← Chapters

ဒါကအလင်းပွင့်သွားတာလား

Vol. 71 Ch. 1408

ဒါကအလင်းပွင့်သွားတာလား

Vol. 71 Ch. 1408

“လန့်လိုက်တာ”

ထိုအချိန်တွင် ပေထင်းဟွမ်ပင်လျှင် နောက်ဆုတ်မိသည်။ ထို့အပြင် ဤ ဘိုးဘေးကျောက်တုံးသည် တခြားအရာများထက်ပင် ဆိုးဝါးလွန်းသည်။ ပေထင်းဟွမ်သည် ထိတ်လန့်စွာဖြင့် အော်ကာ လှည့်ရှောင်လိုက်သည်။ သို့သော် သူမ မည်မျှပင် မြန်ဆန်ပါစေကာမူ ဘိုးဘေးကျောက်တုံးထက်မမြန် နိုင်ပေ။ ထိုအရာသည် ပေထင်းဟွမ်၏ အကြောထဲသို့ တိုက်ရိုက်ဝင်သွားလေ သည်။

“မှားများမှားနေတာလား”

ပေထင်းဟွမ်သည် ထိတ်လန့်သွားကာ မြေကြီးပေါ်တွင် သားရဲများ၏ ပြာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လျင်မြန်စွာဖြင့် တင်ပျဉ်ခွေထိုင်လိုက်၏။ သို့သော် ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်မှာ အားကောင်းသောစွမ်းအားများဖြင့် ပြည့်နေပုံပေါ်သည်။ ကြီးမားသောစွမ်းအင်သည် သူမ၏အကြောထဲမှထွက်လာ ပြီး ခန္ဓာကိုယ်ထဲတွင် အစဉ်လိုက် လှည့်ပတ်သွားလာနေရာ လှိုင်းနှစ်ခုသည် မတူညီသောဦးတည်ရာဘက်သို့သွားလေသည်။ ထွက်လာသောစွမ်းအင်သည် အကြောထဲတွင် ထပ်ခါထပ်ခါ တိုက်မိကြရာ ပေထင်းဟွမ်၏တစ်ကိုယ်လုံးထဲမှ အကြောများ ပေါက်သွားလုနီးပါးပင်ဖြစ်စေသည်။

နာကျင်မှုရောက်လာသည်။ ပေထင်းဟွမ်သည် စိတ်အားထက်သန်စွာနှင့် ထိုခမ်းနားသောစွမ်းအားအနားရှိ နတ်စွမ်းအားကို ရွှေ့ပြောင်းလေသည်။ သို့သော် ဘိုးဘေးကျောက်တုံးမှထွက်လာသည့် ကြီးမားသောစွမ်းအင်နှင့်ယှဉ် လျှင် ပေထင်းဟွမ်၏နတ်စွမ်းအားသည် ရေပုံးထဲမှ ရေတစ်စက်မျှသာရှိသည်။

“ပေါက်ကွဲပြီးတော့ မသေလောက်ဘူးမလား”

ပေထင်းဟွမ်သည် ချွေးပြန်နေပြီဖြစ်သည်။ သူမသည် မေ့လုမတတ် နာကျင်မှုကိုခံစားနေရသည်။ သို့သော် ထိုအချိန်တွင် သူမ လက်မလျော့ပေ။ မဟုတ်လျှင် သူမ နိုးလာချိန်တွင် ထိုစွမ်းအားထဲရှိ နတ်ဆိုးအင်အား၏ ထိန်းချုပ် မှုကို ခံရနိုင်သည်။ ပေထင်းဟွမ်သည် လျှာသပ်လိုက်ကာ ကြည်လင်အောင် လုပ်ကာ နတ်စွမ်းအားကို ထပ်မံရွှေ့ပြောင်းပြီးနောက် အကြောမှတစ်ဆင့် သွေးကြောထဲသို့ ဦးဆောင်လမ်းညွှန်ပြသသည်။ ကိုးရောင်မီးတောက်ကို သွေးကြောထဲသို့ ရွှေ့ပြောင်း၏။

ပေထင်းဟွမ်သန့်စင်ထားသော ကိုးရောင်မီးတောက်သည် သူမ၏ ခန္ဓာကိုယ်နေရာတိုင်းတွင် လျှောက်သွားလျှင်တောင် မသက်မသာမဖြစ်ပေ။ ကိုးရောင်မီးတောက်သည် မြူခိုးမည်းကို လောင်မြိုက်ကာ ထိုအကြမ်းဖက် တတ်သည့်စွမ်းအားကို အားပြင်းပြင်းဖိနှိပ်ကာ အကြောထဲမှ ဝရုန်းသုန်းကား ဖြစ်နေသော စွမ်းအားကို ချက်ချင်းပင် နူးညံ့သွားစေသည်။

