အဖွဲ့နှစ်ဖွဲ့ခွဲခြင်း
Vol. 71 Ch. 1403
ပေထင်းဟွမ်သည် ခြေလှမ်းများရပ်တန့်လိုက်သည်။ မနေ့ညက ဆေးတောင်ကြား၏ နတ်ဘုရားသုံးယောက် ချင်းယွိအားတိုက်ခိုက်ချိန်က ထို လူသုံးယောက်သည် ဘေးမှရပ်ကြည့်နေသည်ကို သူမ မမေ့ပေ။ နှုတ်ခမ်းထောင့်မှ ပြုံးကာ ပေထင်းဟွမ်သည် လှောင်ပြောင်သံဖြင့် ပြောလိုက် သည် “ကျွန်တော်က သန့်စင်သောရွှံ့နွံတောကို သွားမယ်လို့ဘယ်သူပြောလဲ ကျွန်တော်က ရွှံ့နွံချောက်နက်ကိုသွားမှာ သန့်စင်သောရွှံ့နွံတောကို မဟုတ်ဘူး”
သန့်စင်သောရွှံ့နွံတောသည် ဖန်ဆင်းရေးနတ်ဘုရား၏ဂူသင်္ချိုင်းဖြစ်၏။ ပေထင်းဟွမ်သည် အစပိုင်းက ထိုဂူသင်္ချိုင်းမှ ထွက်ပြေးခဲ့သည်။ သူမသည် ထိုနေရာမှ မင်ကိုရခဲ့ကာ ဂူသင်္ချုင်း၏ဝင်ပေါက်မှ ပန်းနှင့်အပင်များစွာကိုရခဲ့ သည်။ အထဲတွင် မင်လောက်အဖိုးတန်သည့်အရာ မရှိပေ။
အရေးအကြီးဆုံးမှာ ပြီးခဲ့သည့်တစ်ခေါက်က ယန်ယဲ့နှင့်သွားခဲ့သည်။ သို့သော် သည်တစ်ကြိမ်တွင် ယန်ယဲ့မပါပေ။ သူမသည် တစ်ယောက်တည်း မဖြစ်ချင်ပေ။
ပေထင်းဟွမ်သည် ယန်ယဲ့ ကမ္ဘာချေမှုန်းနတ်မိစ္ဆာဓားဖြင့် ခုန်ခဲ့သည့် နေရာအား ညွှန်ပြကာ ရှီရှောင်မိုအားပြောလေသည် “ရှောင်မို ငါ မှတ်မိတာ မှန်တယ်ဆိုရင် အဲဒီနေရာက ငါနဲ့ယန်ယဲ့တို့ ထွက်လာခဲ့တဲ့နေရာပဲ၊ မင်း အဲဒီကနေဝင်ဖို့ ကြိုးစားလို့ရတယ်”
“မင်းကရော” ပေထင်းဟွမ် မဝင်ဘဲနေလိမ့်မည်ဟု ရှီရှောင်မို မမျှော်လင့် ထားပေ “မင်းက အမှောင်နတ်မိစ္ဆာဘုံကို အခုဝင်ဖို့စိတ်ကူးမရှိဘူးပဲ ဟုတ်တယ် မလား”
“မဟုတ်ဘူး ငါ့အပိုင်ပစ္စည်းတစ်ခုကို သွားယူရဦးမယ်” ပေထင်းဟွမ် ပြောလိုက်သည် “မင်းလည်း ငါ့သရုပ်မှန်ကိုသိတာပဲ ငါ့အရင်ပစ္စည်းတွေ အခု သွားပြန်ယူရမယ် ငါတို့တွေ ရွှေ့ပြောင်းအစီအရင်သုံးမယ်”
“ကောင်းတယ်”
ပေထင်းဟွမ်သည် ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ပြီးနောက် ခေါင်းလှည့် ကာ ရှီရှောင်မိုအား ပြောလိုက်သည် “ငါ ဂူသင်္ချိုင်းကို မဝင်တုန်းက ဖိအားပေးခံ ခဲ့ရတယ်၊ မင်း ပိုဂရုစိုက်ရမယ် ဘာမှမရဘူးဆိုရင် ငါ့နောက်ကိုလိုက်လာခဲ့ တော့”
“မဟုတ်ဘူး” ရှီရှောင်မိုသည် လက်ဝေ့ယမ်းကာပြောလိုက်သည် “ငါက ညီအစ်ကိုရဲ့အမွေအနှစ်တွေကို စိတ်မဝင်စားဘူး၊ ငါက ဖန်ဆင်းရေးနတ်ဘုရား ရဲ့ အကျိုးအမြတ်တွေလိုချင်တုန်းပဲ မင်းအရင်သွားနှင့်ပါ ငါ ဂရုစိုက်ပါမယ်”
