← Chapters

ကျိန်စာသင့်မြေ

Vol. 71 Ch. 1405

ကျိန်စာသင့်မြေ

Vol. 71 Ch. 1405

ကိုးရောင်နိဗ္ဗာန်မီး၏စွမ်းအားသည် အလွန်အားကောင်းသည်။ တစ်ချိန် လုံး သန့်စင်ပြီး မွေးစားထားခြင်းမရှိလျှင် ဝမ်းတွင်းပါသားရဲ၏ဝမ်းတွင်းပါ မီးတောက်ပင်လျှင် နတ်စွမ်းအင်များစွာသုံးရန်လိုအပ်ရာ ထိုအရာကို လက်ရှိ တွင် ပေထင်းဟွမ် တောင့်ခံနိုင်မည်မဟုတ်ပေ။

“အဂူး တခြားဂြိုဟ်ကဥက္ကာခဲက ဘယ်မှာလဲ၊ ငါ့ကိုအခုပြောဦး အဲဒီ ဥက္ကာ ခဲကို ဘယ်လိုဖျက်ဆီးလို့ရမလဲ” ထိုဥက္ကာခဲသည် ပစ္စည်းကောင်းမဟုတ်သည် ကို ပေထင်းဟွမ် ခံစားမိနေသည်။ ၎င်းကိုပင်မတိုက်ကြီးတွင် ချန်ထားပါက အနာဂတ်တွင် ကပ်ဘေးများရှိလာနိုင်သည်။

“သခင် ကိုးရောင်နိဗ္ဗာန်မီးက လုပ်ရင်လုပ်နိုင်မှာ” အဂူးသည် မသေချာ ပေ။ သူသည် ပေထင်းဟွမ်၏ဝိညာဉ်နှင့် ဆက်သွယ်ပြီး အထဲသို့ညွှန်ပြကာ ပြောလေသည် “အစတုန်းက ရေကန်အေးထဲက နတ်ဆိုးနဂါးက အထဲက မြူခိုး မည်းကို စုပ်ယူခဲ့တာ၊ အချိန်တိုအတွင်းမှာပဲ နတ်သားရဲကို တိုက်ခိုက်နိုင်တယ်၊ အဲဒါကိုဖျက်ဆီးမယ်ဆိုရင် တတ်နိုင်သလောက် မြန်မြန်ဖျက်ဆီးမှရမယ်ိ မဟုတ်ရင် သခင့်ရဲ့စွမ်းအားနဲ့ ယာယီချိတ်ပိတ်လို့ရတယ်”

“အင်း”

လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့သည် ပန်းတိုင်နေရာသို့ အမြန် ပြေးကြလေသည်။ ထိုနေရာသည် သားရဲများအားလုံး၏ သင်္ချိုင်းတစ်ခုလိုပင်။ နှစ်ပေါင်းတစ်သောင်းတွင် ဤနေရာ၌ သေဆုံးသည့် သားရဲအရေအတွက်ကိုပင် မသိနိုင်တော့ပေ။ ဝင်ပေါက်ကတည်းကပင် ပေထင်းဟွမ်၏ မျက်လုံးများသည် အနည်းငယ် မသက်မသာဖြစ်နေသည်။ သို့သော် အချိန်တစ်ခုကြာအောင် အထဲ သို့ပျံဝင်ပြီးနောက် အထဲမှအမှောင်ထုနှင့်အသားကျလာသည်။ မြေပေါ်တွင် မီးတောက်တစ်ခုသည် သားရဲ၏ကြီးမားသောအရိုးများကို ပုပ်သိုးနေသည့် အသွင်အပြင်အတိုင်း ထိန်းသိမ်းထားသည်ကို အမှောင်ထုထဲ၌ပင် အဖြူနှင့် အလင်းတို့နှင့်အတူ တောက်ပနေသည်မှာ ငရဲတစ်ခုလို ပေထင်းဟွမ် မြင်တွေ့ နေရသည်။

အရိုးများသည် တောင်နှင့်ရင်ပြင်တစ်ခုလုံးတွင် ပုံလျက်ရှိသည်။ ဤနေရာတွင် လေတစ်ချက်မှပင် မတိုက်ပေ။ နှစ်ပေါင်းများစွာတွင် ပင်မတိုက် ကြီး၌ နေထွက်သည်ဖြစ်စေ နေဝင်သည်ဖြစ်စေ အလင်းဝင်ရောက်စရာ အကြောင်းမရှိပေ။ ဤနေရာသည် ညဉ့်နက်ညကဲ့သို့ အမှောင်ထုနှင့် အဆုံးအစ မရှိ စကြာဝဋာထဲတွင် နေရာတစ်ခုပွင့်နေသည့်အလားပင်။ သူမ၏သားရဲများ ကို ဤနေရာတွင် ချိတ်စည်းပိတ်ထားခဲ့သည်။