ထိုသက်ရောက်မှုကိုကြည့်ပြီး ပေထင်းဟွမ်သည် စိတ်သက်သာရာရစွာ ဖြင့် သက်ပြင်းချလိုက်သည်။ ထိုအချိန်တွင် အကြောထဲတွင် ကြီးမားသော စွမ်းအင်ပြည့်နေခြင်းကြောင့် ကွဲပြဲသည့်ခံစားချက်ဖြစ်နေသည်။ သို့သော် ပေထင်းဟွမ်သည် ဂရုမစိုက်နိုင်တော့ပေ။ ကိုးရောင်မီးတောက်သည် သူမ၏ ခန္ဓာကိုယ်ထဲမှ အကြောတိုင်းတွင် မလည်ပတ်နိုင်တော့ခြင်းမဟုတ်ဘဲ အကြောထဲမှ ပရမ်းပတာဖြစ်နေသည့်စွမ်းအား အားလုံးကို အောင်နိုင်ပြီး ကိုးရောင်မီးတောက်သည် ထိုစွမ်းအင်ကို ရွှေအူတိုင်၏စုပ်ယူခြင်းခံရသည့် သွေးကြောထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။

တစ်ဖက်တွင် ပေထင်းဟွမ်သည် အကြောဝင်ပေါက်တွင် ကိုးရောင် မီးတောက်အတားအဆီးကို ချမှတ်သည်။ အမှောင်စွမ်းအင်တိုင်းသည် အကြော ထဲသို့ဝင်ပြီး ကိုးရောင်မီးတောက်ဖြင့် ပုံသွင်းရန်လိုနေသည်။ ကိုးရောင် မီးတောက်ဖြင့်ပုံသွင်းပြီးနောက် ပရမ်းပတာဖြစ်နေသည့်စွမ်းအင်ပင်လျှင် နူးညံ့ သွားခဲ့သည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်၏ သန့်စင်သောနည်းလမ်းအရ ၎င်းသည် သူမ၏အကြောထဲတွင် အစဉ်လိုက် လှည့်ပတ်သွားလာနေပြီး နောက်ဆုံးတွင် အကြောထဲသို့ဝင်သွားခဲ့သည်။

သို့သော် ထိုအခိုက်အတန့်တွင် ပေထင်းဟွမ် မသိလိုက်သည်မှာ ရွှေအူတိုင်ထဲတွင် တင်ပျဉ်ခွေထိုင်နေသည့်လူလေး၏ မျက်လုံးနှင့်မျက်လုံး သည် ကြည်လင်သွားသည်။ ၎င်းသည် တစ်ခါတစ်ခါ ပါးစပ်ဟလာသည့် ပေထင်းဟွမ်အငယ်စားလေးဖြစ်သည်။ နောက်ဆုံးအမှောင်စွမ်းအင်ကို သန့်စင် ပြီးနောက် ပါးစပ်ထဲတွင် ဝါးမျိုလိုက်သည်။

ထိုသန့်စင်မှုသည် အချိန်အတော်ကြာယူသည်။ အချိန်မည်မျှကြာသွား သည်တော့မသိပေ။ အကြောထဲမှ စွမ်းအင်များအားလုံး သန့်စင်ပြီးချိန်ထိ ခမ်းနားသောစွမ်းအားသည် ခန္ဓာကိုယ်ထဲတွင် စတင်ဖြည့်နေသည်ဟု ရုတ်တရက်ခံစားလာရသည်။ စွမ်းအားများပြည့်နေသော ထိုခံစားချက်သည် အစောက ကြမ်းတမ်းသောစွမ်းအင် ခန္ဓာကိုယ်ထဲသို့ဝင်လာသော ခံစားချက်နှင့် တူညီသည်။

“အလင်းပွင့်တော့မှာလား” ပေထင်းဟွမ်သည် ပျော်ရွှင်မှုနှင့် စိုးရိမ်မှုကို တစ်ချိန်တည်း ခံစားရလေသည်။

ဝမ်းမြောက်စေသည့်အရာမှာ သူမသည် နတ်ဘုရားထိပ်ဆုံးဘုံကို ချိုးဖျက်ကာ နတ်ဘုရားဘုရင်အဆင့်သို့ ဝင်ချင်သည်။ စိုးရိမ်နေရသည့်အရာမှာ သူမသည် ခွန်အားကြီးမားသည့် လုပ်ငန်းစဉ်မလုပ်ရသေးခင်မှာပင် အမှောင် စွမ်းအင်ကို သန့်စင်လိုက်ရခြင်းကြောင့်ပင်။

“နောက်ဆက်တွဲဆိုးကျိုးတွေရှိမလား မသိတော့ဘူး”

All Chapters