လည်းထွက်သွားပြီဖြစ်ရာ ရုတ်တရက် လူအင်အားတစ်ဝက်လျော့သွားပြီး ပင်မတိုက်ကြီးတွင် ဒုတိယတန်းစားအင်အားစု အနည်းငယ်သာကျန်တော့လေ သည်။

ကုန်သွယ်ရေးအစည်းအရုံးသုံးခုသည် နေခဲ့သည့်သူများထဲတွင်ပါဝင်၏။ ချောင်ရှန့်နှင့်တခြားသူများသည် မနက်ခင်းအစောတွင် တဲအပြင်၌ စောင့်ဆိုင်း နေကသည်။ ပေထင်းဟွမ်နှင့်တခြားသူတို့ ထွက်သွားရန်ပြင်ဆင်နေသည်ကို မြင်သောအခါ အမြန်ရောက်လာကြသည် “သခင်ကြီး သန့်စင်သောရွှံ့နွံတော ကို ကျုပ်တို့ လိုက်လို့ရမလား၊ ကျုပ်တို့က တခြားရတနာတွေကို စိတ်မဝင်စားပါဘူး၊ အဲဒီ လူကြီးတွေမလိုချင်တဲ့ ရတနာတချို့ကိုပဲ ယူမှာပါ”