Chapters

နတ်ဘုရား ၁၂ ယောက်

Vol. 71 Ch. 1404

နတ်ဘုရား ၁၂ ယောက်

Vol. 71 Ch. 1404

အဂူးသည် လူအုပ်ကို တားကာ ပေထင်းဟွမ်အားပြောလိုက်သည် “သခင် အထဲမှာ အဆိပ်မြူခိုးရှိတယ် နတ်ဘုရားအဆင့်ဆိုရင်တောင် တစ်နာရီလောက် မနေနိုင်ဘူး၊ သခင် သူတို့ကို လက်ပတ်နေရာထဲကို ပို့ထားသင့်တယ်၊ ဝင်ဖို့ နည်းလမ်းရှာကြတာပေါ့”

ပေထင်းဟွမ်သည် ထိုကဲ့သို့ အဆိပ်မြူခိုးများနှင့် အလွန်ရင်းနှီးသည်။ နတ်ဘုးဟန်တန့်ကျောက်ရှိသည့် ကျွန်းငယ်ကိုလည်း ထိုအနက်ရောင်မြူခိုး များဖြင့် ဖုံးအုပ်ထားသည်။ ဤကျွန်းမှ ထူထဲသောမြူခိုးမည်းများသည် မည်သို့ ရောက်လာသည်ကို သူမ မသိပေ။ သို့သော် ထိုမြူခိုးမည်းများသည် မည်မျှ အားကောင်းသည်ကို ပေထင်းဟွမ် ရှင်းလင်းစွာသိသည်။

သူမနောက်လိုက်လာသူများသည် ဆွေမျိုးများဖြစ်ကြကာ ပေထင်းဟွမ် မယုံရသူတစ်ယောက်မှမပါပေ။ ထိုအခိုက်အတန့်တွင် သူသည် သူမ၏ လက်ပတ်နေရာအကြောင်းပြောလသည်။ ထိုလက်ပတ်သည် အရင်နတ်မိစ္ဆာ ဧကရာဇ်သန့်စင်ခဲ့သော အသက်လှောင်အိမ်ဖြစ်ကြောင်း ကြားဖူးသည်။ အားလုံးသည် သိချင်သွားကြသည်။ ပေထင်းဟွမ်၏ လက်ပတ်နေရာသို့ ပို့ပြီး နောက်တွင် အထဲမှ ကမ္ဘာကိုအံ့ဩမိကြလေသည်။

ဤနေရာတွင် ရတနာများစွာရှိကြောင်း ကျို့ယန်နှင့်တခြားသားရဲများဆီ မှကြားပြီးနောက် တုန်ဖန်းလုနှင့်တခြားသူများသည် ဝင်ပေါက်ရှိ အိမ်များကို လည်ပတ်ပြီးနောက် တော၊ ရင်ပြင်နှင့်ရွှံ့နွံဆီသို့စတင်ပြေးသွားကာ အရည်အချင်းပြသပြီး သားရဲတချို့ကို ဖမ်းရန်ပြင်ဆင်လေသည်။

ပေထင်းဟွမ်သည် နေရောင်ပင်တိုးမပေါက်သည့် ထူထဲသောမြူခိုးမည်း များကိုမြင်သောအခါ ရင်ထဲတွင် နာကြည်းမှုများထွက်ပေါ်လာသည်။ ပေထင်းဟွမသ်ည် ထိုခံစားချက်ကို မချုပ်တည်းနိုင်တော့ပေ။

“ချွတ်”

တိုးညင်းသောအသံထွက်ပေါ်လာရာ ပေထင်းဟွမ်သည် ထိန်းချုပ်မဲ့နေ သော ခံစားချက်များဆီမှ ပြန်သတိဝင်လာသည်။ သူမသည် လက်မြှောက်ပြီး ရင်ဘတ်ပေါ်မှ အမွေးပွလုံးကိုဖိကာ ပြုံးပြီးအဂူးအားပြောလိုက်သည် “ဒါဆို ငါတို့က ဒီမှာဘာလို့ရောက်နေတာလဲ ဒီမှာအသက်ရှင်အောင်နေရမှာလား”

အဂူးသည် အသက်ကိုပြင်းပြင်းရှူလိုက်သည် “သခင် ဒီမြူခိုးမည်းက ကျွန်းအလယ်က ဥက္ကာထဲကနေ ထွက်လာတာ၊ အဲဒါက လူတွေစိတ်လွတ်သွား နိုင်တဲ့စွမ်းအားတစ်မျိုးပဲ ဒါပေမဲ့ သူ့ခွန်အားက အရမ်းသန်မာတယ်၊ အဲဒါကို ဒီမှာ ချိတ်ပိတ်ထားတာ၊ ဒီကျွန်းပေါ်မှာ လူဖြစ်ဖြစ် သားရဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ ချဉ်းကပ်ခွင့်မပေးဘူး၊ အဲဒီချိတ်စည်းကနေလည်း ဘယ်သူမှထွက်ခွင့်မရှိဘူး”

