Chapters

ဘိုးဘေးကျောက်တုံး

Vol. 71 Ch. 1406

ဘိုးဘေးကျောက်တုံး

Vol. 71 Ch. 1406

ကံကောင်းစွာပင် ဝူကျီတောင်ပတ်လည်ဝိုင်းထားသည့် ချောက်နက်သည် မကြီးမားပေ။ တစ်နာရီကြာအောင် လျှောက်သွားပြီးနောက် အရာအားလုံးကို ချေမှုန်းနိုင်သည့် ကျောက်တုံးနက်တစ်တုံးကိုမြင်လိုက်ရသည်။ ထိုအချိန်တွင် သေးငယ်သောဦးခေါင်းတစ်ခုသည် ပေထင်းဟွမ်၏ ရင်ဘတ်မှာထွက်လာ သည်။ ခရမ်းရောင်မျက်လုံးတစ်စုံသည် ကျောက်တုံးအား မျက်တောင်မခတ် ကြည့်နေသည်။

သူ့ဘေးတွင် တစ်စုံတရာ ရုတ်တရက်ပေါ်လာသည်ကို ခံစားမိပြီး အဂူး၏ ခေါင်းသည် ပေထင်းဟွမ်လက်ကောက်ဝတ်မှ ထောင်လာသည်။ ခရမ်းရောင် မျက်လုံးများကြောင့် ရုတ်တရက်ပင် အဂူး၏တစ်ကိုယ်လုံးသည် ထိတ်လန့်သွား သည်။ ခရမ်းရောင်မျက်လုံးများမှ သတိပေးချက်ကို မြင်ပြီးနောက် အဂူးသည် အေးချမ်းစွာပင် ပြန်လဲလျောင်းကာ လက်ပတ်ပြန်ဖြစ်သွားလေသည်။

ကျောက်တုံးသည် ကုဗတုံးအရွယ်အစားရှိကာ သိပ်မကြီးလှပေ။ ကျောက်တုံးပေါ်တွင် အနက်ရောင်မီးတောက်အလွှာသည် လောင်ကျွမ်းနေကာ အခိုးအငွေ့များ အဆက်မပြတ် တက်လာစေသည်။ မြူခိုးပါဝင်မှုမှာ မြင့်လွန်း သဖြင့် စုစည်းလိုက်သောအခါ မိုးစက်များအဖြစ်ပြောင်းကာ ကြီးမားသော မိုး ခန်းဆီးကဲ့သို့ ကျောက်တုံးအား တစ်နှစ်ပတ်လုံး ဖုံးအုပ်ထားသည်။

ပေထင်းဟွမ်သည် ကျောက်တုံးနားသို့လျှောက်သွားရာ ရုတ်တရက် ပရိယာယ်ရှိသည်ကို ခံစားလိုက်ရသည်။ သူမသည် ကျောက်တုံးပေါ်မှ နတ်အဆင့်ဝိညာဉ်အရည်အချင်းများကို တစ်ခုပြီးတစ်ခု ချေမှုန်းသော်လည်း ကျောက်တုံးလှုပ်ခါသွားသည်ကို မမြင်ရပေ။

“ငါတို့တွေ ကိုးရောင်မီးတောက်နဲ့ မီးမြှိုက်မှရတော့မယ့်ပုံပဲ” ပေထင်းဟွမ်သည် ထိုသို့တွေးပြီးနောက် ကိုးရောင်မီးတောက်ကြီးကို ဆင့်ခေါ် ကာ ကျောက်တုံးအား ရစ်ပတ်လေသည်။ ချက်ချင်းပင် ကိုးရောင်မီးတောက် များသည် ကျောက်တုံးကို ဖုံးအုပ်လေသည်။ ၁၅ မိနစ်အတွင်းမှာပင် နှစ်ပေါင်း ထောင်ချီဖုံးအုပ်ထားသော မိုးမည်းခန်းဆီးသည် အငွေ့ပျံသွားကာ အလင်းတန်း သည် မိုးပေါ်သို့ ဖြတ်သွားသလိုထင်ရလေသည်။

