အောင်နိုင်လိုက်
Vol. 71 Ch. 1407
ပေထင်းဟွမ်သည် ပြင်သစ်ကော်ဖီဆိုင်တွင် ကလေးတစ်ယောက်မေး သည်ကို ကြားဖူးသည်။ ထိုအချိန်က တုံးအလွန်းသည်ဟု သူမ ထင်ထားခဲ့ သော်လည်း ယခုအခါ စကြာဝဋာ၏ဇစ်မြစ်အကြောင်း မေးမြန်းရသည်မှာ အဓိပ္ပာယ်မရှိသလိုခံစားလာရသည်။
ပေထင်းဟွမ်၏စိတ်ထဲတွင် အတွေးများစွာရှိနေသည်ကို မင် မသိဘဲမနေ ပေ။ သူ ပြောလိုက်သည် “ဖန်ဆင်းရေးနတ်ဘုရားသုံးပါးက ပတ္တမြားကမ္ဘာ ထက် ပိုမြင့်တဲ့ဘုံကလာတာ၊ အဲဒီဘုံက ဘယ်လောက်မြင့်လဲဆိုတော့ ငါတို့တွေ မတွေးနိုင်လောက်တဲ့ထိပဲ၊ အဲဒီကျောက်တုံးက အဲတုန်းက ဖန်ဆင်း ရေးနတ်ဘုရားရဲ့ ဘိုးဘေးကျောက်တုံးလို့ခေါ်တယ်၊ ဖန်ဆင်းရေးနတ်ဘုရားရဲ့ မွေးရပ်မြေမှာ ဘိုးဘေးတောင်ရှိတယ်၊ ဒီကျောက်တုံးက ဘိုးဘေးတောင်က ပြိုကျလာပြီး ဒီဘုံကိုကျလာတယ်လို့ပြောတယ်၊ အဲဒါကို နတ်မိစ္ဆာဝိညာဉ်တွေ ရဲ့ထိပ်မှာ ချိတ်ပိတ်ထားခဲ့တယ်၊ အဲဒီအရူးရှီဖုန်းက အရည်အချင်းတချို့ရှိပုံပဲ၊ မင်းရဲ့သားရဲတွေကို ဖိနှိပ်ဖို့ ဒါကိုသုံးခဲ့တယ်”
“ဒါဆို ငါ ဒါကိုဘယ်လိုအောင်နိုင်ရမလဲ” မည်သည့်နေရာတွင် သုံးစေကာ မူ ဤကျောက်တုံးသည် ဖန်ဆင်းရေးနတ်ဘုရား၏ အကြိုက် ရတနာတစ်ပါး ဖြစ်လိမ့်မည်ဟု ပေထင်းဟွမ် သေချာနေသည်။
“အဲဒီဘိုးဘေးတောင်က သားရဲတွေအများကြီးကို မွေးမြူထားတယ်လို့ ကြားဖူးတယ်...” မင်သည် ပြန်တွေးရန်ကြိုးစားနေရသည် “ကမ္ဘာမြေကြီးမိခင် ရဲ့ခန္ဓာကိုယ်ထဲမှာ ပထမဆုံးပါတဲ့ဟာပဲ အဲဒါကိုမင်းရဲ့နတ်သွေးနဲ့ အောင်နိုင်ဖို့ ကြိုးစာကြည့်၊ အလုပ်မဖြစ်ရင် တခြားနည်းလမ်းရှာရမယ်”
ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်မှာ ရွေးချယ်စရာမရှိတော့ပေ။ ကိုးရောင်နိဗ္ဗာန်မီးသည် ထိုဘိုးဘေးကျောက်တုံးကို လောင်ကျွမ်းနေသည်။ မိုးမည်းများသည် အငွေ့ပျံသွားသော်လည်း ကျောက်တုံးအရွယ်အစားသည် ပြောင်းလဲခြင်းမရှိပေ။
ကောင်းကင်နှင့်မြေကြီးသည် ပို၍တောက်ပလာပုံပင်။ တိမ်တိုက်နှင့်မြူ ခိုးများကိုဖြတ်ပြီး နေရောင်ကိုမြင်လိုက်ရသည့်ခံစားချက်မျိုးပင်။ ထိုကျောက်တုံးသည် ကတော့ပုံရှိပြီး သုံးမြှောင့်ထောက်နှင့်တူသည်ကို ပေထင်းဟွမ် ရှင်းလင်းစွာမြင်နိုင်သည်။ ဘိုးဘေးကျောက်တုံးတစ်ခုလုံး၏ မျက်နှာပြင်သည် တစ်စုံတစ်ခုကြောင့် လောင်ကျွမ်းထားပုံရပြီး မချောမွေ့ပေ။ မျက်နှာပြင် အလယ်တွင် လက်ချောင်းတစ်ချောင်းအရွယ်အစားရှိ အပေါက် ကလေးရှိသည်။