“လွန်ခဲ့တဲ့ဘယ်နနှစ်ကလဲတော့မမှတ်မိတော့ဘူး နတ်မိစ္ဆာဧကရာဇ်က ငါတို့အတွက် လမ်းကြောင်းဖွင့်ပေးခဲ့တယ်၊ ကစဉ့်ကလျားနတ်အရင်းအမြစ် စွမ်းအင်က ငါ့ခန္ဓာကိုယ်ထဲမှာ အများဆုံးပဲ၊ ငါဝင်လို့ထွက်လို့ရတယ်၊ ခြင်္သေ့ပျံ ဘုရင် ကိုယ်ဝန်ရှီပြီး ခြင်္သေ့ဘုရင်လေး မွေးတုန်းက ဒီနတ်ဆိုးကြောင့် အဆိပ် သင့်မှာစိုးလို့ သူ့ကိုအပြင်ထုတ်ခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ သူ့သခင်ကို တွေ့သွားလိမ့်မယ်လို့ထင်မထားဘူး”

ပြောရလျှင် အဂူးသည် ဤနေရာတွင် ကံအကောင်းဆုံးဖြစ်သည်။ ထိုသို့ ပြောရင်းနှင့် သူ၏မျက်နှာတွင် ဝမ်းနည်းမှုများဖြင့် ဖုံးအုပ်သွား၏ “အဲတုန်းက နတ်ဘုရား ၁၂ ယောက်က သခင်ဝိညာဉ်ပျောက်ကွယ်သွားပြီးတဲ့နောက် ကျဆုံး သွားခဲ့တယ်၊ သခင့်နောက်ကိုလိုက်ခဲ့တဲ့ ငါတို့လို အားနည်းတဲ့သားရဲတွေပဲ ရှင်သန်နေခဲ့ကြတာ၊ နှစ်ပေါင်းထောင်ချီမှာ သားရဲတွေက ရင်ထဲကဝမ်းနည်းမှု တွေကို မခံနိုင်ကြတော့ဘူး နောက်ဆုံးတော့ တစ်ကောင်ပြီးတစ်ကောင်ပြိုလဲ ပြီး ကျန်ခဲ့တဲ့သူတွေက... သိပ်မရှိတော့ဘူး”

“နတ်ဘုရား ၁၂ ယောက်ဟုတ်လား” နတ်ဘုရား ၁၂ ယောက်သည် မည်သူမည်ဝါဖြစ်သည်ကိုတော့ ပေထင်းဟွမ်မသိပေ။ သို့သော် ထိုစဉ်က သူမ နောက်သို့လိုက်ခဲ့ကြသူများသည် အားကောင်းသောသားရဲများဖြစ်ကြမည်မှာ ထင်ရှားသည်။ “သူတို့အရိုးတွေကို ဘယ်မှာမြှုပ်ထားလဲ”

“၃၃ ကောင်းကင်ဘုံ ထုံရှန်း သားရဲမြေပုံတွေထဲမှာ” အဂူး၏အသံသည် အနည်းငယ်လေးလံနေသည်။

“သူတို့သွေးကို ကောင်းကင်ဘုံက ငါ့ရဲ့လက်တွဲဖော်ဝိညာဉ်တွေကို ဂုဏ်ပြုတဲ့နေရာမှာသုံးတယ်” ပေထင်းဟွမ်သည် ပြောပြီးသည်နှင့် အသက်ကို ပြင်းပြင်းရှူလိုက်သည် “ဝင်ရအောင်”

ပေထင်းဟွမ်ပြောပြီးနောက် အဂူးသည် သွေးနီရောင်လက်ပတ်အဖြစ် ပြောင်းကာ ပေထင်းဟွမ်၏ လက်ကောက်ဝတ်ကိုပတ်လေသည်။ ကိုးရောင်မီး တောက်အစုသည် ပေထင်းဟွမ်၏ခန္ဓာကိုယ်မှထွက်လာပြီး ရွှံ့နွံချောက်ဆီသို့ သွားလေသည်။

“ကံကောင်းလို့ ကိုးရောင်နိဗ္ဗာန်မီးကို သန့်စင်ပြီးသွားတာ မဟုတ်ရင် ရွှံ့နွံ ချောက်နက်တောကို ဒီနေ့ဝင်လို့ရမှာမဟုတ်ဘူး” ပေထင်းဟွမ်သည် သက်ပြင်း ချမိသည်။