ကိုးရောင်နိဗ္ဗာန်မီးတောက်အလုပ်ဖြစ်သည်ကို ကြည့်ပြီး ပေထင်းဟွမ် သည် ပျော်ရွှင်မိသည်။ သို့သော် ထိုအခိုက်အတန့်တွင် ရယ်သံတစ်ခုသည် အသိ စိတ်ပင်လယ်ထဲမှထွက်လာသည် “ဟွမ် ကိုးရောင်နိဗ္ဗာန်မီးက အဲဒီကျောက်တုံး ကို မီးမြှိုက်နိုင်တာတော့အမှန်ပဲ ဒါပေမဲ့ ဘယ်လောက်စွမ်းအားကုန်မလဲဆိုတာ ကတော့ မင်းပေါ်မှာမူတည်တယ်၊ မင်း တွက်ချက်ပြီးပြီလား”

ပေထင်းဟွမ်သည် အလွန်အမင်းချွေးပြန်နေပြီဖြစ်ကာ မင်၏အသံကို ကြားချိန်တွင် ပျော်ရွှင်စွာဖြင့် ပြန်ပြောမိသည် “မင် မင်းနိုးပြီလား ဘာလို့ ဒီအချိန်မှာမှ နိုးလာတာလဲ”

“မင်းက ကိုးရောင်နိဗ္ဗာန်မီးအများကြီးသုံးလိုက်တော့ ငါ မနိုးချင်လည်း နိုးရမှာပဲ” မင်၏အသံသည် ပေထင်းဟွမ်၏ အသိစိတ်ပင်လယ်ထဲတွင် လွှမ်းမိုး ခြင်း၊ အေးစက်သော်လည်း အနည်းငယ်နူးညံ့ခြင်းတို့စွက်ကာ ဆက်ပြီး ထွက် ပေါ်လာသည် “ဟွမ် ဒီကျောက်တုံးကြီးက ရတနာပဲ၊ မင်း တစ်ခါတည်း မီးမြှိုက် လို့မရပေမဲ့ သန်မာတဲ့နတ်ဆိုးစွမ်းအားကလွဲပြီး မှော်စွမ်းအားအများကြီးနဲ့ ဝိညာဉ်စွမ်းအားတစ်ပိုင်းလည်းရှိတယ်၊ မင်းအတွက်မင်း အဲဒါကိုသုံးလို့ရတယ်”

ထိုသို့ပြောပြီးနောက် ပေထင်းဟွမ်သည် မင်ခေါင်းယမ်းလိုက်ပုံကိုမြင် ယောင်လိုက်ရသည့်အလား နဖူးပေါ်မှ ကိုးရောင်နဖူးစည်းလည်း လှုပ်ခါသွား လေသည်။ သူမ၏လှောင်ပြောင်သောအသံထွက်ပေါ်လာသည် “တကယ်လား အရူးရှီဖုန်းက မင်းကို ဒီလောက်ကောင်းတဲ့ရတနာချန်ထားလိမ့်မယ်လို့ ထင် မထားဘူး”

“မင် မင်းမှားများမှားနေလား ဒါဘယ်လိုရတနာမျိုးလဲ” ပေထင်းဟွမ် သည် အနည်းငယ်ငေးကြောင်နေသည်။ သို့သော် ၎င်းသည် သူမ၏အားကောင်း သောသားရဲများကို သတ်ဖြတ်ပြီးနောက် ရတနာဖြစ်နေတုန်းပင်။ မင်သည် ၎င်းကို ရတနာဟုပင်ပြောနေသေးသည်။

“ငါမမှားရင် ဒါက ဘိုးဘေးကျောက်ပဲ” မင်၏အသံသည် အနည်းငယ် တက်ကြွနေသည်။ ပေထင်းဟွမ်သည် အသိစိတ်ပင်လယ်ထဲမှ သူ၏အပြုံးကို မြင်နေရသလိုပင် “ဟွမ် ဒီကမ္ဘာကို ဖန်ဆင်းရေးနတ်ဘုရားသုံးပါးက ဖန်ဆင်း ခဲ့တာကို သိထားရမယ်၊ အဲတော့ သူတို့တွေက ဘယ်ကလာတာလဲ”

“အဲအကြောင်းကို ငါ မသိဘူး” ပေထင်းဟွမ်သည် ထိုအကြောင်းကို သိချင်သည်။ ကမ္ဘာပေါ်တွင် ကလေးများမှ မိခင်များကို 'သားဘယ်ကနေလာ တာလဲ' ဆိုသည့်မေးခွန်းလိုပင်။ ထိုအခါ မိခင်မှပြန်ဖြေလိမ့်မည် 'သေချာတာ ပေါ့ အမေ မွေးထားတာလေ' ကလေးမှဆက်မေးလိမ့်မည် 'အမေ့ရဲ့အမေက ဘယ်ကနေလာတာလဲ'