ဤနေရာသည် ရွှံ့နွံချောက်နက်ရှိ ကျိန်ဆာသင့်မြေဖြစ်သည်။

ရွှံ့နွံချောက်နက်၏ဗဟိုဆီသို့ ပျံသန်းသွားလိုက်သည်။ ထိုနေရာတွင် အားလုံးပေါင်း တောင်ထိပ်ငါးလုံးရှိကာ တစ်ခုချင်းဆီမှာ တူညီသည့်အမြင့်ရှိ သည်။ တခြားနေရာများထက် ထူထဲသော မြူခိုးမည်းများသည် ဤနေရာတွင် လာစုစည်းနေသလိုထင်ရသည်။ မိုးစက်များကျောက်တုံးကျောက်စိုင်များပေါ် သို့ ကျသံကို အဝေးမှကြားလိုက်ရသလိုပင်။ မြူခိုးပါဝင်မှုမှာ မြင့်လွန်းသဖြင့် အရည်အဖြစ်စုစည်းသွားသည်။

“သခင် ဒီမှာပဲ အာရုံစိုက်ထားရမယ်” အဂူးသည် ပေထင်းဟွမ်၏ စိတ်မအေးစွာဖြင့် လက်ကောက်ဝတ်ကို ညှစ်လိုက်သည်။

နီးလာလေလေ နတ်ဆိုးတစ်ကောင် ချည်းကပ်လာသလို ခံစားရလေ ဖြစ်သည်။ အဂူးသည် မသက်မသာဖြစ်လာသည်။ ပေထင်းဟွမ်သည် လက်မြှောက်ကာ အဂူး၏ပုံစံငယ်ကို အုပ်လိုက်သည်။ သူမ၏လက်ဖဝါးမှ ကိုးရောင်နိဗ္ဗာန်မီးသည် အဂူးအား လွှမ်းမိုးသွားပြီး အားကောင်းသော ဝိညာဉ် အင်အားသည် အဂူးဆီသို့ ကူးပြောင်းကာ ထိုနတ်ဆိုးစွမ်းအားစိမ့်ဝင်ခြင်းကို ခုခံရန်ကူညီပေးလိုက်သည်။

နတ်ဆိုးစွမ်းအားသည် အမှန်တကယ်ပင် အားကောင်းလှသည်။ သို့သော် ၎င်းသည် ပေထင်းဟွမ်ပေါ်သို့ လွှမ်းမိုးနိုင်စွမ်း မများသလိုပင်။ သူမ၏ စိတ်အာရုံမှာ နိုးကြားလျက်ရှိပြီး ခြေလှမ်းတစ်လှမ်းလိုက်ရာ မြူခိုးမည်းထဲသို့ ခြေချမိလေသည်။ သူမသည် မိုးရေထဲတွင် လမ်းလျှောက်နေရသကဲ့သို့ မိုးများ က တားဆီးလေသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမ၏ပတ်ပတ်လည် တွင် ချိုးချိုးချွတ်ချွတ်အသံထွက်ပေါ်လာကာ ကိုးရောင်နိဗ္ဗာန်မီးသည် ပေထင်းဟွမ်အနားသို့ကပ်လာသော မြူခိုးမည်းများကို လောင်မြိုက်စားသုံး လေသည်။ အနက်ရောင်မြူခိုးလှိုင်းသည် သူမ၏ခန္ဓာကိုယ်တွင် တွဲလွဲခိုကာ နောက်ဆုံးတွင် ရေစက်များအဖြစ် မြေပေါ်သို့ကျလေသည်။

အထဲသို့ဝင်သွားလေလေ ခုခံနိုင်စွမ်းကြီးလေဖြစ်သည်။ ပေထင်းဟွမ် သည် ထိုနတ်ဆိုးစွမ်းအားကို ခုခံရန် ကိုးရောင်နိဗ္ဗာန်မီးကို ခန္ဓာကိုယ်ထဲတွင် လှုံ့ဆော်ကာ ရှေ့သို့တိုးလေသည်။ ထိုလုပ်ငန်းစဉ်သည် ပိုပို၍ခက်လာသည်။ သို့သော် ထိုနတ်ဆိုးပစ္စည်းသည် သူမ၏သားရဲခေါင်းပေါ်တွင် နှစ်ပေါင်းထောင် ချီရှိလာသည်ကို တွေးမိသောအခါ ပေထင်းဟွမ်၏စိတ်သည် ပြင်းပြသောဆန္ဒ ဖြစ်ပေါ်လာသည်။

“ဒီနေ့ ငါ ဒီနတ်ဆိုးပစ္စည်းကို ဘယ်လိုပဲဖြစ်ဖြစ် ဖျက်ဆီးပစ်မယ်”

All Chapters