ရှီရှောင်မို၏မျက်လုံးထဲမှ ထူးခြားသောအလင်းပူပူကိုကြည့်ပြီး ထိုလူသည် ဖန်ဆင်းရေးနတ်ဘုရားချန်ထားခဲ့သော ရတနာများကို တပ်မက်နေ သည်မှာ ထင်ရှားလှသည်။ ပေထင်းဟွမ်သည် ဘာမှမပြောတော့ပေ။ ဟွမ်ချန်း မှ လူများကို ဦးဆောင်ကာ အဂူး၏ကြီးကြပ်မှုအောက်တွင် ရွှံ့နွံချောက်နက်ဆီ သို့ ဦးတည်လေသည်။
ပျံသန်းပြီးမကြာခင်တွင် အနောက်မှ အသံထွက်ပေါ်လာသည်။ ရှီရှောင်မို နှင့် ချီဖေးတို့ညီအစ်ကို ရွှံ့နွံ၏ဝတ်ပြုနေရာတွင် လှုပ်ရှားနေပုံပေါ်သည်။ အခေါင်းပေါက်အသံကိုကြားပြီး ပေထင်းဟွမ်ပြောလိုက်သည် “သူတို့တွေ အဲဒီ အပေါက်ကိုရှာတွေ့ပြီထင်တယ်၊ အန္တရာယ်များဖြစ်မလားမသိဘူး”
ပေထင်းဟွမ်သည် ခေါင်းလှည့်ပြီး သူမ၏အစ်ကိုကြီဂကိုကြည့်လိုက်၏။ သူ၏မျက်ခုံးများတင်းကြပ်နေသည်ကိုကြည့်ပြီး စိုးရိမ်နေသည်မှာ ထင်ရှားလှ သည်။ ပေထင်းဟွမ်ပြောလိုက်၏ “အစ်ကိုကြီး ရှီရှောင်မိုက ဉာဏ်ထက်ပါတယ် သူက အားမနည်းသလို လောဘလည်းမကြီးဘူး၊ အဲလိုလူမျိုးက မတော်တဆမှု တွေဖြစ်မှာမဟုတ်ပါဘူး”
လောဘကြီးသူများသည် အလွယ်တကူအသက်ဆုံးရှုံးရနိုင်သည်။
လူအုပ်သည် နှစ်နာရီကြာအောင် ပျံသန်းပြီးနောက် ရွှံ့နွံချောက်နက် အပေါ်သို့ ရောက်လေသည်။ ဆီချေးစော်နံ့သည် ရွှံ့နွံတောထဲမှ ထွက်ပေါ်လာ သည်။ ရံဖန်ရံခါတွင် အားကောင်းသောသားရဲများကို ရွှံ့နွံချောက်ထဲတွင် လူးလွန့်လှုပ်ရှားနေသည်ကိုမြင်နိုင်သည်။ ရွှံ့နွံချောက်နက်၏အလွှာကိုဖွင့်လိုက် ရာ တောင်တစ်ကောင်ကဲ့သို့ တစ်ကောင်ပြီးတစ်ကောင်ကျလာရာ အထဲတွင် မည်သို့သော သားရဲများရှိနေသည်ကို မပြောနိုင်တော့ပေ။
ပေထင်းဟွမ်၏ဝိညာဉ်အသိစိတ်ပျံ့သွားပြီး နတ်စွမ်းအား၏ကြီးမားသော ဖိအားသည် ထိုကြီးမားသော ရွှံ့နွံကိုဖုံးအုပ်ကာ အထဲမှသားရဲများကို အလွယ်တကူထွက်မလာရဲလောက်အောင် ပိုဖြစ်စေသည်။ အားလုံးပေါင်း နတ်ဘုရားအဆင့် ငါးယောက်နှင့် ဝိညာဉ်ဂိုဏ်းလေးယောက် ကျွမ်းကျင်သူတို့ ဖြစ်ကြသည်။ ဤကဲ့သို့အားကောင်းသောအဖွဲ့သည် ထိုကြီးမားသောရွှံ့နွံ ချောက်နက်ပေါ်မှ ချုပ်တည်းခြင်းမရှိ ပျံသန်းကြလေသည်။
အရှေ့တွင် ရွှံ့နွံချောက်နက်ဧရိယာတစ်ဝက်နီးပါးကို နေရာယူထားသည့် အနက်ရောင်မြူခိုးများဖြင့် ပိတ်ဆီးနေသော ကျွန်းငယ်တစ်ခုကို မြင်ရလေသည်။ လေအတိုက်တွင် မြူခိုးများအကြားတွင် မိုးပေါ်သို့ ထောင်တက်နေသော တောင်ထိပ်နှင့် အသီးအရွက်အနည်းငယ်ကို မြင်ရလေ သည်။
အဂူးသည် ပေထင်းဟွမ်၏ဆင့်ခေါ်ခြင်းကိုခံရပြီးနောက် ရွှံ့နွံတောသို့ ရောက်လာခြင်းပင်။ ရွှံ့နွံချောက်နက်သည်လည်း ထိုချောက်နက်ကြောင့် အမည်တွင်ခြင်းဖြစ်၏။