ပေထင်းဟွမ်၏ခန္ဓာကိုယ်ထဲတွင် နတ်စွမ်းအားသိပ်မကျန်တော့ပေ။ ထို့ကြောင့် ဘာမှထပ်မမေးတော့ပေ။ သူမသည် လက်ချောင်းကိုဖောက်ပြီး သေးငယ်သောအပေါက်ထဲသို့ နတ်သွေးတစ်စက်ကို ချလိုက်သည်။ သွေးသည် ကိုးရောင်မီးတောက်ကိုဖြတ်ကာ အပေါက်ငယ်ထဲသို့ စိမ့်ဝင်သွားသည်ကို သူမ စောင့်ကြည့်နေခဲ့သည်။ အတန်ကြာသည်အထိ တုံ့ပြန်မှုမရှိသဖြင့် ပေထင်းဟွမ် သည် အနည်းငယ် မှင်တက်မိသည်။
“ငါတို့ အခုဘာလုပ်သင့်လဲ” ပေထင်းဟွမ်သည် မင်အား အသိစိတ် ပင်လယ်ထဲမှမေးလိုက်သည်။ နတ်သွေးသည် ဤဘိုးဘေးကျောက်တုံးအား သက်ရောက်မှုမရှိသလိုပင်။
“အာ” မင်လည်း ဘာလုပ်ရမည်ကိုမသိတော့ပေ။ သူသည် ပြဿနာဟု ခံစားမိသောအရာကို ရင်ဆိုင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည် “ငါ့ရဲ့ ဖန်ထျန်းလှံတံနဲ့ ရိုက်ကြည့်ရင်ရော”
တုံးအသော ကမ်းလှမ်းချက်ဖြစ်ရာ ပေထင်းဟွမ်သည် မကြားသလို ဟန်ဆောင်နေလိုက်သည်။ သူမသည် ကျောက်တုံးအား ဒေါသဖြစ်ဖြစ်နှင့် ကန် လိုက်သည်။ ထိုအခိုက်အတန့်တွင် နတ်အလင်းတန်းသည် ကျောက်တုံးတစ်ခု လုံးပေါ်တွင် ရောင်ပြန်ဟပ်လာသည်။ သွေးသည် တောက်ပလာရာ ပေထင်းဟွမ်မှာ နောက်သို့ဆုတ်မိလေသည်။
ထိုအခိုက်တွင် နတ်အလင်းသည် ဘိုးဘေးကျောက်တုံးတစ်ခုလုံးကို ပိုက်ကွန်တစ်ခုအလား ဖုံးအုပ်လေသည်။ ကျောက်တုံးသည် အားတက်သရော် ရုန်းကန်နေကာ နတ်အလင်းပိုက်ကွန်မှ ရုန်းထွက်ရန်ကြိုးစားနေသည်။ ပေထင်းဟွမ်သည် အားကောင်းသောအင်အားကိုပင် ခံစားနိုင်လေသည်။ သူမ ၏ တစ်ကိုယ်လုံးမှာ ချွေးအေးများထွက်လာသည်။
“ချွတ်”
ထိုအခိုက်အတန့်တွင် သေးငယ်သောအမွေးပွလုံးသည် ပေထင်းဟွမ်၏ ရင်ဘတ်ထဲမှ သေးငယ်သောခေါင်းလေးပြူထွက်လာသည်။ ပေထင်းဟွမ်၏ မသက်မသာအသွင်အပြင်ကိုကြည့်ပြီးနောက် သူ အနည်းငယ်စိတ်တိုလာကာ ရုန်းကန်နေသော ဘိုးဘေးကျောက်ဆီသို့ အော်ဟစ်လေသည်။ ထို့နောက် ရုတ်တရက် မြူခိုးမည်းကို အန်ထုတ်လေသည်။
မြူခိုးသည် သွေးရောင်အလင်းပိုက်ကွန်ဆီသို့ စိမ့်ဝင်သွားပြီး ပေထင်းဟွမ်သည် ဘိုးဘေးကျောက်တုံးပေါ်မှ ပေါက်ကွဲတော့မည့် မြူခိုးမည်း ကို တအံ့တဩကြည့်မိသည်။ ထိုအချိန်တွင် သွေးရောင်အလင်းပိုက်ကွန်အား ရစ်ပတ်မှုအောက်တွင် ၎င်းသည် ပိုသေးလာပြီး နောက်ဆုံးတွင် အလင်းနက်ဖြစ် သွားကာ ပေထင်းဟွမ်ဆီသို့ဦးတည်လေသည်။